“ကောင်မလေးက ကိုယ့်အတွက် နေ့တိုင်း သီချင်းဆို ပြနေတော့ ကိုယ်က သူ့ ဗိုက်ကို နေ့တိုင်းပွတ်ပေးရမှာပေါ့”
ကျုံးမင်းဝေက အားချိုးရဲ့ စကားကို ဖြတ်ပြီး သူ့လက်ဝါးနဲ့ နောက်တစ်ကြိမ် ညင်သာစွာ ပွတ်သပ်ပေးနေသည်။
“ကောင်မလေး စိတ်ကျေနပ်တဲ့အထိ ကိုယ် မရပ်ဘူး”
“ရှင်က အရမ်းတော်တာပဲ”
အားချိုး မရယ်နိုင်တော့ဘဲ အပ်နဲ့ချည်ကို ကောက်ပြီး ပန်းတွေကို ဆက်ပြီး အလှဆင်ရင်း
“ညဉ့်နက်သန်းခေါင်မှာ ကောင်းကင်က ကြယ်တွေနဲ့ပြည့်နေပြီး လမင်း ကြီးဟာ ကောင်းကင်အလယ်မှာ တောက်ပစွာ လင်းလက်နေတယ်။ ဟုတ်ပြီ၊ စိတ်အားထက်သန်တဲ့ စုံတွဲတစ်တွဲက အတူထိုင်ရင်း တီတီတာတာပြောနေကြတယ်။ မန်ဒရင်းဘဲလေးတွေက ရေထဲမှာ ဆော့နေတယ်။အနေနီးစပ်နေ ကြတဲ့သူတွေကို လက်ဆွဲပြီး ငါ့ နှလုံးသားထဲမှာ ရှိနေတဲ့ အရာတွေအကြောင်း ပြောပါရစေ။ ငိုနေတာကိုတော့ မရပ်တန့်နိုင်...”
“မင်းဘာလို့ သီချင်းမဆိုတာလဲ”
ကျုံးမင်းဝေ ကြားရလောက်အောင် မကျယ်ပေမဲ့ အားချိုးက ရပ်တန့်လိုက်သည်။
“ကျွန်မသာ အများကြီးလုပ်ရင် ကျန်တဲ့သူတွေလည်း သီချင်းဆိုနိုင်တော့မှာ မဟုတ်ဘူး”
အားချိုးက အမှန်အတိုင်းပြောနေ ခြင်း ဖြစ်သည်။ ဒီသီချင်းကို သီဆိုသူက နန်းတွင်းမှ မိန်းမစိုးတစ်ယောက် ဖြစ်သည်။။ ထိုမိန်းမစိုး၏ သီဆိုသံကို အကြိမ်များစွာ နားထောင်ပြီးမှ သဘာဝကျကျ သီဆိုနိုင် ခြင်း ဖြစ်သည်။ သီချင်းကိုဆိုနိုင်ပေမယ့် နောက်ကွယ်မှ နောက်ခံအသံများကိုတော့ အားချိုး မသိချေ။
ကျုံးမင်းဝေ က သူ့စိတ်ပျက်မှုကို မဖုံးကွယ်နိုင်ဘဲ ခေါင်းညိတ်လိုက်သည်။ ခေတ္တ ကြာပြီးနောက် ကျုံးမင်းဝေက
အားချိုး သည် သူ၏ပန်းထိုးနေသောလက်များကို ခေတ္တရပ်လိုက်ပြီး သက်ပြင်းကို တိုးတိုးလေးချရင်း ဆက်၍ ပန်းထိုးသည်။
“တလျန် နဲ့ သူမရဲ့ အစ်ကိုခြောက် ဘာဖြစ်သွားလဲ ကျွန်မ မသိဘူး”
ကျုံးမင်းဝေက တိုးတိုးလေးပြောပြီး သူ့လက်မောင်းများထဲမှလူကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း စောင်းမှီ၍ တိုးတိုးလေးပြောလာသည်။
အားချိုး၏ လက်သည် ရုတ်တရက် တုန်ခါသွားပြီး သူမလက်ချောင်းများ နာကျင်သွားကာ အနီရောင်တောက်တောက် သွေးပုတီးစေ့များ ထွက်လာသည်။ ဈေးကြီးတဲ့ပိုးထည်ကို သွေးတွေစွန်းထင်းသွားမှာ ကြောက်တာကြောင့် လက်ထဲမှ ချည်ထည်ကို အလျင်စလို လွှင့်ပစ်လိုက်သည်။ အဲဒါကို စစ်ကြည့်လိုက်ချိန်တွင် လက်ချောင်းထိပ်မှ အပူငွေ့ကို ခံစားလိုက်ရပြီး ကျုံးမင်းဝေ၏ ပါးစပ်ထဲကို စုပ်ယူ ခြင်း ခံလိုက်ရသည်။
အားချိုး ကျုံးမင်းဝေကို ကြည့်လိုက်မိ ပြီး သူမ လက်ညိုးက ထိုသူ၏နှုတ်ခမ်းနဲ့ လျှာတွေ ကြားတွင် နေရာယူထားသည်ကို မြင်သောအခါ အားချိုး သူမခန္ဓာကိုယ်မှ သွေးများအားလုံး ထို ပါးလျသောနေရာတွင် စုပုံသွားသည်ကို ခံစားလိုက်ရသည်။ ထို ယောက်ျား၏ နူးညံ့သော မျက်လုံးများကြောင့် သူမအံ့သြသွားကာ ခဏတာမျှ အမြင်အာရုံတို့ပျောက်ဆုံးသွားရသည်။
အားချိုး မည်သည့်စကားမျှ ဆက်မပြောနိုင်တော့ဘဲ ရင်မဆိုင်ရဲစွာ သူမမျက်နှာကို အဝေးသို့လှည့်လိုက်ချင်နေသည်။သို့သော် ပါးလျသောအရေ ပြားနှင့် နူးညံ့သည့် မျက်နှာရှိသော မိန်းကလေးက ဒီအချိန်မှာ သူ့ရှေ့က ယောက်ျားကို တည့်တည့်စိုက်ကြည့်ရင်း အရှက်သည်း ပြီးရင်းသည်း နေတော့သည်။
အချိန်အတော်ကြာပြီးနောက် ကျုံးမင်းဝေ သည် လက်ညှိုးကို ထုတ်၍ ပဝါကိုယူ ပြီး ညင်သာစွာ သုတ်လိုက်ကာ ဂရုတစိုက်စစ်ဆေးရန် အာရုံစိုက်လိုက်သည်။ အပ်အဖျားသည် မမြင်နိုင်ရလောက်အောင် သေးငယ်လွန်းသောကြောင့် ဒဏ်ရာက လက်ချောင်းပေါ်တွင် မ မြင်ရတော့ပေ။သူက မျက်မှောင်ကြုတ်ပြီး
အားချိုးက စကားမပြောဘဲ သူမလက်ချောင်းကို ပေါ့ပေါ့ပါးပါး သုတ်ပေးနေတာကိုပဲ ကြည့်နေလိုက်သည်။ နောက်ဆုံးတော့ လက်ညှိုးကို သန့်စင်စွာ သုတ်ပြီးသွားသည်။ကျုံးမင်းဝေက အားချိုး သူမ ဒဏ်ရာကို စည်းနှောင်ချင်သလားဟုမေးဖို့ ခေါင်းကို မော့လိုက်ပေမယ့် အားချိုးက အဖြေပေး ပြီးသား ဖြစ်နေလေသည်။အံ့အားသင့်သွားပြီး သူ့စကားများကို ပြန်ရုတ်သိမ်းကာ အားချိုး၏ ခါးကို ဖက်ထားလိုက်သည်။
အားချိုးသည် သူ့လည်ပင်းကို ဖက်ပြီး မငိုရန် ကြိုးစားသော်လည်း သူမ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားမိ ခြင်း ဖြင့်သာ အဆုံးသတ်သွားသည်။သူမ ဘာပြောရမှန်းမသိဘဲ ထပ်ခါတလဲလဲ ရေရွတ်နေရုံမှတပါး ဘာမှ မပြောနိုင်။ ဒီလူရဲ့နာမည်က ကျုံးမင်းဝေ၊ ကျုံးမင်းဝေ...
ဒါပေမယ့် ကျုံးမင်းဝေ က အားချိုး ရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း သိနေတာကြောင့် အားချိုးကို ဖက်ပြီး သူမနားထဲသို့ စကားတစ်ခွန်းကို တီးတိုးပြောလိုက်သည်။
အားချိုး သည် ရုတ်တရက် မျက်ရည်များကျလာကာ မျက်ရည်လုံးကြီးများက ပုလဲလုံးများကွဲထွက်လာသကဲ့သို့ ပုံပေါ်နေသည်။ သူမသည် ကြီးစွာသော နာကျည်းမှုကို ခံစားခဲ့ရသကဲ့သို့ ပြုံးကာ ငိုကြွေးခဲ့သည်”
“ရှင်တို့ စာသင်သားပညာရှင်တွေက အလွန်ထက်မြက်လှပါတယ်။ မယုံနိုင်စရာပဲ။ ကျန်းရှန် ၊ ချန်ရှီမိန် ၊ ဘယ်သူကမှ စကားမတည်ဘူး။ သူတို့အားလုံးက လူလိမ်တွေချည်းပဲ။ လူလိမ်တွေ။ ရှင်တို့က ရွံရှာစရာကောင်းတဲ့ ပညာတတ်တွေပဲ”
***