“အရှင်မင်းသားရဲ့ ခန္ဓာကိုယ်မှာ ဂုဏ်ကျက်သရေတွေရှိနေသေးတယ်၊ ဒါတောင်မှ အ ဖြူကို အမဲဆို ပြီးပြောချင်နေသေးတာလား၊ဘယ်လိုတောင် ပလောင်းပလဲပြောနေတာလဲဆိုတာ ကြည့်စမ်းပါဦး...”
အားချိုးက ကျုံးမင်းဝေရဲ့ ခပ်တည်တည်အမူအရာကို မထီမဲ့မြင်ပြုပြီး လက်ကိုင်ပုဝါြဖင့်ထပ်ပြီး ပွတ်သပ်လိုက်ကာ သူမမျက်နှာကိုလည်း သန့်ရှင်းလိုက်သည်။
“ မနက်စာစားပြီးရင် ရေချိုးလို့ရအောင် ရေနွေးအိုးတည်ပေးမယ်၊အသစ်ဝယ်လာတဲ့ ရေချိုးကန်ကို သုံးကြည့်လေ”
သူမ ကျုံးမင်းဝေ ကို ပြောလိုက်သည်။
အားချိုး အရင်ရက်တုန်းက ကြီးမားသော ဝယ်ယူမှုတစ်ခု ပြုလုပ်ခဲ့သည် ။ လာမယ့်ဆောင်းရာသီအကြောင်းတွေးရင်း အားချိုး အံကြိတ်ပြီး ရေချိုးကန်ကြီးတစ်လုံးဝယ်ခဲ့သည်။ ဆောင်းတွင်းရေချိုးရင် အအေးမိဖို့က လွယ်လွန်းသည်။ ကျုံးမင်းဝေက သေချာပေါက် အအေးမိလို့ မရပေ။ ထို့အပြင်၊ မကြာခဏ ရေနွေးပူဖြင့် ရေချိုးခြင်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ကောင်းမွန်ကာ အားချိုးသည် ထိုကဲ့သို့သော ရေချိုးကန်ကို ငှားရမ်းရန်ကလည်း မဖြစ်နိုင်သောကြောင့် အခွင့်ကောင်းရခိုက်တွင် ရေချိုးကန်ကို အမြန်ဝယ်ပြီး ပြန်လာခဲ့သည်။
မနက်စာစားပြီးနောက် အားချိုး သည် မီးဖိုဘေးတွင်ထိုင်ကာ ရေနွေးပွက်ပွက်ဆူသည်ကို စောင့်နေသည်။ ကျုံးမင်းဝေသည် အခန်းအတွင်းရှိ ရေချိုးကန်ကြီးအား တလှည့် မီးဖိုဘေးတွင် ထိုင်နေသော အားချိုးကို တလှည့်ကြည့်ရင်း စကားပြောရန် ချီတုံချတုံ ဖြစ်နေသည်။
သူ ရေမချိုးတာ တစ်နှစ်ခွဲကျော်ရှိပြီမို့ သဘာဝအတိုင်း ရေချိုးချင်ပေမယ့် သူ့လက်တွေကို လှုပ်ရှားနိုင်ချိန်မှစ၍ အားချိုးကို သူ့တစ်ကိုယ်လုံးကို မသန့်ရှင်းခိုင်းတော့ဘဲ အကြိမ်တိုင်း သူ့ဘာသာသူသာ သန့်ရှင်းရေးလုပ်လေ့ရှိသည်။ အားချိုး က ဘေးနားကနေ တချိန်လုံး သူတစ်ကိုယ်လုံးကို သုတ်နေသည်ကို ကြည့်နေဖို့က မဖြစ်နိုင်ပေမယ့် ဒီတစ်ခါ ရေချိုးကန်ထဲမှာ ရေချိုးချင်ရင် သူက လမ်းမလျှောက်နိုင်တော့တာကြောင့် အားချိုးက သူ့ကို ဘေးမှ ထောက်ကူထားရမှာ သေချာသည်။ဒါတင် မဟုတ်သေး၊ အားချိုးမပါရင် ဒီခါးထိနက်တဲ့ ရေချိုးကန်ကို သူ ဘယ်လိုကျော်ဖြတ်နိုင်မှာလဲ။
ကျုံးမင်းဝေက သူဟာတကယ် ကြောင်သူတော်ြဖစ်သည်ဟု ခံစားနေမိသည်။ မနက်အစောကြီးကတည်းက ကိုယ်လုံးတီးနဲ့တွေ့ခဲ့ရတာ ဖြစ် ပြီး သူဟာ အရွယ်ရောက် ပြီးသူလည်းဖြစ်တာကြောင့် ဒီအချိန်မှာ ရှက်နေသလို ခံစားရသည်။
“ရပြီ”
ရေနွေးကျိုပြီး အားချိုး သူ့လက်စတွေကို လှန်တင်ရင်း ထရပ်လိုက်သည်။ ထို့နောက် ရေကို ရောဖို့ အလျင်စလို မလုပ်ဘဲ အခန်းထဲက ထွက်သွားလေသည်။
‘ဒီကောင်မလေး ဘယ်သွားနေတာလဲ’
ကျုံးမင်းဝေ သည် ကြယ်သီးများပေါ်မှ သူ့လက်များကို တန့်ထားမိပြီး ခဏအ ကြာမှ တုံ့ဆိုင်းစွာဖြင့် ဖြုတ်လိုက်သည်။
“ဒါက သစ်ပိုးခြောက်တွေ.... “
အားချိုး က သူ့လက်ထဲက တောင်းသေးသေးလေး ကိုင်လာပြီး ကျုံးမင်းဝေကို ဝမ်းသာအားရ ပြောပေမယ့် ကုတင်ပေါ်ရှိ ကိုယ်လုံးတီးနဲ့ ယောက်ျားကို မြင်လိုက်သည်နှင့် ရုတ်တရက် တိတ်ဆိတ်သွားပြီး အသံလျှော့သွားကာ ခေါင်းကို လှည့်လိုက်သည်။ သူမ ရေချိုးကန်အနီးသို့ တရွေ့ရွေ့သွားကာ သစ်ပိုးခြောက်ကို လောင်းထည့်လိုက်ပြီး တိုးတိုးလေး ပြောပြသည်။
“ ရေချိုးရင် သစ်ပိုးခြောက်ထည့်ချိုးလို့ သမားတော်က ပြောတယ်။ ချီစွမ်းအင်တိုးစေ ပြီး သွေးလှည့်ပတ်မှုကိုပိုကောင်းလာစေတယ်တဲ့၊ စိုစွတ်မှုနဲ့ အအေးဓာတ်ကိုလည်း ဖယ်ရှားပေးတယ် ၊ အမ် ၊ တခြားကောင်းကျိုးတွေကတော့ မေ့သွားလို့ ၊ဘာပဲ ဖြစ် ဖြစ် အဲ့ဒါက ကောင်းပါတယ် ၊ တောင်ခြေကနေ ယူလာ ပြီး သေချာဖြတ်၊သေချာသန့်ရှင်း၊ သေချာဆေးကြောြပီး အခြောက်ခံထားတာ မညစ်ပတ်ပါဘူး...”
“သန့်ရှင်းပြီး ထိရောက်မှုရှိမယ် ဆိုတာ သိပါတယ်”
ကျုံးမင်းဝေက ခေါင်းအရမ်းငုံ့ထားတာကြောင့် အားချိုးရဲ့ မျက်နှာကို မမြင်ရဘဲ အားချိုး ရဲ့ နီရဲနေတဲ့ နားရွက်လေးတွေကိုသာ ကြည့်နေလိုက်သည်။ သူ့ကိုယ်ထက်တွင် ဘာမှမကျန်တော့ပေ။
ဒီကောင်မလေးက သူ့ထက်တောင် ပိုကသောင်းကနင်းဖြစ်နေလေသည်။ နောက်ဆုံးတော့ သူကမှ ဒီကောင်မလေးကို အခွင့်ကောင်းယူခဲ့တဲ့သူပဲဆိုတော့ သူကသူတော်ကောင်းတစ်ယောက် ဖြစ်ပါဦးမလား။
သစ်ပိုးကို နေရာတကျ ထားလိုက်ပြီးနောက် အားချိုး သည် အိုးအတွင်းရှိ ရေနွေးကို သစ်သားအင်တုံထဲသို့ လောင်းချကာ ရေချိုးကန်ထဲသို့ တစ်ပုံးပြီးတစ်ပုံး လောင်းထည့်၍ ပုံးတစ်ဝက်စာကို ရေအေးဖြင့် ရောလိုက်သည်။ ထို့နောက် အားချိုး ရပ်တန့်၍ ရေကို ငုံ့စမ်းကြည့်ရာ အပူချိန်မှန်နေပြီဟု ခံစားမိသဖြင့် လက်ထဲမှ ခွက်ကိုချကာ ကျုံးမင်းဝေကို မော့ ကြည့်လိုက်သည်။ကျုံးမင်းဝေည် ဘောင်းဘီရှည်ကိုချွတ်ထားပြီးဖြစ်ကာ သူ့ကိုယ်ပေါ်တွင် အတွင်းဘောင်းဘီရှည်တစ်ထည်သာ ကျန်တော့ပြီး ဖြူဖွေးနေသည့် ခြေတံရှည်များကို လှစ်ဟာ ပြထားသည်။
အခန်းထဲမှာ အကြာကြီးရှိနေရလို့လားမသိပေမယ့် ကျုံးမင်းဝေရဲ့ ခန္ဓာကိုယ်က အရမ်းဖြူဖပ်ဖြူရော်ဖြစ်ပြီး အရင် ဖျားနာတုန်းကအရောင်ကဲ့သို့ ဖြူဖျော့နေ ခြင်း မဟုတ်ပေမယ့် ကျန်းမာပြီး လှပဖြူစင်နေသည့်ပုံပေါ်နေသည်။ သူ့ခြေထောက်ပေါ်က အမွှေးအမျှင်တွေသည် အသားဖြူဖွေးနေတာကြောင့် အရမ်းသိသာထိရှားနေသည်။ အားချိုးက သူမပထမဆုံးရောက်တုန်းက ကျုံးမင်းဝေ ခြေထောက်မှာ အမွှေးမရှိဘူးဆိုတာကို သတိရလိုက်သည်။ လွန်ခဲ့တဲ့ လအနည်းငယ်က သူမ သူ့ကို ကောင်းကောင်းဂရုစိုက်နိုင်ခဲ့လို့လား မသိ။ ရိုးရိုးသားသားပြောရလျှင် ပထမ အမြင်မှာ အားချိုး လက်မခံနိုင်သေးပါ။ ခြုံပြောရလျှင် ကျုံးမင်းဝေ၏ ခန္ဓာကိုယ်ပေါ်ရှိ ကုတင်အနာများ ပျောက်ကင်းသွားပြီးနောက်ပိုင်း ကျုံးမင်းဝေသည် မည်သည့်အခါမျှ ကိုယ်လုံးတီးမရှိခဲ့တော့ပေ။
‘‘ရှင်....ရှင့်ကိုယ်ပေါ်မှာ ဘာလို့ အဲ့လောက်တောင် အမွှေးတွေ များနေတာလဲ”
အားချိုး ရှက်ရှက်နှင့် တိုးတိုးလေး ပြောလိုက်သည်။သူမ သေလောက်အောင် ရှက်ရွံ့နေသော်လည်း ထိုသူ၏ ခြေထောက်များဆီသို့ အာရုံမစိုက်ဘဲ မနေနိုင်ပါပေ။
***