“အဲဒီအကြောင်းလည်း ကြားဖူးတယ်။တတိယမင်းသားက သက်တော်ရှည်မင်းကြီးရဲ့ နှစ်သက်သဘောကျ ခြင်းကို နှစ်တဝက်ကျော်လောက်ထိ ရခဲ့တာ။နောက် ပြီး ကြားနေအုပ်စုတွေရဲ့ အနေအထားက ပိုမို ကျယ်ပျံ့လာတယ်။ နန်းတော်မှာလည်း တစ်ချိန်လုံး စိတ်ပူနေရတယ်။ သက်တော်ရှည်မင်းကြီးက အိမ်ရှေ့စံတစ်ယောက်ကို ဖယ်ရှားပြီးပြီ အကယ်၍ အခြားအိမ်ရှေ့စံတစ်ယောက်ကို ထပ်လျာထားမယ်ဆိုရင် အလွယ်တကူ ဖယ်ရှားခံမှာမဟုတ်တော့ဘူး။”
ကိုယ်လုပ်တော်ရှု မျက်မှောင်ကြုတ်၍ ခေတ္တရပ်ကာ ကျုံးမင်းကော ကိုကြည့်၍
“ဒီတစ်ကြိမ်မှာတော့ ဧကရာဇ်က တတိယမင်းသားကို ဘုရားကျောင်းသွားဖို့ အမိန့်ပေးထားတယ်လို့ ကြားသိရတယ်။ ဘုရားကျောင်းကို သက်တော်ရှည်မင်းကြီးကိုယ်တိုင် သွားရောက်လည်ပတ်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ တတိယမင်းသားကို ကောင်းကင်သားတော်ကိုယ်စား သွားရောက်ဖို့ ခွင့်ပြုထားတယ်။ဒါဟာ သက်တော်ရှည်မင်းကြီးက စိတ်ဆုံးဖြတ် ပြီးပြီလို့ဆိုလိုတာပဲလား”
“သက်တော်ရှည်မင်းကြီးက ကိုယ်ကျင့်သီလကို တန်ဖိုးထားတယ်။ နှစ်စဉ်နှစ်တိုင်း ကိုးလပိုင်းကိုးရက်ပွဲတော်နေ့ရောက်တိုင်း ဧကရီမယ်တော်ြကီး အတွက် ဆုတောင်းပေးဖို့ နန်းတော်ကနေ ဂန်လုဘုရားကျောင်းကို ကိုယ်တိုင်ကိုယ်ကျ ထွက်ခွာလေ့ရှိတယ်။ ဒီနှစ်မှာတော့ မင်းကြီးကျုံးဇီဟန်က တတိယမင်းသား ကျုံးမင်ကျန်း ကို စေလွှတ်လိုက်တယ်။ အရင်တုန်းကတော့ နန်းကျမင်းသား ကျုံးမင်းဝေက ကိုယ်စား ဆုတောင်းဖို့ နန်းတော်အပြင်ကို ထွက်ခဲ့ရပေမယ့် ကျုံးမင်ကျန်းကတော့ အဲဒီနေရာကို ပထမဆုံးအကြိမ် သွားရတာပဲ။ ထုံးစံအတိုင်း အဓိပ္ပါယ်က အများကြီးရှိနေတယ်။”
“တိုင်းပြည်ဖခင် ဖြစ်တဲ့ ခမည်းတော်မှာ အကြံရှိလား မရှိဘူးလားဆိုတာ အရေးမကြီးပါဘူး။ အကယ်၍ ကျူးကျော်တတ်တဲ့ကိုယ်လုပ်တော်ကျောက်သာ ဒီလိုကိစ္စတွေလုပ်ဖို့ အကြံဥာဏ်တစ်ခုရှိနေတာဆိုရင်တောင် အိမ်ရှေ့စံအတွက် အကြံအစည်မဟုတ်လောက်ဘူး။မယ်တော်လည်း အဲ့လိုပဲထင်တယ်မလား”
“ဟုတ်တယ်၊ မင်းရဲ့ တော်ဝင်ခမည်းတော်က နန်းတွင်းကိုယ်လုပ်တော်ဟွေ့အဖြစ်ပဲ ရာထူးတိုးလိုက်ရုံလေးကို သူမက အနောက်ဆောင်မှာ အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေစေတယ်။ သက်တော်ရှည်မင်းကြီးရဲ့ စိတ်နှလုံးမှာ မီးစွဲနေမည်ကိုပဲ ကြောက်ရတယ်။ ထုံးစံအတိုင်း၊ သူ့မှာ အကြံကောင်းမရှိနေတဲ့ ဒီလိုအချိန်မှာ ဖြစ်ပျက်ခဲ့တာ။ မနက်ဖြန်က ကိုးလကိုးရက် ပွဲတော်နေ့ပဲ။ဒါပေမယ့် ကိုယ်လုပ်တော်ကျောက်ကဧကရီမယ်တော်ြကီး နန်းဆောင်က ထွက်လာတဲ့ဟွေ့ကွေ့ဖေး ကို အမြဲတမ်း ပစ်မှတ်ထားနေတာ။ ဧကရီ မယ်တော်ြကီးလည်း ထိခိုက်ခံရလိမ့်မယ်။ သက်တော်ရှည်မင်းကြီးက ဧကရီမယ်တော်ကြီးရဲ့ စိတ်အလျင်နဲ့ ပတ်သက် ပြီး စိတ်ပူနေမှာ စိုးတာကြောင့် သူက ကိုယ်လုပ်တော်ကျောက်ကို ခဏလောက် အေးစက်စက် ဆက်ဆံနေမှာ သေချာတယ်။”
ကိုယ်လုပ်တော်ရှု က ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ကိုင်ပုဝါကို ယူလိုက်ပြီး ပါးစပ်ကို ပေါ့ပေါ့ပါးပါး သုတ်လိုက်ကာ ခေတ္တရပ်လိုက်ပြီး
“ဒါနဲ့၊ သက်တော်ရှည်မင်းကြီးက ဘယ်နန်းဆောင်မှာ နန်းတွင်းကိုယ်လုပ်တော်ဟွေ့ကို နေခွင့်ပေးတယ်ဆိုတာ မင်းသိလား။”
“ခမည်းတော်က ဒီနန်းတွင်းကိုယ်လုပ်တော်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာကိုကြည့်ရရင် နန်းတွင်းကိုယ်လုပ်တော်ဟွေ့ရဲ့နန်းဆောင်ဟာ ယန်ရှီးနန်းဆောင်နဲ့ သိပ်ဝေးမှာ မဟုတ်ဘူး။”
“သြော်၊ စီနင်းနန်းဆောင်နဲ့ ယန်ရှီးနန်းဆောင်နှစ်ခုလုံး စိတ်နှလုံး ချန်းချွမ်နန်းဆောင်ရဲ့ဘေးမှာပဲ။ ခမည်းတော်က ဒီနန်းတွင်းကိုယ်လုပ်တော်ကို တကယ်စွဲလမ်းနေတာပဲ။”
ကျုံးမင်းကော က ခေါင်းညိတ်ပြပြီး ရုတ်တရက် ပြုံးလိုက်သည်။
“ ဒီနေ့ ကိုယ်လုပ်တော်ကျောက် အရမ်းဆူညံနေတာ မထူးဆန်းတော့ပါဘူး”
“သူမ ဒီလိုသောင်းကျန်းနေတာ၊ တတိယမင်းသားက ဒေါသနဲ့ပေါက်ကွဲတော့မှာကိုပဲ ကြောက်ရတယ်။”
ကိုယ်လုပ်တော်ရှုက လှောင်ပြောင်ပြီး ခဏရပ်လိုက်ကာ ကျုံးမင်းကောကိုကြည့်၍ အကြောင်းအရာကို ရုတ်တရက်ပြောင်းလိုက်သည်။
“ဧကရာဇ်က အခုအချိန်အထိ အမွေဆက်ခံမယ့်သူမရှိတာကြောင့်၊ ငါတို့မှာ အခွင့်အရေးရှိသေးတယ်၊ မင်းအာ မင်းက အမြန်လုပ်ရမယ်၊ ဧကရာဇ်က အကြီးဆုံးမြေးတော်ကို အရမ်းတန်ဖိုးထားတာ။ တတိယမင်းသားထက် အရင် သားတော်တစ်ယောက်ရဖို့ ကြိုးစားရမယ် သိရဲ့လား”
သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို လှန်လိုက်မိသည်နှင့် လက်ဖက်ရည်အနည်းငယ် ယိုဖိတ်သွားသည်။ ကျုံးမင်းကော က လက်ဖက်ရည်ခွက်လေးကို စားပွဲပေါ်တင်ပြီး လေးလေးစားစားနဲ့ ပြောလိုက်သည်။
“မယ်တော် ပြောတာကို လေလိုမျိုး သဘောထားမနေနဲ့။ “
ကိုယ်လုပ်တော်ရှုက မျက်မှောင်ကြုတ်ပြီး ကျုံးမင်းကော ရဲ့ ပခုံးကို ပုတ်ကာ သက်ပြင်းချရင်း
ကျုံးမင်းကော က သူ့နှုတ်ခမ်းကိုကိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
“မယ်တော့်ကို မနှောင့်ယှက်တော့ပါဘူး၊ သားတော် နန်းတော်ကို အရင်သွားပါတော့မယ်။”
ကိုယ်လုပ်တော်ရှုသည် တုံ့ဆိုင်းနေသော အကြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
သူ့သားတော် တံခါးက ထွက်သွားတာကို ကြည့်ရင်း ကိုယ်လုပ်တော်ရှု သက်ပြင်းချလိုက်သည်။
“ကိုယ်လုပ်တော်ကျောက် က ပြဿနာရှာနေတုန်းပဲလား။ “
နေ့လယ်စာစားပြီးနောက် ဧကရီမယ်တော်ကြီးသည် ပျော့ပျောင်းသောဆိုဖာပေါ်တွင် လက်ဖက်ရည်သောက်ကာ အနားယူရင်း ပိချောင်အား မေးလိုက်သည်။
ပိချောင် က ခန်းမထဲမှာ လက်ဆောင်တစ်ခုကို မှတ်တမ်းတင်ခဲ့ပြီး မယ်တော်မိဖုရားကြီးကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောခဲ့သည်။
“ဧကရာဇ်က လက်ယာဝန်ကြီး ကျောက်ချန်းရုံကို နန်းတော်ထဲကို ဆင့်ခေါ်လိုက်ပါတယ်။ အရင်တုန်းက လမ်းပေါ်မှာ ကျောက်အိမ်တော်က အလုပ်သမား သေဆုံးမှုအကြောင်းလို့တော့ ကြားသိရပါတယ်။ ဧကရာဇ်က ကျောက်ချန်းရုံကို ကျောက်မျိုးနွယ်၏ ဘိုးဘေးဖြစ်တာကြောင့် ကျောက်အိမ်သားတွေကို တင်းတင်းကျပ်ကျပ်ဆုံးမဖို့ ပြစ်တင်ရှုတ်ချခဲ့တယ်။ ထို ကိစ္စအတွက် လူအများရှေ့မှာ ဧကရာဇ်မင်းက ပြစ်တင်ရှုတ်ချဖို့ ခေါ်ခိုင်းခဲ့တယ်လို့ ဆိုကြပါတယ် ။ ဒါပေမယ့် ဒီနှစ်မှာ ဧကရာဇ်အရှင်က ကျောက်ချန်းရုံ ကို ရှက်ရွံ့စေခဲ့သေးတယ်။ ကျောက်ချန်းရုံ နန်းဆောင်က မထွက်ခွာရဘူးဆိုပေမယ့် ကိုယ်လုပ်တော်ကျောက်က တော်တော်ငြိမ်သွား ပြီး နာနာခံခံနဲ့ ပြဿနာ မရှာတော့ပါဘူး။”
သူမတွင် ကောင်းမွန်သော နားနှင့်မျက်လုံးများရှိသည်။ သူမက အနောက်ဆောင်မှာ တစ်နေ့လုံးထိုင်နပေမယ့် အတိတ်အကြောင်းအားလုံးကို သူမသိနေသေးသည်။ မယ်တော်ကြီးသည် နန်းဆောင်ထဲတွင် စုပုံထားသော လက်ဆောင်သေတ္တာများကို ကြည့်ကာ လှောင်ပြောင်လျက် ခပ်ဖွဖွရယ်သမ်းသွေးရင်း ပေါ့ပေါ့တန်တန် မေးလာသည်။
“ဒီနှစ် လက်ဆောင်တွေက မနှစ်ကထက် နည်းနည်းပိုနေပုံရတယ်။”
***