ရှောင်အန်း ဆယ့်ခြောက်နှစ်အရွယ်တွင် အန်းရှန်းရှု နှင့် အန်းကတော် တို့နှင့်အတူ နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ရန် နန်းတော်သို့ လိုက်ပါသွားခဲ့သည်။ ထိုစဉ်က အရှေ့နန်းဆောင်ရှိ နှစ်ဆယ့်ခုနစ်နှစ်ရှိသော အိမ်ရှေ့မင်းသား ကျုံးမင်းဝေ နှင့် ချစ်မိသွား-ခဲ့သည်။ သို့သော် သူချစ်ရတဲ့ သမီးလေးကို တခြားသူရဲ့ ကိုယ်လုပ်တော်အဖြစ် အလျင်စလို ခွင့်ပြုနိုင်ပါ့မည်လား။
အထူးသဖြင့်၊ ထိုအချိန်တွင် သူ၏အကြီးဆုံးသမီး တအန်း သည် ကိုယ်လုပ်တော်ကျောက်မှ မွေးဖွားသော တတိယမင်းသားကျုံးမင်းကျန်း နှင့်လက်ထပ်ခဲ့ပြီးဖြစ်သောကြောင့် အရှေ့နန်းဆောင်မှလူ ကိုလက်ထပ်ရန် အကြောင်းမရှိပေ။
သို့သော် ရှောင်အန်း၏ သုံးရက်ကြာ အစာငတ်ခံဆန္ဒပြမှုပြီးနောက် အန်းဇီရှန်းသည် ဓားသွားကို ကိုက်ခဲ၍ ဤမ ပြုမူတတ်သောသမီးငယ်လေးကို ဧကရာဇ်ထံမှ လက်ထပ်ခွင့်တောင်းရန် နန်းတော်သို့ သွားခဲ့သည်။ ထို့ကြောင့် အရှေ့နန်းဆောင်သည် ၀န်ကြီးဌာနအမတ်မင်းနှင့် လက်ထပ်ခဲ့သော်လည်း ကျုံးမင်းဝေ နှင့် အန်းဇီရှန်း အကြား ဆက်ဆံရေးမှာ ကွဲပြားခဲ့သည်။ ရှောင်အန်းသည် စည်းမျဥ်းစည်းကမ်းများမသိနားမလည်သဖြင့် လက်ထပ်ပြီးမကြာမီ ရင်းနှီးမှုမရခင်မှာပင် ကျုံးမင်းဝေက စိတ်ဆိုးသွားသောကြောင့် ရှောင်အန်း ၏အခန်းထဲကို နောက်တစ်ကြိမ် ခြေမချတော့ပေ။
ရှောင်အန်း ၏ဘဝသည် မလွယ်ကူသလို တအန်း ၏ဘဝသည် ပို၍ပင် ဖရိုဖရဲဖြစ်နေသည်။ တတိယမင်းသားသည် အကြောင်းစုံကိုမသိဘဲ တအန်းသည် သူ၏အိမ်ထောင်ရေးတစ်ခုတည်း ဖြင့်မလုံမလောက်ဘဲ အရှေ့နန်းဆောင်ပေါ်သို့တက်ချင်သေးသည် ဟူသောမခံချင်စိတ် ဖြင့် တအန်း၏ဘဝကိုပင် ဆုတ်ယုတ်စေလေသည်။ သူတို့ အတူဆက်မရှိနိုင်တော့ဘဲ ငယ်ရွယ်တဲ့ စုံတွဲဟာ တစ်နေ့လုံး ရန်ဖြစ်နေကြပြီး တတိယမင်းသားက တအန်းရဲ့အခန်းထဲကိုတောင် မ၀င်တော့ပေ။ထို့ကြောင့် တအန်း ရဲ့ မိသားစုဟာ နှစ်ပေါင်းများစွာ စည်းလုံးခဲ့ ကြသည့်နည်းတူ သူမ မိသားစုကို တအန်းက တိုင်ကြားခဲ့သည်။ အန်းဇီရှန် က ဒီသမီးနှစ်ယောက်ကြောင့် သူ့ဆံပင်တွေ ဖြူလာမှာကို အလွန်စိုးရိမ်ခဲ့ရသည်။
ဒါပေမယ့် ရှောင်အန်း အရှေ့နန်းဆောင်မှာ ပထမဆုံးလက်ထပ်တုန်းက ကျုံးမင်းဝေ ရဲ့ မျက်နှာသာပေးမှုကို ခံခဲ့ရသည်။ သူမသည် သွက်လက်၊ လှပပြီး ကဗျာရေးတတ်သူဖြစ်သည်။ ဒီလိုမိန်းမမျိုးကို ဘယ်လိုမှ မနှစ်သက်ဘဲ မနေနိုင်ချေ။ မျက်နှာသာပေးခံရဖို့က မလွဲမသွေပါပင်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမဟာ သူမရဲ့ မိဘတွေရဲ့ အလိုလိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရတဲ့ မျိုးရိုးမြင့် မိန်းကလေးတစ်ယောက်သာဖြစ်နေသည်။ ကျုံးမင်းဝေ ၏ ချစ်ခြင်းမေတ္တာကို အားကိုးပြီး သူမသည် စည်းကမ်းများကို မလွဲမသွေ ချိုးဖျက်မိသွားမည်ဖြစ်သည်။
အန်းဟယ်လင်သည် စာကြည့်ခန်းထဲသို့ တစ်ကြိမ်ဝင်ရောက်ပြီးနောက် ကျုံးမင်းဝေက သူမအခန်းထဲကို ဘယ်တော့မှ ထပ်မဝင်တော့ပေ။ အန်းဟယ်လင်သည် ခဏတာ ငိုယိုပြီး ပြဿနာရှာနေခဲ့သော်လည်း အိမ်ရှေ့ မင်းသမီးတင်း သည် အနောက်ဆောင်တွင် အုပ်ထိန်းသူဖြစ်သောကြောင့် သဘာဝအတိုင်း သူမ ပြဿနာရှာနေတာကို သည်းမခံနိုင်တော့ပေ။ မင်းသမီးတင်းက သူ့ကို ဝေးလံခေါင်သီတဲ့နေရာမှ ခြံဝင်းတစ်ခုဆီသို့ ရွှေ့ခိုင်းပြီးနောက် နောက်ဆုံးမှာတော့ သူမဟာ ရိုးသားလာခဲ့သည်။
ဤအဖြစ်အပျက်ပြီးနောက်၊ အန်းဇီရှန်း သည် ကျုံးမင်းဝေ အပေါ် မကျေမနပ် ဖြစ်ကာ အညှိုးထားခဲ့သည်။ နှစ်အစတွင် အရှေ့နန်းဆောင်တွင် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အိမ်ရှေ့မင်းသား ရာထူးမှ လျော့ချခံရပြီးနောက် ကံကောင်းထောက်မစွာ ဧကရာဇ်မင်းသည် အရှေ့နန်းဆောင်ရှိ အနောက်ဆောင်မှ အမျိုးသမီးအားလုံးကို သက်ညှာပေးခဲ့သည်။ အန်းကတော်က အညိုးအတေးကို ရုတ်သိမ်းခဲ့ပေမယ့် အမတ်မင်းအန်းကတော့ ကျုံးမင်းဝေ ကို ဘယ်တော့မှ မမေ့ချေ။ အန်းဇီရှန်း သည် ဤတစ်ကြိမ်တွင် သူ၏နှလုံးသားကို မပျော့ပျောင်းခဲ့ပေ။
ရှောင်အန်းသည် တစ်နှစ်ခွဲကျော် သော့ပိတ်ခံထားရပြီး ယခုနှစ် ဇူလိုင် ၇ ရက်အထိ သူမ အိမ်မှ ထွက်ခွာခွင့်မရှိတော့ပေ။ သူမသည် ဧကရီကျန်းရှန့်၏ ပူဇော်ပွဲ၌ ပါဝင်ရန် အန်းကတော်နှင့်အတူ နန်းတော်ထဲသို့ လိုက်သွားခဲ့သည်။ အန်းကတော်၏ စေတနာကို အခွင့်ကောင်းယူပြီး သူမသည် တရားဆောင်သို့ ပြေးသွားကာ ဧကရီမယ်တော်ြကီးအား ငိုယိုတောင်းပန်၍ နင်းဂုတသို့ ပို့ပေးရန်တောင်းပန်ခဲ့သည်။သူမက ကျုံးမင်းဝေသည် လေဖြတ်သည်ဖြစ်စေ မသန်မစွမ်းဖြစ်နေပါစေ၊ သူမသည် နင်းဂုတကို တစ်သက်လုံး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးမည်ဟု ဧကရီမယ်တော်ကြီးကို တောင်းပန်ခဲ့သည်။
ဧကရီမယ်တော်ကြီး သည် ကျုံးမင်းဝေ အတွက် အမြဲတမ်း စိတ်ပူနေပြီး ရှောင်အန်းမှ ထိုသို့ ငိုယိုပြီး တောင်းပန်နေသောအခါ သူမ ဘယ်လိုမှ မသနားဘဲ မနေနိုင်တော့ပါ။သူမမှာ ယခင်က ဤရှောင်အန်းလေးသည် မတည်မငြိမ်ဖြစ်နေသည်ဟု တွေးခဲ့ဖူးသော်လည်း ယခုအချိန်တွင် သူမသည် ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းတရားကို တန်ဖိုးထားသော မိန်းမကောင်းတစ်ဦးဖြစ်ကြောင်းကိုလည်း ခံစားခဲ့ရသည်။
ဤအချိန်တွင် ဧကရီမယ်တော်ကြီးသည် အန်းဟယ်လင်အကြောင်း ရုတ်တရက်ပြောခဲ့ပြီး ပိချောင်လည်း ခေါင်းတညိမ့်ညိမ့် ဖြင့်
“ဟုတ်တယ်၊ ရှောင်အန်းက တကယ်ကောင်းတယ်။ ပထမမင်းသားက အာဏာဆုံးရှုံးပြီးနောက် အနောက်ဆောင်မှာ သူ့မိန်းမနဲ့ မောင်းမမိဿံတွေနဲ့ ပေါင်းသင်းရမှာကို ကြောက်တဲ့အတွက် အလျင်စလို လိုက်လာခဲ့တယ်။ အကြီးဆုံးမင်းသားကသာ ဆက်ဆံရေးကို လျစ်လျှူရှုထားသူဖြစ် ပြီး သူမက အကြီးဆုံးမင်းသားအတွက် ရိုးသားသူဖြစ်တယ်။ သူမရဲ့ ရိုးသားမှုကိုလည်း မျက်မြင်တွေ့နိုင်တယ်”
ဧကရီမယ်တော်ကြီးသည် ပြတင်းပေါက်အပြင်ဘက်ရှိ အသီးများလှိုင်နေသော သလဲသီးပင်ကို စိုက်ကြည့်ရင်း သက်ပြင်းချမိသည်။
“အဲ့ဒီ ရှောင်အန်းရဲ့မိသားစုက ပထမမင်းသားကို အစေခံဖို့ နင်းဂုတဆီ ဆန္ဒရှိစွာ လိုက်ပါလိုတာအမှန်ဆိုရင် သူမကို ဘာကြောင့် မကူညီခဲ့တာလဲ”
ပိချောင် က အလျင်စလိုပြောသည်။
“ ပထမမင်းသားက သူ့အတွက်အစေခံဖို့ သင့်တော်တဲ့သူရှိပါတယ်၊ ဧကရီမယ်တော်ကြီး အရှင်ပိုပြီး စိတ်အေးသက်သာနေပါ”
“ဘယ်မှာ ဒီလောက်လွယ်မှာလဲ။ ရာနဲ့ချီတဲ့ ငွေတုံးတွေနဲ့ ချည်ထည်အနည်းငယ် ပို့ရတာဟာ ခက်ခဲကောင်းခက်ခဲလိမ့်မယ်၊ ဒါပေမယ့် အသက်ရှင်နေတဲ့သူကို အထီးကျန်ဆန်ခွင့်မပေးသင့်ဘူး”
ဧကရီမယ်တော်ကြီးသည် ခေါင်းယမ်းကာ လက်ဖက်ရည်သောက်ရင်း ဖြည်းညှင်းစွာပြောသည်။
“ ခဏစောင့် ကြည့်ရအောင်ပါ”
“ဟုတ်ကဲ့”
.
သြဂုတ်လ ၂၈ရက်၊ ၃၂ ကြိမ်မြောက် ကျားရှန်နှစ်
နင်းဂုတ။
အားချိုး၏ ခန္ဓာကိုယ်သည် လွန်ခဲ့သော နှစ်ရက်က ရာသီစက်ဝန်းကပြီးဆုံးခဲ့ပြီး နာကျင်မှုကို မခံစားရတော့ချေ။ ယခုအချိန်တွင် သူမသည် ထိုင်ခုံ ပေါ်တွင် ထိုင်ကာ တေးသွားအချို့ကို ညည်းဆိုရင်း ပန်းထိုးခြင်းအလုပ်ကို လုပ်နေသည်။
***