ကျုံးမင်းဝေ သူ့အူတွေစိမ်းသွားသလို အရမ်းနောင်တရသွားသည်။
အားချိုးအပေါ် သူဘယ်လို အတွေးတွေ ရှိနေတယ်ဆိုတာ ပြောပြခဲ့သည်။ တောင်ခြေက မနာလိုနေတဲ့ ပညာရှင်အရှုပ်ထုတ်ကို သတိထားနေပေမယ့် မတော်တဆ သူ့ကိုယ်သူပါ ဆွဲထည့်လိုက်မိသွားသည်ပင်။
“အဲ့တာဆို ဘယ်လိုမှယုံမှာလဲ။”
ကျုံးမင်းဝေသည် သူ့နှလုံးသားထဲမှ အလွန်ဝမ်းနည်းနေခဲ့သည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်အပေါ် သူ့နှလုံးသားထဲမှသစ္စာရှိမှုကို ပြသခဲ့သော်လည်း ထိုသူက မယုံ ကြည်သေးပေ။
သူ စိတ်မဆိုးဘဲနေနိုင်မှာလား။
“ရှင်...”
အားချိုးက အသက် ပြင်းပြင်းရှုကာ သက်ပြင်းရှိုက်လိုက် ပြီးနောက် အလွန်စိတ်ဒုက္ခရောက်နေတဲ့ ပုံစံနဲ့ ပြောလိုက်သည်။
“ကောင်မလေးရာ”
ကျုံးမင်းဝေက သူမကို မနိုင်သည့်ပုံ ဖြင့် ရယ်မောရင်း မျက်ရည်တွေကို သုတ်ဖို့ လက်ကိုင်ပုဝါကို ချက်ချင်းထုတ်လိုက်ပေမယ့် အားချိုး က သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဖက်လိုက်ပြီး ကျုံးမင်းဝေ လည်ပင်းမှာ မျက်နှာတစ်ပြင်လုံးကို တင်းတင်းကျပ်ကျပ် ဖွက်ထားလိုက်သည်။ကျုံးမင်းဝေ သူမစိတ် ကြိုက်လုပ်ခွင့်ပြုပြီး သူ့လက်တစ်ဖက် ဖြင့် ဖက်ထားလိုက်ကာ နောက်တစ်ဖက်က သူမကျော ပြင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးနေလိုက်သည်။
“ ကျွန်မ ရှင့်ကို မယုံရင် ရှင့်ကို ဘာလို့ စကားပြောနေရမှာလဲ။ ရှင့်ကိုရော နေ့တိုင်း တွယ်ကပ်ဖို့ ဘယ်လို ဆန္ဒရှိနေမှာလဲ။”
ချွဲနွဲ့နွဲ့ စကားလုံးတို့သည် ကျုံးမင်းဝေ၏ နှလုံးသားကို သိမ်းပိုက်သွားသည်။သူသည် တိတ်တဆိတ် ပြုံးလိုက်ကာ ပျော်နေသော လူအို ကြီးတစ်ယောက်ကဲ့သို့ အားရပါးရ လက်ခုပ်တီးလိုက်သည်။
“စိတ်မပူပါနဲ့၊ နောင်တစ်ချိန်မှာ ရှင့်အတွက် သီချင်းတစ်ပုဒ်လုံးကို ကျွန်မဆိုပြပါမယ်။”
အလုံအလောက်ငိုပြီးနောက် အားချိုးက သူ့ကိုထပ်မံဖိတ်ခေါ်ဖို့ ရှက်သွားပေမယ့် သူ့နှလုံးသားလေးက တကယ်ချိုမြိန်နေသည်။
အားချိုးက သူမလက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။
“ အဲ့ဒါက အကိုတော်ခြောက်နဲ့အမတော်တလျန် တို့ရဲ့ ဇာတ်လမ်းပဲ၊ နားထောင်ချင်လား။”
ကျုံးမင်းဝေက အပြုံးလေးနဲ့ ပြောပြီး မျက်နှာသုတ်ဖို့ လက်ကိုင်ပုဝါကို ထုတ်ယူလိုက်ကာ
“မင်းအဲ့တာကို မြန် မြန်သင်ယူ ပြီး ကိုယ့်ကို ဆို ပြမှာကို စောင့်နေမယ်။”
အားချိုးက ရယ်မောပြီး ကျုံးမင်းဝေ၏ ခန္ဓာကိုယ်ကို ခြေထောက် ဖြင့် ရစ်ပတ်ကာ သီဆိုလိုက်သည်။
အိမ်မှာ စားသောက်ပြီးတဲ့အခါ အားချိုး က ဝါးခြင်းတောင်းကို ကျောမှာလွယ်ရင်း တောင်အောက်ဆင်းသွားသည်။
တောင်ခြေရောက်တဲ့အခါ ခပ်လှမ်းလှမ်းက ခြံစည်းရိုးခတ်ထားတဲ့ ခြံထဲမှာ အဖွားချန် အလုပ်ရှုပ်နေတာကို တွေ့လိုက်ရသည်။ အားချိုးကလည်း လျှောက်လည်ရင်းအလုပ်ရှုပ်နေခဲ့တာပင်။
“အဖွား၊ ဂေါ်ဖီကောက်နေတာလား။ ကျွန်မလည်း ကူညီပေးမယ်လေ”
အားချိုးက ခြံတံခါးကို တွန်းဖွင့်ပြီး ဝါးတောင်းကို ကျောပေါ်တင်ပြီး ဝင်လိုက်သည်။
အဖွားချန်က ကမန်းကတန်းပြောပေမယ့် အားချိုး ချဉ်းကပ်လာတာကိုမြင်တော့ အဖွားချန်က သူမကို မတားတော့ဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ပြော၏။
“ ဒီဂေါ်ဖီထုပ်က အရမ်းနှုတ်ရလွယ်တယ်၊ အခုပဲ ချင်းရွှမ်က ကူညီဖို့ ဒီကိုရောက်လာလို့ အဖွားက သူ့ကို အခန်းထဲကို မောင်းထုတ်ထားလိုက်တာရယ်။”
အားချိုးက ပိတ်ထားတဲ့ တံခါးကို ကြည့်ရင်း အဖွားချန်ကို မေးလိုက်သည်။
အဖွားချန်က သူမ မျက်နှာမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ အားချိုးကိုပြောလာသည်။
“နောက်နှစ် အစောပိုင်းမှာ ပြည်နယ်စာမေးပွဲ ဖြေတော့မှာလေ၊ စာမေးပွဲ အောင်နိုင်ဖို့ နေ့တိုင်း နေ့တိုင်းလည်း ကြိုးစားနေတာ”
အားချိုးသည် အဖွားချန်၏ နည်းလမ်းကို အတုယူကာ ဂေါ်ဖီထုပ်၏ ဘေးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင် ပြီး အားကြိုးမာန်တက် လှုပ်ယမ်း၍ ဂေါ်ဖီထုပ်ကို သေသပ်စွာ နှုတ်ယူလိုက်သည် ။ သူမက ဂေါ်ဖီထုပ်ကို တစ်ဖက်တွင် တင်လိုက်ပြီး တစ်ဖက်တွင် သူက အဖွားချန်အား
“အစိုးရအရာရှိငယ် ဖြစ်လာရင် နောက်နှစ်မှာ စာမေးပွဲဖြေဖို့ ပေကျင်းကို သွားနိုင်မှာ၊ အဆင့်တစ်ပညာရှင်ဖြစ်ရင် အရာရှိအဖြစ် ချီးမြောက်ခံရလိမ့်မယ်”
“ဒီလိုစွမ်းရည်မျိုး ဘယ်ရှိမှာလဲ၊ သူ့ကို အရမ်းအောင်မြင်ဖို့ မမျှော်လင့်ပါဘူးကွယ်၊ ရွေးချယ်ခံရပါစေလို့ပဲ မျှော်လင့်တယ်”
“အဖွားပြောခဲ့သလိုပဲ နောက်နှစ် ပြည်နယ်စာမေးပွဲမှာ ချင်းရွှမ် အောင် မြင်သွားရင် သူ့ကို တရားသူကြီးရဲ့ တရားရုံးတော်မှာ ဆရာလုပ်ဖို့ ဖိတ်ခေါ်ကြမှာ။”
အားချိုးသည် ချန်ချင်းရွှမ်၏ မြင့်မြတ်သော ပုံစံကို တွေးတောရင်း မေးလိုက်မိသော်လည်း ချန်ချင်းရွှမ်သည် အခြားသူများအောက် နှိမ့်ချကာ ဆရာလုပ်မည့်သူဟု မထင်ခဲ့ပေ။
“သူက သဘောတူတယ်လည်းမပြောဘူး သဘောမတူဘူးလို့လည်း မပြောဘူး။ ဒီကလေးက တကယ်ကို ခေါင်းကိုက်စေတာပဲ။အိုက်ယား”
“အဖွားက အသက်ကြီးနေပြီ၊ ချင်းရွှမ်ကလွဲလို့ အဖွားမှာ ဆွေမျိုးလည်းမရှိဘူး။ အဖွားက နင်းဂုတမှာ သူ တည်ကြည်စွာ နေနိုင်ဖို့၊ စားနိုင်သောက်နိုင်တဲ့ အိမ်တော်သခင်ကြီးဖြစ်ဖို့၊ တစ်ခြားသူတွေရဲ့ လေးစားမှုကို ခံယူနိုင်ဖို့ဆုတောင်းခဲ့တာ။ သူ့စိတ်ထဲမှာ မလိုလားဘူးဆိုတာ အဖွားသိပြီး တစ်ကိုယ်ကောင်းဆန်မိတယ်ဆိုတာလည်းသိပါတယ်၊ ဒါပေမယ့် အဖွားက သူ အဖွားကို မထားသွားတာကိုပဲ လိုချင်တာပါကွယ်”
***