“အိုး“
ကျုံးမင်းဝေ ချက်ခြင်း အံကြိတ်လိုက်သည်။
“ဘာဖြစ်တာလဲ ကန်ချက်က ဘယ်ထိသွားတာလဲ”
အားချိုး သည် အလွန်စိုးရိမ်သွားသဖြင့် ကျုံးမင်းဝေ၏ ခြေသလုံးကြွက်သားကို ထိရန် အလျင်စလို တွားသွားပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။
“ဘယ်ကနာတာလဲ။ ဘယ်မှာလဲ အရမ်းနာသွားတာလား”
“မင်းကိုယ့်ကို အငြိုးနဲ့ ကန်မိလိုက်တာကို၊အိုး မိန်းကလေး၊ မထိနဲ့။ အဲဒါကို ထိလိုက်ရင် ပိုနာလာလိမ့်မယ်”
ကျုံးမင်းဝေက အော်လိုက်သည်။သူ့မျက်လုံးနဲ့ မျက်ခုံးတွေမှာ ရှုံ့တွနေပြီး ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေရတာ သိသာလှသည်။
“ မိန်းကလေး၊ မင်းက ကိုယ့်ကို ဘာလို့ ဒီလောက်တောင် အားစိုက်လိုက်ရတာလဲ”
ကျုံးမင်းဝေက ဝမ်းနည်းစွာ ရေရွတ်ရင်း အားချိုးရဲ့ လက်လေးကို တိတ်တဆိတ် ဆွဲယူလိုက်ပြီး သူ့ခြေသလုံးပေါ် တင်လိုက်ကာ
ကိုယ်လုပ်တော်ရှုသည် ဤပူ ပြင်းသည့်နန်းဆောင်၌ တစ်ကိုယ်တည်းအထီးကျန်စွာ သုန်မှုန်နေကာ အစေခံအပေါင်းတို့ကို နှင်ထုတ်လေသည်။ ကျုံးမင်းကော နန်းတော်ထဲကို မဝင်လာမချင်း သူမ၏အစေခံက သတင်းပို့ရဲမည် မဟုတ်။ ဤအချိန်တွင် ကိုယ်လုပ်တော်ရှုသည် နှုတ်ဆိတ်နေလျက် ရှိသည်ကိုမြင်လျှင် အစေခံမိန်းကလေးသည် စိုးရိမ်တကြီးမျက်နှာထားနှင့် အသံတိုးတိုးဖြင့် ထပ်မံအသံ ပြုလိုက်သည်။
“အထဲမ၀င်ခင် နာရီဝက်လောက် ဗုဒ္ဓခန်းမမှာ ဒူးထောက်နေလို့ ပြောလိုက်”
အစေခံမိန်းကလေးဟာ စိတ်ရှုပ်နေပြီး တံခါးဝမှာ ချိတုံချတုံ ဖြစ်နေကာ ဝင်ရမလို ထွက်ရမလို ဝေခွဲရခက်နေသည်။
“ဟုတ်ကဲ့၊ ဒီအစေခံ အခုသွားနေပါပြီ”
အစေခံမိန်းကလေးသည် အလွန်ထိတ်လန့်နေမှန်း သိသာထင်ရှားစွာပင် ဦးညွှတ်ကာ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။
ကိုယ်လုပ်တော်ရှုသည် လေအနည်းငယ်ရှိုက်၍ အသက်ပြင်းပြင်းရှူလိုက်သော်လည်း သူမသည် ဒေါသများပြည့်နှက်နေပြီး ဒေါသကိုလျော့ချရန်နေရာမရှိ ဖြစ်နေသည်။ ထို့ကြောင့် အချိန်အတော်ကြာအောင် အေးစက်နေသောေရနွေးခွက်ကိုယူကာ သောက်လိုက်သည်။
လက်ရာမြောက်လှသော အပြာရောင်နှင့် အဖြူရောင် ကြွေလက်ဖက်ရည်ခွက်သည် အစိတ်စိတ်အမွှာမွှာ ကွဲသွားသည်။
ကြမ်းပြင်တပြင်လုံးရှိ ကြွေပန်းကန်လုံး အမှုန်အမွှားများကို ကြည့်ရင်း ကိုယ်လုပ်တော်ရှုသည် တကိုယ်လုံးတုန်ယင်နေသည်။
ကိုယ်လုပ်တော်ကျောက်သည် ကိစ္စအတော်များများကို ရှုပ်ထွေးစေကာ မယ်တော်မိဖုရားကြီးကို မကျေနပ်စေရုံသာမက ဧကရာဇ်မင်းကြီးကလည်း အမတ်မင်းကျောက်ချန်းရုံ ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမခဲ့သည် မဟုတ်ပါလော။ဤသည်က ကျောက်မိသားစုကို နန်းတော်အတွင်းရော အပြင်မှာပါ မျက်နှာပျက်သွားစေသည်။ ဧကရာဇ်မင်းမြတ်ကိုယ်စား ဧကရာဇ်မင်းမြတ်အတွက် ဆုတောင်းရန် ထွက်သွားသော တတိယမင်းသား ကျုံးမင်းကျန်း သည် နန်းတော်မှ ထွက်သွားသောအခါ စိတ် ကြီးဝင်သွားသည်။ နန်းတော်သို့ ပြန်ရောက်လာသောအခါ အရှက်ကွဲစေသည်ဟု ဆိုကာ ကိုယ်လုပ်တော်ကျောက်ကွေ့ ကို အပြစ်တင်သည်။
ကိုယ်လုပ်တော်ကျောက်က ဧကရာဇ်မင်းကြီးနဲ့ မရှုပ်ဝံ့တာကြောင့် ဒေါသအရမ်းထွက်နေရပြီး အပြစ်ရှိကြောင်းဝန်ခံရန် ဆံထိုးကိုချွတ်ကာ တော်ဝင်စာ ကြည့်ဆောင်သို့သွားခဲ့သည်။သို့သော် ဧကရာဇ်မင်းကြီးက သူမမျက်နှာကို မမြင်ရခင်မှာဘဲ နန်းဆောင်ကိုပြန်ပို့လိုက်တာကြောင့် ကိုယ်လုပ်တော်ကျောက်တစ်ယောက် ဧကရာဇ်၏တော်ဝင်စာ ကြည့်ဆောင်သို့ ခြေမလှမ်းဝံ့တော့ပေ။ သူမ မသွားရဲပေမယ့် မင်းသား၄ကတော့ တော်ဝင်စာ ကြည့်ဆောင်တွင်းသို့ အခါအားလျော်စွာ သွားခဲ့သည်။ဧကရာဇ်သည် ဤသားအငယ်ဆုံးကို ချစ် မြတ်နိုးသောကြောင့် သူမက သဘာဝအတိုင်း ပျောက်ကွယ်သွားစရာ အကြောင်းမရှိပေ။
သားအများကြီးကိုမြင်ရင် သူ့သားရဲ့အမေအပေါ် ပိုပြီးသည်းခံလေ့ရှိတတ်တာ ဓမ္မတာပါပင်။ ကိုယ်လုပ်တော်ကျောက်ဟာ မိန်းမတစ်ယောက်ရဲ့ မနာလိုစိတ်တစ်ခုသာ ရှိသည်။ ကျုံးဇီဟန်ကလည်း ဒါကို သိပ်အလေးအနက်မထားဘဲ ကိုယ်လုပ်တော်ကျောက်လိုမျိုး မာနကြီးပြီး စိတ် ကြီးဝင်တတ်သောမိန်းမအတွက် သင်ခန်းစာတစ်ခုပေးချင်ရုံသက်သက်သာ။
ယနေ့တွင်တော့၊အရုဏ်မတက်မီမှာပင် မင်းသား၃ စံအိမ်၌ သတင်းကောင်းကြားရလေသည်။
“အချစ်လေး၊ကိုယ်က မနက်စာစားဖို့ ယန်ရှီးနန်းဆောင်ကို လာခဲ့တာ၊
မနက်ပိုင်းညီလာခံ ပြီးချိန်တွင် ဧကရာဇ်မင်းကြီး သည် ယန်ရှီးနန်းတော်သို့ထပ်မံ သွားရောက်ခဲ့သည်။ ယနေ့အဖို့ မှောင်နေပြီဖြစ်သော်လည်း ဧကရာဇ်မင်းကြီးသည် ယန်ရှီးနန်းတော်မှ မထွက်လာသေးချေ။
ကျုံးဇီဟန်တစ်ယောက် ယန်ရှီး နန်းတော်၌ ဤမျှအချိန်အတော်ကြာအောင် ရှိနေ ခြင်းမှာ မည်သည့်အကြောင်းရှိမည်နည်း။
“ငါလည်း ဧကရာဇ်အရှင်ကို ဆွဲဆောင်ဖို့ ရက်စက်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဘယ်လို ဟန်ဆောင်ရကောင်းမှန်း သိပါတယ်”
***