“ဟုတ်တယ်၊ ဒီ ချန်ရှီမိန်က ငှက် ဒါမှမဟုတ် သားရဲလောက်တောင် မကောင်းဘူး။ နောက်ပိုင်းမှာ သူက အခြားတစ်နေရာမှာ ခေါင်းဖြတ်ခံရတယ်၊သူကအဲ့တာနဲ့ ထိုက်တန်တယ်၊”
ကျုံးမင်းဝေက အလျင်အမြန် သံယောင်လိုက်ကာ အားချိုးအား ပေါင်ပေါ်သို့ ဆွဲတင်လိုက်ပြီး ဆံပင်များကို ပွတ်သပ်ကြည့်ရင်း ပြုံးကာ ပြောသည်။
“ဇာတ်လမ်းကိုသာ သေချာနားထောင်ရင် မင်း ပိုဒေါသထွက်ရလိမ့်မယ် “
“ဒါပေမယ့် ရှင်ပြောခဲ့တဲ့ ဇာတ်လမ်းတွေက တကယ့်ကို စိတ်တိုစရာပါပဲ၊ အထူးသဖြင့် ဒီ ချန်ရှီမိန်...”
အားချိုးက အေးစက်စက် နှာမှုတ်လိုက်ကာ
“ ကျွန်မ သူ့ကို တွေ့ရင် သေချာပေါက် တံတွေးနဲ့ထွေးပစ်မယ်”
“ကိုယ်က ဇာတ်လမ်းကို ကောင်းကောင်းမပြောပြတာ မဟုတ်ဘူး၊အဲ့ဒါကိုက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရည်အသွေးတွေ ဖြစ်နေတာ”
“ကောင်မလေး၊ ဇာတ်လမ်းအားလုံးရဲ့ ဇာတ်ကောင် ကိုးဆယ့်ကိုးယောက်လောက်က သားရဲလောက်တောင် မထက်မြတ်တဲ့လူဖြစ်နေတာလေ ၊ကိုယ်ရှောင်ချင်ရင်တောင် ရှောင်လွှဲ၍မရနိုင်ဘူး”
“ဟမ့် ဒါဆို ရှင့်ရဲ့ပုံပြင်တွေကို ကျွန်မနားမထောင်တော့ဘူး၊ အဲဒီချဉ်တူးနေတဲ့ပညာရှင်တွေကို ကျွန်မအရမ်းမုန်းတယ်”
အားချိုး က ရေရွတ်ရင်း ခေတ္တရပ်လိုက်ပြီး ကျုံးမင်းဝေ ကို ရုတ်တရက်မေးလာသည်။
“ဒီကမ္ဘာမှာ လူပေါင်း ထောင်သောင်းချီရှိပြီး မတူကွဲပြားတဲ့ စိတ်နေစိတ်ထား ထောင်ပေါင်းများစွာ ရှိနေတာ သဘာဝပဲ၊ ဆိုတော့ ထုံးစံအတိုင်း လူဆိုးတွေလည်းရှိတယ်။ မဟုတ်ရင် ထောင်ထဲမှာ သစ္စာမဲ့ပြီး ရက်စက်တဲ့သူတွေ ဘာလို့ ပြည့်နေမလဲ”
ကျုံးမင်းဝေက ဖြည်းညှင်းစွာပြောသည်။ သူက ခဏရပ်ပြီး ဆက်ပြောသည်။
“ သစ္စာဖောက်တွေနဲ့ လူဆိုးတွေကို ဖမ်းဆီးထောင်ချနိုင်ပေမယ့် သူတို့ထက် ပိုကြောက်စရာကောင်းတာက ကျန်းရှန်း လိုမျိုး သူ စိတ်မရှည်တဲ့အခါ ဆူပူကြိမ်းမောင်းတတ်တဲ့ ရက်စက်တဲ့သူတွေပဲ၊၊ ဒါမှမဟုတ် ချန်ရှီမိန် ၊ ပေါင်ကုန်းသာမရှိဘူးဆိုရင် သူက ပုံမှန်အတိုင်း သားမက်နဲ့အတူ ရှိနေလိမ့်မယ် လို့မင်း မတွေးမိဘူးလား?”
“ အဲဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ပညာရှင်တွေက တခြားသူတွေထက် သာလွန်တယ်လို့ ထင်ခဲ့ဖူးပေမယ့် အခုတော့ ပညာရှင်တွေကြားမှာ တကယ်ကို လူ့အမှိုက်တွေ အများကြီးရှိပုံရပြီး သူတို့အားလုံးက တိရစ္ဆာန်တွေထက်တောင် ယုတ်ညံ့ကြတယ်။ အဲဒါက အမှိုက်လိုမျိုးပဲ”
“ဟုတ်တယ်၊ အထူးသဖြင့် စွမ်းရှို့ချိုက်၊ စိတ်ဝင်စားစရာဇာတ်လမ်းတွေ အများကြီးပဲ၊ ကောင်မလေး၊ နောင်တစ်ချိန်မှာ စွမ်းရှို့ချိုက်လိုမျိုး နဲ့တွေ့ရင် မင်းရှောင်သွားရမယ်နော်၊ တတ်နိုင်သမျှ ဝေးဝေးမှာနေရမယ်၊ဒါကို မှတ်ထား”
ကျုံးမင်းဝေ သည် ဤဇာတ်လမ်းနှစ်ပုဒ်၏ အဓိက အယူအဆကို လျင်မြန်စွာ ကောက်ချက်ချခဲ့သည်။
ကျုံးမင်းဝေ သည် သူ့လက်ထဲမှ ခေါင်းဖြီးကို ရုတ်တရက် လွှင့်ပစ်လိုက်ပြီး ခေါင်မိုးထုတ်တန်းကို ဒေါသတကြီးမော့ ကြည့်လိုက်သည်။
အားချိုး က ခေါင်းကို မော့ကာ ကျုံးမင်းဝေ ရဲ့ အင်္ကျီကို လှမ်းဆွဲပြီး
ကျုံးမင်းဝေသည် အားချိုး နှင့် လုံးဝ စကားမပြောချင်တော့ဘဲ သူ့နှာခေါင်းမှ နှာမှုတ်သံသာထွက်လာသည်။
တစ်နေ့တာလုံး စိတ်ရှည်ရှည်နဲ့ ပုံပြင်တွေပြောရင်း သူ့ ပါးစပ်တွေတောင် ခြောက်သွေ့သွားပေမယ့် အဆုံးမှာတော့ စကားလုံးတွေ ဖြုန်းတီးမိနေပြီး မျှော်လင့်ထားတဲ့ အကျိုးသက်ရောက်မှု လုံးဝမရရှိခဲ့ချေ။ကျုံးမင်းဝေတစ်ယောက် တကယ်ကို စိတ်ဆိုးသွားသည်။
တန့်ချင်းဖန် နန်းတော်ထဲဝင်သွားတဲ့အခါ ကျုံးဇီဟန် က နေ့လယ်စာစားနေတဲ့ အချိန် ဖြစ်နေသည်။ တန့်ချင်းဖန်ဝင်သွားမည့်ဆဲဆဲတွင် တော်ဝင်စာ ကြည့်ဆောင်အပြင်ဘက်မှာပဲ ကျောက်ရူဟိုင် တားတာကိုခံလိုက်ရသည်။ဒါကပထမဆုံးအကြိမ် ဖြစ်တာကြောင့် တန့်ချင်းဖန် နည်းနည်းတော့ စပ်စုချင်မိသွားသည်။
“သက်တော်ရှည်ဧကရာဇ်မင်း အခေါ်တော်ရှိထားတာ ဘယ်သူများလဲ”
တန့်ချင်းဖန် က ကျောက်ရူဟိုင်ကို မေးလိုက်သည်။ သူက ကျုံးဇီဟန်ရဲ့ ထိပ်တန်းလူယုံဖြစ်ပြီး သူ့အဆင့်အတန်းက အရမ်းထူးခြားတဲ့အတွက် တန့်ချင်းဖန်ဟာ တံခါးမှာ ပိတ်ဆို့ခံရတာမျိုး တစ်ခါမှ မကြုံတွေ့ဖူးပေ။
ကိုယ်လုပ်တော်တွေကသာလျှင် တော်ဝင်စာကြည့်ဆောင်ကို ဝင်ထွက်နိုင်ကာ ဂုဏ်အသရေ စည်းစိမ်ချမ်းသာများကို တွေ့မြင်ခွင့်ရသူများဖြစ်သည်။သို့သော် ကျင်းယီ အစောင့်တပ်မှူး ဖြစ်သူ တန့်ချင်းဖန်မှာတော့ ကိုယ်လုပ်တော်ဟွေ့ အကြောင်း တစ်ခါမျှ မကြားဖူးခဲ့ပေ။
“သက်တော်ရှည်ဧကရာဇ်မင်းက လွန်ခဲ့သည့်သုံးရက်ခန့်ကမှ အမိန့်တော်ထုတ်ခဲ့တာသောကြောင့် စစ်သူ ကြီးတိုင် ဒီအကြောင်းကိုသိရဖို့ နောက်ကျသွားတာပါ”
ကျောက်ရူဟိုင်က ဖြည်းညင်းစွာပြောလိုက်ပြီး တန့်ချင်းဖန်၏ ဆွံ့အနေသောအသွင်အပြင်ကိုမြင်လျှင် ခေတ္တရပ်ကာ ပြုံးလျက်၊
“ဟွေ့ချန်က ကံကောင်းပါတယ်၊ အရင်က ဧကရီမယ်တော်ကြီးကို ခစားခဲ့ရတာ၊အခုတော့ ဘုရင်မင်းမြတ်ကို အခစားဝင်နိုင်ပြီလေ သူ့လိုသာမန်အမျိုးသမီးက ဒီလို ကောင်းချီးတွေကို ခံစားရတဲ့သူမျိုး ဘယ်မှာထပ်ရှိနိုင်မှာလဲ”
တန့်ချင်းဖန် လန့်သွားပြီး ရုတ်တရက် သဘောပေါက်သွားကာ ကျောက်ရူဟိုင် အား အသံတိုးတိုးဖြင့် ပြောသည်။
“ သက်တော်ရှည်မင်းကြီးက နန်းတွင်းကိုယ်လုပ်တော်တစ်ဦးကို အမြဲတမ်းအတွက် တိုက်ရိုက်သတ်မှတ်လိုက်တာလား”
***