မိုဟန်ကျီသည် စာရွက်စာတမ်းများကြားမှ မော့ကြည့်လိုက်ရာ မင်ယွဲ့သည် တက်ဘလက်ပေါ်တွင် ကလောင်တံလေးဖြင့် တစ်ခုခုကို အာရုံစိုက်ကာ ရေးဆွဲနေသည်ကို တွေ့လိုက်ရသည်။
ကလောင်ထိပ်နှင့် ဖန်သားပြင် ထိတွေ့သံမှာ တိတ်ဆိတ်သော ရုံးခန်းအတွင်း၌ ကြည်လင်စွာ ထွက်ပေါ်နေသည်။
မင်ယွဲ့က ခဏအကြာတွင် မော့ကြည့်လိုက်ရာ နှစ်ဦးသား၏ အကြည့်ချင်း ဆုံမိသွားကြသည်။ မည်သည့်စကားမျှ မဆိုရသေးခင်မှာပင် နားလည်မှုရှိသော အပြုံးများဖြင့် တစ်ဦးကိုတစ်ဦး တုံ့ပြန်လိုက်ကြသည်။ မင်ယွဲ့သည် ပြန်လည်ငုံ့ကာ ပန်းချီကို ဆက်လက်ဆွဲနေပြီး မိုဟန်ကျီကလည်း ကုမ္ပဏီအလုပ်များကို ပြန်လည်အာရုံစိုက်လိုက်သည်။
မင်ယွဲ့၏ လက်အောက်တွင် စုတ်ချက်လိုင်းများမှာ ချောမွေ့စွာ စီးဆင်းနေသည်။ စားပွဲတွင် အလုပ်လုပ်နေသော မိုဟန်ကျီ၏ ပုံရိပ်မှာ အကြမ်းထည်မှသည် အလင်းအမှောင်၊ အရောင်အသွေးတို့ဖြင့် သက်ဝင်လာတော့သည်။
သူမသည် စနစ်တကျနှင့် စိတ်ရှည်လက်ရှည် ပုံဖော်နေခြင်း ဖြစ်ရာ ရိုးရှင်းသော ပုံကြမ်းလေးမှာ အနုပညာမြောက်သော ပုံတူပန်းချီကားတစ်
ချပ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
"ဟူး... ပြီးပြီ"
မင်ယွဲ့သည် တက်ဘလက်ကို ချလိုက်ပြီး ကိုယ်လက်ဆန့်လိုက်သည်။
မိုဟန်ကျီသည် အလုပ်လုပ်နေသော်လည်း သူမကို အမြဲအကဲခတ်နေသူဖြစ်ရာ ချက်ချင်းပင် စာရေးတံကို ချ၍ သူမအနားသို့ လျှောက်လာခဲ့သည်။
"ဘာတွေ ဒီလောက်တောင် အာရုံစိုက်ပြီး ဆွဲနေတာလဲ၊ ကိုယ်ကြည့်နေတာ ကြာပြီ"
"တစ်ခုခု ဆွဲထားတာပေါ့၊ ဘာဆွဲထားလဲဆိုတာ ခန့်မှန်းကြည့်မလား"
မင်ယွဲ့က တက်ဘလက်ကို မှောက်ထားရင်း ပြုံးစိစိဖြင့် မေးလိုက်သည်။
မိုဟန်ကျီသည် သူမ၏ နားနောက်သို့ ဝဲကျနေသော ဆံပင်စလေးကို အသာအယာ သပ်
ပေးလိုက်ရင်း—
"မှန်အောင် ခန့်မှန်းနိုင်ရင် ဘာဆုပေးမှာလဲ"
"ရှင်က ဘာဆုလိုချင်လို့လဲ"
မင်ယွဲ့က ပြန်မေးလိုက်ရာ မိုဟန်ကျီက သူမ၏ နားရွက်နားသို့ တိုးကပ်ကာ
“ယွဲ့ယွဲ့ ကိုယ့်ကို ဆွဲနေတာ မဟုတ်လား"
ဟု တိုးတိုးလေး ကပ်ပြောလိုက်သည်။
မင်ယွဲ့မှာ ရုတ်တရက် ရှက်သွေးဖြာသွားကာ အဝေးသို့ ခုန်ထွက်လိုက်ရသည်။
"ရှင် ဘယ်လိုသိတာလဲ"
"ဘာလို့လဲဆိုတော့ ယွဲ့ယွဲ့ ကိုယ့်ကို အရမ်းချစ် တယ်ဆိုတာ ကိုယ်သိနေလို့လေ"
မိုဟန်ကျီ၏ ရိုးသားလွန်းလှသော နောက်ပြောင်မှုကြောင့် မင်ယွဲ့မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
"ရှင်ကတော့ တကယ့်ကို စကားတတ်လွန်းနေပြီ"
"ဒါက ကျန်ကျွင်းဆီက သင်ထားတာလေ၊ သူက ပြောတယ်၊ ကိုယ်က တည်လွန်းနေတော့ နည်းနည်းလောက် နောက်တတ်မှ ပိုချစ်ဖို့ကောင်းမှာတဲ့၊ ယွဲ့ယွဲ့ မကြိုက်ဘူးလား"
"ရှင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ချစ်တာပါပဲ"
မင်ယွဲ့၏ ပွင့်လင်းသော ဝန်ခံမှုကြောင့် မိုဟန်ကျီမှာ ပျော်ရွှင်သွားရသည်။
သူမသည် တက်ဘလက်ကို လှန်ပြလိုက်ရာ မိုဟန်ကျီမှာ အံ့အားသင့်သွားတော့သည်။ သူမ၏ ပန်းချီလက်ရာမှာ ဝါသနာရှင်အဆင့်ထက် များစွာသာလွန်နေပြီး အလင်းအမှောင်၊ အချိုးအစားနှင့် အရောင်စပ်ပုံတို့မှာ အသက်ဝင်လှသည်။
အထူးသဖြင့် သူ အလုပ်လုပ်နေစဉ်က တည်ကြည်သော အမူအရာကို ပီပြင်စွာ ပုံဖော်
နိုင်ခြင်းမှာ အံ့မခန်းပင်။
"ဒီပန်းချီကားကို ကိုယ့်ကိုပေးပါ၊ ကိုယ် ဘောင်ခတ်ပြီး စားပွဲပေါ်မှာ တင်ထားချင်လို့"
မိုဟန်ကျီက ထိုပန်းချီကားကိုသာ ဆုလာဘ်
အဖြစ် တောင်းဆိုလိုက်သည်။
တစ်ဖက်တွင်လည်း မိုမိခင်နှင့် မိုအဒေါ်တို့သည် မင်ယွဲ့ ပေးထားသော ချောင်ဆန်းဝတ်စုံများကို ဝတ်ဆင်ကာ အပြင်ထွက်လည်ပတ်နေကြသည်။
သူမတို့၏ လှပကျော့ရှင်းသော အသွင်အပြင်ကြောင့် အခြားလူကုံထံ အမျိုးသမီးများက မည်သူ့လက်ရာဖြစ်ကြောင်း စူးစမ်းမေးမြန်းကြသည်။
မိုမိခင်က "ဒါက ကျွန်မရဲ့ အနာဂတ် ချွေးမလေး ကိုယ်တိုင်ချုပ်ပေးထားတာလေ" ဟု ဂုဏ်ယူဝင့်ကြွားစွာ ဖြေကြားလိုက်ရာ အားလုံးက အံ့ဩချီးကျူးကြတော့သည်။
သို့သော်လည်း ကြားဖြတ်နှောင့်ယှက်သူ ရှိလာသည်။ မိုမိခင်နှင့် မတည့်သော အမျိုးသမီးတစ်ဦးက "ဘယ်ကမှန်းမသိတဲ့ ကောင်မလေးက အဝတ်အစားလေး ချုပ်ပေးပြီး ဖားနေတာကို ဒီလောက်တောင် ဖြစ်နေရလား" ဟု စောင်းမြောင်းပြောဆိုလာသည်။
မိုမိခင်မှာ ဒေါသထွက်သွားသော်လည်း ပါးနပ်စွာပင် ပြန်လည်တုံ့ပြန်လိုက်သည်။
"ကျွန်မအပေါ် စေတနာထားပြီး အဝတ်ချုပ်ပေးမယ့်သူ ရှိတာကပဲ ကံကောင်းတာပါ၊ ကိုယ့်သားက လေလွင့်နေပြီး ချွေးမလောင်းက တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေတာထက်စာရင်တော့ အများကြီး တော်ပါသေးတယ်"
မိုမိခင်၏ ထိထိမိမိ ပြောဆိုမှုကြောင့် ထိုအမျိုးသမီးမှာ ဒေါသကြောင့် တုန်ရင်ကာ ထွက်ခွာသွားရတော့သည်။
ရုံးခန်းအတွင်း၌ မင်ယွဲ့သည် အလုပ်လုပ်နေသော မိုဟန်ကျီကို ကြည့်ကာ သီချင်းစာသားနှင့် နုတ်စ်အချို့ကို တက်ဘလက်ပေါ်တွင် ရေးမှတ်
နေသည်။
သူမ အာရုံစိုက်လိုက်သည်နှင့် ပတ်ဝန်းကျင်ကို မေ့လျော့သွားတတ်သူဖြစ်သည်။ လက်ထောက်လင်း ဝင်လာချိန်တွင်ပင် သူမ သတိမမူမိချေ။ မိုဟန်ကျီက မင်ယွဲ့အတွက် ဆေးဖက်ဝင် လက်ဖက်ရည်ကြမ်းနှင့် သူ့အတွက် ကော်ဖီကို ပြင်ဆင်ခိုင်းလိုက်သည်။
မင်ယွဲ့သည် အလုပ်နားချိန်တွင် ပြတင်းပေါက်မှတစ်ဆင့် အဝေးသို့ လှမ်းကြည့်ကာ မျက်စိအညောင်းအညာ ဖြေဖျောက်နေစဉ် မိုဟန်ကျီက နောက်မှ သိုင်းဖက်လိုက်သည်။
"ယွဲ့ယွဲ့က တကယ့်ကို ထူးချွန်တာပဲ"
သူသည် သူမကို မည်သို့ ချီးကျူးရမည်ကို အမြဲစဉ်းစားနေတတ်သည်။ အလုပ်ဆင်းချိန်တွင် နှစ်ဦးသား လက်တွဲ၍ ကုမ္ပဏီမှ ထွက်လာကြရာ ဝန်ထမ်းများမှာ အားကျသည့် အကြည့်များဖြင့် ကြည့်ကျန်ရစ်ခဲ့ကြသည်။
မိုဟန်ကျီသည် မင်ယွဲ့ကို အိမ်အရောက် ပို့ဆောင်ပေးပြီးနောက် နှုတ်ဆက်ရန် ခက်ခဲနေပုံရသည်။ မင်ယွဲ့က သူ့မျက်နှာကို ဆုပ်ကိုင်ကာ အနမ်းတစ်ပွင့် ပေးလိုက်သော်လည်း မိုဟန်ကျီက အလွှတ်မပေးဘဲ သူမ၏ လည်ပိုင်လေးကို ထိန်းကိုင်ကာ နက်ရှိုင်းစွာ ပြန်လည်နမ်းရှိုက်လိုက်
သည်။
"ကိုယ့်ကို သတိရနေနော်"
မိုဟန်ကျီ ထွက်ခွာသွားပြီးနောက် မင်ယွဲ့သည် အိမ်ထဲသို့ ဝင်လာခဲ့သည်။ သူမသည် ဆိုဖာပေါ်တွင် အနားယူရင်း စနစ်ကို ဖွင့်ကြည့်လိုက်
သူမ၏ ပိုင်ဆိုင်မှုများမှာ ယခုအခါ ဘီလီယံပေါင်းများစွာ ရှိနေပြီဖြစ်ပြီး ကျွမ်းကျင်မှုများမှာလည်း ထူးချွန်သောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ စာပေ၊ ဂီတ၊ ပန်းချီနှင့် စီးပွားရေး စီမံခန့်ခွဲမှုတို့တွင် သူမသည် ဧကရီတစ်ပါးကဲ့သို့ ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီ။
"ငွေကြေးအရ ပြည့်စုံသွားပြီဆိုတော့ အခုက စိတ်ပိုင်းဆိုင်ရာနဲ့ အသိပညာပိုင်းကို ပိုပြီး မြှင့်
တင်ရမယ့် အချိန်ပဲ"
မင်ယွဲ့သည် မိမိကိုယ်ကို ပိုမိုပြည့်စုံသောသူ ဖြစ်လာစေရန် အသစ်တစ်ဖန် စိတ်အားထက်သန်မှုများဖြင့် ရှေ့သို့ ဆက်လှမ်းရန် ပြင်ဆင်လိုက်လေတော့သည်။
***