“အာ”
အားချိုးက ဒီလိုစကားမျိုး ကုန်းဝမ်ကျဲ ရဲ့ပါးစပ်ကနေ ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။ဒါကြောင့် သူမ ထိတ်လန့်သွားပြီး ခေါင်းကို အလျင်စလို ခါရမ်းလိုက်မိသည်။
“မပင်ပန်းပါဘူး၊ မြို့တော်မှာထက် အများကြီး ပိုကောင်းတယ်၊ဒီမှာက အဆင်ပြေ ပြီး လွတ်လပ် တယ်”
“ကောင်းပြီ”
ကုန်းဝမ်ကျဲ က ခေတ္တရပ်လိုက်ပြီး အားချိုးကို ကြည့်ကာ..
“ မင်းတစ်ခုခုလိုအပ်ရင် ငါ့ဆီလာခဲ့ပါ”
“ရပါတယ်၊ကျွန်မ ရှင့်ကို ဒုက္ခမပေးချင်ပါဘူး”
အားချိုး ကမန်းကတန်းပြောလိုက်သည်။
‘အာ ဟုတ်သား’
ဒါပေမယ့် သူမ ထုတ်မပြောရဲတာကြောင့် ပြုံးပြီး တောင်းပန်လိုက်ရင်း..
“အဲ့ဒါက ဝိုင်ကောင်းမဟုတ်တာကြောင့် ကိုယ်ရံတော်ကုန်း မကြိုက်လောက်ဘူး”
အားချိုးစကားကို ကြား ပြီးနောက်တောင် ကုန်းဝမ်ကျဲက စကားမပြော၊မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတာကြောင့် အားချိုး အနေရခက်စွာ ရယ်မောလိုက် ပြီး ရယ်ရတာကြောင့် နာကျင်နေသော ပါးပြင်ကို တိတ်တဆိတ် ပွတ်သပ်လိုက်သည်။
“ကိုယ်ရံတော်ကုန်း ရှင်လုပ်စရာအလုပ်ရှိရင် အရင်သွားလုပ်လိုက်ပါလား”
ဈေးသို့ရောက်ခါနီးလာလေလေ အားချိုးက သူမ ဈေးဝယ်ပြီးရင် ပန်းထိုးဖို့ အမြန်ပြန်ရဦးမှာ ဖြစ် ပြီး သူ့နောက်လိုက်နေရန်အချိန်မရှိကြောင်း ပြောလိုက်ချင်သည်။ သို့သော်လည်း အနှီး ကုန်းဝမ်ကျဲသည် အလျင်မလိုဟန် ဖြင့် ဖြည်းညှင်းစွာအိန္ဒြေရေရရ လျှောက်နေသည်လေ။ နောက်ပြီး သူမက ဘာကြောင့် မိန်းမ ကြီးလို ပစိပစပ်များတဲ့ ယောက်ျားကြီးတစ်ယောက်နဲ့ ဒီတိတ်ဆိတ်နေတဲ့လမ်းမှာ အတူလျှောက်နေရတာကို ကြိုက်ရမည်နည်း။ သူမသာ လျှောက်လည်ချင်ရင် ကျုံးမင်းဝေနဲ့ပဲ လည်လိုက်မှာပင်။
ကျုံးမင်းဝေရဲ့ ခြေထောက်သက်သာလာပြီး လမ်းလျှောက်နိုင်ရန် သူမကိုယ်တိုင်သေချာပေါက် ကူညီပေးမည်။ အခန်းထဲမှာ အချိန်အတော်ကြာ ငြီးငွေ့လာပြီးနောက် ကျုံးမင်းဝေဟာ သေချာပေါက် စိတ် ကျင်းကျပ်နေလိမ့်မည်။
ကုန်းဝမ်ကျဲက အားချိုး ကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်ပြီး သူ့ရဲ့ နက်မှောင်တဲ့မျက်လုံးတွေနဲ့ စူးစိုက်ကြည့်ရင်း ဖြည်းညင်းစွာပြောလာသည်။
အားချိုးက မတတ်နိုင်သည့်ဟန် ဖြင့် ရယ် ပြလိုက်ပြီး သူမနောက်က ဝါးခြင်းတောင်းကြီးကို လက်ညှိုးထိုးကာ
“ကျွန်မ ...ပစ္စည်းတွေဝယ်ဖို့ ဈေးသွားစရာ မလိုဘူးလား”
ကုန်းဝမ်ကျဲ က လေးနက်သော အသံဖြင့် ပြောလာသည်။
“ကျွန်မက အသီးအရွက်နဲ့ အသားတွေ ဝယ်ဖို့သွားမှာ။ ကိုယ်ရံတော်ကုန်းလို ရုံးတော်ကလူကို အဲဒီကို အတူတူသွားဖို့အတွက် ဘယ်လိုလုပ်တောင်းဆိုရဲပါ့မလဲ။ အပင်ပန်းမခံပါနဲ့။ ကိုယ်ရံတော်ကုန်း ၊ရှင့်ရဲ့ အလုပ်ကိုပဲ အရင်သွားလုပ်လို့ရပါတယ်...”
“ဒီနေ့ အလုပ်မရှုပ်ဘူး”
.
ကုန်းဝမ်ကျဲ က အရင်အတိုင်းပါပင်။ စကားအများကြီးမပြောပေမယ့် သူ ပါးစပ်ကိုဖွင့်လိုက်တာနဲ့ သူမ ငြင်းလို့မရနိုင်တော့ပေ။
“အိုး.”
အားချိုး နောက်ထပ် မငြင်းဝံ့တော့ဘဲ ကုန်းဝမ်ကျဲ၏ နောက်မှ တိတ်တဆိတ်လိုက်ကာ မျက်စိရှေ့မှ မည်းနက်နေသော သားရေဖိနပ်ကို ကြည့်ရင်း
‘မျက်လုံးများကန်းနေတာလား၊ဘယ်သူက သူနဲ့ဈေးဝယ်ထွက်ချင်နေလို့လဲ’
ဟု စောဒကတက်နေလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူမသည် အခြားသူ၏ခြေထောက်ပေါ်ရှိ သားရေဖိနပ်ကို မနာလိုဖြစ်နေလျက် ပန်းထိုးပြီးပါက ကျုံးမင်းဝေ အတွက် ထပ်တူထပ်မျှလှပသော ဖိနပ်တစ်ရံကို ဖန်တီးပေးမည်ဟု တွေးနေသည်။ မဟုတ်သေး... သူမထိုသို့သော သားရေဖိနပ်ကို မလုပ်တတ်တာကြောင့် အပြင်ထွက်၍ ဝယ်ရမည်ပင်။
ကုန်းဝမ်ကျဲဟာ တကယ်ကို အလုပ်မလုပ်ဘဲ အားချိုးနှင့် ဈေးဝယ်ထွက်ရင်း အချိန် ဖြုန်းနေသည်။ အားချိုးကို လမ်းတိုလေးအတိုင်း အစအဆုံး နှစ်ကြိမ်လောက် လမ်းလျှောက်စေပြီး ဆိုင်တိုင်းကို ခေါ်သွားခဲ့သည်။ သူမကိုလည်း ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ ဝင်ကြည့်ဖို့ တိုက်တွန်းနေတတ်သည်။ အားချိုးက ခေါင်းတညိတ်ညိတ်နဲ့ ဦးညွှတ်နေတဲ့ ဆိုင်ရှင်တွေကို ကြည့်ရင်း ကိုယ့်ကိုယ်ကို အားပေးနေရသည်။ကုန်းဝမ်ကျဲတစ်ယောက် ဘယ်လိုဆေးမှား သောက်ခဲ့သလဲဆိုတာ အားချိုး ဉာဏ်မမှီတော့ပေ။
“အိမ်မှာ အသားတွေရှိသေးတယ်။ ကျွန်မ အရင်တခါ ချက် ပြီးကျန်တာတောင် ရက်အနည်းငယ်စာလောက် လုံလောက်နေေသးတယ်”
နင်းဂုတမှ ဝက်သားသည် အလွန်စျေးကြီးပြီး တစ်ကတ်တီစာလောက်တောင် ဝယ်ရန် မတန်ပေ။ အားချိုးသည် စျေးပိုသက်သာသည့် ဝက်ခြေထောက်ကိုသာ အမြဲဝယ်လေ့ရှိသည်။ အရင်တစ်ခေါက်တုန်းက အားချိုး ဆောင်းဦးရာသီပွဲတော်အတွက် ၂ကတ်တီ ၃ကတ်တီလောက်ဝယ်ခဲ့ပြီးနောက် အသားထပ်ဝယ်ဖို့ တောင်ပေါ်ကဆင်းရမယ့်အချိန်ကို တွေးရင်း စောင့်မျှော်နေခဲ့သည်။
“တရားရုံးတော်ကတရားသူကြီးက မင်းအတွက် ဆယ်ရက်ကို နှစ်ယွမ်နှုန်းနဲ့ အသားဝယ်ဖို့ ရန်ပုံငွေ ခွဲဝေပေးထားတယ်ဆိုတာ ပြောဖို့ မေ့သွားတယ်”
ကုန်းဝမ်ကျဲက လက်ထဲမှ ကြာပွတ်ကို ဖြည်းညှင်းစွာ ဆော့နေလျက် အားချိုးကို အေးအေးလူလူ ကြည့်ရင်း
“ ဒီလက စတာ၊ အရင်က မင်းကို အသားတွေပို့ဖို့ ငါအရမ်းအလုပ်ရှုပ်နေတော့ ဒီလမှာ ဝက်သားခြောက်ပြားဖိုးလောက် စုမိထားတယ်။ မင်းက မလိုချင်ဘူးဆိုမှတော့ ငါမင်းကို ပေးဖို့....”
“ကျွန်မလိုချင်တယ် ကျွန်မလိုချင်တယ်“
အားချိုး သည် ကုန်းဝမ်ကျဲ၏စကားကို အလျင်အမြန်ဖြတ်ပြောလိုက်ပြီး သူ့ ထံသို့ အပြေးသွားကာ ပျော်ရွှင်မှုကြောင့် မျက်လုံးများကျဉ်းသွားသည်အထိ ပြုံး၍
“ကိုယ်ရံတော်ကုန်း ၊ ကျွန်မတို့မှာ တစ်လလောက် ပိုက်ဆံပြတ်နေတာ၊ ခြောက်ယွမ်လုံး ဝက်သားမဝယ်လည်းရပါတယ်၊ အသားကို သုံးယွမ်လောက်ပဲ ဝယ်လိုက်မယ်၊ ကျန်တဲ့ သုံးယွမ်ကို ကျွန်မကိုပဲ ပေးလိုက်လေ မကောင်းဘူးလား”
***