ကိုးလကိုးရက်ပွဲတော်နေ့ နီးကပ်လာသည်နှင့်အမျှ ဧကရီမယ်တော်ြကီး အား လက်ဆောင်များပေးရန် စီနင်းနန်းဆောင်သို့ အဆုံးမရှိ လာရောက်ကြသူများ ရှိသည်။ အချိန်အတော်ကြာအောင် တဖွဲဖွဲလာ ကြပြီးနောက် နောက်ဆုံးတွင် ငြိမ်သက်သွားကြစ မြဲပင်။
“ဟုတ်ပါတယ်၊ မနှစ်ကထက် နှစ်ဆယ့်တစ်ခုပိုများနေပါတယ်။ ကျောက်မိသားစု တစ်ခုတည်းက လက်ဆောင် ရှစ်ခု ပေးခဲ့ပြီး အားလုံးက ရတနာကောင်းတွေချည်းပဲ။”
ပိချောင်က ကမန်းကတန်း ခေတ္တတန့်သွားကာ
“ကျောက်မိသားစုဆီက လက်ဆောင်က ထူးဆန်းလိုက်တာ၊ မနက်အစောပိုင်းက လေးခု ပေးခဲ့ပြီး ကျောက်ချန်းရုံ နန်းတော်က ထွက်သွားပြီးမှ ကျောက် မိသားစုက လက်ဆောင်လေးခု ထပ်ပို့ပေးဖို့ တစ်စုံတစ်ယောက်ကို အလျင်စလို စေလွှတ်လိုက်ကြတယ်။ လက်ဆောင်ကို နှစ်ပိုင်းခွဲပြီးပို့တာကို ဒီအစေခံက ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။”
“ကျောက်ချန်းရုံက အကွက် မြင်တတ်ပေမယ့် ကိုယ်လုပ်တော်ကျောက်လိုမျိုး ကိုယ်လုပ်တော်နေရာနဲ့ မထိုက်တန်တဲ့ ဆင်ခြင်ဉာဏ်နည်းပါးတဲ့ သူမျိုးကို မွေးဖွားလာရတာ သနားစရာပဲ။ သူမက တကယ်ကို မာကြောတဲ့နှလုံးသားရှိတယ်။”
ဧကရီမယ်တော်ြကီးက ဖြည်းညှင်းစွာပြောကာ ခဏရပ်ပြီး ရုတ်တရက် မေးလာသည်။
“ပိချောင် အန်းမိသားစုက ငါ့အတွက်ဘာပို့လိုက်သလဲ”
“ဟုတ်ကဲ့၊ ဝတ်ပြုဆုတောင်းရေးဌာန အမတ်မင်း အန်းဇီရှန် ရဲ့ မိသားစုက အန်းကတော်က လက်ဆောင်ပေးဖို့ နန်းတော်ထဲကို ကိုယ်တိုင်ကိုယ်ကျ ဝင်ခဲ့ပါတယ်။ လက်ဆောင်က အလွန်လက်ရာမြောက်လှတဲ့ ဖူဆ ဘုရားလောင်းပုံ ကြေးဝါရွှေရုပ်တုပါ”
ပိချောင် က အလျင်စလိုထပ်ပြောလိုက်သည်။
“ ရှောင်အန်းရှီကလည်း ဧကရီမယ်တော်ြကီးကို သူကိုယ်တိုင် ချုပ်လုပ်ထားတဲ့ အမွှေးအိတ်တစ်စုံကို ဆက်သလာပါတယ်။ နံ့သာမျိုးစုံပါရှိ ပြီး ဧကရီမယ်တော်ြကီး ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်လို့ ဆိုပါတယ်။”
“တချက်လောက် ကြည့်ရအောင် ယူလာခဲ့။ “
မယ်တော်ြကီးက ဖြည်းညှင်းစွာပြောလိုက်သည်။
ပိချောင် က ထိုအိတ်တစ်စုံကို ရှာရန် အလုပ်ရှုပ်သွားပြီး ဧကရီ မယ်တော်ြကီးထံ ဆက်သလိုက်သည်။
ဧကရီမယ်တော်ြကီးသည် ဗန်းပေါ်ရှိ *မမေ့ပါနှင့် ပန်းဖြင့် အလှဆင် ချည်ထိုးထားသော အိတ်နှစ်လုံးကို ကြည့်ရှုလိုက်သည်။ လက်ရာမပြောင်မြောက်ဘဲ ပန်းထိုးမှုမှာ သာမန်မျှသာဖြစ်သော်လည်း တော်ဝင်မိသားစုများမှ မင်းမျိုးမင်းနွယ်အမျိုးသမီးများကြားတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်လို့ရသည့်အနေအထားပင်။
(*forget-me-nots ပါ ချည်ထိုးတဲ့အခါ ထိုးလေ့ရှိပြီး မြင်တွေ့ရများတဲ့ ပန်းတစ်မျိုးဖြစ်ပါတယ်)
ဧကရီမယ်တော်ြကီးသည် အလွန်စိတ်ကျေနပ်သွားပုံရသည်။ ညင်သာစွာ ခေါင်းညိတ် ပြရင်း
“ လက်ရာက မဆိုးဘူး။”
“ဒီကျွန်လည်း ရှောင်အန်း ရဲ့လက်ရာကကောင်းတယ်လို့ထင်ပါတယ်”
ပိချောင် က ပြုံးပြီးပြောသည်။
“ရှောင်အန်း ကလည်း ဒီအိတ်တွေအပေါ် သူမစိတ်ကို နစ်မြုပ်ထားတဲ့ပုံပါပဲ။ အကယ်၍ ဒီဘေးမှာ တော်ဝင်မိသားစုကအမျိုးသမီးကသာ ပျိုနီပန်းနဲ့ ဖီးနစ်တွေကို အလှဆင်လိုက်မယ်ဆိုလျှင် ဒီရှောင်အန်းရဲ့ ပန်းပွင့်က ပိုမို ထူးခြားသွားမှာ အမှန်ပဲ”
မိဖုရားကြီးသည် စကားမဆိုသော်လည်း လက်ကိုဆန့်ကာ အမွှေးအိတ်ပေါ်ရှိ နူးညံ့သိမ်မွေ့သော မမေ့ပါနှင့်ပန်းပင်ကို ညင်သာစွာ ပွတ်သပ်ကာ အနည်းငယ် ခေါင်းညိတ် ပြရင်း
“ ကောင်းပြီ၊ ယူသွားတော့”
ပိချောင် က ဦးညွှတ်ပြီး လက်ထဲမှ ဗန်းကို ကိုင်ကာ နောက်ပြန်ဆုတ်သွားသည်။
နင်းဂုတ။
ရာသီဉတုက အေးစိမ့်နေပြီး သူ စောစောနိုးလာချိန်တွင် သစ်သားအင်တုံအတွင်းတွင် ရေခဲအလွှာလေးတွေ ဖြစ်ပေါ်နေသည်။ အားချိုးက ပြုံးပြပြီး ရေတွင်းထဲက ရေပုံးတစ်ပုံးကို ယူကာ အခန်းထဲသို့ အမြန်သယ်သွားသည် ။
“ကျုံးမင်းဝေ၊ အပြင်မှာ အေးစိမ့်နေတာပဲ”
အားချိုးက သူ့လက်ကို ပွတ်သပ်ရင်း ကျုံးမင်းဝေ အား ပြောလာသည်။
“လောက်တယ်၊လောက်တယ်၊ မနေ့က ဈေးထဲက အစားအသောက်တွေ၊ ဟင်းသီးဟင်းရွက်နဲ့ အသားတွေ အများကြီး ဝယ်လာတယ်လေ “
အားချိုး က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ဇလုံထဲမှာ ရေအေးကို ရောစပ်လိုက်ရင်း ကျုံးမင်းဝေရဲ့ မျက်နှာကို ဆေးဖို့ ယူလာပြီး နွေးနေတဲ့ လက်ကိုင်ပုဝါနဲ့ ဆေးကြောပေးလိုက်သည်။ သူမက ကျုံးမင်းဝေရဲ့ မျက်နှာကို ညင်သာစွာ ပွတ်ပေးပြီး
“ရက်အနည်းငယ်ကြာရင် အဖွားချန် နဲ့ ဂေါ်ဖီထုပ်အချဉ်ထည့်နည်းကို သင်ယူရတော့မယ်။ တရုတ်ဂေါ်ဖီထုပ်တွေ အများကြီးရှိတာကြောင့် ခဏလောက်စားဖို့ လုံလောက်ပါတယ်”
“ကိုယ်တိုင်ရေဆေးလိုက်မယ်... “
သူပြောလိုက်ပေမယ့် ကျုံးမင်းဝေက လက်ကိုင်ပုဝါကို ကောက်ယူဖို့ မမှီတာကြောင့် အားချိုးကို သူ့ ရဲ့မျက်နှာကို အ ကြိမ် ကြမ် ပွတ်သပ်ခွင့်ပေးလိုက်ရသည်။ သူက မပျင်းပေမယ့် အားချိုး လုပ်ပေးတာကို ကြိုက်နေမိရုံလေးပင်။ အားချိုးမှ သူ့မျက်နှာကို ဆေးကြောပေးပြီး ပူပူနွေးနွေး လက်ကိုင်ပုဝါနဲ့ လှည့်ပတ်သုတ်ပေးနေသည့် ခံစားချက်က ဖော်မပြနိုင်လောက်အောင် လှပသည်။
“ရှင် ကောင်းကောင်း ဆေးနိုင်မှာမဟုတ်ဘူး”
အားချိုး က စုတ်သတ်ကာ ပြောလိုက် ပြီး ကျုံးမင်းဝေ ရဲ့ နားရွက်ကို လက်ကိုင်ပုဝါနဲ့ သုတ်လိုက်သည်။ အားချိုးက အရမ်းသန့်စင်နိုင်သည်။ သူမသည် ကျုံးမင်းဝေ ထက် ပိုသန့်ရှင်းနိုင်ပြီး သူမအလုပ်ကိုလည်းစေ့စေ့စပ်စပ်လုပ်သည်။ ကျုံးမင်းဝေ ရဲ့မျက်နှာကို သူမဆေးသည့်အချိန်တိုင်း မျက်နှာ၊ လည်ပင်း၊ နားရွက်နဲ့ ဦးခေါင်းနောက်ကို ထပ်ခါထပ်ခါ သုတ်သည်။ ဒါပေမယ့် နားရွက်နောက်ကို ရောက်တဲ့အခါ အားချိုး က မကျေနပ်နိုင်တော့ပေ။
“ကျုံးမင်းဝေ ရှင်က ဖုန်မှုန့်တွေ ထပ်ပြီး ဖွက်ထားတာပဲ၊ နားရွက်နောက်မှာ အလွှာတစ်ခုတောင် ရှိနေတယ်”
“ကြည့်ရအောင်၊ မင်း ကိုယ့်ကို ဆေးကြောပြီးသွားပြီ မဟုတ်လား...”
ကျုံးမင်းဝေ မယုံ ကြည်ပေ။
အားချိုး က ကျုံးမင်းဝေရှေ့သို့ ပဝါကို ပြလိုက်သည်။ နှင်းဖြူရောင် ပဝါကြီးပေါ်တွင် အမှုန်အမွှားလေးများ ရှိနေသည်မှာ အမှန်ပင်။ အားချိုးက အရမ်းစိတ်ပျက်သွားသည်။
“ မြင်လား”
ဒီအချိန်မှာ ကျုံးမင်းဝေ က စိတ်မသက်မသာခံစားလိုက်ရပြီး ခေါင်းကို ကုတ်ကာ ညည်းရင်း
“ဒီအခန်းထဲမှာ ဖုန်မှုန့်တွေ အများကြီးရှိနေတာ ဖြစ်ရမယ်၊ မဟုတ်ရင် ကိုယ့်ခန္ဓာကိုယ်မှာ ဖုန်တွေ အများကြီးပေနေမှာ မဟုတ်ဘူး...”
***