ရန်ရှောက်ထျန်း၏ စကားကြောင့် ရှဲ့ဝူရှင်းလည်း အမျက်ထွက်သွားခဲ့လေသည်။
တစ်ရက်အတွင်းမှာပင် ပြိုင်ဘက်ကင်းအဆင့်ပုရှန့်ဆေးလုံးကိုအောင်မြင်စွာ ဖော်စပ်နိုင် ခြင်းမှာပင် အလွန်တရာရှားပါးလှပေသည်။ သူ၏တပည့်လော်ရှင်းကမူ နှစ်နာရီပင်မပြည့်မီမှာပင် ထိပ်တန်းအဆင့်ပုရှန့်ဆေးလုံးကိုဖော်စပ်နိုင်ခဲ့ခြင်းမှာ တစ်ခါမျှမကြားဖူးခဲ့သောအရာမျိုး ဖြစ်လေ သည်။
ရန်ရှောက်ထျန်းက သူ၏တပည့်၏ပါရမီကို ‘သာမန်အဆင့်’ ဟု ခေါ်ဆိုခြင်းမှာ အမှန် တကယ်ပင် လွန်ကဲလွန်းလှပေသည်။
ရှဲ့ဝူရှင်း စကားပြောရန်ပြင်လိုက်စဉ်မှာပင် ရန်ရှောက်ထျန်းက သူ၏ဝိညာဉ်စွမ်းအားကို ရုတ် တရက်ထုတ်လွှတ်လိုက်လေသည်။
“ဘုန်း...”
ကောင်းကင်နှင့် မြေကြီးကြားတွင်မိုးကြိုးသံအလား ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ် လာခဲ့လေသည်။ ဟင်းလင်းပြင်အတွင်းရှိချီစွမ်းအားများမှာ သောင်းကျန်းလာခဲ့လေသည်။ ဝူရှင်းချိုင့် ဝှမ်းတစ်ခုလုံးတွင် သဲများနှင့်ကျောက်တုံးများလွင့်ပျံလာခဲ့လေသည်။
ရန်ရှောက်ထျန်း၏ဝိညာဉ်စွမ်းအားမှာ လီတာတစ်ရာအထိတိုက်ရိုက်ဖုံးလွှမ်းသွားခဲ့လေ သည်။
၎င်းမှာ ခုနကရှဲ့ဝူရှင်း၏တပည့်လော်ရှင်း၏ဝိညာဉ်စွမ်းအား ဖုံးလွှမ်းနိုင်ခဲ့သော အကွာအဝေး ဖြစ်လေသည်။
“ဘာ...”
ရန်ရှောက်ထျန်း၏ ဝိညာဉ်စွမ်းအားမှာလီတာတစ်ရာအထိ တိုက်ရိုက်ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသောအခါ မုယီနှင့်တိုက်တန်ဧရာမမိစ္ဆာသာမကရှဲ့ဝူရှင်းပင်လျှင် အကြီးအကျယ်အံ့အား သင့်သွားပြီး ယုံကြည်ရန်ခက်ခဲနေခဲ့လေသည်။ လော်ရှင်းမှာ စိန့်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် သူ၏ဝိညာဉ်စွမ်းအားက လီတာတစ်ရာအထိ ဖုံးလွှမ်းနိုင်ခြင်းမှာ အနှိုင်းမဲ့သည်ဟု ဆိုနိုင်သော်လည်း ရန်ရှောက်ထျန်းမှာ ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးသာဖြစ်ပါလျက်နှင့် ဤမျှအထိ ဝိညာဉ်စွမ်း အား ရှိနေသည်တကား။
မုယီ၊ ရှဲ့ဝူရှင်းနှင့် လော်ရှင်းတို့အကြီးအကျယ်တုန်လှုပ်နေစဉ်မှာပင် ရန်ရှောက်ထျန်း၏ ဝိညာဉ်စွမ်းအားမှာ ရုတ်တရက်ထပ်မံတိုးတက်လာခဲ့ပြန်လေသည်။ ဖုံးလွှမ်းနိုင်သောအကွာအဝေး မှာ လီတာတစ်ရာ့တစ်ဆယ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့လေသည်။
“လီတစ်ရာ့တစ်ဆယ်ပါလား”
လူတိုင်း ဆွံ့အသွားကြတော့သည်။ သို့သော်လည်းချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်း၏ ဝိညာဉ်စွမ်းအားမှာ ထပ်မံတိုးတက်လာခဲ့ပြန်လေသည်။ ၎င်းမှာ လီတာတစ်ရာ့သုံးဆယ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့လေသည်။
“လီတာတစ်ရာ့သုံးဆယ်”
မုယီ အသက်ရှူမှားသွားခဲ့လေသည်။ ရှဲ့ဝူရှင်း၏မျက်နှာတွင်လည်း မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။ ကျင့်ကြံမှုအဆင့်မြင့်မားလာလေလေ ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန် ခက်ခဲလေလေဖြစ်ကြောင်းသိထားရမည်ဖြစ်လေသည်။
လော်ရှင်း၏ ဝိညာဉ်စွမ်းအားကို လီတာတစ်ရာ့တစ်ဆယ်သို့ရောက်ရန်အတွက်ပင် ဆယ်စု နှစ်ပေါင်းများစွာ သို့မဟုတ်ထိုထက်မကကျင့်ကြံရမည်ဖြစ်လေသည်။ သို့သော်လည်းရန်ရှောက် ထျန်းကမူ လူငယ်လေးတစ်ဦးသာဖြစ်ပါလျက်နှင့် ဝိညာဉ်စွမ်းအားမှာလီတာတစ်ရာ့သုံးဆယ်အထိ ရောက်ရှိနေပြီ ဖြစ်လေသည်။
သို့သော်လည်းမပြီးဆုံးသေးပေ၊ ရန်ရှောက်ထျန်း၏ဝိညာဉ်စွမ်းအားမှာ ဆက်လက်တိုးတက် နေဆဲဖြစ်လေသည်။
“တစ်ရာ့ငါးဆယ်”
“တစ်ရာ့ခုနစ်ဆယ်”
“နှစ်ရာ”
ရန်ရှောက်ထျန်း၏ ဝိညာဉ်စွမ်းအားမှာ လီတာနှစ်ရာသို့ရောက်ရှိသွားသောအခါ ဝူရှင်းချိုင့် ဝှမ်း၏အထက်တွင် လေဆင်နှာမောင်းတစ်ခုဖြစ်ပေါ်လာပြီး သဲများမှာလေထဲတွင် ပေါက်ကွဲထွက် ကုန်လေသည်။ ရန်ရှောက်ထျန်း၏ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားအောက်တွင် ကောင်းကင်နှင့် မြေကြီးမှာပင် အရောင်ပြောင်းသွားခဲ့လေသည်။
ဝူရှင်းချိုင့်ဝှမ်း၏ အပြင်ဘက်ရှိ မုမိသားစုမှ ပညာရှင်ရာပေါင်းများစွာလည်း အကြီးအကျယ် ထိတ်လန့်သွားကြတော့သည်။
“ဒီလောက် ကြောက်စရာကောင်းတဲ့ ဝိညာဉ်စွမ်းအားမျိုး။ ဘယ်သူလဲ။ ဝူရှင်းဆေးနတ် ဘုရားကဆေးဖော်စပ်နေတာလား”
မုမိသားစုမှ ဘိုးဘေးတစ်ဦး ထိတ်လန့်သွားခဲ့လေသည်။
“ဝူရှင်းဆေးနတ်ဘုရားပဲဖြစ်ရမယ်။ ဝူရှင်းဆေးနတ်ဘုရားတစ်ယောက်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ ဝိညာဉ်စွမ်းအားမျိုးရှိနိုင်တာ”
မုမိသားစု၏ စိန့်အမျိုးသမီး မုဝမ်ချင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
ချိုင့်ဝှမ်းအတွင်း၌မူ မုယီနှင့်လော်ရှင်းတို့သည် ရန်ရှောက်ထျန်းကို ထိတ်လန့်တကြား စိုက်ကြည့်နေမိကြတော့သည်။ သူတို့သိထားသရွေ့ဆေးနတ်ဘုရားအဆင့်ရှိ ပညာရှင်အများအပြား ၏ ဝိညာဉ်စွမ်းအားမှာပင် လီတာနှစ်ရာအထိသာဖုံးလွှမ်းနိုင်ခြင်းဖြစ်လေသည်။ သို့သော်လည်း သူတို့ရှေ့တွင်ရှိသော ဤဧကရာဇ်အဆင့်ကျင့်ကြံသူလူငယ်လေးမှာမူ သာမန်ဆေးနတ်ဘုရား တစ်ဦးထက်မနိမ့်ကျသော ဝိညာဉ်စွမ်းအားကိုပိုင်ဆိုင်ထားခြင်းဖြစ်သည်တကား။
ဤကဲ့သို့သော ဝိညာဉ်စွမ်းအားမျိုးကို မုယီတစ်ခါမျှမမြင်ဖူးခဲ့သလို မကြားဖူးခဲ့ပေ။ ရှဲ့ဝူရှင်းနှင့်တိုက်တန်ဧရာမမိစ္ဆာတို့လည်း ထပ်တူပင်မှင်တက်နေကြလေသည်။ အထူးသဖြင့် ရှဲ့ဝူရှင်းမှာ ဝမ်ကျန့်တိုက်ကြီး၏ အကြီးမြတ်ဆုံးဆေးနတ်ဘုရားလေးဦးထဲမှ တစ်ဦးဖြစ်ပြီး ရှေးအကျဆုံးသောဆေးနတ်ဘုရားဖြစ်ရာ သူမမြင်ဖူးသောဆေးဖော်စပ်မှုပါရမီရှင်ဆိုသည်မှာ မရှိသလောက်ပင် ဖြစ်လေသည်။
သို့သော်လည်း ဆေးနတ်ဘုရားတစ်ဦးနှင့်ယှဉ်နိုင်သောဝိညာဉ်စွမ်းအားရှိသည့် ဧကရာဇ် အဆင့် ကျင့်ကြံသူတစ်ဦးကိုမူ သူ တစ်ခါမျှမမြင်ဖူးခဲ့ပေ။
တကယ်တမ်းတွင်မူ ၎င်းမှာ ရန်ရှောက်ထျန်း၏ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်ကို သူတို့မသိကြပေ။ လွန်ခဲ့သောနှစ်များတွင်ရန်ရှောက်ထျန်းမှာ အနက်ရှိုင်းဆုံး အရှင်သခင်နှင့်ပင်လယ်နက်မိစ္ဆာဝေလငါးတို့၏သားရဲသွေးများဖြင့် ဖော်စပ်ထားသောဝိညာဉ်ဆေး လုံးများကို အဆက်မပြတ်မြိုချခဲ့သဖြင့် သူ၏ဝိညာဉ်စွမ်းအားမှာ တစ်နေ့ထက်တစ်နေ့ပိုမိုသန်မာ လာခဲ့ခြင်း ဖြစ်လေသည်။
သူသည် မားရှယ်ဧကရာဇ်အဆင့်တွင်ရှိနေစဉ်ကပင် သူ၏ဝိညာဉ်စွမ်းအားမှာဆယ်ဂဏန်း လီအထိရှိနေခဲ့ပြီဖြစ်လေသည်။ ယခုအခါဧကရာဇ်အဆင့်သို့ ဖောက်ထွက်ပြီးနောက်တွင်မူ သူ၏ဝိညာဉ်စွမ်းအားမှာ အဆပေါင်းများစွာပိုမိုသန်မာလာခဲ့ခြင်းဖြစ်လေသည်။
ထို့နောက်တွင် ရန်ရှောက်ထျန်းကသူ၏ထူးဆန်းသောမီးတောက်များကို ခေါ်ယူလိုက်လေ သည်။ သူ၏တစ်ကိုယ်လုံးတွင် အပြာရောင်မီးလျှံများတောက်လောင်လာခဲ့ပြီး သူ၏ခြေဖဝါး အောက်တွင် ဧရာမအပြာရောင်ကြာပန်းမီးလျှံမီးတောက်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။
“အပြာရောင်ကြာပန်းမီးလျှံမီးတောက်ပါလား”
မုယီက အံ့အားသင့်စွာ အော်ဟစ်လိုက်လေသည်။
အပြာရောင်ကြာပန်းမီးလျှံမီးတောက်မှာ အဆင့် ၁၀ရှိသော ထူးဆန်းသည့်မီးတောက် ဖြစ် လေသည်။ ချက်ချင်းဆိုသလိုပင်စိတ်လှုပ်ရှားဖွယ်ကောင်းသောဖီးနစ်ငှက်ဟိန်းသံတစ်ခု ထွက်ပေါ် လာခဲ့လေသည်။ ရွှေရောင်ဖီးနစ်မီးလျှံမီးတောက်ကိုးခုမှာ ရန်ရှောက်ထျန်း၏ပတ်ဝန်းကျင်တွင် ရစ်ပတ်နေခဲ့ပြီး သူတို့၏မီးလျှံများမှာကောင်းကင်ယံသို့တောက်လောင်သွားခဲ့ရာ ဝူရှင်းချိုင့်ဝှမ်း တစ်ခုလုံးကို လင်းထိန်သွားစေခဲ့လေသည်။
“ဖီးနစ်ရွှေမီးလျှံမီးတောက်ကိုးခုပါလား”
မုယီ ထိတ်လန့်သွားခဲ့လေသည်။ ခုနကလော်ရှင်းကထိပ်တန်း ၁၀၀ အတွင်းမှ ထူးဆန်းသည့် မီးတောက်နှစ်ခုကို ထိန်းချုပ်နိုင်သည်မှာ အံ့ဩစရာဖြစ်သော်လည်း ယခုမူဤလူငယ်လေးမှာ ထိပ်တန်း ၁၀ အတွင်းမှ ထူးဆန်းသည့်မီးတောက်နှစ်ခုကို အမှန်တကယ်ထိန်းချုပ်ထားနိုင်သည် တကား။
၎င်းတို့မှာထိပ်တန်း ၁၀ အတွင်းမှထူးဆန်းသည့်မီးတောက်များ ဖြစ်ကြလေသည်။ လော်ရှင်း၊ ရှဲ့ဝူရှင်းနှင့် တိုက်တန်ဧရာမမိစ္ဆာတို့လည်း ထပ်တူပင်အံ့အားသင့်နေကြလေသည်။ အထူးသဖြင့် လော်ရှင်းမှာ ယုံကြည်ရန်ခက်ခဲနေခဲ့လေသည်။ သူသည် ထိပ်တန်း ၁၀၀ အတွင်းမှ ထူးဆန်းသည့် မီးတောက်နှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သဖြင့် ကမ္ဘာပေါ်တွင် သူသာလျှင် အနှိုင်းမဲ့သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးက ထိပ်တန်း ၁၀ အတွင်းမှ မီးတောက်နှစ်ခုကိုထိန်းချုပ်ထားသည်ကို တွေ့လိုက်ရလေပြီ။
သူ၏ ထူးဆန်းသောမီးတောက်နှစ်ခုမှာလည်း အလွန်တရာအစွမ်းထက်သော်လည်း အပြာရောင်ကြာပန်းမီးလျှံမီးတောက်နှင့် ဖီးနစ်ရွှေမီးလျှံမီးတောက် ကိုးခုတို့၏ရှေ့တွင်မူ အမှိုက်များ အလားဖြစ်နေတော့သည်။ ဒါက သူပြောခဲ့သောဆေးဖော်စပ်မှုပါရမီရှင်လား။ လော်ရှင်း၏ မျက်နှာမှာ ညှိုးနွမ်းသွားပြီး သူ၏လက်သီးများကို တင်းတင်းဆုပ်ထားမိလေသည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် ရန်ရှောက်ထျန်း၏ကိုယ်မှအလင်းတန်းတစ်ခု ထပ်မံ ထွက်ပေါ်လာပြီး တတိယမြောက်ထူးဆန်းသောမီးတောက်တစ်ခု ပျံထွက်လာခဲ့ပြန်လေသည်။ ထို့ပြင် ဤတတိယမြောက် ထူးဆန်းသောမီးတောက်၏စွမ်းအားမှာ အပြာရောင်ကြာပန်းမီးလျှံမီး တောက်နှင့် ဖီးနစ်ရွှေမီးလျှံမီးတောက်ကိုးခုတို့၏အလင်းတန်းများကို လုံးဝလွှမ်းမိုးသွားခဲ့လေသည်။
“ကောင်းကင်လောင်ကျွမ်းမီးလျှံမီးတောက်ပါလား”
မုယီနှင့် လော်ရှင်းတို့ အော်ဟစ်လိုက်ကြလေသည်။
ကောင်းကင်လောင်ကျွမ်းမီးလျှံမိးတောက်မှာ အဆင့် ၇ ရှိသောထူးဆန်းသည့် မီးတောက် ဖြစ်လေသည်။ လော်ရှင်းသည်ရန်ရှောက်ထျန်းကို စိုက်ကြည့်နေမိလေသည်။ ဤလူငယ်လေးက ထူးဆန်းသော မီးတောက်သုံးခုကို အမှန်တကယ်ထိန်းချုပ်ထားပြီး ၎င်းတို့အားလုံးမှာထိပ်တန်း ၁၀ အတွင်းမှ ဖြစ်နေသည်တကား။
လော်ရှင်းက ရန်ရှောက်ထျန်း၏ ထူးဆန်းသောမီးတောက်သုံးခုကိုစိုက်ကြည့်နေစဉ်မှာပင် မြေပြင်မှာရုတ်တရက်တုန်ခါလာခဲ့လေသည်၊ မြေပြင်အောက်မှတစ်ခုခုတက်လာသကဲ့သို့ပင်ဖြစ် လေသည်။
ရှဲ့ဝူရှင်းနှင့်အခြားသူများအားလုံးထိတ်လန့်သွားကြစဉ်မှာပင် ဝူရှင်းချိုင့်ဝှမ်းအတွင်းရှိ မြေပြင်အားလုံးမှ မရေမတွက်နိုင်သောဝါဂွမ်းရောင်မီးလျှံများ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ရှောက် ထျန်း၏ခန္ဓာကိုယ်ပတ်လည်တွင်စုစည်းသွားခဲ့ကြလေသည်။
“ကမ္ဘာမြေမီးလျှံမီးတောက်”
အဆင့် ၁ ရှိသောထူးဆန်းသည့်မီးတောက်။ လူတိုင်း အသက်ရှူမှားသွားကြတော့သည်။ ဒါက အမှန်တကယ်ပင်အဆင့် ၁ ရှိသော ထူးဆန်းသည့်မီးတောက်ဖြစ်သည်တကား။
ထိပ်တန်း ၁၀ အတွင်းမှ ထူးဆန်းသည့် မီးတောက်လေးခု၊ သုံးခုမဟုတ်ပေ။
ဤလူငယ်လေးမှာ ထိပ်တန်း ၁၀ အတွင်းမှထူးဆန်းသည့်မီးတောက်လေးခုကို အမှန် တကယ်ထိန်းချုပ်ထားနိုင်သည်တကား၊ သူသည်ဘယ်လိုပါရမီရှင်မျိုးလဲ။ သာမန်ထူးဆန်းသော မီးတောက်လေးခုကို ထိန်းချုပ်ရန်မှာပင် အလွန်တရာတုန်လှုပ်စရာကောင်းလှပေရာ ထိပ်တန်း ၁၀ အတွင်းမှလေးခုဆိုလျှင် မည်မျှအထိကြောက်စရာကောင်းမည်နည်း။
ဤလူငယ်လေးက ထိုထူးဆန်းသော မီးတောက်လေးခုကို မည်သို့ နိမ်နင်းနိုင်ခဲ့သနည်း။
ဤအချိန်တွင် ရန်ရှောက်ထျန်းက သူ၏လက်များကို ဝှေ့ယမ်းလိုက်ရာ အတိုင်းအဆမဲ့သော ကမ္ဘာမြေမီးလျှံများမှာသောင်းကျန်းလာခဲ့ပြီး ဆေးဘက်ဝင်ပစ္စည်းရာပေါင်းများစွာ၏ အထက်သို့ ရောက်ရှိသွားခဲ့ကြလေသည်။
ဤကမ္ဘာမြေမီးလျှံများမှာ နက်နဲလှသောဆေးဖော်စပ်မှုအစီအရင်တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့လေသည်။
“ဆေးဖော်စပ်မှု အစီအရင်”
အကြီးမြတ်ဆုံး ဆေးဖော်စပ်မှုအတတ်ပညာတစ်ဆယ်ထဲမှ ဒုတိယမြောက်အတတ်ပညာ ဖြစ်လေသည်။ ဆေးဖော်စပ်မှုအစီအရင်မှာတောက်ပလာခဲ့ပြီး စုပ်ယူမှုအားတစ်ခု ဖြစ်ပေါ်လာကာ ဆေးဘက်ဝင်ပစ္စည်း ရာပေါင်းများစွာကို လေထဲသို့ ပျံတက်သွားစေခဲ့လေသည်။
ဆေးဘက်ဝင်ပစ္စည်းများ လေထဲသို့ပျံတက်သွားသောအခါ ရန်ရှောက်ထျန်းက သူ၏လက် များကိုဝှေ့ယမ်းလိုက်ရာ ကမ္ဘာမြေမီးလျှံမီးတောက်၊ ကောင်းကင်လောင်ကျွမ်းမီးလျှံမီးတောက်၊ ဖီးနစ်ရွှေမီးလျှံမီးတောက်ကိုးခုနှင့် အပြာရောင်ကြာပန်းမီးလျှံမီးတောက်တို့မှာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့ကြပြီး မီးစက်လေးများအဖြစ်ပြောင်းလဲကာ ဆေးဘက်ဝင်ပစ္စည်းရာပေါင်းများ စွာဆီသို့ တစ်ပြိုင်နက်တည်းပျံသန်းသွားခဲ့ကြလေသည်။
ဆက်လက်ပြီး ထူးဆန်းသောမီးတောက်လေးခုမှာ ရန်ရှောက်ထျန်း၏ထိန်းချုပ်မှု အောက် တွင် လိပ်ပြာများအလား ဆေးဘက်ဝင်ပစ္စည်းများကြားတွင် ရစ်ပတ်ပျံသန်းနေခဲ့ကြလေသည်။
ဒါက ဘယ်လိုအတတ်ပညာမျိုးလဲ။ မုယီနှင့်အခြားသူများမှာ မျက်စိပင်မလွှဲနိုင်အောင် ဖြစ်နေကြလေသည်။ ရန်ရှောက်ထျန်းမှာ ထိုနေရာတွင်ရပ်နေခဲ့ပြီး သူ၏တစ်ကိုယ်လုံးမှာ ဆေးပေါင်း အိုး၊ ဆေးဘက်ဝင်ပစ္စည်းများ၊ ထူးဆန်းသောမီးတောက်များနှင့် ကမ္ဘာမြေမီးလျှံတို့နှင့် တစ်သား တည်း ဖြစ်နေခဲ့လေသည်။
“ကောင်းကင်နဲ့ လူသား တစ်သားတည်းဖြစ်ခြင်းပဲ”
ရှဲ့ဝူရှင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။
ကောင်းကင်နှင့် လူသားတစ်သားတည်းဖြစ်ခြင်းဆိုသည်မှာ ဆေးနတ်ဘုရားအဆင့်ရှိ ပညာရှင်များသာနားလည်နိုင်သော အရာမျိုးဖြစ်လေသည်။ သို့သော်လည်း ယခုမူ၎င်းမှာ ရန်ရှောက် ထျန်း၏ကိုယ်ပေါ်တွင် ပေါ်ပေါက်နေခဲ့လေပြီ။
မကြာမီမှာပင် ဆေးဘက်ဝင်ပစ္စည်း ရာပေါင်းများစွာမှာ လုံးဝအရည်ပျော်သွားခဲ့ပြီး တစ်ခုမျှ လောင်ကျွမ်းခြင်းမရှိခဲ့ပေ၊ ထို့နောက်တွင်၎င်းတို့မှာပေါင်းစပ်ရန်အတွက် နဂါးစိမ်းကောင်းကင် ခရမ်းပြာဆေးပေါင်းအိုးအတွင်းသို့ ကျဆင်းသွားခဲ့ကြလေသည်။
ထူးဆန်းသော မီးတောက်လေးခုနှင့် ကမ္ဘာမြေမီးလျှံတို့၏အဆက်မပြတ် လောင်ကျွမ်းမှု အောက်တွင် နဂါးစိမ်းကောင်းကင်ခရမ်းပြာဆေးပေါင်းအိုးမှပြင်းထန်လှသောဆေးနံ့များ ထွက်ပေါ် လာခဲ့လေသည်၊ ၎င်းမှာအလွန်တရာပြင်းထန်လှသဖြင့် ဝူရှင်းချိုင့်ဝှမ်း၏ အပြင်ဘက်အထိပင် ပျံ့နှံ့သွားခဲ့လေသည်။
ချိုင့်ဝှမ်းအပြင်ဘက်ရှိ မုမိသားစုဝင်များမှာ ထိုရနံ့ကိုရရှိလိုက်သည်နှင့် တစ်ကိုယ်လုံး လန်း ဆန်းသွားခဲ့ကြလေသည်။
“ဒါက ပြိုင်ဘက်ကင်းအဆင့်စိန့်အဆင့်ဆေးလုံးပဲ။ ပြိုင်ဘက်ကင်းအဆင့် စိန့်အဆင့် ဆေးလုံးတစ်လုံးတည်းကသာ ဒီလောက်အထိအံ့ဩစရာကောင်းတဲ့ဆေးရနံ့မျိုး ရှိနိုင်တာ”
မုမိသားစုမှ ဘိုးဘေးတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
၁၅ မိနစ်ခန့်ကြာပြီးနောက်တွင်မူ ပြိုင်ဘက်ကင်းအဆင့် ပုရှန့်ဆေးလုံးဖော်စပ်မှု ပြီးဆုံးသွား ခဲ့လေပြီ။
***