သူ၏သမီးက သခင်လေးရန်အကြောင်းကိုမေးမြန်းနေသည်ကိုကြားသောအခါ မုယီ ခေါင်းခါ ပြလိုက်ပြီး။
“သမီး သိထားရမှာကသခင်လေးရန်က ငါတို့မုမိသားစုရဲ့ ဂုဏ်သရေရှိဧည့်သည်တော်ပဲ ဆိုတာပါပဲ၊ တခြားဘာမှထပ်မမေးပါနဲ့” ဟု ပြောလိုက်သည်။
ထို့နောက်တွင် သူက ဆက်ပြောလိုက်သည်။
“ဒါ့အပြင် သမီးမှာဆေးဖော်စပ်မှုနဲ့ပတ်သက်ပြီးမေးစရာရှိရင် သခင်လေးရန်ကို များများ မေးမြန်းပါ”
မုဝမ်ချင်းမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိဆေးပညာရှင်များ အထွေထွေခန်းမဆောင်မှ ဆေးပညာရှင်တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ခုနစ်ပွင့်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်လေသည်။ လူငယ်မျိုးဆက်သစ်များကြားတွင် ဆေးဖော်စပ်မှု၌ သူမကိုယှဉ်နိုင်သူမှာ အလွန်နည်းပါးလှပြီး သူမ၏ဆရာမှာလည်းဆေးပညာရှင်များ အထွေထွေခန်းမဆောင်၏ ဒုတိယခန်းမဆောင်ခေါင်းဆောင်ပင် ဖြစ်လေသည်။ ထို့ကြောင့် သူမ၏ဖခင်က ဤလူငယ်လေးအား ဆေးဖော်စပ်မှုနှင့် ပတ်သက်ပြီးမေးမြန်းရန်ပြောလိုက်သည်ကိုကြားသောအခါ သူမမျက်မှောင် ကြုတ်မသွားဘဲ မနေနိုင်တော့ပေ။
မုယီသည် သူ၏သမီး၏မျက်နှာအမူအရာကိုမြင်သည်နှင့် သူမ ယုံကြည်ခြင်းမရှိသည်ကို သိလိုက်လေသည်။ သူသည်စိတ်ထဲမှသက်ပြင်းချလိုက်မိလေသည်၊ ယနေ့မတိုင်မီအထိ သူသည်လည်း လူငယ်မျိုးဆက်သစ်များကြားတွင် ဆေးဖော်စပ်မှု၌သူ၏သမီးကို ယှဉ်နိုင်သူ အလွန်နည်းပါးသည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း ယနေ့ ဝူရှင်းချိုင့်ဝှမ်းသို့ သွားရောက်ပြီးနောက်တွင်မူ သူ၏ယခင်အတွေးမှာ မည်မျှအထိရယ်စရာကောင်းကြောင်း သိလိုက် ရလေပြီ။
ယနေ့ သခင်လေးရန်က နတ်ဘုရားမီးလျှံမီးတောက်သုံးခုကိုထိန်းချုပ်ပြီး ဆေးပေါင်းအိုး ပင်မပါဘဲ ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကိုဖော်စပ်ခဲ့သည့်မြင်ကွင်းကို သူ မမေ့နိုင်ဘဲ ရှိနေတော့သည်။ ဤသည်ကို တွေးလိုက်မိသောအခါ သူသည် ထိုဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကို ထုတ်ယူလိုက်လေသည်။ ဤဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့် ပုရှန့်ဆေးလုံးမှာ သခင်လေးရန် ယနေ့ဖော်စပ်ခဲ့သောဆေးလုံးပင်ဖြစ်လေသည်။ ၎င်းကို သခင်လေးရန်က ကျေးဇူးတင်သောအားဖြင့် သူ့အားပေးအပ်ခဲ့ခြင်း ဖြစ်လေသည်။
“ဒုတိယအဆင့် ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးပါလား”
မုဝမ်ချင်းသည် မုယီ၏လက်ထဲရှိ ပုရှန့်ဆေးလုံးကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာနှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။ ပထမအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် စိန့်အဆင့် ဆေးလုံး မှာပင်ရှားပါးလှသည်ဖြစ်ရာ ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့်စိန့်အဆင့် ဆေးလုံးဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာမရှိတော့ပေ။ အင်ပါယာအင်အားစုအများအပြား၏ စုဆောင်းမှုများထဲတွင်ပင် ဒုတိယအ ဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့် စိန့်အဆင့်ဆေးလုံးများ ရှိလိမ့်မည် မဟုတ်ပေ။
“အဖေ... ဒီဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကို စီနီယာဝူရှင်းဆေးနတ် ဘုရားက ဒီနေ့ ဖော်စပ်ခဲ့တာလား”
မုဝမ်ချင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
မုယီသည် သူ၏သမီး၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သော်လည်း ပြန်မဖြေခဲ့ပေ။ သူသည် သူ၏လက်ထဲမှ ဆေးလုံးကိုဂရုတစိုက် ကြည့်လိုက်ပြီးသက်ပြင်းချလိုက်ကာ။
“အမြင့်ဆုံးသော ကောင်းကင်ယံထက်မှာနောက်ထပ်ကောင်းကင်ယံတစ်ခု အမြဲတမ်း ရှိနေတာပဲ” ဟု ပြောလိုက်သည်။
သူသည် ယနေ့တွင် ဤဆေးလုံးကိုအကြိမ်ကြိမ်ကြည့်ခဲ့ပြီးဖြစ်သော်လည်း ကြည့်တိုင်း ကြည့်တိုင်း အံ့အားသင့်မှုနှင့် ချီးကျူးမှုများသာ ဖြစ်ပေါ်နေခဲ့လေသည်။
ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ ထိပ်တန်းမိသားစုတစ်ခုအနေဖြင့် မုမိသားစု၏ ဘဏ္ဍာတိုက် အတွင်း၌ မရေမတွက်နိုင်သောဆေးလုံးများရှိသော်လည်း သူတို့ရှေ့တွင်ရှိသော ဤဆေးလုံးနှင့် ယှဉ်နိုင်သည်မှာ တစ်လုံးမျှမရှိပေ။ မုဝမ်ချင်းက စိတ်လှုပ်ရှားစွာနှင့် ချီးကျူးစွာဖြင့်။
“စီနီယာဝူရှင်းဆေးနတ်ဘုရားကတော့ ကျွန်မတို့ဝမ်ကျန့်တိုက်ကြီးရဲ့ အကြီးမြတ်ဆုံး ဆေးနတ်ဘုရားလေးဦးထဲက တစ်ဦးဆိုတဲ့နာမည်နဲ့ထိုက်တန်ပါတယ်၊ သူက ဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကို အမှန်တကယ် ဖော်စပ်နိုင်ခဲ့တာပဲ” ဟု ပြောလိုက်သည်။
မုယီ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ခဏအကြာတွင်ရပ်လိုက်ပြီး နောက်ဆုံးတွင် ရှင်းပြခြင်း မပြုတော့ရန်ဆုံးဖြတ်လိုက်လေသည်။ ဘာပဲဖြစ်ဖြစ်ဤသတင်းသာ ထွက်သွားမည် ဆိုပါက အလွန်တရာတုန်လှုပ်စရာကောင်းနေပေလိမ့်မည်။
၁၇ နှစ်၊ ၁၈ နှစ်အရွယ် လူငယ်လေးတစ်ဦးက ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်ဟူသော သတင်းပျံ့နှံ့သွားမည်ဆိုပါက ဝမ်ကျန့်တိုက်ကြီး၏ ဆေးပညာရှင်လောကတွင် အကြီးအကျယ် တုန်လှုပ်သွားပေလိမ့်မည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့လေသည်။ နှစ်ရက်အကြာတွင်။ ရန်ရှောက်ထျန်းသည် ရှဲ့ဝူရှင်း၏ အချိန်သဲပွင့်များကို သန့်စင်ပြီးသည်မှာကြာလှပြီဖြစ်လေသည်။ သူ၏ထာဝရနတ်ဘုရား ခန္ဓာကိုယ်မှာ အမှန်တကယ်ပင်အနည်းငယ်တိုးတက်လာခဲ့လေသည်။ သူ သေမင်းနတ်ဘုရားသစ်ပင် ကို စစ်ဆေးလိုက်ရာ များပြားလှသောနတ်ဘုရားဆေးအနည်အနှစ်များကို ဝါးမြိုပြီးနောက် သေမင်း နတ်ဘုရားသစ်ပင်မှာ နောက်ဆုံးတွင်သေမင်းနတ်ဘုရားသီးနှစ်လုံး ထပ်မံသီးပွင့်လာခဲ့သည်ကို တွေ့ရလေသည်။ ကံကြမ္မာနတ်ဘုရားသစ်ပင်မှာလည်း ကံကြမ္မာနတ်ဘုရားသီး နှစ်လုံး ထပ်မံသီးပွင့် လာခဲ့လေသည်။
သေမင်းနတ်ဘုရားသစ်ပင်နှင့် ကံကြမ္မာနတ်ဘုရားသစ်ပင်တို့မှနတ်ဘုရားသီး နှစ်လုံးစီ သီးပွင့်လာလိမ့်မည်ဟု သူမျှော်လင့်ထားသော်လည်း သူတို့ရှေ့တွင်ရှိသောနတ်ဘုရားသီးများကို မြင်လိုက်ရသောအခါ ရန်ရှောက်ထျန်းမှာ သူ၏နှလုံးသားအတွင်းမှဝမ်းသာမှုကို မဖုံးကွယ်နိုင် တော့ပေ။ ဤသေမင်းနတ်ဘုရားသီးနှစ်လုံးနှင့် ကံကြမ္မာနတ်ဘုရားသီးနှစ်လုံးရှိလျှင် သူသည် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို တစ်ဆယ့်တစ်ဆင့်မြောက်အထိကျင့်ကြံနိုင်မည်ဖြစ်လေသည်။ ၎င်းတင်မကသေးဘဲ သူ၏ကျင့်ကြံမှုအဆင့်မှာလည်း ဧကရာဇ်အဆင့် ဒသမအလွှာအထွတ်အထိပ် သို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။
ချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်းကသေမင်းနတ်ဘုရားသီးတစ်လုံးကို ခူးယူလိုက်ပြီး မြိုချကာ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုလည်ပတ်လျက်ကျင့်ကြံနေတော့သည်။ သေမင်းနတ် ဘုရားသီး၏ အကူအညီဖြင့်သူ၏ဟွန်ချွမ်ချီစွမ်းအားများမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာ ခဲ့လေသည်။
သူ သေမင်းနတ်ဘုရားသီးနှစ်လုံးစလုံးကို လုံးဝသန့်စင်ပြီးသောအခါ သူ မျှော်လင့်ထား သည့်အတိုင်းပင် သူ၏ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်မှာ တစ်ဆယ့်တစ်ဆင့်မြောက်သို့ အောင်မြင်စွာ ဖောက်ထွက်သွားခဲ့လေပြီ။ သူ၏ကျင့်ကြံမှုအဆင့်မှာလည်း ဧကရာဇ်အဆင့်ဒသမအလွှာ အထွတ် အထိပ်သို့ ချောမွေ့စွာ ဖောက်ထွက်နိုင်ခဲ့လေသည်။
ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်မှာ တစ်ဆယ့်တစ်ဆင့်မြောက်သို့အောင်မြင်စွာ ဖောက်ထွက် သွားသည်ကိုမြင်သောအခါ ရန်ရှောက်ထျန်းက စိတ်မရှည်စွာဖြင့် ထာဝရကောင်းကင်ခေါင်းတလား ကို ထပ်မံထုတ်ယူလိုက်လေသည်။
မည်းမှောင်နေသော ထာဝရကောင်းကင်ခေါင်းတလားမှ ရှေးဟောင်းအေးစက်လှသော ချီစွမ်းအားများ ထွက်ပေါ်နေခဲ့လေသည်။ ထိုအလွန်တရာဆိုးယုတ်လှသောစွမ်းအားမှာ ထာဝရ ကောင်းကင်ခေါင်းတလားအတွင်း၌ အဆက်မပြတ် စီးဆင်းနေဆဲ ဖြစ်လေသည်။ ရန်ရှောက်ထျန်းက သူ၏လက်ဖဝါးကို ထာဝရကောင်းကင်ခေါင်းတလားပေါ်သို့တင်လိုက်ပြီး တစ်ဆယ့်တစ်ဆင့် မြောက် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို အသက်သွင်းလိုက်လေသည်။
တစ်ဆယ့်တစ်ဆင့်မြောက် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်၏ ဟွန်ချွမ်ချီစွမ်းအားမှာ ဒသမ အဆင့်ထက် အဆပေါင်းများစွာပိုမိုသန်မာလှပေသည်။ ချက်ချင်းဆိုသလိုပင် ဟွန်ချွမ်ချီစွမ်း အားများမှာ ဟိန်းဟောက်ထွက်ပေါ်လာပြီး ထာဝရကောင်းကင်ခေါင်းတလားအတွင်း သို့ စီးဝင်သွား ခဲ့လေသည်။
ထိုအလွန်တရာဆိုးယုတ်လှသောစွမ်းအားမှာ ယခင်တစ်ခေါက်ကကဲ့သို့ပင် ဟွန်ချွမ်ချီစွမ်း အားများကို ခုခံရန်ကြိုးစားလိုက်လေသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ဟွန်ချွမ်ချီစွမ်းအား များ၏ တိုက်ခိုက်မှုအောက်တွင် ထိုအလွန်တရာဆိုးယုတ်လှသောစွမ်းအားမှာ ရန်ရှောက်ထျန်း၏ ဟွန်ချွမ်ချီစွမ်းအားများကြောင့် တစ်စစ သန့်စင်ခြင်း ခံလိုက်ရလေသည်။
ရန်ရှောက်ထျန်း ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့် စိတ်သက်သာရာ ရသွားခဲ့လေသည်။
ဤတစ်ကြိမ်တွင်မူ ထာဝရကောင်းကင်ခေါင်းတလားကို သန့်စင်ရန်အတွက် မျှော်လင့်ချက် ရှိသွားခဲ့လေပြီ။ လက်ရှိအရှိန်အတိုင်းဆိုလျှင် သူသည်အများဆုံးသုံးရက်အတွင်း၌ ထာဝရကောင်း ကင်ခေါင်းတလားကို သန့်စင်နိုင်မည်ဖြစ်လေသည်။ သန့်စင်မှုဆက်လက်လုပ်ဆောင်နေစဉ်မှာပင် ရန်ရှောက်ထျန်းသည် ထာဝရကောင်းကင်ခေါင်းတလားနှင့် အားနည်းလှသော ဆက်သွယ်မှုတစ်ခုကို ရရှိလိုက်လေသည်။
သုံးရက်အကြာတွင် သူ ထာဝရကောင်းကင်ခေါင်းတလားကို လုံးဝသန့်စင်ပြီးသောအခါ သူသည် ၎င်းနှင့်သွေးချင်းဆက်နွှယ်နေသကဲ့သို့ ခံစားလိုက်ရလေသည်။ သူထာဝရကောင်းကင် ခေါင်းတလားကို သန့်စင်ပြီးသည်ကို မြင်သောအခါ ရန်ရှောက်ထျန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ထာဝရကောင်းကင်ခေါင်းတလား၏ အဖုံးကိုဖြည်းဖြည်းချင်းဖွင့်ကာအတွင်းသို့ကြည့်လိုက် လေ သည်။
အတွင်း၌ အရပ်ရှည်ရှည်အဘိုးကြီးတစ်ဦးလဲလျောင်းနေသည်ကို တွေ့ရလေသည်။
ထိုအဘိုးကြီးမှာ သက်ရှိတစ်ဦးကဲ့သို့ရှိနေသော်လည်း မည်သည့်အသက်ရှူသံမျှမရှိပေ။ သို့သော်လည်း ရန်ရှောက်ထျန်းကမူထိုအဘိုးကြီး၏ရင်ဘတ်အတွင်းမှ အလွန်တရာအားနည်းလှ သော နှလုံးခုန်သံတစ်ခုကို ခံစားမိနေဆဲဖြစ်လေသည်။
ဤအဘိုးကြီးမှာ ယခင်က ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ အစွမ်းအထက်ဆုံးသော ပညာရှင်နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ဟွန်ချွမ်တစ္ဆေဘုရင်ဖြစ်သည်မှာသေချာလှပေသည်။ မသေနိုင်သောသေမင်းနတ် ဘုရားမှာလည်းရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်သော်လည်း ဝါအရဆိုလျှင်မူ သူသည် ဟွန်ချွမ် တစ္ဆေဘုရင်၏ မျိုးဆက်တစ်ဦးသာ ဖြစ်လေသည်။
ရန်ရှောက်ထျန်း မျက်မှောင်ကြုတ်လိုက်မိလေသည်၊ ဟွန်ချွမ်တစ္ဆေဘုရင်၏ ဒဏ်ရာမှာ ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင်အောင် သူသည် သူ၏သေလုမြောပါး ခန္ဓာကိုယ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းရန်အတွက် ထာဝရကောင်း ကင်ခေါင်းတလားကိုသာ အားကိုးနေရခြင်းဖြစ်လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင် မသေသေးသော်လည်း သူ၏ခန္ဓာကိုယ်အတွင်း၌ မည်သည့်အသက် စွမ်းအားမျှမခံစားရသလောက်ပင်ဖြစ်လေသည်။ ထို့ပြင် သူ၏ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ် ကောင်းသောဓားချီတစ်ခုကျန်ရှိနေဆဲဖြစ်ပြီး ၎င်းက နောက်ဆုံးကျန်ရှိနေသော အသက်စွမ်းအားများ ကို ဖျက်ဆီးရန်ကြိုးစားနေလေသည်။ ဤဓားချီမှာ ယခင်ကဟွန်ချွမ်တစ္ဆေဘုရင်ကို အပြင်းအထန် ဒဏ်ရာရအောင်လုပ်ခဲ့သောသူ ချန်ထားခဲ့သောအရာဖြစ်ပေလိမ့်မည်။ ရန်ရှောက်ထျန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခြောက်ထပ်မြောက် ကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေကို ထုတ်ယူလိုက်ကာ ဟွန်ချွမ်တစ္ဆေဘုရင်အား တိုက်ကျွေးလိုက်လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်၏ တစ်ကိုယ်လုံးတွင် မိုးကြိုးလျပ်စီးများ လက်သွားခဲ့ပြီး သူ၏အတွင်းမှ အသက်စွမ်းအားများမှာ တဖြည်းဖြည်းနှင့်အနည်းငယ်သန်မာလာခဲ့လေသည်။ သို့သော်လည်း အနည်းငယ်မျှသာဖြစ်လေသည်။ ရန်ရှောက်ထျန်းကဟွန်ချွမ်တစ္ဆေဘုရင်အား နောက်ထပ်တစ်ငုံ ထပ်မံတိုက်ကျွေးလိုက်လေသည်။ ခြောက်ထပ်မြောက်ကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေမှာ ကုသရန် အတွက် အမြင့်မြတ်ဆုံးသောရတနာဖြစ်သည်ဆိုသည့်အတိုင်း အသက်တစ်ငုံမျှ ကျန်ရှိနေသေး လျှင်ပင် အသက်ကိုကယ်တင်နိုင်လေသည်။
ရန်ရှောက်ထျန်းက ဟွန်ချွမ်တစ္ဆေဘုရင်အားခြောက်ထပ်မြောက် ကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေ ဆယ်ငုံခန့်အဆက်မပြတ်တိုက်ကျွေးပြီးနောက်တွင်မူ ဟွန်ချွမ်တစ္ဆေဘုရင်၏ အသက်စွမ်း အားမှာ သိသိသာသာသန်မာလာခဲ့လေပြီ။ ယခင်ကဟွန်ချွမ်တစ္ဆေဘုရင်၏ အသက်စွမ်းအားမှာ ချည်မျှင်လေးတစ်ခုမျှသာ ရှိသော်လည်း ယခုမူကြိုးတစ်ချောင်းစာခန့်အထိ စုစည်းလာခဲ့လေပြီ။ သို့သော်လည်း ၎င်းကမလုံလောက်သေးသဖြင့် ရန်ရှောက်ထျန်းကဟွန်ချွမ်တစ္ဆေဘုရင်အား ခြောက်ထပ်မြောက်ကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေ နောက်ထပ်အငုံနှစ်ဆယ်ခန့် အဆက်မပြတ် ထပ်မံတိုက်ကျွေးလိုက်လေသည်။
ရုတ်တရက် ဟွန်ချွမ်တစ္ဆေဘုရင်၏တစ်ကိုယ်လုံးမှ အားနည်းလှသောအလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး သူ၏အတွင်းမှစွမ်းအားလှိုင်းတစ်ခု အဆက်မပြတ်ထွက်ပေါ်လာခဲ့လေသည်။ ဟွန်ချွမ်တစ္ဆေဘုရင်သည် ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ကျင့်စဉ်ကို လည်ပတ်နေခြင်းဖြစ်ကြောင်း သိသာလှ သော်လည်း ၎င်းမှာအလွန်တရာနှေးကွေးနေဆဲဖြစ်လေသည်။
ဤသည်ကို မြင်သောအခါ ရန်ရှောက်ထျန်းက ဟွန်ချွမ်တစ္ဆေဘုရင်အား ဘေးဒုက္ခမိုးကြိုးရေ နောက်ထပ် အငုံနှစ်ဆယ်ထပ်မံတိုက်ကျွေးလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ဟွန်ချွမ်တစ္ဆေဘုရင်၏ဟွန်ချွမ်မိစ္ဆာဂိုဏ်း ကျင့်စဉ်လည်ပတ်မှုမှာ မြန်ဆန်လာခဲ့လေသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှစွမ်းအားများမှာ အဆက်မပြတ်သန်မာလာခဲ့ပြီး သူ၏အတွင်း၌ ကျန်ရှိနေသောဓားအသိစွမ်းအားများကိုဖယ်ရှားရန် ကြိုးစားနေခဲ့လေသည်။
ရန်ရှောက်ထျန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဟွန်ချွမ်တစ္ဆေဘုရင်အား ကိုးထပ်မြောက် ကောင်းကင်ဘေးဒုက္ခမိုးကြိုးရေ ဆယ်စက်ခန့်တိုက်ကျွေးလိုက်လေသည်။ ချက်ချင်းဆိုသလိုပင် ဟွန်ချွမ်တစ္ဆေဘုရင်၏ တစ်ကိုယ်လုံးရှိအလင်းတန်းများမှာ ပိုမိုပြင်းထန်လာခဲ့လေသည်။ သူ၏အတွင်းမှ ဓားအသိစွမ်းအားများမှာ အဆက်မပြတ်ဖယ်ရှားခြင်း ခံလိုက်ရလေသည်။
တစ်ရက်အကြာတွင် ဟွန်ချွမ်တစ္ဆေဘုရင်သည် နောက်ဆုံးတွင်မျက်လုံးများ ပွင့်လာခဲ့လေ သည်။ သူ၏မျက်လုံးများမှာ ငရဲဘုံမှလာသကဲ့သို့ပင် ရန်ရှောက်ထျန်းကို စိုက်ကြည့်လိုက်လေသည်။
***