"ငါ့ရဲ့ စီနီယာအစ်ကို ယွမ်ဟန် လှုပ်ရှားလိုက်ပြီဆိုရင် ဘယ်သူမဆို အပိုင်းပိုင်း အတစ်တစ် ဆွဲဖြဲခံရမှာပဲ... သူက မင်းရဲ့ ခန္ဓာကိုယ်ကို အပြည့်အစုံ ချန်ထားပေးမယ်ဆိုတာက အရမ်း ကြီးမားတဲ့ ကျေးဇူးတော်ပဲ... မင်း ဒူးထောက်ပြီး အခုချက်ချင်း ကျေးဇူးတင်စကား မပြောဘူးလား..." အကြီးအကဲ ထိုက်ယွမ် အော်ဟစ်လိုက်၏။
"အင်္ဂါ အပြည့်အစုံနဲ့ သေခွင့်ပေးမယ်... ဒူးထောက်ရမယ် ဟုတ်လား... အဲဒီလိုဆိုရင် ခင်ဗျား အရင် ဒူးထောက်လိုက်တာ ပိုကောင်းမယ်..."
နိုင်းယွမ် တောသားဟူသော စကားလုံးကြောင့် အာရုံများနေပြီး စကားများများစားစား မပြောခဲ့ချေ။ သို့သော် အကြီးအကဲ ထိုက်ယွမ်၏ စကားကို ကြားသောအခါ သူ ရယ်မောလိုက်ပြီး လက်မောင်းကို ဆန့်ထုတ်ကာ ရုတ်တရက် သူ့ကို ဖမ်းဆွဲလိုက်၏။
ဘုန်း....
အနည်းဆုံး သိုင်းကွက် ငါးခုခန့်ကို အသုံးပြုထားသော လက်တစ်ချက်တည်းဖြင့် ဖမ်းဆွဲလိုက်သည့်အခါ မီးတောင်ဝ အထက်ရှိ နေရာလွတ် လုံးဝ ပိတ်ဆို့သွားပြီး ဖျက်ဆီးခြင်း စွမ်းအားများက အကြီးအကဲ ထိုက်ယွမ်၏ မျက်နှာကို တိုက်ရိုက် ထိမှန်သွား၏။
"လူငယ်လေး... မင်းက ငါ့ကိုတောင် လက်ပါရဲတယ်ပေါ့... မင်း သတ္တိတော်တော် ရှိတာပဲ... အဲဒီလိုဆိုမှတော့ ငါလည်း အားနာမနေတော့ဘူး... မင်းကို သင်ခန်းစာ တစ်ခု ပေးပြီး အပိုင်းပိုင်း အတစ်တစ် ဆွဲဖြဲပစ်မယ်..."
အကြီးအကဲ ထိုက်ယွမ် မလှုပ်ရှားနိုင်မီမှာပင် စီနီယာအစ်ကို ယွမ်ဟန်က တိုးတိုးလေး ရယ်မောလိုက်ပြီး သူ၏ ညာဘက် လက်ဖဝါးဖြင့် ရှေ့သို့ ရိုက်ချလိုက်သည်။
ဝှစ်...
မသေခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်၏ ကြီးမားလှသော စွမ်းအားများက လေထဲတွင် မိုးကောင်းကင်ကို ဖုံးကွယ်သွားသည့် လက်ဝါးရာကြီး တစ်ခုအဖြစ် မျက်စိတစ်မှိတ်အတွင်း ဖွဲ့စည်းသွားပြီး အမိုးခုံးတစ်ခုကဲ့သို့ ကျဆင်းလာ၏။ နိုင်းယွမ်၏ အပြည့်အဝ တိုက်ခိုက်မှုမှာ လက်ဝါးရာကြီး၏ ရှေ့တွင် ကလေးများ ကစားနေသကဲ့သို့ ဖြစ်နေပြီး နည်းနည်းမှ ခံနိုင်ရည် မရှိနိုင်ပေ။
နိုင်းယွမ်က သူ၏ အဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိလျှင်တောင်မှ သူနှင့် မသေခြင်း အထွတ်အထိပ်အဆင့် ကြားရှိ ကွာဟချက်မှာ အလွန် ကြီးမားလွန်းလှပေသည်။
"မသေခြင်း အထွတ်အထိပ်အဆင့်... ကျုပ်တို့ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သွားကြစို့..."
တိုက်ခိုက်မှုမှာ လှုပ်ရှားမှု တစ်ကွက်တည်းဖြင့် ချိုးဖျက်ခံလိုက်ရပေသည်။ နိုင်းယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကျုံးဝါးကာ ရီချင်း နှင့် ရီချန်တို့ကို ဖမ်းဆွဲပြီး အောက်ဘက်ရှိ ချော်ရည်များဆီသို့ ပျံသန်းဆင်းသွားတော့၏။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား... ငါ လှုပ်ရှားလိုက်ပြီဆိုမှတော့ မင်းတို့ အလွယ်တကူ ထွက်သွားလို့ ရမယ် ထင်နေတာလား... မင်းတို့မှာ မျှော်လင့်ချက် မရှိတော့ဘူး..."
သူတို့ သုံးယောက် လှည့်ပြေးသွားသည်ကို မြင်သောအခါ အကြီးအကဲ ယွမ်ဟန် တည်ငြိမ်နေဆဲ ဖြစ်ပြီး နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ ရှေ့သို့ နောက်တစ်လှမ်း တိုးလိုက်ရာ ချော်ရည်များနှင့် မီတာ သုံးဆယ်ပင် မဝေးတော့သော မီးတောင်ဝသို့ ရောက်ရှိသွားတော့၏။
"ဟားဟား... လူငယ်လေး... အရင်က ငါတို့နဲ့ တိုက်ခိုက်တုန်းက မင်း တော်တော်လေး မောက်မာနေခဲ့တယ် မဟုတ်လား... ငါတို့ဆီကနေ ဝိညာဉ်ကျောက်တုံးတွေတောင် လိုချင်နေတာလေ... မင်း သတ္တိရှိရင် မထွက်ပြေးနဲ့လေ..."
"မင်းတို့ လွတ်မြောက်နိုင်မယ် ထင်နေတာလား... မင်းတို့ကို ငါ ပြောမယ်... ပကတိ စွမ်းအား ရှေ့မှာ ရုန်းကန်မှု အားလုံးက အချည်းနှီးပဲ... သေဖို့သာ စောင့်နေလိုက်တော့..."
"မင်းက ငါတို့ ယွမ်ရှင်းဂိုဏ်းရဲ့ ဂုဏ်သတင်းကိုတောင် ထိခိုက်အောင် လုပ်ရဲတယ်ပေါ့... ဒီနေ့က မင်းရဲ့ သေဆုံးမယ့် နေ့ပဲ..."
ကျန်းဖုန်း၊ ကျန်းရို နှင့် ထိုက်ယွမ်တို့ လူငယ်လေး၏ တိုက်ခိုက်မှု ကျရှုံးသွားပြီးနောက် လှည့်ပြေးသွားသည်ကို မြင်သောအခါ ဖော်ပြ၍မရနိုင်သော ကျေနပ်မှု တစ်ခုကို ခံစားလိုက်ကြရသည်။ သူတို့လည်း အကြီးအကဲ ယွမ်ဟန်၏ အနောက်မှ အနီးကပ် လိုက်ပါသွားကြပြီး ပွဲကြည့်ရန် အောက်သို့ ပျံသန်းဆင်းသွားလိုက်ကြ၏။
"မင်းတို့ အားလုံး ရောက်လာပြီဆိုမှတော့ ငါ စိတ်မကောင်းပါဘူး... ကောင်းကင်ကိုးဆင့် လျှို့ဝှက်နဂါး ဝင်္ကပါ... အသက်ဝင်စမ်း..."
လူတိုင်းက သူ၏ လမ်းညွှန်မှုအောက်တွင် ဝင်္ကပါ လွှမ်းခြုံထားသော ဧရိယာထဲသို့ ဝင်ရောက်လာသည်ကို မြင်သောအခါ နိုင်းယွမ် ရယ်မောလိုက်ပြီး လေထဲသို့ လက်နှစ်ဖက်ဖြင့် တစ်ပြိုင်နက်တည်း ဖမ်းဆွဲကာ ဝင်္ကပါ တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း အသက်သွင်းလိုက်သည်။
ဝုန်း....
ဝင်္ကပါ အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် ဓားချီများနှင့် သတ်ဖြတ်လိုစိတ်များ လေထဲတွင် ပြည့်နှက်သွားပြီး လူတိုင်းကို လုံးဝ ဖုံးလွှမ်းသွား၏။
"မကောင်းတော့ဘူး... ငါတို့ ထောင်ချောက်ထဲ ကျသွားပြီ... ဒါက ဘယ်လို ဝင်္ကပါမျိုးလဲ... ရီမိသားစုရဲ့ အစွမ်းအထက်ဆုံး ဝင်္ကပါက မင်ထျန်း နဂါးလှည့်စား ဝင်္ကပါ မဟုတ်ဘူးလား... ဘာတွေ ဖြစ်နေတာလဲ..."
"မဖြစ်နိုင်ဘူး... ရီမိသားစုလို မိသားစုငယ်လေး တစ်ခုက ဒီလို စွမ်းအားကြီးမားတဲ့ ဝင်္ကပါမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားနိုင်မှာလဲ... ဒါက ငါတို့ ယွမ်ရှင်းဂိုဏ်းရဲ့ ခုခံခြင်း ဝင်္ကပါနဲ့တောင် ယှဉ်လို့ရနေပြီ..."
ကြီးမားသော ဝင်္ကပါက သူတို့ကို လုံးဝ ဖုံးလွှမ်းသွားသည်ကို မြင်သောအခါ ကျန်းဖုန်း နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။ ယခုလေးတင် လုံးဝ တည်ငြိမ်နေခဲ့သော အကြီးအကဲ ယွမ်ဟန်ပင်လျှင် မျက်နှာထား အကျည်းတန်သွား၏။
ထိုဝင်္ကပါက ရိုးရှင်းသော ပုံစံငယ်လေး တစ်ခုသာ ဖြစ်သော်လည်း အလွန်တရာ စွမ်းအားကြီးမားလှပေသည်။ ထို့အပြင် ယင်းကို မြေအောက် ချော်ရည်များ၏ စွမ်းအားဖြင့် ထိန်းသိမ်းထားသောကြောင့် ဖျက်ဆီး၍မရနိုင်ဘဲ အဆုံးအစမရှိ ဖြစ်နေ၏။
ဝှစ်... ဝှစ်... ဝှစ်... ဖူး... ဖူး...
ဝင်္ကပါ အတွင်းရှိ သေမင်း ဝင်္ကပါ အသက်ဝင်လာပြီး အရပ်မျက်နှာ အားလုံးမှ မိုးရွာချသကဲ့သို့ ကျဆင်းလာသော စွမ်းအင်မြှားများ အဆက်မပြတ် ထွက်ပေါ်လာ၏။ သူတို့ထဲတွင် အားအနည်းဆုံး ဖြစ်သည့် ကျန်းရိုမှာ ဘာမှ မတုံ့ပြန်နိုင်မီမှာပင် ကျည်ဆန်များဖြင့် ပစ်ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဝင်္ကပါထဲမှ ပြုတ်ကျသွားတော့သည်။
ရောင်းရိုမြို့၏ နာမည်ကြီး သခင်လေး တစ်ယောက်ဖြစ်ပြီး ယွမ်ရှင်းဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်သော ကျန်းရိုမှာ ပွဲကြည့်ပရိသတ် တစ်ယောက်သာ ဖြစ်သွားခဲ့ရပေသည်။ သူ ထိုနေရာသို့ ရောက်လာပြီး စကားတစ်ခွန်းပင် ပြောခွင့်မရလိုက်ဘဲ သေဆုံးသွားရ၏။ ထို့အပြင် သူ၏ သေဆုံးမှုမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူ၏ ရင်ဘတ်တွင် ချိတ်ဆွဲထားသော ယွမ်ရှင်းဂိုဏ်း ဟူသော စာလုံးသုံးလုံးမှာ အမှုန့်အဖြစ် ပြောင်းလဲသွားပြီး သူ၏ မျက်နှာမှာ ဖြူကောင် ဆူးစူးခံထားရသော ကီဝီသီး တစ်လုံးနှင့် တူနေတော့၏။
သူ၏ဖခင်ဖြစ်သူ ကျန်းဖုန်း ပင်လျှင် အလောင်းကောင်ကို ကြည့်ရုံဖြင့် မမှတ်မိနိုင်အောင် ဖြစ်သွားရသည်။
"ရိုအာ..."
သားဖြစ်သူ ပစ်သတ်ခံလိုက်ရသည်ကို မြင်သောအခါ ကျန်းဖုန်း၏ မျက်လုံးများ သွေးရောင်လွှမ်းသွားပြီး သူ ရူးတော့မလို ခံစားလိုက်ရပေသည်။ သူက အကြီးအကဲ ယွမ်ဟန် ဘက်သို့ လှည့်ကာ ကျုံးဝါးလိုက်၏။ "အကြီးအကဲ ယွမ်ဟန်... ခင်ဗျားက အရမ်း စွမ်းအားကြီးတယ်လို့ ပြောခဲ့တယ် မဟုတ်လား... ခင်ဗျားက ဘာလို့ ကျုပ်သားကို မကာကွယ်နိုင်ရတာလဲ... ခင်ဗျားရဲ့ ယွမ်ရှင်းဂိုဏ်းက တပည့်တွေကိုတောင် မကာကွယ်နိုင်ဘူးလား... ခင်ဗျားက ဘယ်လို စွမ်းအားကြီးတာလဲ..."
"နောက်တစ်ခွန်း ထပ်ပြောကြည့်စမ်း... မင်းကို ငါ သတ်ပစ်မယ်..."
အကြီးအကဲ ယွမ်ဟန်မှာ ဒေါသထွက်နေပြီးသား ဖြစ်ရာ သားဖြစ်သူ ဆုံးရှုံးသွားသော ကျန်းဖုန်းက ရူးသွပ်နေသော ခွေးတစ်ကောင်ကဲ့သို့ ပြုမူကာ သူ့ကို အော်ဟစ်ရဲလာသောကြောင့် သူ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ရုတ်တရက် လှည့်ကြည့်လိုက်၏။
"ခင်ဗျား..." ကျန်းဖုန်း အလွန် ဒေါသထွက်နေသော်လည်း တစ်ဖက်လူ၏ စွမ်းအားကို ထည့်သွင်းစဉ်းစားကာ ဒေါသကို ဖိနှိပ်ထားလိုက်ပြီး အောက်ဘက်ရှိ နိုင်းယွမ်နှင့် အခြားသူများထံသို့ သူ၏ ဒေါသကို ပုံချလိုက်သည်။ သို့သော် အောက်ဘက်ရှိ လူသုံးယောက်၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူ ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရ၏။
ထိုအချိန်တွင် သူတို့ သုံးယောက်က ချင်းထျန်းယာဥ်ပျံ ပေါ်တွင် ထိုင်နေကြပေသည်။ သူတို့က ဘယ်ကနေ ရလာမှန်းမသိသော စားပွဲနှင့် ကုလားထိုင်များကို ချပြီး ခြေချိတ်ကာ မှီထိုင်နေကြ၏။ စားပွဲပေါ်တွင် ဝိုင်နှင့် အသားများဖြင့် ပြည့်နှက်နေပေသည်။ သူတို့က စားသောက်နေကြပြီး တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးကာ အလွန် ကျေနပ်နေပုံရ၏။
"ကျန်းရိုကို ကြည့်စမ်း... သနားစရာပဲ... ဒီလောက် ကောင်းတဲ့ နာမည်လေးကို ဘာလို့ 'ပဲငံပြာရည်' လို့ နာမည်ပေးခဲ့ရတာလဲ... သူက အရေးမပါတဲ့ လူတစ်ယောက်ပဲ ဖြစ်သင့်တာ..."
"ဘယ်သူက မဟုတ်ဘူးလို့ ပြောလဲ... သူ့ရဲ့ ဒီသနားစရာ အခြေအနေကို ကြည့်ပါဦး... သူ့မျက်နှာက ပျားအုံလို အပေါက်တွေ ဖြစ်နေပြီ... ဒါက သူ့အဖေကို အပြစ်တင်ရမယ်လို့ ငါ ထင်တယ်... သူ့ကို ဘာလို့ ဒီလို ခေါ်လာရတာလဲ... ပြဿနာ လာရှာနေတာ မဟုတ်ဘူးလား..."
"သူ့အဖေ ကျန်းဖုန်း ဆိုတဲ့ နာမည်က ကြားရုံနဲ့တင် အသုံးမကျတဲ့ကောင်မှန်း သိသာတယ်... ကျန်းဖုန်း... ရူးလုနီးပါးပဲ... သူ ရူးတော့မယ်... အဲဒါတောင် ဒီကိုလာပြီး အရူးလုပ်ခံနေရသေးတယ်..."
"ယွမ်ဟန်ဆိုတဲ့ နာမည်ကလည်း ရယ်စရာပဲ... အဲဒါ ယွမ်ဟန် မဟုတ်ဘဲ ယွမ်ဟန်း ဖြစ်သင့်တယ်လို့ ထင်တယ်... တော်တော်ကို ရုပ်ဆိုးတာနော်... ဒီလို လူမျိုးက ဘယ်လိုလုပ် ယွမ်ရှင်းဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာရတာလဲ... ယွမ်ရှင်းဂိုဏ်းက လူတွေ အားလုံး သေကုန်ပြီလား..."
နိုင်းယွမ်နှင့် အခြားသူများက ရိုင်းစိုင်းသော စကားများကို အဆက်မပြတ် ပြောဆိုနေကြသဖြင့် လေထဲရှိ လူသုံးယောက်မှာ သွေးအန်ပြီး သေလုမတတ် ဖြစ်သွားကြသည်။
‘သောက်ကျိုးနည်း... မင်းကမှ ရုပ်ဆိုးတာ... ငါက ချောတယ်... မင်းကမှ ရုပ်ဆိုး... မင်း တစ်မိသားစုလုံး ရုပ်ဆိုး...’
နိုင်းယွမ်နှင့် အခြားသူများက တစ်ဖက်လူကို တမင် ရန်စရန် တမင်သက်သက် ချော်ရည်များထဲသို့ မဝင်ရောက်သေးကြခြင်း ဖြစ်သည်။ ဝင်္ကပါထဲတွင် နေရာအနှံ့ တိုက်ခိုက်မှုများ ရှိနေ၏။ အကယ်၍ သူတို့သာ ရန်စခံရပြီး တည်ငြိမ်မှု ပျက်ပြားသွားပါက သူတို့ ပို၍ပင် မြန်မြန် သေဆုံးသွားရပေလိမ့်မည်။
ထိုသည်ကိုလည်း နိုင်းယွမ်က တမင်သက်သက် စီစဉ်ထားခြင်း ဖြစ်ပေသည်။
စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးသည်လည်း တိုက်ပွဲဗျူဟာ တစ်မျိုးဖြစ်ပြီး သေချာစွာ အသုံးပြုနိုင်ပါက ပို၍ပင် စွမ်းအားကြီးမားနိုင်ပေသည်။
"ဟို ကျန်းဖုန်းကို ကြည့်စမ်း... သူက သိပ်ပြီး မျှော်လင့်ချက် ရှိပုံမပေါ်ဘူး... သူ သေဖို့ တစ်မိနစ်တောင် ခံမှာ မဟုတ်ဘူး... ယွမ်ရှင်းဂိုဏ်းက အဲဒီ ကြောင်တောင်တောင် အကြီးအကဲ ကတော့ ပိုစွမ်းအားကြီးပေမယ့် ဆယ်မိနစ်က သူ့ရဲ့ ကန့်သတ်ချက်ပဲ..." ရီချန်က ဆက်ပြောလိုက်ပြီး သူ၏ စကားများမှာ ခနဲ့တဲ့တဲ့ အသံများဖြင့် ပြည့်နှက်နေပေသည်။
“သနားစရာလေး... ကျွန်မတို့ အားလုံးကို သတ်ပစ်မယ်လို့ ပြောနေတာ အခုလေးတင် ကြားလိုက်သလိုပဲ... အခု ငါတို့က ဒီမှာ သောက်နေကြပြီး သူတို့ကတော့ သေတော့မယ်... တကယ် ခံတွင်းပျက်တယ်..."
ရီချင်းလည်း ပြုံးလိုက်သည်။
ကျန်းဖုန်း သူတို့၏ စကားဝိုင်းကို နားမထောင်ခဲ့လျှင် အဆင်ပြေနိုင်သော်လည်း ထိုသည်ကို ကြားသောအခါ သူ အလွန် ဒေါသထွက်သွားသဖြင့် မျက်နှာ နီရဲသွားပြီး နောက်ထပ် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ၏ ခြေထောက်များ နစ်ဝင်သွားပြီး မိုးကောင်းကင်ယံမှ ပြုတ်ကျကာ ဝင်္ကပါက အပိုင်းပိုင်း အတစ်တစ် ဆွဲဖြဲလုနီးပါး ဖြစ်သွား၏။
ဖူး... ဖူး...
သို့တိုင်အောင် သူ လေဓားသွား နှစ်ခု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သွေးအန်ကာ ဒဏ်ရာ အပြင်းအထန် ရသွားသေးသည်။
ကျန်းဖုန်း ဒဏ်ရာရသွားပြီး အကြီးအကဲ ထိုက်ယွမ်မှာလည်း အခြေအနေ သိပ်မကောင်းလှချေ။ သူတို့နှစ်ယောက်မှာ စွမ်းအား တူညီကြပြီး သတ်ဖြတ်ရေး ဝင်္ကပါ၏ အဆက်မပြတ် တိုက်ခိုက်မှုများ အောက်တွင် သူတို့လည်း သွေးအန်ကာ ရုန်းကန်နေကြရ၏။
ကံကောင်းထောက်မစွာဖြင့် သူ စကားဖြင့် အတိုက်ခိုက် မခံရသေးချေ။ ထိုသို့သာ မဟုတ်လျှင် သူ ဒေါသရော ဒဏ်ရာကြောင့်ပါ ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွားရပေလိမ့်မည်။
"စီနီယာအစ်ကို ယွမ်ဟန်... ထိန်းမထားပါနဲ့တော့... အဲဒီ ရတနာကို အခုပဲ အသုံးပြုလိုက်ပါ... အဲဒီလိုမှ မဟုတ်ရင် ကျုပ်တို့ အားလုံး ဒီနေ့ ဒီမှာ သေရလိမ့်မယ်... ကျုပ်တို့ သေသွားရင် ဘာမှ ကျန်တော့မှာ မဟုတ်ဘူး..."
အကြီးအကဲ ထိုက်ယွမ် ဆက်၍ ခံနိုင်ရည် မရှိတော့ကြောင်း ခံစားလိုက်ရသည်။ သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများက စီနီယာအစ်ကို ယွမ်ဟန်ဘက်သို့ ရုတ်တရက် လှည့်သွားပြီး ကျုံးဝါးလိုက်၏။
အခန်း ၄၁၇ ပြီး
***