အရင်တုန်းက ထိုလည်ပင်းက အခုလောက်ထိမရှင်းလင်းနေခဲ့။ ထိုနေရာတွင် အဖြူရောင်ကွမ်ရင်ကျောက်စိမ်းလော့ကတ်ပါအတူ ရှိနေခဲ့သည်။ အားချိုး ငုံကိုင်းလိုက်တိုင်း သူမလည်ပင်းမှ တွဲလောင်းကျနေတတ်သည်။ အထူးသဖြင့် အားချိုး အိပ်ရာဝင်ခါနီး သူ့အတွက် ဆေးလိမ်းပေးတဲ့အခါ ဆွဲသီးက လည်ပင်းကနေ ထွက်ကျနေလိမ့်မည်။ ဆွဲသီးက သူ့မျက်လုံးရှေ့မှာ လှုပ်ရမ်းနေသည်မှာ အလွန်လှပသည်။
“ရှင်ဘာလို့ ကျွန်မကိုကြည့်နေတာလဲ”
ရုတ်တရက် တစ်ချိန်လုံး စိုက်ကြည့်ခံနေရသော မိန်းကလေးသည် ခေါင်းကို လှည့်ကာ သူ့ကို တန် ပြန် စိုက်ကြည့်လာသည်။
“ ဘယ်သူက မင်းကို ကြည့်နေလို့လဲ”
ကျုံးမင်းဝေ အပြစ်ရှိသလိုခံစားရပြီး လျင်မြန်စွာ ခေါင်းကိုလှည့်ကာ ခြေရင်းရှိ အနက်ရောင်ကျောက်နှစ်လုံးကို တစ်ချက်ကြည့်လိုက်ရင်း ခေတ္တရပ်၍ ထိုကျောက်နက်နှစ်လုံးကို ကောက်ယူရန် ငုံ့လိုက်သည်။
နှစ်ကုန်ခါနီးပြီဆိုတော့ သူ့ချစ်သူအတွက် လက်ဆောင်ပေးဖို့ ပြင်ဆင်ထားရမည်။
ဘယ်လောက်ပဲ စျေးပေါသည်ဖြစ်စေ မသင့်တော်သည်ဖြစ်စေ သူ့ချစ်သူက ဒါကို မကြိုက်မှာမစိုးရိမ်ရပေ။
ကျုံးမင်းဝေ က သူ့ပါးစပ်ကို အုပ်ပြီး ရယ်မောနေတဲ့ ကောင်မလေးအကြောင်း တွေးပြီး မနေနိုင်တော့ဘဲ နှုတ်ခမ်းကို လက်သီးဆုတ်လျက်ထိလိုက်ကာ လက်ထဲမှ အနက်ရောင် ကျောက်တုံးလေးကို အ ကြိမ် ကြိမ် လှည့်နေမိတော့သည်။
၃၂ ကြိမ်မြောက် ကျားရှန်နှစ်၊ စက်တင်ဘာလ၊ ၉ရက်မြောက်နေ့။
“မယ်တော် သားတော်က နန်းဆောင်ထဲသို့ အခစားဝင်ရောက်လာပါတယ်။”
ယန်ရှီး နန်းဆောင်၏ အခြားတစ်ဖက်တွင် အလွန်အသက်ဝင်နေသည်။ ဒုတိယမင်းသား ကျုံးမင်းကောသည် သူ့မျက်နှာတွင် အပြုံးတစ်ခုချိတ်ဆွဲလျက် ဝင်လာပြီး
“ကျောက်ကွေ့ဖေးရဲ့ စိတ်သဘောထားကောင်းတဲ့အကြောင်းက ပိုမိုကျော်ြကားလာတာပဲ။နောက်ကျရင် ခမည်းတော်ရဲ့အတွေးတွေကို သားတော် ဂရုမစိုက်နိုင်တော့မှာတောင် စိုးရိမ်ရတယ်။”
“ဒီနေ့အရုဏ်တက်ချိန်မှာ သက်တော်ရှည်မင်းကြီးက အမတ်မင်းဟွေ့အိမ်တော်က ဟွေ့ချန်ကို ရာထူးတိုး မြှင့်ပေးခဲ့တယ်လေ။ ကိုယ်လုပ်တော်ကျောက်ရဲ့ မနာလိုစိတ်က မပေါက်ကွဲလာဘူးလား။ငါသာဆိုရင်တော့ အဲ့ဒါကို ကြုံတွေ့လိုက်ရရင် သေချာပေါက် ရှုပ်ထွေးသွားမှာပဲ။”
သူမ နှုတ်ခမ်းကို ပွတ်သုတ်လိုက်ကာ လက်ကိုဆန့်ထုတ်ရင်း သူမသားကို ပန်းကြည့်ဆောင်ထဲသို့ ဆွဲခေါ်ကာ ထိုင်စေလိုက်သည်။ သားဖြစ်သူအတွက် လက်ဖက်ရည်တစ်ခွက် ထည့်ပေးလိုက်ပြီး သူ့ကိုပြောလာသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမ ရန်ပွဲ တချို့ဖြစ်လိုက်သေးတယ်လို့ ကြားတယ်။ ကံကောင်းထောက်မစွာနဲ့ တတိယမင်းသားက လက်ဖက်ရည်တစ်အိုးမကျက်ခင်အချိန်အတွင်းမှာ နန်းတော်ထဲကို ဝင်သွားခဲ့တယ်လေ။ သူမစိတ်ပြောင်းအောင်ချော့မော့ပြောဆိုနိုင်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကံမကောင်းစွာနဲ့ဘဲ၊ တတိယမင်းသားက ပေကျင်းကို တာဝန်နဲ့ ထွက်သွားနေရတယ်။ ဘယ်သူကမှ သူမကို မချော့မော့ပေးခဲ့တာကြောင့် သူမ လျစ်လျူရှုလိုက်ရုံကလွဲ ပြီး မတတ်နိုင်တော့ဘူး”
“သူမကို အရှုပ်တွေလုပ်ခွင့် ပြုထားတာပဲ။ ဧကရာဇ်မင်းက ကျွန်တော်တို့ကို ဘယ်မှာ ဂရုစိုက်နေလို့လဲ”
ကျုံးမင်းကော ရှုံချပြောလိုက် ပြီး လက်ဖက်ရည်တစ်ငုံသောက်ရင်း ကိုယ်လုပ်တော်ရှုကို ပြောခဲ့သည်။
“ သားတော် ကျောက်မျိုးရိုးကို မကြိုက်ဆုံးပဲ။ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်က တစ်နေ့တာလုံး မနာလို ပြီး အကောက် ကြံတတ်တဲ့ စိတ်ဓာတ်ရှိနေတဲ့သူလေ သူမ အသက်ကဘယ်လောက်ရှိနေပါစေ သူမထက် ဆယ်နှစ်၊နှစ်ဆယ်လောက်ငယ်တဲ့ ကိုယ်လုပ်တော်တွေရဲ့ မနာလိုမှုကို အမြဲစားရတာသဘောကျနေတာ။ တခါတရံ ဒီလိုစိတ်ရှုပ်စရာတွေ ကြုံတွေ့ရတာက ခမည်းတော်အတွက် တကယ်ကို ခက်ခဲလောက်တယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ ပြီပဲ။”
“ဒါတွေအားလုံးက လူအိုကြီးအတွက်ပဲလေ။ဒါပေမယ့် အမတ်မင်းဟွေ့က အသက်သုံးဆယ့်နှစ်ရှိ ပြီ။ ကိုယ်လုပ်တော်ကျောက် ထက် ရှစ်နှစ်ပဲငယ်ပြီး သူကျတော့ ဒီလိုနှိမ့်ချတတ်တဲ့ နောက်ခံကနေ ဆင်းသက်လာတာ။ ကိုယ်လုပ်တော်ကျောက်ကတော့ ဒေါသထပ်မထွက်နိုင်တော့လောက်ဘူး။”
ကိုယ်လုပ်တော်ရှုက ကျုံးမင်းကောကို ကြည့်လိုက်ရင်း
“ကောင်လေး ဒါက ကိုယ်လုပ်တော်ကျောက် တစ်ယောက်တည်းပဲ။ ဒီနန်းတော်တစ်ခုလုံးက အမျိုးစုံတဲ့ အရောင်တွေနဲ့ ပြည့်နေတာ။ သက်တော်ရှည်မင်းကြီးက ဘယ်လိုမျိုး ဆိုးယုတ်တဲ့မင်းတစ်ပါးဆိုတာကို ငါမသိဘူးဆိုပေမယ့် သူက ကြမ်းတမ်းတဲ့ နန်းတွင်းအမျိုးသမီးတစ်ဦးအပေါ်မှာ မျက်စိကျနေတာက အလွန်ရွံရှာဖွယ်ကောင်းတယ်။ ဒါဟာ တကယ့်ကို တုန်လှုပ်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင်လို ဖြစ်တည်မှုမျိုးပဲ။”
“သူမရဲ့ နောက်ခံက ဘယ်သူဆိုတာ အရေးမကြီးပေမဲ့ သားတော်ကတော့ ဒီလို မြင့်မြတ်တဲ့သူက ဒီနေရာမှာ ပေါ်လာတာ ကောင်းတယ်လို့ ထင်နေတယ်။”
ကျုံးမင်းကောက သူ့နှုတ်ခမ်းကို အနည်းငယ် တွန့်ချိုးလိုက်သည်။ ကျုံးမင်းကောသည် ကျုံးမင်းဝေကဲ့သို့ ခန့်ညားခြင်း မရှိသလို၊ရုပ်ရည်ချောမောသူ လည်းမဟုတ်ခဲ့၊ သူက လေလို မွေးဖွားလာသူ ဖြစ် ပြီး သွယ်လျပြီး အလွန် သိမ်မွေ့သော အသွင်အပြင် ရှိသည်။ မင်းသားတွေထဲမှာ သူက အထူးချွန်ဆုံးမဟုတ်ပေမယ့် တိမ်မြုပ်နေတဲ့ အပြုံးလေးနဲ့ ကျက်သရေရှိတဲ့ ခံစားချက်မျိုးလည်း ရစေသည့်သူမျိုးဖြစ်သည်။
ကိုယ်လုပ်တော်ရှု လန့်သွားပြီး လက်ထဲက လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
“ပြောစမ်းပါ၊ ဘာကောင်းတာရှိလို့လဲ”
“မယ်တော်က ဉာဏ်ပညာကြီးမားပါတယ်၊ ကျောက်ကွေ့ဖေးက ဒီရက်ပိုင်း အနောက်ဆောင်မှာ သူမ အစွမ်းအစကို သတင်းကောင်းလွှင့်နေတယ်ဆိုတာ ၊မယ်တော် ကောင်းကောင်းကြီးသိနေမှာပေါ့။ သူမနောက်ကွယ်မှာ သူမမိခင်မိသားစုရဲ့ အင်အားကို အားကိုးပြီး သားနှစ်ယောက်ကလည်း သူမရဲ့ခြေထောက်ကိုဖက်နေ ကြတာ။ ခမည်းတော်က မကျေနပ်ပေမဲ့ အဆုံးမှာတော့ သူမကို မျက်နှာသာပေးနေဆဲပဲလေ။ သူမက သူနဲ့ နှစ်ပေါင်းများစွာ အတူရှိနေခဲ့ပြီး ဒီနှစ်မှာ မင်းသားဘွဲ့ဖယ်ရှားခံရတဲ့ အိမ်ရှေ့စံမင်းသားကို သာမန်လူတစ်ဦးအဖြစ် ရာထူး လျှော့ချလိုက်သေးတယ်။ အရှေ့နန်းဆောင်ရဲ့ ကျောထောက်နောက်ခံနှစ်ဦးဖြစ်တဲ့ လက်ယာဝန်ကြီး သွမ့်ချန်းဟုန်နဲ့ ဆရာကြီး တင်းယွမ်ဝမ်တို့ ကိုယ်တိုင်တောင် ရာထူးချခံခဲ့ရတာ။ ပထမနှစ်ဝက်မှာ မိဖုရားရာထူး အပ်နှင်းဖို့ ပြောနေကြပေမယ့် ဒုတိယနှစ်ဝက်မှာတော့ အိမ်ရှေ့စံအရာ အပ်နှင်းဖို့ပါ ပါလာပြီ မယ်တော်၊ ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူး”
ကျုံးမင်းကော လက်ဖက်ရည်သောက်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီအချိန်အခါမျိုးမှာ ကျောက်မိသားစုရဲ့ အမှားတွေကို တစ်ယောက်ယောက်က ထောက် ပြသင့်တယ်။မဟုတ်ရင် ခမည်းတော်က တုံ့ဆိုင်းနေ ပြီး တတိယမင်းသားကို အမွေဆက်ခံသူအ ဖြစ် စဉ်းစားနေမယ်ဆိုရင် အရှက်ရစရာတွေဖြစ်လာလိမ့်မယ်။ မကောင်းတဲ့အရာပဲ။”
***