“ဟုတ်တယ်၊ ဟွေ့ချန် ဟာ မြင့်မြတ်တဲ့နှလုံးသားကို အပိုင်စားရထားပြီး၊ သူက ဧကရီမယ်တော်ြကီး ဘေးနားကလူတစ်ယောက်ဖြစ်လို့ ဧကရာဇ်က ဟွေ့ချန် ကိုတော့ အမြင် မမှားနိုင်ပါဘူး”
ကျောက်ရူဟိုင်က ပြောသည်။
တန့်ချင်းဖန် ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ သူ့စိတ်ထဲမှာ အရမ်းအံ့သြသွားသည်။
လွန်ခဲ့သောရက်အနည်းငယ်က ဂျင်ရိဝမ် သည် စီနင်းနန်းဆောင်ရှိ အစေခံတစ်ဦးအား စုံစမ်းရန် အမိန့်ရခဲ့သည်။
ပထမတော့ ဒီလိုအသေးအဖွဲကိစ္စတွေကို သူဂရုမစိုက်တာကြောင့် သူ့လက်အောက်ငယ်သားတွေကိုသာ ခိုင်းစေခဲ့ပေမယ့် ကျုံးဇီဟန်က ဂျင်ရိဝမ်ကို နန်းတော်တွင်း၌သာ စုံစမ်းစစ်ဆေးဖို့ ပထမဆုံးအကြိမ် အမိန့်ပေးခဲ့တာ ဖြစ်သည်။ သူ ထိုအကြောင်းကို စိတ်ဝင်စားခဲ့တာကြောင့် ပေါ့ပေါ့ပါးပါး မေးခဲ့ပေမယ့် သူ့လက်အောက်ငယ်သားတွေရဲ့ အစီရင်ခံစာက သူ့ကို တကယ်ကို အံ့သြစေခဲ့သည်။
ထိုအမျိုးသမီး၏အမည်မှာ ကျင်းဟွေ့ ဖြစ်ပြီး သူမ၏မိဘများသည် ရွှီမိသားစု၏ အစေခံများဖြစ်သည်။ ဤ ကျင်းဟွေ့ သည် ကျားရှန် ပထမနှစ်၏ သတ္တမလ ခုနစ်ရက်နေ့ နေ့လည်ခင်းအချိန်တွင်မွေးဖွားခဲ့သည်။
ကျန်းရှန့်မိဖုရားကို သင်္ဂြိုဟ်သည့်အချိန်၌ ဖြစ်သည်။ ကျင်းဟွေ့ သည် ကံမကောင်းသဖြင့် သူမမိဘများသည် ထိုနေရာ၌ပင် ကွပ်မျက်ရန် အမိန့်ပေးခံရကာ
ကလေးငယ်ကို မြစ်ထဲသို့ ပစ်ချစေခဲ့သည်။ ဧကရီမယ်တော်ြကီးသည် သူမကို သနား၍ အသက်ကို ကယ်တင်ခဲ့ပြီး နောက်ပိုင်းတွင် ဝူတိုင်းတောင်သို့ စေလွှတ်ခဲ့သည်။ ဤအမျိုးသမီးသည် ငယ်စဉ်ကလေးဘဝကတည်းက မဟာယာနဗုဒ္ဓဘာသာအရိပ်အောက်တွင် ကြီးပြင်းခဲ့ပြီး ဧကရီမယ်တော်ြကီးအား ဝတ်ပြုရာတွင် ကူညီခဲ့သည်။ယခုနှစ်တွင် ဧကရီမယ်တော်ြကီးသည် ဆိုးရွားသော စိတ်အခြေအနေရှိ၍ နန်းတော်မှ ထွက်ခွာရန် အဆင်မပြေခဲ့ပေ။ဤသည်ကပင် ကျုံးဇီဟန်၏ အာရုံကိုဖမ်းစားလိုက် ခြင်း ဖြစ်သည် ။
တန့်ချင်းဖန် အရမ်းအံ့သြသွားသည်။ ဒီကမ္ဘာမှာ ဒီလိုတိုက်ဆိုင်မှုတစ်ခုရှိနေလေသည်။ တကယ့်ကို ထိတ်လန့်စရာပါပင်။ သို့ပေမယ့် ကျုံးဇီဟန်က သူမကို ကိုယ်လုပ်တော်ဖြစ်လာစေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ဒီကံမကောင်းတဲ့သူ၊ ကျုံးဇီဟန်ရဲ့ ဧကရီကျန်းရှန်းအပေါ် ချစ်ခင်မြတ်နိုးစိတ်က ကျင်းဟွေ့ ဟု အမည်ရှိတဲ့ ဒီအမျိုးသမီးကို ကွပ်မျက်ဖို့ ရှောင်လွှဲနိုင်မည်မဟုတ်ချေ။
ဤအချိန်တွင် သူသည် ကျင်းဟွေ့ ကို သနားမိသွားသည်။ မီးအိမ်စိမ်းကိုကိုင်ဆောင်ကာ ရှေးဗုဒ္ဓဘုရားရှင်နှင့်သာ တစ်သက်လုံး တောင်ပေါ်တွင် နေခဲ့ရသည်။ဘယ်လိုပင် အထီးကျန်နေသည်ဆိုဆို သူမ ရှင်သန်နေနိုင်သေးသည်။ ဒီတောင်ပေါ်ကနေ ဘာကြောင့် စိတ်ရှုပ်ခံပြီး ဆင်းလာရတာလဲ။
တန့်ချင်းဖန် သည် သူ့စိတ်ထဲ၌ ဤအရာကို တွေးနေမိချိန်တွင် ကျောက်ရူဟိုင် အသံကို ကြာလိုက်ရသည်။
ထိုမှပင် တန့်ချင်းဖန် သည် အသိစိတ်ပြန်ဝင်လာပြီး ရုတ်တရက် ခေါင်းကိုလှည့်ကြည့်လိုက်ရာ တော်ဝင်စာြကည့်ေဆာင်မှ သွယ်လျသောအမျိုးသမီးတစ်ဦး ထွက်လာသည်ကိုတွေ့လိုက်ရသည်။တန့်ချင်းဖန် သည် နန်းတော်ဖဲသားပြောင်၊နှင်းပိုးဝတ်ရုံဖြင့် ထိုအမျိုးသမီးကိုကြည့်ကာ လျှို့ဝှက်စွာ အံ့သြသွားသည်။ အနှီအမျိုးသမီးကဲ့သို့ ဖြူစင်သန့်ရှင်းသော အမျိုးသမီးသည် ရှားရှားပါးပါးဖြစ်ပြီး ဟွေ့ချန်၏မျက်နှာကို မလွှဲမရှောင်သာကြည့်မိစေကာ ချက်ချင်းပင် မိုက်မဲရာကျသွားသည်။ ဒီလူရဲ့အသွင်အပြင်က...
ဟွေ့ချန် သည် တော်ဝင်စာကြည့်ဆောင်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့ပြီး သူမ၏ ပါးလွှာသော နှုတ်ခမ်းများသည် ဘာအမူအရာမှ မရှိဘဲ တင်းတင်းစေ့ထားသည်။
“စစ်သူကြီတန့်၊ ဧကရာဇ်အရှင်က သင့်ကို အထဲမှာ စောင့်နေပါတယ်။ “
“ဒီလက်အောက်ငယ်သားမှ ဧကရာဇ်အရှင်အား နှုတ်ဆက်ဂါဝရပြုပါတယ်။”
တန့်ချင်းဖန်က အမြန်ဝင်ပြီး ကျုံးဇီဟန် ကို ဦးညွှတ်လိုက်သည်။
ကျုံးဇီဟန်သည် လက်ဖက်ရည်ပန်းကန်ကို ပျင်းရိစွာ ကိုင်ထားရင်း တန့်ချင်းဖန်ကို ကြည့်ပြီး သူ့လက်ကို မြှောက်ကာ
တန့်ချင်းဖန်က ထပြီး ကျုံးဇီဟန်ကို လျောက်တင်လိုက်သည်။
“ကျွန်တော်မျိုး လျှောက်တင်စရာရှိပါတယ်၊ အရှင်မင်းကြီး၊ မနေ့ညက ဧကရီမယ်တော်ြကီး က ဘေကျင်းကနေ လူတစ်ယောက်ကို စေလွှတ်လိုက်ပါတယ်၊အဲ့ဒီလူက နင်းဂုတကို သွားနေပုံရပါတယ်။”
“ဧကရာဇ်အရှင်၊ အဲ့ဒီလူက ညအချိန်မှာ ဆေးဝါးပစ္စည်း၂သေတ္တာ၊ ငွေတုံးငါးရာနှင့် ချည်ထည်များစွာပါတဲ့ လှည်းကြီးတစ်စီးကို ဘေကျင်းကနေ မောင်းနှင်လာခဲ့တာပါ။သူက နင်းဂုတ ဆီ သွားနေတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ “
“နန်းတော်ဆေးဝါးဆောင်က အအေးမိပျောက်လိမ်းဆေး တစ်သေတ္တာလည်း ပါပါတယ်။”
“အဲဒီလူက လှည်းလမ်းပေါ်မှာ မောင်းနေတာ၊ သူက ဖြည်းဖြည်းချင်း သွားရမှာပဲ၊ ဒါကြောင့် တစ်ရက်အတွင်း အမီလိုက်နိုင်ပါတယ်”
ကျုံးဇီဟန် က ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်ရင်း
“နင်းဂုတမှာ ဒီအချိန်ဆို အရမ်းအေးနေလိမ့်မယ်၊ ကိုယ်တော်သာ နင်းဂုတ ကို တစ်ခုခုမပို့ရင်၊ မယ်တော်ကြီးက နေ့ရောညပါ စိတ်ပူနေလိမ့်မယ်”
“မလိုပါဘူး၊ လှည်းထဲမှာ ပါတဲ့ပစ္စည်းတွေအကြောင်း ပြောလို့ပြီးနေပြီပဲ။ဘာလုပ်ဖို့ နောက်ယောင်ခံလိုက်မှာလဲ။”
“ နင်ဂုတဆီ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်တာ ဧကရီမယ်တော်ြကီးကိုယ်တိုင်လား။”
***