“ကောင်မလေး၊ ဒီကိုယ်ရံတော်ကုန်း ကို သိတာလား။”
အဖွားချန် က မျက်မှောင်ကြုတ်ကာ မေးသည်။ အားချိုး မဖြေမီတွင် အဖွားချန်က သက်ပြင်းရှိုက်ကာ ပြောသည်။
“အိုး သတိရ ပြီ၊ အဲဒီကိုယ်ရံတော်ကုန်းလည်း မြို့တော်ကလာတာပဲ။ မင်းနဲ့ အရင်တုန်းကအသိတွေလား။”
“အာ ဟုတ်တယ်၊ ကိုယ်ရံတော်ကုန်း နဲ့ သမီးတို့ မြို့တော်မှာကတည်းက တစ်ယောက်နဲ့တစ်ယောက် သိနေခဲ့တာ။”
အားချိုး ကမန်းကတန်း ပြန်ဖြေလိုက်သည်။ ကုန်းဝမ်ကျဲ နဲ့ တွေခဲ့ပုံကို သူမ မရှင်းပြချင်တော့တဲ့အတွက် ပြောနေတဲ့ အကြောင်းအရာကိုပြောင်းလိုက်တော့သည်။
“ အဖွား ဒီ ဂေါ်ဖီထုပ်ကို သယ်သွားမယ်နော်။”
“သြော် ကောင်းတယ်။ “
အဖွား ချန် ခေါင်းညိတ်လိုက်သည်။
လက်ရှိတွင် အဖွား ချန် သည် ဂေါ်ဖီထုပ်များကို ဆက်လက်ခူးယူနေပြီး အားချိုးသည် ပုရွက်ဆိတ်များအိမ်ပြောင်းနေသကဲ့သို့ တစ်ခုပြီးတစ်ခု သယ်သွားခဲ့သည်။ ဂေါ်ဖီထုပ်က အရမ်းမများပေမယ့် အထုပ် ၃၀ ကျော်ရှိသည်။ အားချိုးသည် တစ်ဝက်စာလောက်လှုပ်ရှားပြီးနောက် အသက်ရှုကြပ်နေပြီ ဖြစ်သည်။ သူမ တံခါးဘောင်ကိုကိုင်ကာ ခြံဝတွင် အနားယူနေချိန်တွင် တံခါးက ရုတ်တရက်ပွင့်သွားသည်။ ကုန်းဝမ်ကျဲသာ အနောက်မှမဆွဲထားလျှင် သေချာမရပ်ရသေးသော အားချိုးတစ်ယောက် သူမ ခေါင်းကို ဂေါ်ဖီခင်းထဲစိုက်ထားမိနေမည် ဖြစ်သည်။
“ကုန်း ..ကိုယ်ရံတော်ကုန်း”
အားချိုး သည် သူ့လက်ကို အလျင်စလို ဖယ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
ကုန်းဝမ်ကျဲ သည် သူမ၏ချွေးစေးများထွက်နေသောမျက်နှာကိုကြည့်ကာ နင်းဂုတသို့ သူမရောက်ရှိလာသည့်ညကိုသတိရသွားသည်။ မိန်းကလေးသည် ရထားပေါ်မှခုန်ဆင်းပြီးနောက် ပြိုလဲကျလုနီးပါးဖြစ်နေခဲ့သည်။ ထိုအချိန်တွင် ဒီမိန်းကလေးသည် ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။
“မဟုတ်ပါဘူး၊ ကျွန်မ ဒီမှာခဏရပ်ပြီး အနားယူချင်ရုံပါ... “
အားချိုး အဲဒီညအကြောင်းကို တွေးမိပြီး ချက်ခြင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူမက ရှက်ရွံ့စွာဖြင့် မျက်နှာမှ ချွေးများကို သုတ်လိုက်ပြီး ကုန်းဝမ်ကျဲကို မေးလိုက်သည်။
“ ကိုယ်ရံတော်ကုန်း ရှင်က ကျွန်မနဲ့ ဘာကိစ္စရှိလို့လဲ “
“လမ်းမှာ စကားပြောကြရအောင်။ “
ကုန်းဝမ်ကျဲ က သူ့ဝတ်ရုံစကို ခါလိုက်ပြီး ဂေါ်ဖီခင်းဆီသို့ တည့်တည့်လျှောက်သွားသည် ။
အားချိုး ကုန်းဝမ်ကျဲ ကို ဂေါ်ဖီထုပ်သယ်ခိုင်းဖို့ မဝံ့ဘဲ သူ့နောက်ကို ကမန်းကတန်း လိုက်ခဲ့သည်။
“ကျွန်မလုပ်လိုက်မယ်! ရှင့်ရဲ့အဝတ်အစားတွေကို မညစ်ပတ်ပါစေနဲ့! ချထားလိုက်ပါ!”
တံခါးအပြင်ဘက်မှာ စောင့်နေရင်း ကုန်းဝမ်ကျဲက အားချိုး ရဲ့ သွယ်လျတဲ့ လက်မောင်းတွေကို စောင်းကြည့်နေသည်။ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြီး အပြင်က မြင်းကို ညွှန်ပြကာ ပြောလိုက်သည်။
“အားချိုး ၊ မြင်းဘေးမှာ သွားရပ်”
‘မြင်းဘေးမှာလား?’
အားချိုးကိုက သူ့ထက်အများကြီးပိုမြင့်တဲ့ မြင်းကြီးကို တစ်လှည့် ကုန်းဝမ်ကျဲကို တစ်လှည့် ကြည့်ပြီး လန့်နေသည်။
“ မတ်တပ်ရပ်ရမှာလား၊ သူက ကန်ရင် ဘယ်လိုလုပ်မလဲ”
“မင်းက မတ်တပ်ရပ်ရုံပဲလေ၊ မင်းကို ဘာအတွက် ကန်ရမှာလဲ။”
ကုန်းဝမ်ကျဲ က သူမကို လှမ်းကြည့်ပြီး သူ့နှုတ်ခမ်းကို မကော့ဘဲမနေနိုင်တော့။ သူစီးလာတဲ့ ကြာပွတ်ကို သူ့ခါးကနေချွတ်ကာ အားချိုးကို ပေးလိုက်ပြီး
“အားချိုး သူမနာခံရင် မင်း ကြာပွတ်နဲ့ ပြင်းပြင်းထန်ထန် ရိုက်လို့ရတယ် “
အားချိုးက ကြာပွတ်ကိုယူရန် လက်ဝှေ့ယမ်းပြီး တွန့်ဆုတ်နေခဲ့သည်။
“ယူလိုက်ပါ “
ကုန်းဝမ်ကျဲက မျက်မှောင်ကြုတ်လိုက်သည်။သူ့ရဲ့မျက်နှာသည်ပင် ရုတ်တရက် ပို၍ မည်းမှောင်လာသည်။
“အိုး. “
အားချိုး မြင်းနှင်တံကို သတ္တိရှိရှိ ကိုင်လိုက်ပြီး ခြံစည်းရိုးကာထားသော ခြံထဲမှ ခြေတစ်လှမ်းချင်း ထွက်သွားလေသည်။
.
ဂေါ်ဖီထုပ်ကို ရွှေ့ပြီးနောက် ကုန်းဝမ်ကျဲ သည် အဖွားချန်ကို နှုတ်ဆက်ပြီး မြင်းကို ဦးဆောင်ကာ အားချိုးကို အချိန်အကြာကြီး စကားမပြောဘဲ ဈေးဆီသို့ လျှောက်သွားခဲ့သည်။ အားချိုးက မတတ်နိုင်စွာ မေးလိုက်သည်။
ကုန်းဝမ်ကျဲသည် အားချိုး၏ ပါးလွှာသော မျက်နှာကို စိုက်ကြည့်ရင်း ခေတ္တရပ်ကာ
အားချိုး တုံ့ဆိုင်းသွားပြီး ခေါင်းငုံ့ကာ လမ်းမပေါ်ရှိ ကျောက်စရစ်ခဲများကို ကန်ထုတ်လိုက်ရင်း ခဏရပ်၍ ကုန်းဝမ်ကျဲအား ပြောလိုက်သည်။
“အရင်ကထက် ပိုသန်မာလာ ပြီ။ အိပ်ရာကြောင့်ဖြစ်တဲ့ အနာတွေလည်း သက်သာသွားပြီ”
အချိန်ကအတော် ကြာခဲ့ ပြီပင်။ တကယ်လို့ အားချိုးက ကျုံးမင်းဝေရဲ့ ခန္ဓာကိုယ်က ဘယ်လိုမှ မတိုးတက်ဘူးလို့ ဆက်ပြောနေမယ်ဆိုရင် ဒါဟာ ယုတ္တိမတန်ရာကျနေလိမ့်မည်။
အားချိုးသည် ကုန်းဝမ်ကျဲ ကို အံ့အားသင့်စွာကြည့်ကာ မနှစ်မျို့စွာပြောလိုက်သည်။
“သူတကယ်သာ သွက်သွက်လက်လက်နေနိုင်ရင် ကျွန်မပိုပြီး စိတ်အေးလက်အေး ဖြစ်နေမှာပေါ့။ ကျွန်မကဘာလို့ သူ့ကို မနက်ကနေ ညအထိ စောင့်နေရမှာလဲ။ သူက လေဖြတ်တဲ့လူဖြစ်နေတဲ့အ ပြင် ဒဏ်ရာကလည်း အရမ်းပြင်းထန်တယ်။သူ့ဘဝတစ်လျှောက်လုံး အောက်ပိုင်းသေသွားမှာကိုတောင် ကြောက်ရတယ်။”
ကုန်းဝမ်ကျဲ သူမစကားကြားတော့ သူ့မျက်လုံးတွေ မှိန်ဖျော့သွားကာ ခဏရပ်လိုက်ပြီး အားချိုးကို အသံတိုးတိုးနဲ့ မေးလာသည်။
“ဒါဆို မင်းက ပင်ပန်းနေပြီလား”
***