ပေါ်ပေါက်လာသော ဘေးဒုက္ခမိုးကြိုးများကိုကြည့်ပြီး တိုက်တန်ဧရာမမိစ္ဆာမှာလည်း အံ့အား သင့်နေခဲ့လေသည်။ ဟဲဗန်အဆင့်ဆေးလုံးများမှာ အလွန်တရာရှားပါးလှပေသည်။ ဧကရာဇ်အဆင့် ဟဲဗန်အဆင့်ဆေးလုံးများပင်လျှင် ရှားပါးလှသည်ဖြစ်ရာ စိန့်အဆင့်ဟဲဗန်အဆင့် ဆေးလုံးဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာမရှိတော့ပေ။ ဟဲဗန်အဆင့်ပုရှန့်ဆေးလုံးတစ်လုံးတည်းမှာပင် အမှန်တကယ်ပင် အဖိုးမဖြတ်နိုင်သော အရာ ဖြစ်လေသည်။
“ဘုန်း...”
ဤအချိန်တွင် ဘေးဒုက္ခမိုးကြိုးမှာ အံ့ဩဖွယ်ကောင်းသောအရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့ ပြီး ငရဲဘုံနတ်ဘုရားဆေးပေါင်းအိုးကို ရိုက်ခတ်လိုက်လေသည်။ ၎င်းမှာဆေးပေါင်းအိုးအတွင်းရှိ ဆေးလုံးကို ဖျက်ဆီးရန်ကြိုးစားခြင်း ဖြစ်လေသည်။
ကျဆင်းလာသော ဘေးဒုက္ခမိုးကြိုးကိုကြည့်ရင်း ရှဲ့ဝူရှင်းက လက်သီးဖြင့်ထိုးနှက်လိုက်ရာ မိုးကြိုးမှာတိုက်ရိုက်ပင်လွင့်စင်သွားခဲ့လေသည်။ နတ်ဘုရားအဆင့်ဟဲဗန်အဆင့်ဆေးလုံး၏ ဘေးဒု က္ခမိုးကြိုးမှာ အလွန်တရာပြင်းထန်သော်လည်း စိန့်အဆင့်ဟဲဗန်အဆင့်ဆေးလုံး၏ မိုးကြိုးမှာမူ များစွာ ပိုမိုအားနည်းလေသည်။ ရှဲ့ဝူရှင်းအတွက်မူ လက်သီးတစ်ချက်တည်းဖြင့်ပင် အလွယ်တကူ ချေမှုန်းနိုင်လေသည်။
မိုးကြိုးကိုချေမှုန်းလိုက်သောအခါ ဆေးပေါင်းအိုးအတွင်းမှအလင်းကွင်းများ ဖြာထွက်လာ ခဲ့လေသည်။ ဆေးလုံး၏ရနံ့မှာ ပင်လယ်လှိုင်းကြီးများအလားပျံ့နှံ့သွားခဲ့ရာ ၎င်းကိုရရှိသူတိုင်းအား မိန်းမောသွားစေခဲ့လေသည်။ မုယီသည်ထိုရနံ့ကိုတစ်ချက်ရှူလိုက်ရုံဖြင့် သူ၏စိတ်အာရုံမှာ ကြည်လင်သွားပြီး သူ၏ကိုယ်တွင်းအင်္ဂါငါးပါးမှာသန့်စင်သွားသလို ခံစားလိုက်ရလေသည်။
ရှဲ့ဝူရှင်းသည် ဆေးပေါင်းအိုးအတွင်းရှိပုရှန့်ဆေးလုံးကိုကြည့်ကာ သူ၏မျက်နှာတွင် အပြုံးများ ပြည့်နှက်နေခဲ့လေသည်။
“ဂုဏ်ယူပါတယ် ဆရာ... ဟဲဗန်အဆင့်ပုရှန့်ဆေးလုံးကိုအောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီပဲ”
လော်ရှင်းမှာလည်း အလွန်တရာဝမ်းသာသွားပြီး ရှေ့သို့ တိုးကာ ဂုဏ်ပြုလိုက်လေသည်။
ရှဲ့ဝူရှင်းက ခေါင်းငြိမ့်ပြကာ အားရပါးရရယ်မောလိုက်ပြီးနောက် ရန်ရှောက်ထျန်းကို လှည့် ကြည့်ကာ ပြောလိုက်သည်။
“သခင်လေး... တောင်းပန်ပါတယ်၊ ကျွန်တော်ကဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကို ဖော်စပ်နိုင် ခဲ့ပြီဆိုတော့ ဒီယှဉ်ပြိုင်မှုမှာကျွန်တော်နိုင်သွားပြီ ထင်ပါတယ်”
ရန်ရှောက်ထျန်းမှာ ထိပ်တန်း ၁၀ အတွင်းမှ ထူးဆန်းသောမီးတောက်လေးခုကို ပိုင်ဆိုင်ထား သော်လည်း ၎င်းတို့နှင့်ပင်ဟဲဗန်အဆင့်ဆေးလုံးကိုဖော်စပ်ရန်မှာမဖြစ်နိုင်ဟု သူ ယူဆထားခြင်းဖြစ် လေသည်။
ရှဲ့ဝူရှင်း၏ အပြုံးကိုကြည့်ရင်း ရန်ရှောက်ထျန်းကရယ်မောလိုက်ပြီး။
“ဒါက သေချာပေါက်တော့မဟုတ်သေးဘူးလေ” ဟု ပြောလိုက်သည်။
ရှဲ့ဝူရှင်းသည် ဤစကားကိုကြားလိုက်ရသောအခါရယ်မောလိုက်ပြီး။
“သခင်လေးက သခင်လေးကိုယ်တိုင်လည်းဟဲဗန်အဆင့်ပုရှန့်ဆေးလုံးကိုဖော်စပ်နိုင် တယ် လို့ပြောမလို့လား” ဟု မေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဧကရာဇ်အဆင့်ကျင့်ကြံသူဖြစ်သောရန်ရှောက်ထျန်းက ဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကိုဖော်စပ်နိုင်လိမ့်မည်ဟု သူလုံးဝမယုံကြည်နိုင်ပေ။ ရန်ရှောက်ထျန်းက ဘာမှပြန် မပြောဘဲ သူ၏ဝိညာဉ်စွမ်းအားများကိုအပြည့်အဝထုတ်လွှတ်လိုက်လေသည်။
ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့လေသည်။ ကောင်းကင်နှင့်မြေကြီးမှာ အရောင်ပြောင်းသွား ခဲ့လေပြီ။
“လီတာသုံးရာပါလား”
ရှဲ့ဝူရှင်း၊ မုယီနှင့်အခြားသူများ အကြီးအကျယ်ထိတ်လန့်သွားကြတော့သည်။ ရန်ရှောက် ထျန်း၏ အစစ်အမှန်ဝိညာဉ်စွမ်းအားမှာလီတာသုံးရာအထိဖုံးလွှမ်းနိုင်လိမ့်မည်ဟု မည်သူမျှမမျှော် လင့်ထားခဲ့ကြပေ။
ဝိညာဉ်စွမ်းအားလီတာသုံးရာအထိဖုံးလွှမ်းနိုင်သောဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးမှာ ရန်ရှောက်ထျန်း နတ်ဘုရားအဆင့်သို့ဖောက်ထွက်သွားသည့်အခါ သူ၏ဝိညာဉ်စွမ်းအားကမည်မျှ အထိ သန်မာလာမည်နည်း။
လီတာရှစ်ရာလား။
ဒါမှမဟုတ် လီတာကိုးရာလား။
ဒါမှမဟုတ်ရင်တောင်...။
သူတို့ ဆက်လက်ပြီးမတွေးရဲကြတော့ပေ။ ဒဏ္ဍာရီများအရနတ်ဘုရားအဆင့်ဝိညာဉ်စွမ်း အား၏ အကန့်အသတ်မှာလီတာတစ်ထောင် ဖြစ်သော်လည်း ၎င်းမှာရှေးဟောင်းဒဏ္ဍာရီတစ်ခုသာ ဖြစ်လေသည်။ လွန်ခဲ့သောနှစ်ပေါင်းသန်းချီအတွင်း၌ဝိညာဉ်စွမ်းအား လီတာတစ်ထောင်အထိ ရောက်ရှိခဲ့သော နတ်ဘုရားအဆင့်ပညာရှင်တစ်ဦးတစ်ယောက်မျှ ရှိခဲ့သည်ဟု မကြားဖူးခဲ့ပေ။
သို့သော်လည်း ရှဲ့ဝူရှင်း၏စိတ်ထဲတွင် အနည်းငယ်သက်သာရာရသွားစေသည့် အချက်မှာ ရန်ရှောက်ထျန်း၏ ဝိညာဉ်စွမ်းအားမှာအံ့ဩဖွယ်ကောင်းသော်လည်း သူနှင့်ယှဉ်လျှင်မူ များစွာ အားနည်းနေသေးခြင်း ဖြစ်လေသည်။ ထို့ပြင်ရန်ရှောက်ထျန်းတွင် ထူးဆန်းသောမီးတောက်များသာ ရှိနေသဖြင့် သူသည်ဟဲဗန်အဆင့်ဆေးလုံးများကိုဖော်စပ်ရန်မှာမဖြစ်နိုင်ပေ။ ထို့ကြောင့် ဤယှဉ်ပြိုင် မှု၏ အောင်နိုင်သူမှာ သူသာဖြစ်ပေလိမ့်မည်။
ရှဲ့ဝူရှင်း ဤကဲ့သို့တွေးနေစဉ်မှာပင် ရုတ်တရက်ရန်ရှောက်ထျန်း၏ ပတ်ဝန်းကျင်တွင် မိုးကြိုးများပေါက်ကွဲထွက်လာခဲ့ပြီး ဝူရှင်းချိုင့်ဝှမ်း၏အထက်ရှိ ကောင်းကင်ယံတွင်မိုးကြိုးလျှပ် စီးများ လက်လာခဲ့လေသည်။ မရေမတွက်နိုင်သောမိုးကြိုးလျှပ်စီးများမှာမီးလျှံမိုးကြိုးနဂါးများ အဖြစ် ချက်ချင်း စုစည်းသွားခဲ့ကြလေသည်။
ရန်ရှောက်ထျန်း၏ ခန္ဓာကိုယ်အတွင်းမှ မိုးကြိုးမီးလျှံလုံးတစ်ခု ပျံထွက်လာခဲ့လေသည်။
ထိုမိုးကြိုးမီးလျှံလုံး ပျံထွက်လာသောအခါ ရှဲ့ဝူရှင်း၏သုညကမ္ဘာနတ်ဘုရားမီးလျှံမီး တောက်မှာ ကြောက်ရွံ့မှုကြောင့်တုန်ယင်သွားခဲ့လေသည်။
“ဒါက ဘာလဲ”
မုယီ၊ တိုက်တန်ဧရာမမိစ္ဆာနှင့် လော်ရှင်းတို့သည် မျက်လုံးအပြူးသားဖြင့် ထိုမိုးကြိုးမီးလျှံမီး တောက်လုံးကို စိုက်ကြည့်နေမိကြပြီး။
“မိုးကြိုးဘေးဒုက္ခနတ်ဘုရားမီးလျှံမီးတောက်ပါလား” ဟု အော်ဟစ်လိုက်ကြလေသည်။
“မဖြစ်နိုင်တာ”
ရှဲ့ဝူရှင်းကမိုးကြိုးဘေးဒုက္ခနတ်ဘုရားမီးလျှံမီးတောက်ကိုကြည့်ကာ အော်ဟစ်လိုက်လေ သည်။
သူသည် အမျိုးမျိုးသော အခက်အခဲများကို ကျော်ဖြတ်ပြီး နှစ်ပေါင်းများစွာ၊ အားထုတ်မှုများ စွာကို အသုံးပြုပြီးမှသာ သုညကမ္ဘာနတ်ဘုရားမီးလျှံမီးတောက်ကိုနိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်လေသည်၊ ထိုသို့ဆိုလျှင် ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သော ရန်ရှောက်ထျန်းကနတ်ဘုရားမီးလျှံမီး တောက်ကို မည်သို့နိမ်နင်းနိုင်ခဲ့သနည်း။ ထို့ပြင်၎င်းမှာ သုညကမ္ဘာနတ်ဘုရားမီးလျှံမီးတောက်ထက် များစွာ ပိုမိုသန်မာလှသော မိုးကြိုးဘေးဒုက္ခ နတ်ဘုရားမီးလျှံမီးတောက်ဖြစ်နေသည်တကား။
ရန်ရှောက်ထျန်းကမူ ပုံမှန်အတိုင်းပင်တည်ငြိမ်စွာဖြင့် ‘ဗုဒ္ဓတစ်ထောင်နတ်ဘုရားမီးလျှံမီး တောက်နှင့် ‘ဇီဝေ့နတ်ဘုရားမီးလျှံမီးတောက်’ တို့ကိုထပ်မံခေါ်ယူလိုက်လေသည်။ ချက်ချင်း ဆိုသလိုပင် ဗုဒ္ဓအလင်းတန်းများမှာတောက်ပလာခဲ့ပြီး ဝူရှင်းချိုင့်ဝှမ်းတစ်ခုလုံးမှာဗုဒ္ဓနိုင်ငံတော် တစ်ခုအဖြစ် ပြောင်းလဲသွားသလိုမျိုး ခံစားလိုက်ရလေသည်။
ဇီဝေ့နတ်ဘုရားမီးလျှံ၏ ကြယ်တာရာမီးလျှံမီးတောက်ခုနစ်မျိုးမှာလည်း ကြယ်အလင်း တန်းများကို ဖြာထွက်စေခဲ့ရာ ဝူရှင်းချိုင့်ဝှမ်းမှာ ကြယ်များဖြင့်ပြည့်နှက်နေသော ဗုဒ္ဓကောင်းကင်ယံ အောက်သို့ ရောက်ရှိသွားသလို ရှိနေတော့သည်။
“အမြင့်မြတ်ဆုံးနတ်ဘုရားမီးလျှံမီးတောက် သုံးခုပါလား”
တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်းတို့မှာဆွံ့အသွားကြတော့သည်။ လော်ရှင်းနှင့် မုယီတို့မှာမူ မြေပြင်ပေါ်သို့ပင် လဲကျသွားခဲ့ကြလေသည်။
ရန်ရှောက်ထျန်းကမူ ပုံမှန်အတိုင်းပင် ကမ္ဘာမြေမီးလျှံများကိုထိန်းချုပ်ကာ ဆေးဘက်ဝင် ပစ္စည်းများကိုစတင်အရည်ပျော်စေခဲ့လေသည်။ သူ၏ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုအောက်တွင် နတ်ဘုရားမီးလျှံမီးတောက်သုံးခုမှာ မီးလျှံမြစ်ကြီးများအဖြစ်ပြောင်းလဲသွားခဲ့ပြီး ဆေးဘက်ဝင် ပစ္စည်းရာပေါင်းများစွာ၏ ပတ်ဝန်းကျင်တွင်အဆက်မပြတ် ရစ်ပတ်နေခဲ့ကြလေသည်။
တစ်ပတ်လှည့်တိုင်းတွင် ဆေးဘက်ဝင်ပစ္စည်းတစ်ခုမှာ အရည်ပျော်သွားခဲ့လေသည်။ မကြာမီမှာပင် ဆေးဘက်ဝင်ပစ္စည်းရာပေါင်းများစွာမှာအရည်ပျော်သွားခဲ့ကြလေပြီ။ ထို့ပြင် ၎င်းတို့မှာ တစ်ပြိုင်နက်တည်း အရည်ပျော်သွားခဲ့ခြင်း ဖြစ်လေသည်။
အရည်ပျော်သွားသော ဆေးရည်များကို နဂါးစိမ်းကောင်းကင်ခရမ်းပြာဆေးပေါင်းအိုးဖြင့် ဖမ်းယူလိမ့်မည်ဟု လူတိုင်းကထင်မှတ်ထားကြသော်လည်း ရန်ရှောက်ထျန်းကမူ သူ၏လက်များကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာမြေမီးလျှံများမှာမီးလျှံဆေးပေါင်းအိုးတစ်ခုအဖြစ် စုစည်းသွားခဲ့သည်ကို မြင်တွေ့လိုက်ရလေသည်။ အရည်ပျော်သွားသောဆေးရည်များအားလုံးမှာ ကမ္ဘာမြေမီးလျှံဖြင့် ဖော်စပ်ထားသော ဆေးပေါင်းအိုးအတွင်းသို့ ကျဆင်းသွားခဲ့လေသည်။
နတ်ဘုရားမီးလျှံမီးတောက်သုံးခုမှာ မီးလျှံဆေးပေါင်းအိုး၏ပတ်ဝန်းကျင်တွင် လှိုင်းလုံးကြီး များအလားတစ်ခုပြီးတစ်ခု စီးဝင်နေခဲ့ကြလေသည်။ ဆေးပေါင်းအိုးအတွင်း၌ တောက်ပမှုများမှာ ပိုမိုပြင်းထန်လာခဲ့လေသည်။ ဆေးလုံး၏ ရနံ့မှာချိုင့်ဝှမ်း၏ ထောင့်တိုင်းသို့ပျံ့နှံ့သွားခဲ့လေသည်။ လူတိုင်း အံ့အားသင့်သွားရလောက်အောင်ပင် ချိုင့်ဝှမ်း၏အထက်တွင် မိုးကြိုးတိမ်တိုက်များ လိပ်တက်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးမှာ လုံးဝ မှောင်မိုက်သွားခဲ့လေသည်။
“ဘေးဒုက္ခ မိုးကြိုးပါလား”
မုယီ အသက်ပြင်းပြင်းရှူလိုက်လေသည်။ ဘေးဒုက္ခမိုးကြိုးပေါ်ပေါက်လာခြင်းမှာ ဤလူငယ်လေးဖော်စပ်နေသော ပုရှန့်ဆေးလုံးမှာအနည်းဆုံး ဟဲဗန်အဆင့်ဖြစ်နေပြီဆိုသည်ကို ဆိုလိုခြင်းဖြစ်လေသည်။ ထို့ပြင် မိုးကြိုးတိမ်တိုက်များအတွင်းရှိ စွမ်းအားများကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ‘ဒုတိယအဆင့်ဘေးဒုက္ခမိုးကြိုး’ ဖြစ်ပုံရလေသည်။
ရှဲ့ဝူရှင်းသည်လည်း ဤအချက်ကိုသတိထားမိလိုက်သဖြင့် သူ၏လက်များမှာ တုန်ယင် လာခဲ့လေသည်။ အကယ်၍ ၎င်းမှာအမှန်တကယ်ပင် ဒုတိယအဆင့်ဘေးဒုက္ခမိုးကြိုးဖြစ်နေမည် ဆိုပါက...။ ဤသည်ကို တွေးလိုက်မိသောအခါ သူ၏မျက်နှာရှိအပြုံးများမှာ ပျောက်ကွယ်သွားခဲ့ လေပြီ။
လူတိုင်း၏ အတွေးများကိုအတည်ပြုပေးလိုက်သလိုမျိုးပင် ပထမဆုံးသောဘေးဒုက္ခမိုး ကြိုးကျဆင်းလာခဲ့လေသည်။ ပထမဆုံးမိုးကြိုးကျဆင်းလာပြီးနောက် ဒုတိယမြောက်ဘေးဒုက္ခမိုး ကြိုးမှာလည်း ကပ်လျက်ပင်ကျဆင်းလာခဲ့ပြန်လေသည်။
ကျဆင်းလာသော ဘေးဒုက္ခမိုးကြိုးများကိုကြည့်ရင်း ရန်ရှောက်ထျန်းက ဆေးနံ့သာအိုးဘိုး ဘေးကိုအကူအညီတောင်းရန်မလိုအပ်ပေ။ သူသည် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကို အသက် သွင်းလိုက်ပြီး သူ၏သွေးကြောဆုံမှတ် တစ်ထောင့်နှစ်ရာကိုးဆယ့်ခြောက်ခုမှ စစ်မှန်သောချီစွမ်း အားများကိုအသက်သွင်းလိုက်ကာ သူ၏လက်သီးနှစ်ဖက်လုံးဖြင့်ထိုးနှက်လိုက်ရာ အဆုံးမဲ့သော အချိန်ရေစီးကြောင်းကြီးမှာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့လေသည်။
“ဝုန်း...”
ဒုတိယအဆင့် ဘေးဒုက္ခမိုးကြိုးမှာ သူ၏လက်သီးစွမ်းအားကြောင့် တိုက်ရိုက်ပင်အပေါက် ဖြစ်သွားပြီး ပေါက်ကွဲသွားခဲ့လေသည်။
“ထာဝရနတ်ဘုရားခန္ဓာကိုယ်။ ဒါကထာဝရနတ်ဘုရားခန္ဓာကိုယ်ပဲ။ ကောင်းကင်နဲ့မြေကြီး ရဲ့ အရှင်သခင်ဖြစ်တဲ့ထာဝရနတ်ဘုရားခန္ဓာကိုယ်ပဲ”
မုယီဖြစ်စေ၊ ရှဲ့ဝူရှင်းနှင့် လော်ရှင်းဆရာတပည့်နှစ်ယောက်ဖြစ်စေ အားလုံး ထိတ်လန့် တကြား အော်ဟစ်လိုက်မိကြလေသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် ကောင်းကင်နှင့်မြေကြီး၏ အရှင်သခင်သာလျှင် ထာဝရ နတ်ဘုရားခန္ဓာကိုယ်ကိုကျင့်ကြံနိုင်ခဲ့ခြင်းဖြစ်ရာ ယခုမူထာဝရနတ်ဘုရားခန္ဓာကိုယ်မှာ သူတို့၏ရှေ့ တွင် ပေါ်ပေါက်လာခဲ့လေပြီ။
အကြီးမြတ်ဆုံး ဆေးနတ်ဘုရားလေးဦးထဲမှတစ်ဦးဖြစ်သည့် ရှဲ့ဝူရှင်းပင်လျှင် သူ၏နှလုံး သားအတွင်းမှ ထိတ်လန့်မှုကိုမဖုံးကွယ်နိုင်တော့ပေ။ ဤအခိုက်အတန့်တွင် ရန်ရှောက်ထျန်းကို ကြည့်သော ရှဲ့ဝူရှင်း၏အကြည့်များမှာ နောက်ဆုံးတွင်ထပ်မံပြောင်းလဲသွားခဲ့လေပြီ။ ၎င်းမှာ လုံးဝကိုကွဲပြားသွားခဲ့ခြင်းဖြစ်လေသည်။ ၎င်းမှာကြောက်ရွံ့ရိုသေသော အကြည့်မျိုး ဖြစ်လေသည်။
ရှဲ့ဝူရှင်းတောင်မှ ဤကဲ့သို့ဖြစ်နေလျှင် မုယီနှင့်လော်ရှင်းတို့မှာဆိုဖွယ်ရာ မရှိတော့ပေ။ သူတို့သည် ရန်ရှောက်ထျန်းကို စိတ်လှုပ်ရှားမှု၊ ရိုသေမှု၊ ကိုးကွယ်မှုနှင့် ရူးသွပ်မှုများ ပြည့်နှက် နေသောအကြည့်များဖြင့်ကြည့်နေမိကြတော့သည်။
နောက်ဆုံးတွင် ဆေးလုံးဖော်စပ်မှုပြီးဆုံးသွားခဲ့လေပြီ။ ရန်ရှောက်ထျန်းက လက်ကို ဆန့်ထုတ်လိုက်ရာ ပုရှန့်ဆေးလုံးမှာသူ၏လက်ဖဝါးပေါ်သို့ကျဆင်းလာခဲ့လေသည်။ ဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် ထင်ရှားလှသော ဘေးဒုက္ခပုံရိပ် နှစ်ခုမှာ စီးဆင်းနေခဲ့လေသည်။
ဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့် ပုရှန့်ဆေးလုံး။
“ခင်ဗျား ရှုံးပြီ”
ရန်ရှောက်ထျန်းက ရှဲ့ဝူရှင်းကို ကြည့်ကာ ပြောလိုက်သည်။
ရှဲ့ဝူရှင်း သတိပြန်ဝင်လာခဲ့လေသည်။ သူသည် ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကိုကြည့်ကာ သူ၏နှလုံးသားထဲတွင် ထိတ်လန့်မှုနှင့်အတူခံစားချက်မျိုးစုံ ပြည့်နှက် နေခဲ့လေသည်။
ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးက ဒုတိယအဆင့် ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကို ဖော်စပ်နိုင်ခြင်း၊ ထို့ပြင်ဆေးပေါင်းအိုးပင်မပါဘဲ ဖော်စပ်နိုင်ခြင်းမှာအမှန်တကယ်ပင် အဓိပ္ပာယ် မရှိသလိုမဖြစ်နိုင်သောအရာမျိုးဖြစ်သော်လည်း ယနေ့တွင်မူ သူသည်ဤအရာကို သူ၏မျက်စိရှေ့ တွင် မျက်မြင်တွေ့လိုက်ရလေပြီ။
လူတိုင်း၏ အကြည့်များမှာရှဲ့ဝူရှင်းဆီသို့ ကျရောက်သွားခဲ့လေသည်။ ရှဲ့ဝူရှင်း ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရန်ရှောက်ထျန်းဆီသို့လမ်းလျှောက်သွားကာ ဦးညွှတ်ဂါရဝပြုလိုက်ပြီး လက်ဖဝါးချင်းယှက်ကာ ပြောလိုက်သည်။
“ရှဲ့ဝူရှင်းက ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ယခင်ကဆိုလျှင် သူသည် သေချာပေါက်မကျေမနပ်ဖြစ်နေပေလိမ့်မည်၊ သို့သော်လည်း ရန်ရှောက်ထျန်း၏ ထာဝရနတ်ဘုရားခန္ဓာကိုယ်ကိုမြင်တွေ့လိုက်ရပြီးနောက်တွင်မူ ရှဲ့ဝူရှင်း၏ စိတ်ထဲ၌ မကျေမနပ်ဖြစ်မှုများ လုံးဝ မရှိတော့ပေ။
“နောက်ဆိုရင်တော့ ကျွန်တော့်ကို သခင်လေးလို့ပဲ ခေါ်ပါ”
ရန်ရှောက်ထျန်းက ရှဲ့ဝူရှင်းမှာဟွန်ချွမ်မိစ္ဆာဂိုဏ်းမှမဟုတ်သည့်အတွက် ပြုံးလျက် ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေး”
ရှဲ့ဝူရှင်းက ပြန်လည်ဖြေကြားလိုက်လေသည်။
“စီနီယာ ထိုက်ဆီကကြားတာတော့ ခင်ဗျားဆီမှာအချိန်သဲပွင့်တစ်ဆုပ် ရှိတယ်ဆို”
ရန်ရှောက်ထျန်းက ရုတ်တရက်မေးလိုက်လေသည်။ သူသာနောက်ထပ် အချိန်သဲပွင့် တစ်ဆုပ်ထပ်ရမည်ဆိုပါက သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာ အောင်မြင်မှုအသေးစားအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
***