“ဆရာ... ယွဲ့ယွဲ့တို့နဲ့ တခြားသူတွေကို ဆရာ့ကို ဦးလေးလို့ ခေါ်ခိုင်းရတာ မရှက်ဘူးလား”
“ဒါက ဆရာ လူမီရဲ့ တပည့်ပြောသွားတဲ့ စကားလေ”
“ငါက ဘာလို့ အားနာနေရမှာလဲ ငါက မင်းရဲ့ဦးလေးဖြစ်နေတာ မှားလို့လား”
“ဆရာ့အသက်က ၆၀ ရှိပြီလေ၊ အဘိုးဖြစ်ရမယ့် အရွယ်ကြီးကို”
ဆရာကြီးလူသည် ထိုစကားကို ကြားသောအခါ ဒေါသချောင်းချောင်းထွက်သွားတော့သည်။
“ငါက အသက် ၅၉ နှစ်ပဲ ရှိသေးတာကွ မင်းကသာ အဘိုးကြီး၊ မင်းကသာ အဘိုးကြီး... မင်းကို ဂိုဏ်းကနေ ထုတ်ပစ်မယ်၊ အခုချက်ချင်း ထုတ်ပစ်မယ်”
“ဘာဖြစ်ကြတာလဲ”
မင်ယွဲ့နှင့် မိုဟန်ကျီတို့ ထွက်မသွားရသေးမီမှာပင် နားနေဆောင်အတွင်းမှ အော်ဟစ်သံများနှင့် စားပွဲရိုက်သံများကို ကြားလိုက်ရသည်။
“သူတို့ကို ဂရုမစိုက်ပါနဲ့၊ အဘိုးကြီးက အားအင်တွေ ပြည့်လျှံနေတာ”
မိုဟန်ကျီက ဆရာနှင့် တပည့်ကြားမှ ရန်ဖြစ်နေကျ အလေ့အထကို ရေသောက်မြစ်ကဲ့သို့ ကျွမ်းကျင်နေပြီဖြစ်ရာ မင်ယွဲ့ကို ခေါ်ဆောင်၍ ကားမောင်းထွက်လာခဲ့သည်။
“လမ်းမှာ ဂရုစိုက်ဦးနော်”
မင်ယွဲ့သည် ကားပေါ်မှ ဆင်းလိုက်ပြီးနောက် ကားနားတွင် ရပ်လျက် ကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ ကားထဲရှိလူကို နှုတ်ဆက်စကား ဆိုလိုက်သည်။
“ယွဲ့ယွဲ့... ဘယ်လို အခြေအနေမျိုးမှာ ရည်းစားဖြစ်သူက သူ့ချစ်သူကို အိမ်ပေါ်တက်ပြီး စကားပြောဖို့ မဖိတ်ခေါ်တာမျိုး ရှိတတ်လဲဟင်”
မိုဟန်ကျီက အားငယ်သယောင် မျက်နှာပေးလေးဖြင့် မေးလိုက်သည်။
မင်ယွဲ့မှာ ဆရာလူမီနှင့် သူ၏တပည့် ပြောခဲ့သော စကားများကိုပင် ယုံကြည်ချင်လာတော့သည်။ မိုဟန်ကျီသည် တကယ်ပင် ပြဇာတ်ကပြရန် သင့်တော်သူ ဖြစ်နိုင်သည်၊ အနည်းဆုံးတော့ သူ၏ အမူအရာလေးများက အတော်လေး ပိုင်နိုင်လှသည်။
“ဖြစ်နိုင်တာကတော့... သူ့ရည်းစားရဲ့ အခန်းက နည်းနည်း ရှုပ်ပွနေလို့ ဧည့်သည်လက်ခံဖို့ မသင့်တော်တာမျိုး၊ ဒါမှမဟုတ်လည်း...”
သူမ၏ မဆုံးသေးသော စကားစုများက စိတ်ကူးယဉ်စရာ ဝေဝေဝါးဝါး အဓိပ္ပာယ်များကို ချန်
ရစ်ထားခဲ့သည်။
“ဒါမှမဟုတ် ဘာဖြစ်နိုင်လို့လဲ”
မိုဟန်ကျီသည် အစက စနောက်နေခြင်း ဖြစ်သော်လည်း ယခုမူ တကယ်ပင် စိတ်ဝင်စားသွားပုံရသည်။
“ဒါမှမဟုတ်လည်း... ရည်းစားဖြစ်သူက သူ့ချစ်သူကို ဧည့်မခံချင်ရုံ သက်သက်ပဲ ဖြစ်မှာပါ”
“အင်းလေ... မင်းက အဲဒီလို ထင်နေတာကိုး ငါတော့ တကယ် ဝမ်းနည်းသွားပြီ”
မိုဟန်ကျီသည် ကားတံခါးကို အတွင်းဘက်မှ ဖွင့်လိုက်ပြီး သူမကို ကားထဲသို့ ဆွဲသွင်းလိုက်သည်။
မင်ယွဲ့မှာ အမှတ်မထင် ဖြစ်သွားပြီး မိုဟန်ကျီ၏ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ကျရောက်သွားတော့သည်။
မိုဟန်ကျီ၏ ထွက်သက်ငွေ့နွေးနွေးက သူမ၏ ဖြူစင်နုနယ်သော လည်တိုင်ကို ထိတွေ့သွားသောအခါ မင်ယွဲ့မှာ အလိုအလျောက် တွန့်ခနဲ ဖြစ်သွားရသည်။
“စတာ ရပ်တော့၊ လွှတ်ဦး”
မင်ယွဲ့က သူ၏ရင်ဘတ်ကို အသာတွန်းလိုက်
သည်။
အလွန်နီးကပ်နေသောကြောင့် ပါးလွှာသော အဝတ်အစားများအောက်မှ သူ၏ ကြံ့ခိုင်သော ကြွက်သားများကို သူမ၏လက်ဖြင့် ထိမိသွားပြီးနောက် လက်ကို ချက်ချင်း ပြန်ရုတ်လိုက်မိသည်။
“ဘာလို့လဲ ယွဲ့ယွဲ့... မင်း ထိချင်လို့လား”
သူမ၏ တုံ့ပြန်မှုကို ရိပ်မိသွားသော မိုဟန်ကျီက သူမ၏ လက်ကလေးကို ဆုပ်ကိုင်ပြီး သူ၏ရင်ဘတ်ပေါ်သို့ ဖိကပ်ထားလိုက်သည်။
သူသည် မင်ယွဲ့နှင့် ရိုးရိုးရှင်းရှင်း ထိတွေ့ရုံမျှနှင့် အားမရနိုင်တော့ချေ၊ ဤဘဝတွင် သူမမရှိဘဲ သူ မရှင်သန်နိုင်တော့ပေ။
“မထိချင်ပါဘူး”
မင်ယွဲ့သည် စိတ်ထဲတွင် ရုန်းကန်နေသော်လည်း မိုဟန်ကျီ၏ နွေးထွေးသော ရင်ဘတ်ပေါ်သို့ ဖိကပ်ထားခြင်း ခံထားရသော သူမ၏ လက်ကမူ အလိုလို လှုပ်ရှားသွားမိသည်။
“ဟဲဟဲ...”
ကြည်လင်သော ရယ်သံလေးတစ်ခု နားထဲတွင် ပဲ့တင်ထပ်သွားရာ မင်ယွဲ့မှာ သတိပြန်ဝင်လာပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
“ယွဲ့ယွဲ့... ငါက မင်းရဲ့ ရည်းစားလေ မင်းထိချင်
ရင် ထိလို့ရပါတယ် ငါက မင်းအပိုင်ပဲလေ”
မိုဟန်ကျီက ညို့ယူဖျားယောင်းသော အသံတိုးတိုးဖြင့် ဆိုကာ သူမ၏လက်ကို ဆွဲ၍ အောက်ဘက်သို့ ဖြည်းဖြည်းချင်း လျှောချလိုက်သည်။
“ယွဲ့ယွဲ့... သဘောကျရဲ့လား”
မင်ယွဲ့က ရုန်းကန်နေသော်လည်း မိုဟန်ကျီကမူ လွှတ်မပေးခဲ့ချေ။
“တကယ်တော့ ရည်းစားဖြစ်သူက သူ့ချစ်သူကို အိမ်ပေါ်မဖိတ်တာမှာ တတိယအကြောင်းရင်း တစ်ခု ရှိသေးတယ်၊ အဲဒါက ချစ်သူဖြစ်သူက စ
ပြီး အရေးယူလာမှာကို စောင့်နေတာမျိုး ဖြစ်
နိုင်တယ်လေ ယွဲ့ယွဲ့... မင်းရော အဲဒီလို မထင်ဘူးလား”
မိုဟန်ကျီ၏ အသံမှာ အလွန်ပင် ညင်သာလှပြီး ပင်လယ်နက်ထဲမှ နတ်သမီးလေးက ကမ်းခြေရှိ မိန်းကလေးကို ဖျားယောင်းသွေးဆောင်နေသကဲ့သို့ ရှိသည်။
မင်ယွဲ့သည် တစ်ပါးသူ၏ ထိန်းချုပ်မှုကို ခံယူတတ်သူ မဟုတ်ပေ။ သူမသည် အစောပိုင်းက စိတ်အခြေအနေကို မပြင်ဆင်နိုင်ခဲ့ခြင်းသာ ဖြစ်ပြီး အခြေအနေကို နားလည်သွားသောအခါ အားလုံးက အဆင်ပြေသွားခဲ့သည်။ မိမိချစ်သူကို ဘာကို ကြောက်နေရမှာလဲ။
“အဲဒါကတော့ မဟုတ်သေးဘူး ထင်တယ်နော်”
မင်ယွဲ့သည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အကွက်အနည်းငယ်အတွင်းမှာပင် မိုဟန်ကျီကို ပြန်လည် ဖိနှိပ်လိုက်သည်။
သူမသည် ခန္ဓာကိုယ် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို လေ့ကျင့်ထားသူ ဖြစ်ရာ သူမ အတည်အပေါက် လုပ်ဆောင်လာသောအခါ မိုဟန်ကျီမှာ ဘာမျှ မတတ်နိုင်တော့ပေ။
“အို... အဲဒါ မဟုတ်ဘူးလား၊ ငါက အမြဲတမ်း ငါ့ရည်းစားပြောတာကို နားထောင်တတ်တာပါနော်”
ဤအခြေအနေ ရောက်နေသည့်တိုင် မိုဟန်ကျီက စကားမပြတ်သေးချေ။
မင်ယွဲ့သည် လက်တစ်ဖက်ဖြင့် သူ၏ နက်တိုင်ကို ဖြေလိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူးချည်ကာ ထိုင်ခုံနောက်ကျောနှင့် တွဲ၍ ချည်နှောင်လိုက်
မိုဟန်ကျီသည် မရုန်းကန်ဘဲ ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ မှီလိုက်ကာ မင်ယွဲ့ကို ချစ်မြတ်နိုးသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။ သူမ စိတ်တိုင်းကျ လုပ်သမျှကို ခွင့်ပြုထားပုံရသည်။
“ကျွန်မ ထင်တာကတော့... ရည်းစားဖြစ်သူက သူ့ချစ်သူကို အိမ်ပေါ်ဖိတ်လိုက်ရင် အဲဒီလူက သူ့ကိုယ်သူ မထိန်းနိုင်မှာကို ကြောက်နေတာ ဖြစ်
မယ်”
မင်ယွဲ့သည် မိမိက ဦးဆောင်ရခြင်းကို အတင်းအကျပ် ခံရခြင်းထက် ပို၍ နှစ်သက်ကြောင်း တွေ့ရှိသွားသည်။
အချည်ခံထားရသော မိုဟန်ကျီကို ကြည့်ရင်း သူမမှာ စိတ်လှုပ်ရှားမှုကိုပင် ခံစားလိုက်ရသည်။
“ဒါဆိုလည်း မထိန်းချုပ်ပါနဲ့တော့”
နှစ်ဦးသား လုံးထွေးနေစဉ်အတွင်း မိုဟန်ကျီ၏ ရှပ်အင်္ကျီမှာ ခါးပတ်အောက်မှ ကျွတ်ထွက်နေပြီး နက်တိုင်ကိုလည်း မင်ယွဲ့က ဖြည်ချလိုက်ပြီ ဖြစ်သည်။ တွန့်ကြေနေသော အင်္ကျီဖြူဖြူသည် မိုဟန်ကျီအား တစ်ပါးသူ၏ အလိုကျ ဖြစ်နေရသော အားနွဲ့သူတစ်ဦးကဲ့သို့ ထင်မှတ်မှားစေသည်။
သို့သော် ထိုအထင်သည် မှားယွင်းလှသည်။
သူသည် မင်ယွဲ့၏ ရှေ့မှောက်တွင် တမင်တကာ အားနည်းဟန် ဆောင်နေခြင်းသာ ဖြစ်သည်။
ပြုံးယောင်သန်းနေသော သူ၏ မျက်ဝန်းများအောက်တွင် ချက်ချင်းပင် အသက်အန္တရာယ် ပေးနိုင်သည့် သားရဲတစ်ကောင် ပုန်းအောင်းနေသည်။
သူ၏ အမူအရာ၊ အပြောအဆိုနှင့် လှုပ်ရှားမှုတိုင်းသည် လမင်းလေးကို ဖျားယောင်းရန်အတွက်သာ ဖြစ်သည်။
“ဟုတ်လား”
မင်ယွဲ့သည် မိမိကိုယ်ကိုယ် အရှုံးပေးရန် ခွင့်မပြုတော့ပေ။
“ဒါဆို စမ်းကြည့်ကြတာပေါ့”
ပြောပြောဆိုဆိုဖြင့် မင်ယွဲ့သည် မိုဟန်ကျီ၏ ရှုပ်ပွနေသော အင်္ကျီဖြူအောက်သို့ သူမ၏ လက်ကို လျှိုသွင်းလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် မင်ယွဲ့ ကားပေါ်တက်ကတည်းက မှန်များကို ပိတ်ထားခဲ့သဖြင့် သူမ စိတ်ကြိုက် လှုပ်ရှားနိုင်ခဲ့သည်။
မင်ယွဲ့၏ လက်ကလေးသည် အေးမြနေပြီး သူ၏ ခါးတစ်ဝိုက်ကို ထိတွေ့သွားသောအခါ သူ၏ နှလုံးသားထဲတွင် အပူရှိန်များ တဟုန်ထိုး မြင့်တက်လာသည်။
“သဘောကျရဲ့လား”
မင်ယွဲ့က မိုဟန်ကျီ၏ စကားကိုပင် သူ၏ထံသို့ ပြန်လည် ပေးအပ်လိုက်သည်။ သူမသည် အမြဲတမ်း လက်တုံ့ပြန်တတ်သူ မဟုတ်ပါလား။
အေးအေးဆေးဆေး မှီထိုင်နေသော မိုဟန်ကျီမှာ ဆက်လက်၍ မတည်ငြိမ်နိုင်တော့ချေ။
သူ၏လက်များမှာ မငြိမ်မသက် ရုန်းကန်လာတော့သည်။
“ချစ်သူ... မလှုပ်နဲ့လေ ကျွန်မက ရှင့်ရည်းစားပဲ၊ ရှင်က ကျွန်မကို စိတ်တိုင်းကျ ထိလို့ရတာ မဟုတ်ဘူး”
မင်ယွဲ့သည် စကားသက်သက် ပြောနေခြင်း မဟုတ်ဘဲ လက်တွေ့လည်း လုပ်ပြနေသည်။
သူမ၏ လက်သည် အထက်သို့ ရွေ့လျားသွားပြီး မိုဟန်ကျီကို အပြုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
“ယွဲ့ယွဲ့...”
မိုဟန်ကျီမှာ အသက်ရှူသံများ ပြင်းထန်လာပြီး ရင်ဘတ်မှာလည်း နိိမ့်ချည်မြင့်ချည် ဖြစ်နေရသည်။
“ကျွန်မ ဆော့လို့ မဝသေးဘူး ဒါက ရှင့်ဘက်က စတာဆိုတော့... ကျွန်မက ‘ပြီးပြီ’ လို့ မပြောမချင်း ဒါက မပြီးသေးဘူးနော်”
မင်ယွဲ့က ပြုံးလျက် ကြည့်ကာ သူမ၏ လက်များကို ဆက်လက် လှုပ်ရှားနေသည်။ သူမသည် ဦးဆောင်ရခြင်း၏ အရသာကို ခံစားနေရသည်။
“ယွဲ့ယွဲ့... ကိုယ် မှားသွားပါတယ်”
မိုဟန်ကျီမှာ လက်နက်ချရန်မှတစ်ပါး အခြားမရှိတော့ချေ။ ဤခံစားချက်မှာ သည်းခံနိုင်စွမ်းထက် ကျော်လွန်နေသည်။ မင်ယွဲ့၏ လက်နှင့် ထိတွေ့မိသော နေရာတိုင်းတွင် သူ တုန်ယင်နေရသည်။
လက်များမှာ အချည်ခံထားရပြီး ခြေထောက်များမှာလည်း ပိတ်မိနေသဖြင့် သူသည် လုံးဝ မလှုပ်
နိုင်တော့ပေ။
“ဘယ်နေရာမှာ မှားတာလဲ”
မင်ယွဲ့သည် ချစ်သူများ ရန်ဖြစ်လျှင် မေးလေ့ရှိသော အမေးကို မေးလိုက်သည်။
“အစစအရာရာ မှားပါတယ်၊ မင်းကို မစနောက်သင့်ဘူး”
မိုဟန်ကျီ၏ အသက်ရှုငွေ့များက ပူနွေးနေပြီး မင်ယွဲ့ကို ကြည့်သော မျက်ဝန်းများမှာလည်း ဝေဝါးနေသည်။
“ရှင် ကျွန်မကို ဖျားယောင်းဦးမှာလား”
မင်ယွဲ့သည် ပြုံးလိုက်ပြီး သူ၏ ဝမ်းဗိုက်ကြွက်သားများပေါ်သို့ လက်ဖြင့် ခပ်ပြင်းပြင်း ဖိလိုက်သည်။
“မင်းက ကိုယ့်ရည်းစားပဲလေ၊ ဒါက ဖျားယောင်းတာ မဟုတ်ပါဘူး”
မိုဟန်ကျီသည် သတိရှိနေဆဲဖြစ်ရာ ပြန်လည် ငြင်းချက်ထုတ်လိုက်သည်။
“အို... ဒါကို ဖျားယောင်းတာလို့ မခေါ်ရင် ဘာခေါ်ဦးမှာလဲ”
မင်ယွဲ့သည် ကိုယ်ကို ကိုင်းညွတ်ကာ သူ၏ လည်ပင်းနားသို့ တိုးကပ်လိုက်သည်။
သူမ စကားပြောလိုက်စဉ် သူမ၏ နှုတ်ခမ်းများသည် မိုဟန်ကျီ၏ နားရွက်ကို မတော်တဆ ထိမိသွားရာ သူ၏ နားရွက်မှာ ချက်ချင်းပင် ပူထူသွားပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။
“သိပ်ပြီး အပြစ်ကင်းတာပဲ”
သူ၏ အမူအရာကို မြင်သောအခါ မင်ယွဲ့မှာ ပျော်ရွှင်သွားသည်။
“ဒါကို ‘ရိုမန်တစ်’ ဖြစ်တယ်လို့ ခေါ်တာပါ”
မိုဟန်ကျီသည် သူ၏ စိတ်မငြိမ်မသက်ဖြစ်မှုကို အတင်းအကျပ် ထိန်းချုပ်ထားရသည်။
“ကိုယ့်ရဲ့ ပထမဆုံး အကြိမ်က ယွဲ့ယွဲ့နဲ့ ဖြစ်ခဲ့တာပါ”
ဤစကားက မင်ယွဲ့ကို ကျေနပ်သွားစေသဖြင့် သူမက သူ့ကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။
“ခန္ဓာကိုယ် အချိုးအစားက အတော်လေး ကောင်းသားပဲ၊ ဒီတစ်ခါတော့ လွှတ်ပေးလိုက်
သူမသည် သူ၏ရင်ဘတ်ပေါ်တွင် လက်တင်ထားလျက် ကိုယ်ကို ပြန်မတ်လိုက်ကာ စနောက်လိုက်သည်။
အခြားတစ်ဦး၏ ကိုယ်ငွေ့များ ရုတ်တရက် ပျောက်ကွယ်သွားသောအခါ မိုဟန်ကျီသည် လေထုမှာ ချက်ချင်း ကြည်လင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မင်ယွဲ့သည် သူ၏ လက်များကို ချည်နှောင်ထားသော နက်တိုင်ကို ဖြည်ပေးလိုက်သည်။ မိုဟန်ကျီသည် မိမိကိုယ်ကိုယ် ပြန်လည် တည်ငြိမ်အောင် ကြိုးစားနေသော်လည်း မင်ယွဲ့ကို ကြည့်နေသော သူ၏ မျက်ဝန်းများမှာမူ တပ်မက်မှုများဖြင့် တောက်လောင်နေဆဲ ဖြစ်သည်။
“နောက်မှ တွေ့မယ်နော်... အချစ်တော်လေး”
မင်ယွဲ့သည် ကားတံခါးကို အသာတွန်းဖွင့်လိုက်ပြီး ကားထဲသို့ လေထဲမှတစ်ဆင့် အနမ်းတစ်ခု ပေးပို့ကာ ကျော့ကျော့မော့မော့ပင် ထွက်ခွာသွားတော့သည်။
မိုဟန်ကျီ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
“အရမ်း... ချစ်ဖို့ကောင်းတာပဲ”
မိုဟန်ကျီသည် သူမ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း စကားနှစ်လုံးကို ရေရွတ်
လိုက်သည်။
မင်ယွဲ့က သူ့ကို “အချစ်တော်လေး” ဟု ခေါ်ခဲ့သော အမှတ်တရကို သူက မြတ်နိုးစွာ ခံစားနေမိသည်။ ထိုခံစားချက်သည် ကြီးမားသော စီးပွားရေး လုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်သည့် ခံစားချက်ထက်ပင် ပို၍ ကျေနပ်စရာ ကောင်းလှသည်။
သူသည် စိတ်ကို အေးအေးဆေးဆေး ပြန်ထားနိုင်မှသာ ကားကို စတင် မောင်းထွက်ခဲ့သည်။
“နင် ခုနက ဘာလုပ်နေတာလဲ ငါ့ကို ဘာလို့ ပိတ်ထားတာလဲ”
ယွမ်ပေါ့က မေးခွန်းထုတ်လိုက်သည်။
သူတို့၏ ဆက်ဆံရေးမှာ တစ်နေ့တခြား တိုးတက်လာသော်လည်း မင်ယွဲ့က သူ့ကို ယခုကဲ့သို့ မဆက်ဆံသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
“ကလေးတွေက လူကြီးကိစ္စတွေကို သိပ်ပြီး သိချင်စိတ် မများသင့်ဘူး”
မင်ယွဲ့၏ စိတ်ထဲတွင် ခုနက ကားထဲမှ ရမ္မက်ပြင်းထန်သော မြင်ကွင်းများက လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားရာ သူမ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
“ဟမ်... မိုဟန်ကျီ ပြန်သွားပြီလား နင်တို့ ငါ့ကွယ်ရာမှာ အရသာရှိတာတွေ ပြန်စားနေကြတာ မဟုတ်လား”
မင်ယွဲ့သည် ယွမ်ပေါ့အပေါ် အထင်ကြီးမိသွားကြောင်း သဘောပေါက်လိုက်သည်။ သူက တစ်ခုခု လေးလေးနက်နက် ပြောမည်ဟု ထင်ထားသော်လည်း သူ၏ စိတ်ထဲတွင် စားဖို့ တစ်ခုတည်းသာ ရှိနေသည် မဟုတ်ပါလား။
“မဟုတ်ပါဘူး၊ နင့်ရဲ့ ခေါင်းသေးသေးလေးထဲမှာ တစ်နေ့ကုန် ဘာတွေ တွေးနေတာလဲ”
မင်ယွဲ့သည် တံခါးကို ဖွင့်ကာ လိုက်ကာများကို ဆွဲလိုက်ပြီး အခန်းထဲသို့ ဝင်ခဲ့သည်။ ယွမ်ပေါ့ကလည်း သူမနောက်မှ လိုက်လာသည်။
အိမ်သို့ ပြန်ရောက်သောအခါ မင်ယွဲ့သည် ရေချိုးသန့်စင်ပြီးနောက် ညအိပ်ဝတ်စုံလဲကာ ဆိုဖာပေါ်တွင် ထိုင်လျက် ကျန်ဟင်ထံသို့ ဖုန်းဆက်
“အို... အချစ်နယ်မြေထဲ ရောက်နေတဲ့ မစ္စမင်က ငါတို့ကို စကားပြောဖို့ အချိန်ရပြီပေါ့”
အနားတွင် ရပ်နေသော ဝမ်ကျန်းက ချက်ချင်းပင် သူမ လုပ်လက်စများကို ရပ်လိုက်ပြီး အနားသို့ ရောက်လာသည်။
ကျန်ဟင်က ထိုအခြေအနေကို သတိပြုမိသဖြင့် ဖုန်းကို စားပွဲပေါ်တင်ကာ စပီကာ ဖွင့်လိုက်သည်။
“နင်က ငါ့အပေါ် ရန်ငြိုးတွေ ထားနေတာ ကြာပြီ ထင်တယ် ကောင်းပြီလေ... ဒါဆို ငါ ဖုန်းချလိုက်တော့မယ်”
မင်ယွဲ့က ခပ်တိုးတိုး ရယ်လိုက်သည်။
“ယွဲ့ယွဲ့... ဒါက မတရားဘူးလေ ငါတို့က ကုမ္ပဏီမှာ နင့်အတွက် ပိုက်ဆံရအောင် အလုပ်လုပ်နေရပြီး နင်ကတော့ ရည်းစားနဲ့ ချိန်းတွေ့နေတာလား”
ဝမ်ကျန်းက မကျေမနပ် ပြောလိုက်သည်။
မင်ယွဲ့က ယွမ်ပေါ့ကို ဆွဲယူကာ အသာအယာ ပွတ်သပ်ပေးနေမိသည်။
“အဲဒီလို မပြောပါနဲ့ နင်တို့ ချိန်းတွေ့ဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ငါ ဖန်တီးပေးထားတာပဲလေ နင်တို့က အခွင့်အရေးကို အသုံးမချရင် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ”
မင်ယွဲ့က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
ဝမ်ကျန်းက သက်ပြင်းတစ်ချက် ချလိုက်ကာ “ရုံးတွင်း အချစ်ဇာတ်လမ်းတွေကိုမှ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်လို့ သတ်မှတ်မယ်ဆိုရင်တော့ သိပ်ကို ကျေးဇူးတင်ပါတယ်နော်”
“ကဲ... နောက်နေတာတွေ တော်တော့ ရှင်းယောင် လုပ်ငန်းစုနဲ့ ကိစ္စက ဘယ်လိုလဲ”
ကျန်ဟင်သည် မင်ယွဲ့အနေဖြင့် ဘာကိစ္စမှမရှိဘဲ အလကား စကားပြောရန် ဖုန်းဆက်မည် မဟုတ်ကြောင်း သိနားလည်ထားသည်။
မင်ယွဲ့သည် ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။
“ဒုန်းဟူ ဂေဟစနစ် စီမံကိန်းက အစိုးရက ကြီးကြပ်တဲ့ အကြီးစား စီမံကိန်း တစ်ခုပဲ ဒါကို ရှင်းယောင် လုပ်ငန်းစုက တင်ဒါအောင်ထားတာ သူတို့က ငါတို့ကို ပါဝင်စေချင်တယ်၊ ဒါကြောင့် ငါတို့ လက်ခံလိုက်တယ် ဒီစီမံကိန်းသာ ပြီးသွားရင် ယွဲ့ဟွာ နည်းပညာရဲ့ နာမည်ဂုဏ်သတင်းက အမြင့်ဆုံးအထိ တက်လှမ်းသွားမှာ...”
ကျန်ဟင်သည် မင်ယွဲ့ ဖော်ပြနေသော အနာဂတ် မြင်ကွင်းတွင် စိတ်ဝင်တစား နားထောင်နေမိသည်။
မင်ယွဲ့နှင့် စီးပွားရေး စတင်လုပ်ကိုင်ကတည်းက သူ၏ ရည်မှန်းချက်များမှာလည်း တောက်လောင်ခဲ့ရသည်။ မင်ယွဲ့ ပြောလေလေ၊ သူ၏ မျက်ဝန်းများမှာလည်း တောက်ပလာလေလေ ဖြစ်သည်။
“ကောင်းပြီ... ဒါဆိုရင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စကို ငါ ချက်ချင်း ဆွေးနွေးလိုက်မယ်”
သူသည် ဤစီမံကိန်းကို စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်ရာ ယခုကဲ့သို့ ကောင်းကင်မှ ကျလာသော အခွင့်အရေးကို လက်လွှတ်မခံရန် ဆုံးဖြတ်ထားသည်။
“နင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လို အခြေအနေရှိလဲ”
အလုပ်အကြောင်း ဆွေးနွေးပြီးနောက် ဝမ်ကျန်းက စပ်စုလိုက်သည်။
သူမ၏ သူငယ်ချင်း မင်ယွဲ့သည် အမြဲတမ်း လူပျိုကြီးကဲ့သို့ နေလာခဲ့ပြီး မိုဟန်ကျီကလည်း အမြဲတမ်း တည်တည်တံ့တံ့ နေတတ်သူ ဖြစ်ရာ သူတို့နှစ်ဦး ချစ်သူဖြစ်ကြသောအခါ မည်သို့ နေထိုင်ကြမည်ကို စိတ်ကူးရခက်နေသောကြောင့် ဖြစ်သည်။
မင်ယွဲ့၏ မျက်နှာမှာ နီမြန်းသွားသော်လည်း ဖုန်းမျက်နှာပြင်မှတစ်ဆင့် တစ်ဖက်လူက မမြင်
နိုင်ချေ။
“နင် အဲဒီလောက် သိချင်နေရင် ကျန်ဟင်နဲ့ သေချာ စကားပြောကြည့်ပါလား”
“ဟေး... ဒီကောင်မလေး ဖုန်းချသွားပြီ စကားမပြောချင်ရင်လည်း ပြောပေါ့၊ ဘာလို့ ချက်ချင်း ဖုန်းချသွားတာလဲ”
ဝမ်ကျန်းသည် ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာဖြင့် ဖုန်းကို ကိုင်ထားမိသည်။
“နင်က သူများရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဘာလို့ စပ်စုတာလဲ”
ကျန်ဟင်က ဝမ်ကျန်းကို ကြည့်ကာ ချစ်စဖွယ် ကောင်းနေသည်ဟု တွေးတောရင်း ပြုံးလျက် ဆိုလိုက်သည်။
မိမိချစ်ရသူ လုပ်ဆောင်နေသမျှကို ကြည့်နေရရုံနှင့်ပင် ပျော်ရွှင်နိုင်သည်မှာ အမှန်ပင် ဖြစ်သည်။
“ရှင် မသိပါဘူး၊ သူငယ်ချင်း အရင်းအချာတွေဆိုတာ အရာရာကို ပွင့်ပွင့်လင်းလင်း ပြောကြတာပဲ”
သူတို့ ကောလိပ်တက်စဉ်က အရာရာကို တိုင်ပင်ခဲ့ကြသည် မဟုတ်ပါလား။
“ဒါကတော့ နင် ဒီမှာ ရှိနေလို့ ယွဲ့ယွဲ့က ရှက်သွားတာ နေမှာပါ”
ကျန်ဟင်က ပြုံးလျက်ပင် မငြင်းဆိုခဲ့ချေ။
“နင် ဒီနေ့ ဘာဖြစ်နေတာလဲ ငါ့အမွှေးတွေကို အကုန်လုံး ဆွဲနှုတ်ပစ်တော့မယ်”
ယွမ်ပေါ့သည် သူမ၏ ရင်ခွင်ထဲမှ ရုတ်တရက် ခုန်ထွက်သွားသည်။ ထိုစကားမှာ ချဲ့ကားပြောဆိုခြင်းသာ ဖြစ်ပြီး စနစ်တစ်ခုက အဘယ်မှာလျှင် ထိပ်ပြောင်နိုင်ပါမည်နည်း။
“ငါ နင့်အတွက် တစ်ခုခု ချက်ပေးမယ် ဘာစား
ချင်လဲ ကြက်သားစပ်ချက်လား၊ စီချွမ်ဘဲကင်လား၊ ဝက်သားပြားပြုတ်လား၊ ဒါမှမဟုတ် ဝက်နံရိုး ချိုချဉ်လား...”
မင်ယွဲ့သည် ယွမ်ပေါ့ အကြိုက်ဆုံးအရာကို ပြောကာ အကြောင်းအရာကို လွှဲလိုက်ပြီး ဟင်းလျာစာရင်းများကို ရွတ်ပြလိုက်သည်။
“အကုန်လုံး စားမယ်”
သူ့ထံသို့ ကမ်းလှမ်းလာသော ရွှေတုံးများကို သူက အကုန်လက်ခံသည်။ စဉ်းစားရုံနှင့်ပင် သွားရည်ကျစရာ ကောင်းလှသည်။
“အများဆုံး ဟင်းလေးမျိုးပဲ၊ စားရင်စား မစားရင်နေ”
မင်ယွဲ့သည် ရေခဲသေတ္တာထဲမှ ဟင်းချက်စရာများကို ထုတ်ယူကာ မီးဖိုချောင်ထဲသို့ ဝင်ခဲ့သည်။
“လေးမျိုးဆိုလည်း လေးမျိုးပေါ့၊ ငါ စားမယ်”
သူသည် အစားအသောက် ရွေးတတ်သူ မဟုတ်ပေ။
မကြာမီမှာပင် မီးဖိုချောင်ထဲမှ အိုးခွက်ပန်းကန်သံများ ထွက်ပေါ်လာသည်။ ယွမ်ပေါ့သည် ထမင်းစားပွဲပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် မှန်တံခါးမှတစ်ဆင့် အတွင်းဘက်သို့ အာရုံစိုက် ကြည့်နေခဲ့သည်။
ထမင်းစားပွဲပေါ်ရှိ မင်ယွဲ့၏ ဖုန်းက မြည်လာသည်။
မီးဖိုချောင်ထဲတွင် ဟင်းချက်စက်၏ အသံများ ဆူညံနေသဖြင့် မင်ယွဲ့မှာ ဖုန်းမြည်သံကို မကြားမိချေ။
ယွမ်ပေါ့သည် သူ၏ စားချင်စိတ်ကို အနှောင့်အယှက် ပေးလိုက်သော စားပွဲပေါ်မှ တရားခံကို မကျေမနပ် ကြည့်လိုက်သည်။
ဖုန်းမြည်သံက ကြာလာသောအခါ သူ စိတ်မရှည်တော့သဖြင့် ဖုန်းမျက်နှာပြင်ကို အမြန်ပင် ဆွဲဖွင့်လိုက်ပြီး မင်ယွဲ့၏ လှုပ်ရှားမှုများကိုသာ ဆက်လက် ငေးကြည့်နေမိသည်။
မိုဟန်ကျီသည် ဗီဒီယိုကောလ်နှင့် ဆက်သွယ်သွားသော်လည်း တစ်ဖက်မှ ဘာသံမှ မကြားရသဖြင့် ထူးဆန်းနေသည်။
မင်ယွဲ့၏ ဖုန်းတွင် လက်ဗွေရာ သို့မဟုတ် မျက်နှာပြင် ဖတ်ရှုခြင်း ကဲ့သို့သော လုံခြုံရေး စနစ်များ မရှိပေ။
ယွမ်ပေါ့က သူမ၏ ဖုန်းတွင် အဆင့်မြင့် နည်းပညာသုံး အက်ပ် တစ်ခု ထည့်သွင်းပေးထားသဖြင့် သူမ မဟုတ်ပါက အရေးကြီး အချက်အလက်များ ယိုစိမ့်နိုင်ခြင်း မရှိရာ မင်ယွဲ့မှာ လျှို့ဝှက်နံပါတ် ပေးထားရန် ပျင်းနေခြင်း ဖြစ်သည်။
မိုဟန်ကျီက ခေါ်လိုက်သော်လည်း သူ မြင်နေရသည်မှာ အခန်းမျက်နှာကြက်သာ ဖြစ်သည်။
ယွမ်ပေါ့သည် အသံကြားသောအခါ အနားသို့ တိုးသွားသည်။
“ယွမ်ပေါ့...”
မိုဟန်ကျီသည် ယွမ်ပေါ့၏ မျက်နှာကြီး အနားသို့ တိုးလာသည်ကို မြင်သောအခါ ရယ်မောလိုက်
“မင်းအမေ ဘယ်မှာလဲ မင်းက အကို့ဖုန်းကို ကိုင်
လိုက်တာလား ယွမ်ပေါ့”
ပြောပြီးမှ ယွမ်ပေါ့ကို ထိုသို့ မေးမိခြင်းမှာ ရယ်စရာကောင်းသည်ဟု သူ ခံစားလိုက်ရသည်။
ယွမ်ပေါ့သည် သူ့စကားကို နားလည်နိုင်သည်မှာ အမှန်ပင် ဖြစ်သော်လည်း သူ၏ အာရုံမှာ မီးဖိုချောင်ထဲသို့သာ ရောက်နေသည်။
သူသည် ဖုန်းကို ခပ်ပေါ့ပေါ့ပင် မယူလိုက်ပြီး ခဏတာ ဟိုလှည့်ဒီလှည့် လုပ်ကာ ကင်မရာကို မီးဖိုချောင်ထဲရှိ မင်ယွဲ့ရှိရာသို့ ချိန်ပေးလိုက်
မိုဟန်ကျီသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ပုံရိပ်လေးကို မြင်လိုက်ရသည်။
“ယွမ်ပေါ့... ငါတို့ သဘောတူညီချက် တစ်ခု လုပ်ကြရအောင် နောက်ဆို နင့်အမေကို ဟင်းမချက်ခိုင်းပါနဲ့တော့လား အဲဒီအစား ငါကပဲ နင့်အတွက် ချက်ပေးမယ်လေ”
မိုဟန်ကျီသည် မင်ယွဲ့က ယွမ်ပေါ့အတွက် ဟင်းချက်ပေးနေသည်ဟု ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။
“အမေ... အမေ... နင်ကမှ အမေ အစစ်ပါ”
ယွမ်ပေါ့က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
သူနှင့် မင်ယွဲ့သည် ဝိညာဉ်ချင်း ဆက်နွှယ်နေသော စနစ်နှင့် အိမ်ရှင် ဖြစ်ကြပြီး ပုခုံးချင်းယှဉ်၍ တိုက်ပွဲဝင်နိုင်သော အဖော်များလည်း ဖြစ်ကြသည်၊ သို့သော် ယွဲ့ယွဲ့က သူ၏ အမေ မဟုတ်ပေ။
သူက ယွဲ့ယွဲ့ကို “အမေ” ဟု ခေါ်လိုက်လျှင် သူ၏ မျက်နှာ ပျက်သွားမည် မဟုတ်ပါလား။
သူသည် စိတ်တိုတိုဖြင့် ဖုန်းကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
“ယွမ်ပေါ့... ယွမ်ပေါ့”
မိုဟန်ကျီသည် သူက လက်စားချေတတ်သော ယွမ်ပေါ့ကို မရည်ရွယ်ဘဲ စိတ်ဆိုးအောင် လုပ်မိမှန်း မသိလိုက်ပေ။ ယွမ်ပေါ့က ဖုန်းကို မတော်တဆ တိုက်ချလိုက်သဖြင့် ကင်မရာ ဖုံးသွားသည်ဟုသာ သူ ထင်လိုက်သည်။
အစောပိုင်းက အခန်းမျက်နှာကြက်ကို မြင်နေရသေးသော်လည်း ယခုမူ အမှောင်အတိ ကျသွားတော့သည်။ သူ မျှော်လင့်နေရသော မိန်းကလေးမှာလည်း ဗီဒီယိုထဲတွင် ခဏတာသာ ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်။
အိမ်သို့ ရောက်နေသော်လည်း မိုဟန်ကျီသည် အလုပ်နှင့် မကင်းကွာနိုင်ပေ။ သူသည် စာရွက်စာတမ်းများကို ဖွင့်ဖတ်ကာ စာကြည့်တိုက်ခန်းထဲတွင် အလုပ်လုပ်နေခဲ့သည်။
ဗီဒီယိုကောလ်က ပြတ်မသွားသေးဘဲ မင်ယွဲ့၏ မီးဖိုချောင်ထဲမှ ဟင်းချက်သံ သဲ့သဲ့ကို ကြားနေရဆဲ ဖြစ်သည်။
သူသည် ထိုအသံကို ဆူညံသည်ဟု မထင်ဘဲ အခန်းတစ်ခန်းတည်းတွင် အတူရှိနေရသကဲ့သို့ နွေးထွေးမှုကိုပင် ခံစားနေရသည်။
“ယွမ်ပေါ့... ထမင်းစားလို့ ရပြီ”
တစ်ဖက်မှ မိန်းကလေး၏ ကြည်လင်သော အသံကို ကြားလိုက်ရသောအခါ မိုဟန်ကျီသည် သူ၏ အလုပ်များကို ခေတ္တ ရပ်လိုက်သည်။
ယွမ်ပေါ့သည် ဖုန်းကို မင်ယွဲ့၏ ရှေ့သို့ တိုးပေးလိုက်ပြီး သူ၏ အဝတ်စလေးကို ထုတ်ကာ စတင် စားသောက်တော့သည်။
မင်ယွဲ့သည် ဖုန်းကို ကောက်ယူလိုက်သောအခါ တစ်ဖက်မှ အမျိုးသားကို မြင်လိုက်ရသည်။ သူမသည် ယွမ်ပေါ့ကို အံ့သြစွာ ကြည့်လိုက်ပြီး ယွမ်ပေါ့က ဗီဒီယိုကောလ်ကို ကိုင်ပေးခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
မင်ယွဲ့ စကားမပြောမီမှာပင် နူးညံ့သိမ်မွေ့သော အသံလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။
“အင်း...”
မင်ယွဲ့က တိုးတိုးလေး ပြန်ထူးလိုက်ပြီး လက်ဆေးရန် ဖုန်းကို ယူသွားခဲ့သည်။
သူတို့နှစ်ဦးစလုံး စကားမပြောဖြစ်ကြဘဲ ဖုန်းထဲတွင် ရေစီးသံကိုသာ ကြားနေရသည်။
မင်ယွဲ့သည် လတ်တလောတွင် မိုဟန်ကျီနှင့် မျက်နှာချင်းဆိုင်ရန် အခက်တွေ့နေရဦးမည် ဖြစ်သည်။
အကြောင်းမှာ သူ့ကို မြင်လိုက်တိုင်း ကားထဲတွင် သူမ ပြုမူခဲ့သော အထိန်းအကွပ်မဲ့သည့် အပြုအမူများကို အလိုလို ပြန်လည် မြင်
ယောင်နေမိသောကြောင့် ဖြစ်သည်။
***