ဝမ်ချင်းသည် သူမ၏ တည်ငြိမ်မှုကို မပျက်စီးစေရန် ထိန်းသိမ်းရင်း ထရပ်ကာ အရိုအသေပေး၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"အန်တီချန်၊ မိန်းကလေးဝမ်ကို လိုက်ပို့ပေးလိုက်ပါဦး"
တစ်ချိန်တည်းမှာပင် မိုဟန်ကျီ၏ မိခင်သည်
လည်း နေရာမှ ထရပ်လိုက်၏။
ဝမ်ချင်းသည် ပထမဆုံးစကားစုကို ကြားလိုက်ရချိန်တွင် စိတ်ထဲ၌ မကျေမနပ် ဖြစ်သွားမိသည်။
မိုမိသားစုသည် ဧည့်သည်ကို ပြန်ပို့ရန်အတွက် အစေခံတစ်ဦးကိုသာ ခိုင်းစေခြင်းမှာ အလွန်အမင်း အထက်စီးဆန်လွန်းသည်ဟု သူမ ထင်မှတ်နေမိသောကြောင့် ဖြစ်သည်။
သို့သော်လည်း မိုမိခင်ပါ ထရပ်လိုက်သည်ကို မြင်သောအခါမှ ဝမ်ချင်း၏ စိတ်အနည်းငယ် ပြေလျော့သွားရသည်။ မိုမိသားစုသည် သူမကို ဝမ်မိသားစု၏ သမီးကြီးပီပီ အရေးတယူ ရှိနေဆဲပင်ဟု တွေးတောကာ ကျေနပ်သွားမိသည်။
"ဟန်ကျီနဲ့ ယွဲ့ယွဲ့တို့ ပြန်ရောက်ပြီလားဆိုတာ သွားကြည့်ရအောင်"
သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေသည်မှာ မိုမိခင်နှင့် အဒေါ်ဖြစ်သူတို့သည် ဝမ်ချင်းကို လျစ်လျူရှုကာ သူမဘေးမှ တည့်တည့်ဖြတ်ကျော်၍ အပြင်ဘက်သို့ ထွက်သွားကြခြင်းပင်။
ဝမ်ချင်းသည် သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားမိပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။ သူမ၏ ဘဝတစ်လျှောက်လုံးတွင် ယခုကဲ့သို့ အရှက်ရမှုမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။
အပြင်ဘက်သို့ မည်သူပြန်ရောက်လာသည်ကို သူမ အတိုင်းသား ကြားနေရသဖြင့် မိုဟန်ကျီနှင့်အတူ မည်သည့်မိန်းကလေး ပါလာသည်ကို ကြည့်ရှုရန် သူမ ဆုံးဖြတ်လိုက်သည်။
မင်ယွဲ့မှာမူ သူမ အပြင်သို့ မထွက်လာခင်ကတည်းက တစ်စုံတစ်ဦး၏ မုန်းတီးငြိုးတေးခြင်းကို ခံနေရသည်ကို လုံးဝ မသိရှိသေးပေ။
"မိန်းကလေးဝမ်၊ ကြွပါရှင့်"
ဝမ်ချင်း၏ တုံ့ဆိုင်းနေသော အမူအရာနှင့် ပြောင်းလဲနေသော မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး အန်တီချန်မှာ ဤမိန်းကလေးသည် အဘယ်ကြောင့် ဤမျှ နားလည်ရခက်နေသနည်းဟု တွေးတောမိသည်။
ဝမ်ချင်းသည် သူမ၏ လက်ကိုင်အိတ်ကို ပြန်လည်ပြင်ဆင်ကိုင်ဆောင်ကာ ခေါင်းကို မော်၍ မာန်ပါပါဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
"မမယွဲ့၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ ညီမလေး တကယ်ကို လွမ်းနေတာ"
မိုယွီသည် မိုဟန်ကျီကို ကျော်ဖြတ်ကာ မင်ယွဲ့၏ ရင်ခွင်ထဲသို့ တိုးဝင်ဖက်လှဲတကင်း လုပ်နေတော့သည်။
"တော်ပြီလေ၊ နင်က ကလေးမှ မဟုတ်တော့တာ"
မင်ယွဲ့၏ ရင်ခွင်ထဲတွင် အကြာကြီး ကပ်ချွဲနေသည်ကို မြင်သောအခါ မိုဟန်ကျီက လက်လှမ်း၍ မိုယွီကို ဆွဲထုတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ညီမလေးက အစ်ကို့ထက် ငယ်တာပဲလေ ဟီးဟီး"
မိုယွီသည် မျက်နှာပြောင်ပြလိုက်ပြီးနောက် မင်ယွဲ့၏ နောက်ကွယ်သို့ ပြေးဝင်ပုန်းလိုက်သည်။ ယခင်က မိုဟန်ကျီ၏ အေးစက်စက် မျက်နှာထားကြောင့် သူမ အနည်းငယ် ကြောက်ရွံ့ခဲ့ရသော်လည်း ယခုအခါ မင်ယွဲ့၏ အကာအကွယ်ရှိနေသဖြင့် သူမ လုံးဝ မကြောက်တော့ပေ။
မင်ယွဲ့သည် သူမ၏ နောက်ကွယ်ရှိ ကောင်မလေးကို တစ်ဖက်ဖြင့် ကာကွယ်ပေးထားရင်း အခြားလက်တစ်ဖက်ဖြင့် မိုဟန်ကျီ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ ပြောလိုက်သည်။
"ကဲပါ၊ အထဲဝင်ကြရအောင်"
မိုဟန်ကျီ၏ စိတ်အလိုမကျမှုများမှာ ချက်ချင်းပင် လွင့်စင်သွားပြီး သူမနောက်သို့ လိမ်လိမ်မာမာ လိုက်ပါသွားတော့သည်။
"ယွဲ့ယွဲ့"
ထိုစဉ် မိုမိခင်နှင့် အခြားသူများ ရောက်ရှိလာပြီး ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ကြသည်။
"အန်တီ"
မင်ယွဲ့ကလည်း ယဉ်ကျေးစွာ ပြန်လည်ထူးလိုက်သည်။
သူတို့နှစ်ဦး လက်တွဲထားသည်ကို မြင်လိုက်ရသောအခါ ဝမ်ချင်း၏ နှလုံးသားမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယန်ကျင်းမြို့ရှိ လူကုံထံ လူငယ်များထဲတွင် အားကိုးထိုက်သူ ရှားပါးလှပြီး အားကိုးထိုက်သူများ၏ နောက်ခံကိုလည်း သူမ သဘောမကျခဲ့ပေ။
မိုဟန်ကျီသည် မိသားစုဂုဏ်ဒြပ် ကောင်းမွန်သည့်အပြင် အရည်အချင်းရှိသူ ဖြစ်ကာ သူမနှင့် အသက်အရွယ်ချင်းလည်း နီးစပ်သည်။
ထို့ကြောင့် ဝမ်ချင်းသည် သူ့ကို သူမ၏ ပိုင်ဆိုင်မှုတစ်ခုကဲ့သို့ စိတ်ထဲတွင် ကြိုတင်သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမ လက်ဦးမှုမရယူနိုင်ခင်မှာပင် အခြားသူတစ်ဦးက ကြားဖြတ်လုယူသွားလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
ဝမ်ချင်းသည် မင်ယွဲ့ကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ မင်ယွဲ့က မိုဟန်ကျီ၏ လက်ကို စတင်လှမ်းကိုင်လိုက်သည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် မင်ယွဲ့ကို ယောင်္ကျားများအား ဖြားယောင်းသွေးဆောင်တတ်သည့် မိန်းမယုတ်တစ်ဦးဟု စိတ်ထဲကပင် မှတ်ချက်ချလိုက်သည်။
"မိန်းကလေးဝမ်၊ ကြွပါဦးရှင်"
ဝမ်ချင်းသည် လှုပ်ရှားခြင်းမရှိဘဲ ရပ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သဖြင့် အန်တီချန်က ထပ်မံ သတိပေးလိုက်ရပြန်သည်။
မင်ယွဲ့သည် အသံကြားရာသို့ လှည့်ကြည့်လိုက်
သည်။
'တကယ်ကို မြေခွေးမလေးပဲ၊ ဖြားယောင်းလွန်းတဲ့ မျက်နှာမျိုးနဲ့၊ ဒါကြောင့်လည်း မိန်းမတွေကို အဖက်မလုပ်တဲ့ မိုဟန်ကျီတောင် သူမရဲ့ လက်ထဲမှာ ကျရှုံးသွားရတာကိုး' ဟု ဝမ်ချင်းက မင်ယွဲ့၏ လှပသော မျက်နှာကို ကြည့်ကာ စိတ်ထဲကနေ ကျိန်ဆဲနေမိသည်။
"အဲဒါ ဘယ်သူလဲဟင်"
မင်ယွဲ့သည် ထိုသူမကို မိုမိသားစု၏ ဆွေမျိုးတစ်ဦးဟု ထင်မှတ်သဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"မရင်းနှီးပါဘူး"
မိုဟန်ကျီက ချက်ချင်းပင် ဖြေကြားလိုက်သည်။
သူ့သူငယ်ချင်းများက သူ့ကို သတိပေးထားဖူးသည် မဟုတ်ပါလား။ ချစ်သူမိန်းကလေး သဝန်မတိုစေရန် အခြားမိန်းကလေးများနှင့် အကွာအဝေးတစ်ခု ထားရှိရန်ဖြစ်သည်။
"မစ္စတာမို၊ ကျွန်မတို့ ပြန်ဆုံကြပြန်ပြီနော်"
ဝမ်ချင်းသည် ဤရည်ရွယ်ချက်အတွက်ပင် အနားသို့ တိုးကပ်လာခဲ့သည်။
အနောက်က လိုက်ပါလာသော အန်တီချန်မှာမူ မျက်လုံးကိုသာ လှန်ပြလိုက်မိတော့သည်။
ဤမိန်းကလေးမှာ ရူးနေသလား၊ သို့မဟုတ် သူဌေးသမီးမို့ အရှက်မရှိတာလားဟု သူမ တွေးနေမိသည်။ အိမ်ရှင်က မကြိုဆိုကြောင်း သိသာနေသော်လည်း အတင်းကပ်နေခြင်းမှာ တကယ်
ပင် အရှက်မရှိလွန်းလှပေ။
"တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးဘူးလား"
မင်ယွဲ့က ပြုံးလျက် ပြန်လည်မေးမြန်းလိုက်
တကယ်ကို မရင်းနှီးခြင်းပင် ဖြစ်သည်။
မိုဟန်ကျီသည် သူ၏ လက်ထဲရှိ လက်ဆောင်ပစ္စည်းများကို အိမ်စေလက်ထဲသို့ ထည့်လိုက်ပြီးနောက် မင်ယွဲ့၏ လက်နှစ်ဖက်လုံးကို တင်းတင်းဆုပ်ကိုင်ကာ ရှင်းပြလိုက်သည်။
"ယွဲ့ယွဲ့၊ မိန်းကလေးဝမ်က အန်တီ့ကို လာတွေ့တာပါ၊ အခု သူ ပြန်တော့မလို့"
မိုမိခင်သည် အလွန်ပါးနပ်သူ ဖြစ်သည်။ ဝမ်
ချင်းသည် မိုမိသားစုကို မျက်နှာလုပ်ရန် လာခြင်းဖြစ်သည်ဟု အစပိုင်းတွင် ထင်မှတ်ခဲ့သော်လည်း ယခုအခါမူ သူမ၏ သားဖြစ်သူကို ရည်ရွယ်နေမှန်း အထင်အရှား မြင်လိုက်ရပြီ ဖြစ်သည်။
ဝမ်ချင်း စကားမဆုံးခင်မှာပင် မိုမိခင်က သူမကိုယ်စား ကြားဖြတ်၍ စကားကို အဆုံးသတ်
ပေးလိုက်လေတော့သည်။
***