သူတို့၏ ဟွန်ချွမ်မိစ္ဆာဂိုဏ်းချုပ်ကိုမှ ဒီလိုမျိုးဆက်ဆံရဲတယ်ပေါ့။ ရှဲ့ဝူရှင်းက သူတို့၏ ဂိုဏ်း ချုပ်ကို ဆေးစမ်းသပ်သူအဖြစ်ထားရှိရန်အမှန်တကယ်ပင် ဝံ့ရဲနေသည်တကား။
ရှဲ့ဝူရှင်း၏ စကားကို ကြားလိုက်ရသည်နှင့် တိုက်တန်ဧရာမမိစ္ဆာ၏ သတ်ဖြတ်လိုစိတ်များမှာ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများက ကောင်းကင်နှင့် မြေကြီးကိုဖုံးလွှမ်းသွားခဲ့ရာ မုယီနှင့်ဝူရှင်းချိုင့်ဝှမ်းအပြင်ဘက်ရှိ မုမိသားစုမှပညာရှင်အားလုံးမှာ ထိတ်လန့်တကြား မျက်နှာများ ဖြူဖျော့သွားခဲ့ကြလေသည်။
မုယီသည် တိုက်တန်ဧရာမမိစ္ဆာကို ပို၍ပင်ကြောက်ရွံ့စွာဖြင့် စိုက်ကြည့်နေမိတော့သည်။ မုမိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏အစွမ်းမှာအားမနည်းလှသော်လည်း ယခုအခိုက် အတန့်တွင်မူ သူသည် အသက်ရှူရုံမျှဖြင့်ပင် အလွန်တရာ ကျပ်တည်းနေခဲ့လေပြီ။ ဤလူသန်ကြီးက ဘယ်သူလဲ။ ပြီးတော့ ဒီလူငယ်လေးကရော ဘယ်သူလဲ။
ရန်ရှောက်ထျန်းကမူ ရှဲ့ဝူရှင်းကို ကြည့်ကာ။
“အကယ်၍ ခင်ဗျားရဲ့တပည့်ရှုံးသွားမယ်ဆိုရင် ခင်ဗျားဆီမှာရှိတဲ့နတ်ဘုရားဆေး အနည် အနှစ်တွေအားလုံး ကျွန်တော့်အပိုင်ဖြစ်ရမယ်နော်” ဟု ပြောလိုက်သည်။
ရှဲ့ဝူရှင်းက တိုက်တန်ဧရာမမိစ္ဆာ၏ သတ်ဖြတ်လိုစိတ်များကိုဂရုမစိုက်ဘဲ ရန်ရှောက်ထျန်း ၏ စကားကိုကြားလိုက်ရသောအခါ ပြုံးလျက်။
“မှန်တာပေါ့၊ နတ်ဘုရားဆေးအနည်အနှစ်တွေအားလုံးပဲ” ဟု ပြောရင်း ကျောက်စိမ်း ပုလင်းတစ်လုံးကိုထုတ်ယူကာ ဖွင့်ပြလိုက်လေရာ ၎င်းအတွင်း၌ လူနှစ်ရပ်ခန့်မြင့်သော နတ်ဘုရား ဆေးအနည်အနှစ်များ ပြည့်နှက်နေသည်ကို တွေ့ရလေသည်။
အကယ်၍ ဤမျှများပြားသောနတ်ဘုရားဆေးအနည်အနှစ်များကို သေမင်းနတ်ဘုရား သစ်ပင်က ဝါးမြိုလိုက်မည်ဆိုပါက သေမင်းနတ်ဘုရားသီးလေးလုံး သို့မဟုတ်ငါးလုံးခန့်ပင် ထပ်မံ သီးပွင့်လာနိုင်ပေလိမ့်မည်။
ရှဲ့ဝူရှင်း၏ အပြုံးမှာအေးစက်လှပေသည်။ ရန်ရှောက်ထျန်းကမူပုံမှန်အတိုင်းပင်ပြုံးလျက်။
“ကောင်းပြီ” ဟု ပြောလိုက်ပြီးနောက် ရှဲ့ဝူရှင်း၏တပည့်ကိုကြည့်ကာ မေးလိုက်သည်။
“ကျွန်တော်တို့ ဘယ်လို ယှဉ်ပြိုင်ကြမလဲ”
ရန်ရှောက်ထျန်း သဘောတူလိုက်သည်ကိုကြားလိုက်ရသဖြင့် တိုက်တန်ဧရာမမိစ္ဆာမှာ စိုးရိမ် တကြီးဖြင့်။
“ဂိုဏ်းချုပ်... မလုပ်ပါနဲ့ဦး” ဟု ပြောလိုက်သည်။
ရှဲ့ဝူရှင်းမှာ ဝမ်ကျန့်တိုက်ကြီး၏ ဆေးနတ်ဘုရားလေးဦးထဲမှတစ်ဦးဖြစ်ပြီး သူ၏တပည့်၏ ဆေးဖော်စပ်မှုအဆင့်မှာလည်း အလွန်တရာမြင့်မားလှပေသည်။ ရန်ရှောက်ထျန်းကိုမဆိုထားနှင့်၊ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ ကြယ်ရှစ်ပွင့်အဆင့်ဆေးဖော်စပ်သူအများအပြားပင်လျှင် ရှဲ့ဝူရှင်း ၏ တပည့်ကို အနိုင်ယူရန်မဖြစ်နိုင်ပေ။
“ကိစ္စမရှိဘူး”
ရန်ရှောက်ထျန်းက လက်ဝှေ့ယမ်းကာ တားလိုက်လေသည်။
ရန်ရှောက်ထျန်း သဘောတူသည်ကိုမြင်လိုက်ရသောအခါ ရှဲ့ဝူရှင်း၏အပြုံးမှာ ပိုမိုကျယ် ပြန့်လာပြီး။
“ကောင်းပြီ၊ ငါ မင်းကိုအခက်အခဲမဖြစ်စေချင်ပါဘူး၊ မင်းပဲဘယ်လိုယှဉ်ပြိုင်မလဲဆိုတာ ဆုံးဖြတ်လိုက်ပါ”
“မလိုပါဘူး” ရန်ရှောက်ထျန်းက ခေါင်းခါပြလိုက်ပြီး။
“ခင်ဗျားရဲ့တပည့် ရှုံးသွားတဲ့အခါ ခင်ဗျားကမတရားဘူးလို့ခံစားနေရမှာစိုးလို့ ခင်ဗျားပဲ ဆုံးဖြတ်လိုက်ပါ” ဟု ပြောလိုက်သည်။
လူတိုင်း မှင်တက်သွားကြတော့သည်။
ရှဲ့ဝူရှင်းက ပြုံးလျက်။
“ကောင်းပြီ၊ ဒါဆိုရင် ‘ပုရှန့်’ ဆေးလုံးကို ဖော်စပ်ကြတာပေါ့။ ဘယ်သူက အချိန်အတို ဆုံးအတွင်းမှာ အရည်အသွေးအကောင်းဆုံးပုရှန့်ဆေးလုံးကို ဖော်စပ်နိုင်မလဲဆိုတာ ယှဉ်ကြမယ်”
ပုရှန့်ဆေးလုံးမှာ စိန့်အဆင့်ဆေးလုံးတစ်မျိုး ဖြစ်လေသည်။ ရန်ရှောက်ထျန်းအား စိန့်အဆင့် ဆေးလုံး ဖော်စပ်ခိုင်းသည်ကိုကြားလိုက်ရသဖြင့် တိုက်တန်ဧရာမမိစ္ဆာမှာ အမျက်ထွက်သွားခဲ့ လေသည်။ သူတို့၏ဂိုဏ်းချုပ်မှာဧကရာဇ်အဆင့်သာရှိသေးသည်၊ သူကစိန့်အဆင့်ဆေးလုံးကို မည်သို့ ဖော်စပ်နိုင်မည်နည်း။
ရှဲ့ဝူရှင်းမှာ အရှက်မရှိလွန်းသည်မဟုတ်ပါလော။ ဂုဏ်သိက္ခာရှိလှသော ဝူရှင်းဆေးနတ် ဘုရားတစ်ဦးက ဤမျှအထိအရှက်မရှိလိမ့်မည်ဟုသူမထင်ထားခဲ့ပေ။ မုမိသားစုခေါင်းဆောင် မုယီပင်လျှင် ရှဲ့ဝူရှင်း၏ ယှဉ်ပြိုင်မှုမှာ လွန်ကဲလွန်းသည်ဟု ခံစားလိုက်ရလေသည်။
ရှဲ့ဝူရှင်းက ရန်ရှောက်ထျန်းကို အခက်အခဲမဖြစ်စေချင်ပါဘူးဟု ပြောခဲ့သော်လည်း ဤသည်မှာ ရန်ရှောက်ထျန်းကို သိသိသာသာအကြပ်ကိုင်နေခြင်းမဟုတ်ပါလော။ ရှဲ့ဝူရှင်း၏ တပည့် လော်ရှင်းက ရန်ရှောက်ထျန်းကို အေးစက်သောအကြည့်များဖြင့် ကြည့်လိုက်လေသည်။
“ကောင်းပြီ”
ရှဲ့ဝူရှင်းတို့ အံ့အားသင့်သွားရလောက်အောင်ပင် ရန်ရှောက်ထျန်းက ဘာမှစဉ်းစားမနေဘဲ သဘောတူလိုက်လေသည်။
ရှဲ့ဝူရှင်းမှာ အံ့အားသင့်သွားသော်လည်း ပြုံးလျက်။
“ကောင်းပြီ၊ ဒါဆိုရင် စလိုက်ကြစို့” ဟု ပြောလိုက်သည်။
ဤလူငယ်လေးက စိန့်အဆင့်ဆေးလုံးကို အမှန်တကယ်ဖော်စပ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။ ပုရှန့်ဆေးလုံးမှာ သာမန်စိန့်အဆင့်ဆေးလုံးမဟုတ်ဘဲ ဖော်စပ်ရန် အခက်ခဲဆုံးသော စိန့်အဆင့်ဆေးလုံးများထဲမှတစ်ခုဖြစ်လေသည်။ ရန်ရှောက်ထျန်းယှဉ်ပြိုင်ရန် သဘောတူလိုက် သည်ကိုမြင်သောအခါ တိုက်တန်ဧရာမမိစ္ဆာမှာစိုးရိမ်တကြီးဖြင့်တစ်ခုခုပြောရန် ပြင်လိုက်သော် လည်း ရန်ရှောက်ထျန်းက လက်ဟန်ဖြင့်တားလိုက်လေသည်။
ရန်ရှောက်ထျန်းနှင့် လော်ရှင်းတို့သည် ဧည့်ခန်းမဆောင်၏အပြင်ဘက်ရှိ ကွင်းပြင်သို့ ထွက်လာခဲ့ကြလေသည်။ မုမိသားစုခေါင်းဆောင်မုယီသည်လည်း ရန်ရှောက်ထျန်းကို အံ့အားသင့်စွာ ဖြင့် ကြည့်နေမိလေသည်။ ဤလူငယ်လေးက ပုရှန့်ဆေးလုံးကိုဖော်စပ်ရန် အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေရသလဲဆိုသည်ကို သူ သိချင်နေမိခြင်း ဖြစ်လေသည်။
လော်ရှင်းက ရန်ရှောက်ထျန်းကိုတစ်ချက်ကြည့်လိုက်ပြီး ပုရှန့်ဆေးလုံးဖော်စပ်ရန် လိုအပ် သော ဆေးဘက်ဝင်ပစ္စည်းရာပေါင်းများစွာကိုထုတ်ယူလိုက်ကာ သစ်သားဆေးပေါင်းအိုး တစ်လုံး ကို ထုတ်ယူလိုက်လေသည်။
“ကောင်းကင်သစ်သား နတ်ဘုရားဆေးပေါင်းအိုးပါလား”
မုယီက လော်ရှင်း၏ဆေးပေါင်းအိုးကိုမြင်လိုက်ရသဖြင့် အံ့အားသင့်စွာအော်ဟစ်လိုက် လေ သည်။
ကောင်းကင်သစ်သား နတ်ဘုရားဆေးပေါင်းအိုးမှာဝမ်ကျန့်တိုက်ကြီးပေါ်ရှိ နာမည်ကျော် နတ်ဘုရားဆေးပေါင်းအိုးများထဲမှတစ်ခုဖြစ်ပြီး ကောင်းကင်သစ်သားဖြင့်ဖော်စပ်ထားခြင်း ဖြစ်လေ သည်။ ကောင်းကင်သစ်သားတွင် အလွန်တရာပြင်းထန်သော သစ်သားဝိညာဉ်စွမ်းအားများ ပါဝင်နေ ပြီး ၎င်းကို အသုံးပြု၍ ဆေးဖော်စပ်ပါကဆေးလုံး၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်လေသည်။
“မင်းဆီမှာ ဆေးဘက်ဝင်ပစ္စည်းတွေမရှိရင် ငါမင်းကိုတစ်စုံပေးနိုင်ပါတယ်” ဟု လော် ရှင်းက ပြောလိုက်သည်။
“မလိုပါဘူး”
ရန်ရှောက်ထျန်းက တည်ငြိမ်စွာပြောလိုက်ပြီးနောက် ပုရှန့်ဆေးလုံးအတွက် လိုအပ်သော ဆေးဘက်ဝင်ပစ္စည်း ရာပေါင်းများစွာကို ထုတ်ယူလိုက်လေသည်။
သူသည် နယ်ခြားပင်လယ်ဂိတ်ကျွန်းတစ်ခုလုံး၏ဘဏ္ဍာတိုက်ကို သိမ်းကျုံးယူလာခဲ့သူ ဖြစ်လေရာ ပုရှန့်ဆေးလုံးအတွက်ဆေးဘက်ဝင်ပစ္စည်းများမဆိုထားနှင့်၊ စိန့်အဆင့်ဆေးလုံးအား လုံးအတွက် ဆေးဘက်ဝင်ပစ္စည်းများမှာ သူ၏လက်ထဲတွင်ရှိနေလေသည်။ ထို့နောက်တွင် ရန်ရှောက်ထျန်းက နဂါးစိမ်းကောင်းကင်ခရမ်းပြာဆေးပေါင်းအိုးကို ထုတ်ယူလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် တောက်ပလှပသောအပြာရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး နဂါးအရှိန်အဝါများက လေထုအတွင်း၌ပျံ့နှံ့သွားခဲ့လေသည်။
“နဂါးစိမ်းကောင်းကင်ခရမ်းပြာဆေးပေါင်းအိုးပါလား”
ထိုနေရာတွင် ရှိနေသူအနည်းငယ်မှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြလေသည်။
နဂါးစိမ်းကောင်းကင်ခရမ်းပြာဆေးပေါင်းအိုးမှာ ခန်းနတ်ဘုရား၏အကြီးမြတ်ဆုံးသော နတ်ဘုရားဆေးပေါင်းအိုး လေးလုံးထဲမှတစ်လုံးဖြစ်လေသည်။ ကောင်းကင်သစ်သားနတ်ဘုရား ဆေးပေါင်းအိုးမှာလည်း နတ်ဘုရားဆေးပေါင်းအိုးတစ်လုံးဖြစ်သော်လည်း နဂါးစိမ်းကောင်းကင် ခရမ်းပြာဆေးပေါင်းအိုးနှင့် နှိုင်းယှဉ်လျှင်မူများစွာ နိမ့်ကျလှပေသည်။
ရှဲ့ဝူရှင်းသည် ရန်ရှောက်ထျန်းကနဂါးစိမ်းကောင်းကင်ခရမ်းပြာဆေးပေါင်းအိုးကို ထုတ်ယူ လိုက်သည်ကိုမြင်သောအခါ သူ၏မျက်လုံးများမှာလောဘစိတ်များဖြင့် တောက်ပသွားခဲ့လေသည်။ ဆေးဖော်စပ်မှုကိုရူးသွပ်သော ဆေးဖော်စပ်သူတစ်ဦးအတွက် နဂါးစိမ်းကောင်းကင်ခရမ်းပြာ ဆေးပေါင်းအိုးမှာ သူ အမြဲတမ်းအိမ်မက်မက်နေရသောရတနာတစ်ပါးဖြစ်လေသည်။
မူလက ရန်ရှောက်ထျန်းသည် ဆေးပေါင်းအိုးကိုအသုံးမပြုဘဲဆေးဖော်စပ်ရန် စဉ်းစားထား သော်လည်း ခဏမျှစဉ်းစားပြီးနောက်တွင်မူ နဂါးစိမ်းကောင်းကင်ခရမ်းပြာဆေးပေါင်းအိုးကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်း၏ နဂါးစိမ်းကောင်းကင်ဆေးပေါင်းအိုးကိုကြည့်ပြီးနောက် လော်ရှင်းမှာ သတိပြန်ဝင်လာခဲ့လေသည်။ ချက်ချင်းဆိုသလိုပင် သူသည်သူ၏ဝိညာဉ်စွမ်းအားကို အသက်သွင်း လိုက်ရာ ဟင်းလင်းပြင်မှာတုန်ခါသွားပြီး အရပ်မျက်နှာအသီးသီးမှကမ္ဘာမြေမီးလျှံများမှာ စုစည်း လာခဲ့ကြလေသည်။
လော်ရှင်း၏ အံ့ဩဖွယ်ကောင်းသောဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသောအခါ တိုက်တန် ဧရာမမိစ္ဆာနှင့် မုယီတို့မှာအံ့အားသင့်သွားကြလေသည်။
“ဒါ... လီတာတစ်ရာအထိလား”
မုယီက အံ့အားသင့်စွာ အော်ဟစ်လိုက်လေသည်။
လော်ရှင်း၏ ဝိညာဉ်စွမ်းအားမှာလီတာတစ်ရာအတွင်းရှိကမ္ဘာမြေမီးလျှံများကို အမှန် တကယ် ထိန်းချုပ်နိုင်ခြင်းဖြစ်သည်တကား။ လီတာတစ်ရာအတွင်းရှိကမ္ဘာမြေမီးလျှံများကို ထိန်း ချုပ်နိုင်သောစိန့်အဆင့်ပညာရှင်တစ်ဦး၏ဝိညာဉ်စွမ်းအားမှာ အနှိုင်းမဲ့သည်ဟုပင် ခေါ်ဆိုနိုင်ပေ သည်။
မုယီသည် မုမိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် ဆေးဖော်စပ်သူတစ်ဦးလည်းဖြစ်သော် လည်း ဤမျှအထိအံ့ဩဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားရှိသည့်စိန့်အဆင့် ပညာရှင်တစ်ဦးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်လေသည်။ ရှဲ့ဝူရှင်းက သူ၏တပည့်၏ဝိညာဉ်စွမ်းအားများ ထပ်မံ တိုးတက်လာသည်ကိုမြင်သောအခါ ကျေနပ်စွာဖြင့် ပြုံးလျက်ခေါင်းငြိမ့်ပြလိုက်လေသည်။
ထို့နောက်တွင် လော်ရှင်း၏တစ်ကိုယ်လုံးမှ အလင်းတန်းများထွက်ပေါ်လာပြီး ထူးဆန်းသော မီးတောက်တစ်ခု သူ၏ပတ်ဝန်းကျင်တွင် ပေါ်လာခဲ့လေသည်။
“ရေခဲအိမ်မက် အေးစက်မီးလျှံမီးတောက်”
အဆင့် ၆၃ ရှိသော ထူးဆန်းသည့် မီးတောက် ဖြစ်လေသည်။
ထို့နောက် နောက်ထပ် ထူးဆန်းသောမီးတောက်တစ်ခုလော်ရှင်း၏ ကိုယ်ပေါ်တွင် ထပ်မံပေါ်လာခဲ့ပြန်လေသည်၊ ၎င်းမှာ အဆင့် ၅၁ ရှိသော လပြည့်ဝန်းမီးလျှံမီးတောက် ဖြစ်လေ သည်။ မုယီသည် လော်ရှင်းကထိပ်တန်း ၁၀၀ အတွင်းဝင်သော ထူးဆန်းသည့်မီးတောက် နှစ်ခုကို အမှန်တကယ်ထိန်းချုပ်ထားနိုင်သည်ကိုမြင်သောအခါ ပို၍ပင်ထိတ်လန့်သွားခဲ့လေသည်။
ထူးဆန်းသော မီးတောက်များကိုထိန်းချုပ်ရန်မှာ အလွန်တရာ ခက်ခဲလှပေရာ ထိပ်တန်း ၁၀၀ အတွင်းမှ တစ်ခုကိုပင် ထိန်းချုပ်ရန်ခက်ခဲလှသော်လည်း ယခုမူနှစ်ခုတောင် ဖြစ်နေလေသည်။
ထူးဆန်းသော မီးတောက်နှစ်ခုကိုခေါ်ယူပြီးနောက် လော်ရှင်းကသူ၏လက်များကို ဝှေ့ယမ်း လိုက်ရာ ပြင်းထန်လှသောကမ္ဘာမြေမီးလျှံများမှာ မြေပြင်ပေါ်ရှိဆေးဘက်ဝင်ပစ္စည်း ရာပေါင်း များစွာဆီသို့ ပြေးဝင်သွားပြီး တစ်ခုချင်းစီကိုဖုံးလွှမ်းသွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူသည် ရေခဲအိမ်မက်အေးစက်မီးလျှံမီးတောက်နှင့် လပြည့်ဝန်းမီးလျှံတောက်တို့ကို အသုံးပြုကာ ဆေးဘက် ဝင်ပစ္စည်းများကို စတင်အရည်ပျော်စေခဲ့လေသည်။
မုယီက ဤသည်ကို မြင်သောအခါ။
“အံ့ဩစရာကောင်းတဲ့ပါရမီရှင်ပဲ၊ စီနီယာဝူရှင်းကတော့ အံ့ဩစရာကောင်းတဲ့ဆေးဖော် စပ်မှု ပါရမီရှင်တစ်ယောက်ကို တပည့်အဖြစ်ရထားတာပဲ” ဟု ချီးကျူးလိုက်လေသည်။
ရှဲ့ဝူရှင်း၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာခဲ့လေသည်။
တိုက်တန်ဧရာမမိစ္ဆာကမူ မျက်မှောင်ကြုတ်လိုက်လေသည်။
ရှဲ့ဝူရှင်း၏တပည့်မှာ ဆေးဖော်စပ်မှုပါရမီနှင့် ကျွမ်းကျင်မှုမြင့်မားလိမ့်မည်ဟု သူ မျှော်လင့် ထားခဲ့သော်လည်း ထိပ်တန်း ၁၀၀ အတွင်းမှ ထူးဆန်းသည့်မီးတောက် နှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်လိမ့်မည်ဟုမူ သူ မထင်ထားခဲ့ပေ။
သူသည် ရန်ရှောက်ထျန်းကို ကြည့်လိုက်ရာ ရန်ရှောက်ထျန်းမှာ ထိုနေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျှမလုပ်သလို သူ၏ဝိညာဉ်စွမ်းအားကိုလည်း ထုတ်လွှတ်ခြင်း မရှိသေးသည်ကို တွေ့လိုက်ရလေသည်။ ဤသည်ကို မြင်သောအခါစိုးရိမ်နေသော တိုက်တန်ဧရာမ မိစ္ဆာမှာ ပို၍ပင်ပူပန်သွားခဲ့လေသည်။
ဤအချိန်တွင် လော်ရှင်းက သူ၏လက်များကိုအကြိမ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် တွင် ပုံရိပ်ယောင်များ ထွက်ပေါ်လာခဲ့လေသည်။
“ပုံရိပ်ယောင်မိစ္ဆာလက်”
ပုံရိပ်ယောင် မိစ္ဆာလက်မှာ ဝမ်ကျန့်တိုက်ကြီး၏အကြီးမြတ်ဆုံးသော ဆေးဖော်စပ်မှု အတတ် ပညာတစ်ဆယ်ထဲမှ တစ်ခုဖြစ်ပြီး အဆင့် ၉ တွင် ရှိသော နက်နဲလှသည့် ဆေးဖော်စပ်မှု အတတ်ပညာ ဖြစ်လေသည်။ လော်ရှင်း၏ပုံရိပ်ယောင်မိစ္ဆာလက်အောက်တွင် ဆေးဘက်ဝင်ပစ္စည်း ရာပေါင်း များ စွာမှာ တစ်ခုပြီးတစ်ခုလျင်မြန်စွာ အရည်ပျော်သွားခဲ့ကြပြီးနောက် ပေါင်းစပ်သွားကာ နောက်ဆုံးတွင် ဆေးလုံးတစ်လုံး ဖြစ်ပေါ်လာခဲ့လေသည်။
အရာအားလုံးမှာ ချောမွေ့လှပေသည်။ ဆေးလုံးဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မွှေးပျံ့လှ သောရနံ့များမှာ လေထုအတွင်း၌ပြည့်နှက်သွားခဲ့ပြီး ၎င်းမှာထိပ်တန်းအဆင့်ပုရှန့်ဆေးလုံး ဖြစ် ကြောင်းသိသာလှပေသည်။
ရှဲ့ဝူရှင်းမှာဤသည်ကိုမြင်သောအခါစိတ်အေးသွားပြီး ရန်ရှောက်ထျန်းကိုကြည့်ကာ ပြုံး လျက်။
“လူငယ်လေး... မင်း ရှုံးပြီ”
ရန်ရှောက်ထျန်းက ရှဲ့ဝူရှင်း၏ယုံကြည်မှုအပြည့်ရှိသောအပြုံးကိုကြည့်ကာ တည်ငြိမ်စွာ ဖြင့်။
“ခင်ဗျားရဲ့တပည့် နိုင်သွားပြီလို့ တကယ်ပဲထင်နေတာလား။ သူက ထိပ်တန်းအဆင့်ပုရှန့် ဆေးလုံးတစ်လုံးကိုဖော်စပ်ဖို့အတွက် နှစ်နာရီနီးပါးအချိန်ယူခဲ့ရတဲ့အပြင် ထူးဆန်းတဲ့မီးတောက် နှစ်ခုကိုတောင်အသုံးပြုခဲ့ရသေးတယ်။ ဒီလိုဆေးဖော်စပ်မှုပါရမီမျိုးက သာမန်အဆင့်လို့ပဲ သတ်မှတ် လို့ ရမှာပေါ့၊ မဟုတ်ဘူးလား”
ရန်ရှောက်ထျန်း၏ စကားကြောင့် လူတိုင်းမှင်တက်သွားကြတော့သည်။ လော်ရှင်းမှာ ပို၍ပင် ဒေါသထွက်သွားပြီး လှောင်ရယ်လိုက်ကာ။
“ငါ့ရဲ့ ဆေးဖော်စပ်မှု ပါရမီက သာမန်အဆင့် ဟုတ်လား။ ကောင်းပြီ၊ ဒါဆိုရင် ဆေးဖော်စပ်မှု ပါရမီရှင်ဆိုတာ ဘာလဲဆိုတာကို ငါတို့ကို ပြစမ်းပါဦး”
***