“ကျွန်မ... ရှင်နဲ့ အတူမချိုးချင်ပါဘူး။ ရေချိုးချင်ရင် ရေနွေးအိုး ဘယ်လိုတည်ရမလဲ မသိတဲ့သူမို့လို့လား။”
အားချိုးက ပြင်းထန်စွာပြောလိုက်သော်လည်း သူမမျက်နှာသည် ရုတ်တရက် လည်တိုင်မှစ၍ နီရဲလာပြီး ကျုံးမင်းဝေ၏လက်ကို ခါယမ်းလိုက်သည်။ ယောက်ျားသားရဲ့ ခွန်အားက အရမ်းသန်မာတာကြောင့် သူမ မဖယ်ရှားနိုင်ခဲ့ချေ။အားချိုး၏ မျက်နှာသည် နီမြန်းလာပြီး သူမအသံက ပိုမြန်လာသည်။
“ လွှတ်လိုက်ပါ၊ ကျွန်မကိုကိုင်ထားပြီး ဘာလုပ်တာလဲ”
“ ပြဿနာမရှာနဲ့တော့၊အရင်ဝင်လာခဲ့”
ကျုံးမင်းဝေက အားချိုးကို ရေချိုးကန်ဘောင်ပေါ်သို့ ဆွဲတင်လိုက်ပြီး သူမကို လေးနက်စွာ အာမခံသည်။
“ ကောင်မလေး ၊ ကိုယ် ဘာမှ မလုပ်ပါဘူး ၊ ရေချိုးရုံပါပဲ၊ကိုယ် မင်းကို မထိဘူး”
“ကျွန်မ ကိုယ့်ဘာသာ ရေချိုးမယ်၊ ရှင်နဲ့မချိုးဘူး... “
အားချိုး ငိုချင်လာကာ သူမ မရုန်းကန်နိုင်တော့ဘဲ ကျုံးမင်းဝေကို သနားစရာကောင်းအောင် တောင်းပန်တော့သည်။
“ကျွန်မကို ဆက်မဆွဲထားနဲ့ ၊ရှင်နဲ့အတူတူမချိုးချင်ပါဘူးဆို..”
“ဒီလိုအေးတဲ့နေ့မျိုးမှာ အပြင်မှာ ရေချိုးချင်လို့လား။ ကိုယ့်ကို ရှောင်ဖို့ မင်း အအေးမိခံမလို့လား။ကောင်မလေး၊ ကိုယ်မင်းကိုမထိဘူးလို့ပြောတယ်လေ။ ကိုယ်မင်းကိုကောင်းကောင်းရေချိုးစေချင်တယ်၊ မင်းအဆင်မပြေရင် မင်းအဝတ်အစားဝတ်ထား။မင်းကိုကိုယ်တကယ်မထိဘူး။ ဒီရေချိုးကန်ကကြီးတယ်၊ ကိုယ်တို့သာ တစ်ဖက်စီဆို မထိဘူး”
“မထိဘူးလို့ ဘယ်သူပြောလဲ။ ရှင့်ခြေထောက်တွေက အရမ်းရှည်တယ်၊ မဆန့်ထုတ်ဘဲနဲ့တောင်မှ အစွန်းကိုရောက်နေတာ”
အားချိုး ဆန့်ကျင်ပြောလိုက်သော်လည်း သူမ၏ နှလုံးသားသည် ကြောက်လန့်ခြင်းမရှိတော့ပေ။ ကျုံးမင်းဝေ၏ စကားကြောင့် သူမ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဟုတ်သည်။ နောက်ပိုင်းဆို အပြင်မှာ အရမ်းအေးလိမ့်မည်။သူမ မခံနိုင်ပေ။ အခန်းထဲမှာပဲ ရေချိုးလို့ရလိမ့်မည်။ ကျုံးမင်းဝေ ကိုရှောင်လွှဲရန်နည်းလမ်းမရှိပါက ကျုံးမင်းဝေနှင့် တလှည့်စီ သို့မဟုတ် အမှောင်ထဲတွင် ရေချိုးနိုင်မည် ဖြစ်သော်လည်း နောက်ဆုံးတွင် သူမတို့သည် တစ်ခန်းတည်းတွင်ရှိနေဆဲဖြစ်သည်။
သူမ ထိုအကြောင်းတွေးမိရုံဖြင့် နှလုံးခုန်သံများ မြန်ဆန်လာရသည်။သူမနှလုံးသည် လည်ချောင်းဝထိ ခုန်လှုပ်နေကာ ကျုံးမင်းဝေ ထိုနှလုံးခုန်သံကို ကြားမည်ကို အမြဲကြောက်နေခဲ့ရသည်။ ထို့အကြောင်းတို့ကြောင့် သူမသည် ခြေဖျားထောက်ကာလျောက်သွားနေစဉ် ရေအင်တုံကို မတော်တဆ ထိမိကာ အိပ်ယာကိုစိုစေမိသွားသ ဖြင့် တစ်ညလုံး ခြေထောက်များ ကွေးကောက်နေခဲ့ရဖူးသည်။ အခန်းထောင့်တွင် ကိုယ့်ကိုယ်ကို နစ်မြုပ်ရင်း အသက်ရှုကြပ်ကာ သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။
“ ဒီတစ်ခါ ရေချိုးလိုက်ရင် မင်းခန္ဓာကိုယ်ကို ဆယ်ကြိမ်လောက် ထပ်ချိုးစရာ မလိုတော့ဘူး”
အားချိုးသည် ရေနွေးငွေ့တို့လျံထွက်နေသော ရေချိုးကန်ကြောင့် ပို၍ တုံဆိုင်းသွားကာ မေးလာသည်။
“ရတယ် ရတယ် ကြည့်လေ နေရာက ဘယ်လောက်ကြီးလိုက်သလဲ”
ကျုံးမင်းဝေက ရေထဲမှ မော့ကြည့်ရင်း အလုပ်များနေသည်။
“ လူနှစ်ယောက်မကဘူး ၊သုံးယောက်လောက်တောင် ဝင်ဆံ့တယ်”
“ဒါ ဖြင့် ရှင်နဲ့ရေချိုးဖို့ မြန်မြန်ထပြီး လူနှစ်ယောက်သွားရှာလေ။ “
အားချိုးက မပျော်မရွှင်ဖြစ်ပြီး နှုတ်ခမ်းစူနေပေမယ့် သူမ လည်ပင်းမှ ကြယ်သီးကို ဖြုတ်လိုက်သည်။
ကျုံးမင်းဝေက သူ့ရဲ့သစ္စာစောင့်သိမှုကို ဖော်ပြဖို့ အရမ်းအာရုံစိုက်နေသည်။
အားချိုး၏ နှလုံးသားသည် သကြားစားရသကဲ့သို့ ချိုမြိန်နေသော်လည်း သူမမျက်နှာက ရှုံ့တွနေပြီး လေးလံသော ဆောင်းကုတ်အင်္ကျီကို ချွတ်ကာ လရောင်ကဲ့သို့အဖြူရောင်အင်္ကျီကို ပေါ်လွင်စေလိုက်သည်။အင်္ကျီက အလွန်ကျယ်ကာ ပေါင်လယ်အထိ ရှည်လျားသောကြောင့် အားချိုးသည် အလွန်ရုပ်ဆိုးပုံပေါ်နေသည်။ ကျုံးမင်းဝေသည် ပါးလွှာသည့်တိုင် ဖာထေးထားသည့် အင်္ကျီ ကိုမြင်သောအခါ အံ့အားသင့်သွားသည်။ ကျုံးမင်းဝေ အံ့အားသင့်ရုံသာမက အားချိုး လည်း ထိတ်လန့်သွားလေသည်။
ကျုံးမင်းဝေက လေးနက်သောအသံဖြင့် အင်္ကျီ၏အရှေ့ဘက်တွင် တစောင်းထိုးထားသော ရွှေချည်ဖြင့် ချယ်လှယ်ထားသော တိမ်တိုက်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
“ကျွန်မ... ဒီအင်္ကျီကို ရှင်မဝတ်တော့ဘူးဆိုတာ တွေ့လို့ ကျွန်မက... “
အားချိုး မျက်နှာပင် ဘယ်မှာထားရမှန်းတောင် မသိတော့အောင် ရှက် ပြီးရင်းရှက်နေရသည်။
“ဒီအင်္ကျီက အရမ်းကောင်းတယ်၊ ပိုးသားနဲ့ လုပ်ထား ပြီး ရွှေချည်တွေလည်း ကျန်နေတုန်းပဲ၊ ကျွန်မတကယ်ကို အလေအလွင့်မထားနိုင်ဘူး ဒါကြောင့် ကျွန်မ...”
အားချိုး ဆက်မပြောနိုင်တော့ပေ။ဒါက အရမ်းရှက်စရာကောင်းသည်။ထို အဝတ်အစားများက ကွက်တိချုပ်ထားသည့်အ၀တ်အစားတွေ ဆိုပေမယ့် သူမ ကျန်တဲ့အဝတ်အစားတွေကိုလည်း ကောက် ပြီးဝတ်လေ့ရှိ ပြီး အခုတော့ တခြားသူက ဖမ်းမိသွားသည်။ အားချိုး ရှက်လွန်းလို့ စိုးရိမ်ပြီး ငိုနေမိသည်။သူမ ဒီအင်္ကျီဝတ်ထားတာ အလွန် ကြာခဲ့ ပြီ ဖြစ်ကာ မူလပိုင်ရှင်က ကျုံးမင်းဝေ ဆိုတာကို မေ့နေမိသည်။ တနည်းအား ဖြင့် အနှီယောက်ျား ကြီးရဲ့ဟာဆိုတာကို လုံးဝမေ့နေမိ ခြင်းပင်။
“အဆင်ပြေပါတယ်”
ကျုံးမင်းဝေက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အားချိုး ကို သူ့ရှေ့ကို ဆွဲခေါ်လိုက်သည်။ သူက အားချိုး ရဲ့ လက်နှစ်ဖက်လုံးကို ကိုင်ထားပြီး အားချိုး ကို မော့ကြည့်လိုက်ကာ
“ကောင်မလေး၊မင်း ကိုယ့်အဝတ်အစားတွေဝတ်ထားတာလို့ ကိုယ်ပျော်ပါတယ်”
***