“ဗိုက်က အရမ်းနာနေတယ်”
အားချိုးက အဖွားချန်ကို မှီပြီး အိမ်ဘက်သို့ လမ်းလျှောက်ရင်း ပြောလိုက်သည်။
“မနေ့ညကတည်းက အရမ်းနာနေတာ”
“ဒါဆို သမားတော်သွားကြည့်ဖို့ ဘာလို့ စောစောတောင်အောက် မဆင်းလာတာလဲ”
အဖွားချန်က စိတ်ပူနေတာကြောင့် သူမအသံက ပိုကျယ်လာသည်။
“ကလေးမလေးက ဒီလောက် ဗိုက်နာနေတာကို တစ်ယောက်တည်း ဒီထိလမ်းလျှောက်လာရတယ်။ မင်းမိသားစုက ဘာလို့ သမီးကို ဂရုမစိုက်တာလဲ။”
အားချိုးက သာမာန်ဆန်စွာ ခေါင်းခါလိုက်ပြီး
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မ အိမ်ကို မပြောခဲ့ဘူး၊ ဘယ်သူမှ မသိကြဘူး”
အဖွားချန်က တကယ်ကို ဒေါသထွက်ပြီး စိတ်ပူနေခဲ့သည်။ သူမက အားချိုးကို အခန်းထဲကို ကူပို့ပေးကာ ထိုင်ဖို့ ကုလားထိုင်ပေါ် အခံတစ်ခုတင်ပေးလိုက်ပြီး
“အရင်ဆုံး ထိုင်လိုက်ဦး၊ ချင်းရွှမ်ကို ဒီ လာကြည့်ခိုင်းလိုက်မယ်။ သူ ငယ်ငယ်က ဆေးပညာ သင်ခဲ့ဖူးတယ်၊ အရမ်းတော့မကျွမ်းကျင်ကေမဲ့ အခြေခံလောက်တော့သိထားပါတယ်။ အဖွား သမီးကို သွေးခုန်နှုန်း စမ်းခိုင်းလိုက်မယ်”
အဖွားချန်သည် အမြန် စာကြည့်ခန်းထဲသို့ ဝင်သွားသည် ။ ခဏအကြာတွင် သူမသည် ချန်ချင်းရွှမ်နှင့်အတူ ထွက်လာခဲ့သည်။ ချန်ချင်းရွှမ်သည်လည်း ဆေးသေတ္တာနဲ့တူသည့် သစ်သားသေတ္တာငယ်ကို ယူဆောင်လာလေသည်။ ထင်ထားသည့်အတိုင်း ချန်ချင်းရွှမ်သည် သေတ္တာကို စားပွဲပေါ်တင်ကာ ဖွင့်လိုက်ရာ သွေးခုန်နှုန်းတိုင်းသည့် ပစ္စည်းများ၊ ငွေထိုးအပ်များနှင့် အခြားအရာများဖြင့် ပြည့်နေသည်။
ချန်ချင်းရွှမ်သည် အားချိုး နံဘေးတွင်ထိုင်ကာ သူ၏သွေးခုန်နှုန်းတိုင်းရန် အဝတ်ကိုထုတ်၍ စားပွဲပေါ်တင်ပြီး အားချိုး၏မျက်နှာကိုကြည့်ရင်း ပြောလိုက်သည်။
“မနေ့က မမှောင်ခင်လောက်မှာ စနာတာပဲ။ အစပိုင်းမှာတော့ သိပ်မဆိုးပါဘူး၊ ညသန်းခေါင်ကျော်မှ အိပ်မရအောင်နာလာတာ”
အားချိုးက အသံသေးသေးလေးနဲ့ ပြောသည်။ သူမလက်ကို ခေါင်းအုံးပေါ်တင်ပြီး မျက်မှောင်ကြုတ်ကာ
“ဒီနာကျင်မှုကို ဘယ်လိုပြောပြရမှန်းတောင် မသိဘူး၊ တော်တော့်ကိုဆိုးတာ”
ချန်ချင်းရွှမ်သည် အားချိုး၏ နူးညံ့သော လက်ကောက်ဝတ်ပေါ်တွင် သူ့လက်ချောင်းကို တင်လိုက်သည်။ ခဏအကြာ သူ့လက်ကို ဖယ်လိုက်ပြီး ကြောင်အစွာ အားချိုးကို ကြည့်လိုက်တယ်။
အားချိုးက သူ့နှုတ်ခမ်းတွေကို ဖိပြီး ချန်ချင်းရွှမ်ကို မဝံ့မရဲ မေးသည်။
ချန်ချင်းရွှမ်သည် သူမ၏ချွေးစေးကျနေသောမျက်နှာကို ကြည့်ပြီး စကားမပြောဘဲ ခေါင်းငုံ့ကာ ခေါင်းအုံးကို ဆေးသေတ္တာထဲသို့ ထည့်လိုက်သည်။
အဖွားချန်သည် ချန်ချင်းရွှမ်၏ တိတ်ဆိတ်မှုကို ကြည့်ပြီး သူမလည်း စိတ်ပူသွားသည်။ သူမက အသံတိုးတိုးနဲ့ မေးလိုက်သည်။
ချန်ချင်းရွှမ်က မဖြေဘဲ ဆေးသေတ္တာကိုယူ၍ စာကြည့်ခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလေသည်။
အဖွားချန်က အားချိုးကို သံသယတချို့နဲ့ ကြည့်ပြီးတော့ ချန်ချင်းရွှမ်နှင့်အတူ စာကြည့်ခန်းထဲကို လိုက်သွားပြီး တံခါးကို ပိတ်လိုက်သည်။
အားချိုးသည် ပင်မခန်းမတွင် တစ်ယောက်တည်း ထိုင်နေပြီး ပိတ်ထားသော တံခါးကို စိုက်ကြည့်နေခဲ့သည်။ သူမစိတ်တွေ ဗလာဖြစ်နေပြီး ပထမဆုံး ထွက်လာတဲ့ အတွေးက ငါရောဂါအတော်ပြင်းတဲ့ပုံပဲ၊ ငါသေရင်သေတော့မလားမသိဘူး။ ကျုံးမင်းဝေကို ဘယ်လိုလုပ်ရမလဲ။
သူ့အတွက် ဘယ်သူဟင်းချက်ပေးမှာလဲ။ သူ့ကို ဘယ်သူ ရေပက်တိုက်ပေးမှာလဲ သူ့နောက်ကျောကို ဘယ်သူနှိပ်ပေးမှာလဲ။ ဒီလောက်အသက်ကြီးနေပြီဖြစ်တဲ့ လူကြီးက အချိုကြိုက်တာ ဘယ်သူသိမှာလဲ။
အခုအချိန်မှစ၍ ကျုံးမင်းဝေ၏မွေးနေ့မှာ ဘယ်သူက “အသက်ရှည်ခေါက်ဆွဲ” လုပ်ပေးပါ့မလဲ။
အဖွားချန် တံခါးကိုဖွင့်လိုက်သောအခါ အားချိုး မျက်ရည်များကျလာသည်ကို တွေ့လိုက်ရသည်။ မျက်နှာမှာ ချွေးတွေအပြည့်ဖြစ်နေပြီး သူမ၏ မျက်လုံးများက နီမြန်းနေသည်။ အဖွားချန်က အားချိုးရဲ့လက်ကို ဆုပ်ကိုင်ပြီး
“သမီးလေး၊ မဟုတ်တာတွေ သိပ်မတွေးနဲ့။ ဘာမှကြီးကြီးမားမားရောဂါမဟုတ်ပါဘူး၊ တကယ်ကို ဘာမှမဟုတ်ပါဘူး”
အားချိုး တုန်လှုပ်နေဆဲပင်။ ဒီအချိန် သူမဗိုက်ထဲမှာ နာကျင်မှုကို မခံစားရတော့ဘဲ သူမ၏နှလုံးသားမှ နာကျင်မှုကိုပိုမိုခံစားနေရသည်။
“သမီးက ဓမ္မတာလာလို့ ဒီလိုဗိုက်နာနေတာပဲ”
အဖွားချန်က သူမကို အမြန် ရှင်းပြသည်။
“ဓမ္မတာ”
အားချိုး အံ့အားသင့်သွားပြီး နီရဲနေသောမျက်လုံးဖြင့် အဖွားချန်ကို စိုက်ကြည့်လာသည်။
အဖွားချန် မျက်မှောင်ကြုတ်လိုက်သည်။ သူမ မယုံနိုင်စရာဟု တွေးရင်း အံ့ဩနေခဲ့သည်။ ထို့နောက် သူမက
“သမီး အသက်ဘယ်လောက်ရှိပြီလဲ”
***