“ဘာ ပျော်စရာရှိနေလို့လဲ”
အားချိုး ရှက်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“မိန်းကလေး၊ မင်းကိုယ့်ကိုကြိုက်တာ ကိုယ်ဝမ်းသာရမှာပေါ့”
ကျုံးမင်းဝေသည် သူ့မျက်နှာကို သုတ်လိုက်ပြီး ထိုကဲ့သို့ နှိမ့်ချသော စကားများကို မပြောစဖူး ပြောလာသည်။
“ကျွန်မက ရှင့်ကို ဘာလို့ မထီမဲ့မြင်ပြုရမှာလဲ “
အားချိုးသည် ကျုံးမင်းဝေ ၏ မျက်လုံးများနှင့် မဆုံဝံ့။ အလွန်တုန်လှုပ်နေခဲ့သော သူမနှလုံးသားသည် ယခုအခါတွင် မြေပြင်ပေါ်သို့ လဲကျသွား ပြီ ဖြစ်ကာ သူမ၏လျှာသည် တဖန် စူးရှလာပြန်သည်။
“မနက်တုန်းက သဘောတူထားတယ် မဟုတ်လား။ မျှမျှတတလုပ် ကြရအောင် တစ်ယောက်က တခြားတစ်ယောက်ကို မကြိုက်လို့မရဘူးလေ”
“ဟုတ်တယ်၊ ကိုယ်တို့ စောစောစီးစီး သဘောတူညီမှုရပြီးပြီ”
ကျုံးမင်းဝေက ပြုံးပြီး ခေါင်းညိတ်ပြပေမယ့် အားချိုး ရဲ့မျက်နှာကို သူ့မျက်လုံးတွေက စိုက်ကြည့်နေဆဲ ဖြစ်ကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ ရှက်စရာကိစ္စတစ်ခုထပ်ရှိနေမည်စိုး၍ နှုတ်ဆိတ်နေမိသည်။ သူ ဘာမှမပြောသေးပဲ အားချိုး ရဲ့ နောက်ကျောကို လက်နဲ့ ပုတ်လိုက်ပြီး တိုက်တွန်းလိုက်သည်။
ဒီတစ်ခါတော့ အားချိုး နောက်မဆုတ်တော့ဘဲ ကျုံးမင်းဝေ ရှေ့မှာ သူ့ရဲ့ ချည်ဘောင်းဘီရှည်ကို ဆွဲချွတ်လိုက်ပြီး အတွင်းပိုင်းကို ဖာထေးထားတဲ့ သူ့အောက်ခံဘောင်းဘီကို တချက်ကြည့်ကာ နီမြန်းနေတဲ့ မျက်နှာနဲ့ ရေချိုးကန်ထဲကို လှမ်းဝင်လိုက်သည်။
ကျုံးမင်းဝေ ပြောသည့်အတိုင်းပင် တကယ် သက်တောင့်သက်သာရှိလှသည်။ အားချိုးက အပူကို ရုတ်တရက်ထိလိုက်တာကြောင့် အော်လိုက်ကာ ရေချိုးကန်ထဲတွင် ထိုင်ချလိုက်ပြီး သက်ပြင်းချလာသည်။
ကျုံးမင်းဝေက သူမကို သက်တောင့်သက်သာကြည့်ရင်း ရယ်မောကာ အားချိုး ၏လက်ကို လှမ်းဆွဲလိုက်သည်။
အားချိုး မျက်လုံးများ အလျင်စလို ပြူးကျယ်သွားပြီး သူ့ဘေးနားက လူကိုသတိ ကြီးစွာကြည့်ရင်း
ကျုံးမင်းဝေ သူ့လက်ထဲမှာ လက်ကိုင်ပုဝါကို ကိုင်ထားပြီး
“မင်းကိုယ့်နောက်ကျောကို အမြဲသုတ်ပေးတယ်ဆိုပေမယ့် မင်း ကျောကို မသုတ်တာကြာပြီ ဟုတ်တယ်မလား”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မကိုယ့်ဟာကိုယ် သုတ်လို့ရတယ်”
အားချိုး က အလျင်အမြန် ခေါင်းခါပြီး နီရဲနေတဲ့ မျက်နှာနှင့်
ကျုံးမင်းဝေက အတင်းအကြပ်မလုပ်တော့ဘဲ ခေါင်းငုံ့ပြီး သူ့လက်မောင်းကို ထပ်ခါထပ်ခါသုတ်ကာ လက်ကိုင်ပုဝါကို လွှင့်ပစ်လိုက်သည်။ ထို့နောက် ခေါင်းကို ဖြည်းညှင်းစွာမော့ကာ အပူငွေ့ကြောင့် ပါးပြင်တွေနီမြန်းနေတဲ့ အားချိုးကို ကြည့်ပြီး ရေထဲမှ လက်သီးကို ဖြည်းညှင်းစွာ ဆုပ်နယ်နေခဲ့သည်။
သူမသည် သက်တောင့်သက်သာရှိမှုကြောင့်သာမက အရှက်ရ ခြင်းကိုလည်းရှောင်ရှားရန် မျက်လုံးမှိတ်ထားခဲ့သည်။ သို့သော် ယခုအချိန်တွင် ကျုံးမင်းဝေ၏ လေးနက်သော မျက်နှာကို မြင်လိုက်ရသောအခါ သူမ နှလုံးသားထဲတွင် အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
“ကောင်မလေး ကိုယ့် ခြေထောက်တွေ ပိုကောင်းလာတဲ့အခါ “
ကျုံးမင်းဝေက သူ့စကားတွေကို တစ်ခွန်းချင်း ကြားနေရသည်။
စိတ်လှုပ်ရှားမှုကြောင့် သူ့ နှလုံးခုန်သံတို့ တိတ်ဆိတ်သွားသည်။
အားချိုး၏ နောက်ကျောသည် ရုတ်တရက် မတ်သွားကာ ဆန့်ကျင်ဘက်ရှိ ကျုံးမင်းဝေ ကို ကြည့်လိုက်မိသည်။ အပူရှိန်ပြင်းပြင်းအောက်တွင် ထိုယောက်ျားက မျက်တောင်မခတ်တန်းစိုက် ကြည့်ကာ သူမထံမှ တစ်စုံတစ်ခုကို မျှော်လင့်ရင်း စိုးရိမ်စိတ်ဖြင့် ကြည့်နေလေသည်။
“မင်း အဆင်ပြေရဲ့လား”
အချိန်အတော်ကြာပြီးနောက် ကျုံးမင်းဝေသည် အားချိုး ထံမှ တုံ့ပြန်မှုမရသောအခါတွင် မနေနိုင်တော့ဘဲ ထပ်မေးလိုက်မိသည်။ သူ့နှလုံးသားက ပိုလို့တောင် ဗြောင်းဆန်သွားပြီး အားချိုး ပါးစပ်က ဟင့်အင်း ဆိုတဲ့ စကားလုံး ထွက်လာမှာကို ကြောက်သွားမိသည်။ သူအရမ်းစိုးရိမ်သွားကာ ဆက်ပြောလာသည်။
“... ကိုယ့် ခြေထောက်တွေ ပိုကောင်းလာမယ် ထင်တယ်။ အခု ကိုယ့်ပေါင်တွေက အရင်ကထက် ပိုသန်မာလာပေမယ့် ဒူးတွေက ခွန်အားအများကြီး မထုတ်နိုင်သေးဘူး။ ဒါပေမယ့် ကိုယ် ခြေထောက်တွေကို ကောင်းကောင်းလေ့ကျင့်ပြီး လာမယ့်နွေဦးရာသီမှာ မြေပြင်ပေါ် လမ်းလျောက်နိုင်အောင် ကြိုးစားမယ်။ တံမျက်စည်းလှည်း ၊ ထမင်းချက် ၊ ရေသယ် ၊ကိုယ် ဘာမဆို လုပ်နိုင်တယ်။ ဘယ်လိုလုပ်ရမှန်းမသိရင်လည်း ကိုယ် သင်ယူမယ်။ ဒါကို အရင်က တစ်ခါမှ မလုပ်ဖူးပေမယ့် ကောင်မလေး၊ကိုယ်က အမြဲတမ်း အရာရာကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့တာ။ အခြားသူတွေ မြင်းစီးကျွမ်းကျင်ဖို့ အနည်းဆုံး တစ်နှစ်ခွဲကြာတယ်။ကိုယ်က တစ်လမပြည့်ခင်မှာ စီးတတ်ခဲ့တာဆိုတော့ အနာဂတ်မှာ စိုက်ပျိုးရေးလုပ်တဲ့အခါ တခြားသူတွေထက် ပိုကောင်းမှာ သေချာပါတယ်။ကိုယ်တို့ မင်း ကြိုက်တာကိုပဲ စိုက်မယ်၊မင်း မကြိုက်တာတွေကို မစိုက်ဘူး။ကောင်မလေး၊ ကိုယ် မင်းကို သေချာပေါက် ကောင်းမွန်တဲ့ ဘဝမှာ ရှင်သန်ရစေမယ်။ စုတ်ပြဲနေတဲ့ အဝတ်အစားတွေကိုလည်း ဖာထေးစရာ မလိုဘူး...”
ကျုံးမင်းဝေ စကားတို့က အလျင်စလို ဖြစ်နေပြီး အလွန် စိတ်လှုပ်ရှားကာ အဆုံးမှာ စကားလုံးတို့ကမောက်ကမ ဖြစ်သွားပြီး သူကိုယ်တိုင်ပင်နားမထောင်နိုင်တော့။ သူ့ပါးစပ်ကို မရပ်တန့်နိုင်ဘဲ စကားလုံးတို့ကို ဆက်ပြောနေမိသည်မှာ အားချိုးက စိတ်လှုပ်ရှားပြီး စိတ်ပျော့ပျောင်းလာလိမ့်မည် ဟု တထစ်ချ ယုံ ကြည်နေမိသလိုပင်။
***