“အပေါ်ကိုလာခဲ့”
ကျုံးမင်းဝေ က သူ့ခြေထောက်တွေကို အနှိပ်ခံပြီးနောက် ပေါင်ကို ပုတ်ပြီး အားချိုး ကိုပြောလိုက်သည်။
“မင်း ဗိုက်ကို ပွတ်ပေးမယ်။”
“မလာဘူး၊ ပန်းထိုးရဦးမှာ။ အရင် ရက်အနည်းငယ်က ကျွန်မ မလုပ်ခဲ့ရဘူး။ တော်တော်တောင်ကြာနေပြီ... “
အားချိုး တိုးတိုးလေး ညည်းညူလိုက်ပေမယ့် သူမက ကျုံးမင်းဝေ ရှေ့ကို တွားသွားရင်း ကျုံးမင်းဝေ ရဲ့ ခြေထောက်တွေကို မ မနိုင်တော့သလိုမျိုး သူ့ခြေထောက်ကြားထဲ ထိုင်ချလိုက်ပြီး ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးက အရုပ်လေးလို တွယ်ကပ်ကာ ကျုံးမင်းဝေကို မှီလိုက်သည်။ ထို့နောက် ကျုံးမင်းဝေ ရဲ့လက်ကို သူမ ဗိုက်ပေါ်တင်ရင်း တိုးတိုးလေး ပြောသည်။
“အဲ့လိုဆိုမှတော့ ခဏလောက်လည်းရပါတယ်၊အချိန်ခဏလောက်ယူတာက ကျွန်မရဲ့ပန်းထိုးလုပ်ငန်းကို နှောင့်နှေးစေမှာ မဟုတ်ပါဘူး”
“အဆင်ပြေပါတယ်၊ ခဏလောက် ပွတ်ပေးရုံပါပဲ”
ကျုံးမင်းဝေ ခပ်ဖွဖွ ပြုံးလိုက်ပြီး အားချိုး၏ ဗိုက်သားချပ်ချပ်လေးကို သူ့ လက်ဝါး ကြီးနှင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။
ဒီမိန်းကလေးက အရမ်းပိန်လွန်းသည်။ အားချိုး၏ ဦးခေါင်းနောက်ဖက်ရှိ အရိုးက ကျုံးမင်းဝေ ရဲ့ရင်ဘတ်ကို ထောက်ကန်မိနေ ပြီး ကျုံးမင်းဝေ ကို နာကျင်စေသည်။ နည်းနည်းပိုထွားလာဖို့လား။
ဒါက သူ တရုတ်ဆီးသီးလက်ဖက်ရည်တစ်ပန်းကန်နဲ့ ပဲနီယာဂု ပန်းကန်တစ်ဝက်လောက်ကို သိမ်းထားပေးရုံနဲ့ မရနိုင်ပေ။
ကျုံးမင်းဝေသည် အလွန်ဝမ်းနည်းနေပြီး စောင်ကို မှီကာ ထုပ်တန်းများကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိသည်။
‘ဒီခြေထောက်နှစ်ချောင်းက ဘယ်အချိန်မှ ပြန်ကောင်းမှာလဲ’
“တာလျန် မြို့ရဲ့ သန်းခေါင်ယံမှာ တွေ့ဖို့ ချိန်းလာတယ်။ငါက ရှက်လို့ ခေါင်းငုံ့ပြီး ဘာမှ မပြောခဲ့ဘူး။ နာရီ တစ်ချက်တီးသံ ကြားတော့ မိန်းကလေးရဲ့ မျက်ရည်တွေ တာကျိုးလာတယ်။ ဝမ်းနည်းစရာအကောင်းဆုံးကတော့ ဒုတိယအဖေနဲ့အမေက ငါ့ရဲ့ကျွန်လေးကို နှောင့်နှေးစေခဲ့တဲ့ ဘိန်းဆေးလိပ်ကို သောက်ရတာ ကြိုက်ကြတယ်။ လက်ထက် ခြင်းတဲ့လား။ ငယ်ရွယ် ခြင်းတွေ ကျော်လွန်သွားရင် ငယ်ရွယ်တဲ့လူကို ဘယ်မှာရှာတွေ့နိုင်မှာလဲ။နာရီ နှစ်ချက်တီးချိန်မှာ ရှောင်လျို့က နံရံပေါ်တက်နေတယ်။အိမ်တော်တစ်ခုလုံးဆူညံသွားပြီး အချစ်စိတ်မွှန်နေတဲ့ သမီးဖြစ်သူက တံခါးနှစ်ချပ်ကို အလျင်စလိုဖွင့်လိုက်ပြီး သူ့ရဲ့ ချစ်လှစွာသော သူငယ်ချင်းလေးကို လှမ်းဆွဲလိုက်တယ်...”
အားချိုးသည် ခေါင်းငုံ့ကာ ပန်းထိုးခြင်းကိုဆက်လုပ်နေချိန်တွင် တေးသီချင်းကို ညည်းဆိုနေပြန်သည်။
ကျုံးမင်းဝေ အသိ ပြန်ဝင်လာပြီး သီချင်းရဲ့ ဆွဲဆောင်မှုနောက် ထပ်မံမျောပါသွားပေမယ့် အားချိုးရဲ့ အသံကပြန်ပြီး တိတ်ဆိတ်သွားတာကို ကြားလိုက်ရတော့ ကျုံးမင်းဝေ အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည် ။
အားချိုး ရုတ်တရက် သူမမျက်နှာကို လှည့်လိုက်ပြီး ကျုံးမင်းဝေကို ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။
ကျုံးမင်းဝေက သူမရဲ့ အံ့သြပြီး ရှက်နေတဲ့ မျက်နှာကို ကြည့်ပြီး နှာခေါင်းကို မနေနိုင်စွာ ညှစ်လိုက်လေသည်။
“ရှင်သာ ခိုးနားထောင်နေမှန်းသိရင် ကျွန်မက ရှက်စရာကောင်းတဲ့သီချင်းကို မဆိုဘူးလေ”
အားချိုး ရေရွတ်ရင်း ကျုံးမင်းဝေ နှင့် စကားမပြောချင်တော့ဟန် ခေါင်းငုံ့ကာ ဆက်၍ ပန်းထိုးနေသော်လည်း သူမလက်များသည် ရုတ်တရက် နောက်ပြန်ဆုတ်သွားကာ ထိုယောက်ျား၏ လက်ထဲတွင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခံလိုက်ရသည်။
“ရှင် ဘာလို့ဒီလိုဖြစ်နေတာလဲ၊ သူများက ရှင့်နဲ့ စကားမပြောချင်ဘူးဆိုတာ သိသာနေတာကို”
အားချိုး ထိတ်လန့်သွားကာ မျက်ဝန်းထောင့်မှ မြင်နေရသော ကျုံးမင်းဝေကို တိတ်တဆိတ် စူးစိုက်ကြည့်ရင်း ကန့်ကွက်စကားဆိုခဲ့သည်။ ထိုယောက်ျား၏ တောက်ပသောမျက်လုံးများနှင့် ဆုံသည်နှင့် တပြိုင်နက် သူမမျက်နှာကို အလျင်စလို တဖက်သို့လှည့်ကာ တိုးတိုးလေးပြောလာသည်။
“ကောင်မလေးက သီချင်းဆိုကောင်းတယ်လေ၊ကိုယ်ကလည်း နားထောင်ရတာ ကြိုက်တာပေါ့”
ကျုံးမင်းဝေက အားချိုးရဲ့ ပုခုံးပေါ် သို့ သူ့မေးစေ့ကို တင်ရင်း ပြောလိုက်သည်။ သူတို့၏ မျက်နှာများသည် အလွန်နီးကပ်နေသဖြင့် သူသည် အားချိုး၏ မျက်နှာလေး အနည်းငယ် လှုပ်ရှားသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူစကားထပ်ပြောတဲ့အခါ ပုခုံးသားတို့တုန်ခါသွားပြီး ကျုံးမင်းဝေရဲ့ အသံက မညီမညာထွက်လာသည်။
“ ကောင်မလေး၊ မင်း ကိုယ့်အတွက် ထပ်ဆိုပေးနိုင်မလား”
“နားထောင်ရတာ အရမ်းကြိုက်တာလား”
အားချိုး က သူမကိုယ်သူမ မတုန်လှုပ်အောင်ထိန်းရင်း တိုးတိုးလေးဆိုလာသည်။ ကျုံးမင်းဝေက သူမနှင့် ဤမျှလောက် မနီးကပ်ဖူးပေ။ သူစကားပြောတဲ့အခါ သူ့နှုတ်ခမ်းတွေက သူမနားကို တို့ထိသွားသည်။ အားချိုး၏ နားများက လောင်ကျွမ်းသွားတော့မလိုပင်။
“နားထောင်ရတာ ကြိုက်တယ်၊တကယ်ကို သေလောက်အောင် သဘောကျတယ်”
ကျုံးမင်းဝေက အားချိုး၏ အမူအကျင့်ကို တုပကာ အားချိုး၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ရင်း ကလေးတစ်ယောက်လို ပြုမူနေသည်။
အားချိုး ဒါကို သည်းမခံနိုင်တော့ဘဲ ခေါင်းကို ငုံ့ထားလိုက်သည်။သူမခေါင်းကို ထပ်မနှိမ့်နိုင်တော့သည်အထိ ငုံ့ထားသောကြောင့် စကား ပြန်ပြောသောအခါတွင် သူမအသံက တိုးညှင်းနေသည်။
“ရှင်ကြိုက်ရင် နေ့တိုင်း သီချင်းဆို ပြမယ် ၊ ဒါပေမယ့် ကျွန်မက ဘာအကျိုးအမြတ်မှ မရှိရင် မဆိုဘူးနော်....”
***