ကိုယ်လုပ်တော်ရှု၏ နာကြည်းမှုသည် အကြောင်းမဲ့သက်သက်တော့ မဟုတ်ပေ။ ကိုယ်လုပ်တော်ကျောက် သည် အသက်လေးဆယ်မပြည့်သေးသောကြောင့် နောက်ထပ်ကလေးယူရန် မဖြစ်နိုင်သည်တော့မဟုတ်။ သူမဘေးမှာ သားနှစ်ယောက်ရှိနေပြီ။ အကယ်၍ သူမသာ နောက်ထပ် သားတော်နှင့် သမီးတော်ကို ဖွားမြင်ခဲ့ပါက လာမည့် သီတင်းပတ်တွင် ဤဧကရာဇ်လက်ထက်၌ သူမတို့နှစ်ဦးအတွက် ခြေကုပ်စခန်းတစ်ခု ရှိပါတော့မလား။ ထို့အပြင် တတိယမြောက်ကိုယ်လုပ်တော်သည် ယခု ကိုယ်ဝန်ရှိလာပြန်သည်။သူမသာ ကိုယ်ဝန်ရှိလာပါက ဧကရာဇ်မင်းကြီး၏ အကြီးဆုံးမြေးတော်၊ တတိယမင်းသား၊ အရှေ့နန်းဆောင်ရှိ အိမ်ရှေ့မင်းသား၊မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
တတိယမင်းသားသည် ဒုတိယမင်းသားထက် သုံးနှစ်နောက်ကျပြီးမှ လက်ထပ်ခဲ့သော်လည်း ဒုတိယမင်းသား၏အိမ်တော်တွင် လှုပ်ရှားမှုမရှိပေ။ ကိုယ်လုပ်တော်ရှုသည် စိုးရိမ်သောကကြောင့် သေဆုံးရလိမ့်မည်ဟု အမြဲစိုးရိမ်နေရသော်လည်း တတိယမင်းသား၏အိမ်တော်သည် အမျိုးသမီးတစ်ဦးအတွက် ဘယ်မှသွားစရာမရှိပေ။ ကိုယ်လုပ်တော်ရှုသည် အမြဲတမ်းအသက်ရှုကြပ်နေသော်လည်း ယနေ့တွင်တော့ သူမ မထိန်းထားနိုင်တော့ဘဲ ဤနှစ်များတစ်လျှောက်လုံးသိမ်းထားရသည့် သူမ၏စိုးရိမ်စိတ်များနှင့် နာကြည်းမှုများအားလုံး ပေါက်ကွဲထွက်လာသည်။
“ဒီ မနာခံတတ်တဲ့လူ...”
ကိုယ်လုပ်တော်ရှုသည် သူမ၏အံသွားများကို တင်းတင်းကျပ်ကျပ် ကိုက်ထားကာ သူမကိုယ်သူမ ကျယ်လောင်စွာအော်ဟစ်မိခြင်းမှ တားဆီးလိုက်သည်။ သူမသည် ကိုယ်လုပ်တော်ကျောက် မဟုတ်ပေ။ သူမတွင် ဤမျှ မြင့်မြတ်သော နောက်ခံမရှိသည့်အပြင် ချစ်စရာကောင်းသော မျက်နှာလည်း မရှိ။ သူမက အနောက်ဆောင်တွင် ဤမျှကြီးမားသောကိစ္စရပ်ကို ပြုလုပ်နေသော်လည်း မျက်နှာအလှည့်တွင် ဧကရာဇ်အရှင်ကို စွဲဆောင်နိုင်ပါက ကိုယ်ပိုင်အကျိုးအတွက်သာမက သူမချစ်မြတ်နိုးရသလို အမုန်း ကြီးမုန်းရသည့် ပုန်ကန်တတ်သောသားအတွက်ပါ အချိန်တိုင်းခံနိုင်ရည်ရှိနိုင်လိမ့်မည်...။
“ကြင်ယာတော်မယ်မယ်၊”
ကျုံးမင်းကောသည် နာရီဝက်အကြာတွင် ဗုဒ္ဓခန်းမဆောင်မှ ထွက်လာပြီး ညောင်းညာနေထုံကျင်နေသော ဒူးများကို တရွတ်ဆွဲကာ နန်းဆောင်ထဲသို့ ဝင်သွားသည်။ ထိုင်ခုံရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ကာ
“ကြင်ယာတော်မယ်မယ် ကျေးဇူးပြုပြီး ကျွန်တော့်ကိုသတ်လိုက်ပါ...”
“ကြင်ယာတော်တော်မယ်မယ် “
ကျုံးမင်းကောက အသက်ပြင်းပြင်း ရှူလိုက်ရင်း ခေါင်းကို ဖြည်းညှင်းစွာ မော့ကာ ကိုယ်လုပ်တော်ရှု၏ မှိုင်းညို့နေသော မျက်လုံးများကို ဆုံတွေ့လိုက် ပြီးနောက် သူထပ်ပြောသောအခါတွင် သူ့အသံက တုန်ယင်နေသည်။
“ကြင်ယာတော်မယ်မယ်၊ ကျွန်တော်က သနားစရာကောင်းတယ်ဆိုတာ သိတယ်၊ ကျွန်တော်ကမယ်တော့်ကို အရှက်ရစေတယ်ဆိုတာလည်း ကျွန်တော်သိတယ်။ ကျွန်တော်က သားသမီးဝတ္တရားမကျေပွန်ဘူးဆိုတာလည်းကျွန်တော်သိပါတယ်၊ ကြင်ယာတော်မယ်မယ်၊ မယ်တော် ကျွန်တော့်ကို ဘာလုပ်စေချင်သလဲ...”
“ငါဘာလုပ်သင့်လဲ “
ကိုယ်လုပ်တော်ရှု၏ ဒေါသကြောင့် သူမရဲ့ ရင်ဘတ်က ပြင်းထန်စွာ တုန်ယင်နေကာ ကျုံးမင်းကောရဲ့ ရင်ဘတ်ကို ဖမ်းကိုင်လိုက်ပြီး အံကြိတ်၍
“ကျိုးမိန်းကလေးလို ချောမောလှပတဲ့ မိန်းမကို ဘာလို့ မထိချင်ရတာလဲ။ မင်းဘာလို့မလုပ်နိုင်ရတာလဲ မင်းအိမ်ထောင်သက် ခုနစ်နှစ်ရှိပြီ၊အခုထိ မိန်းကလေးကျိုးရဲ့ စကတ်ထောင့်ကိုတောင် မထိရသေးဘူး၊ ကံကောင်းစွာပဲ မိန်းကလေးကျိုးက အရှက်မဲ့သူတစ်ယောက်သာ မဟုတ်ရင် မင်းလို ဒုတိယမင်းသားက နန်းတော်ထဲကို တစ်နေ့လုံး ဝင်ထွက်သွားလာဖို့ မျက်နှာရှိနေဦးမယ်တဲ့လား”
“ကိုယ်လုပ်တော်မယ်မယ် ၊ကျွန်တော်လည်း ဒါကို မလုပ်ချင်ပါဘူး ဒါပေမယ့် ကျွန်တော့်ကို ဒီလိုမျိုး မွေးလာတာပဲ၊မယ်တော် ကျွန်တော့်ကို ဘာြဖစ်စေချင်နေတာလဲ”
ကျုံးမင်းကောသည် မျက်ရည်များဝဲကာ သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ သူလည်ပင်းကိုဆန့်ကာ မှုန်ဝါးသောမျက်လုံးများဖြင့် မျက်စိရှေ့မှ ကိုယ်လုပ်တော်ရှုကို ကြည့်နေသည်။
“မင်း အသံ ပိုကျယ်ရင် မင်းကပုံမှန်မဟုတ်မှန်း နန်းတော်ထဲကလူတိုင်းသိစေတာကမှ ပိုကောင်းလိမ့်မယ်”
ကိုယ်လုပ်တော်ရှုက ဒေါသတကြီးပြောလိုက်သော်လည်း ကျုံးမင်းကော၏ မျက်ရည်စများခိုတွယ်နေသောမျက်လုံးများကို မြင်လိုက်ရပြီး နောက်ဆုံးတွင် သူမသည် အသံကို လျော့ချလိုက်မိသည်။ အသက်နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်သော ထိုသူသည် ငါးနှစ်အရွယ်ကလေးကဲ့သို့ ငိုနေလေသည်။
တစ်ချိန်တည်းမှာပဲ ကျုံးမင်းကော က ဝမ်းနည်းပြီးရင်း ဝမ်းနည်းနေလေသည်။ ကိုယ်လုပ်တော်ရှုက ဒုတိယမင်းသားရဲ့ သတင်းကောင်းကို ကြားလိုက်ရတဲ့အခါ ဒေါသအရမ်းထွက်ခဲ့သည်။သူရော အဲ့လိုမခံစားရဘူးလား။သူရောကလေးမလိုချင်ဘူးလား။ ဧကရာဇ်မင်းမြတ်၏ ဤထူးခြားသောမြေးတော်အား ဖွားမြင်သည့် ပထမဆုံးသူ မဖြစ်ချင်ပေဘူးလား။
ကျုံးမင်းကောသည် ကိုယ်လုပ်တော်ရှု ၏ ခြေထောက်များကို ရုတ်တရက် ပွေ့ဖက်လိုက်ပြီး ခြေထောက်များကို မှီကာ တအီအီ ငိုကျွေးနေသည်။ကိုယ်လုပ်တော်ရှု၏ နှလုံးသားသည် မြေကြီးပေါ်ရှိ အခန်းအစများကဲ့သို့ ကွဲသွားတော့မလိုပင်။ သူမအသည်းနင့်အောင်ချစ်သလောက် အမုန်းတရားများယှဉ်တွဲယူဆောင်လာပေးသော ဤသားကြောင့် သူမ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။
ကျုံးမင်းကောသည် လုံလောက်စွာ ငိုကြွေးပြီးနောက် ပျော့ပျောင်းသော ထိုင်ခုံ၏ အခြားတစ်ဖက်တွင် ထိုင်ကာ ကြမ်းပြင်ပေါ်ရှိ ကြွေထည်အခန်းအစများကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။
ကိုယ်လုပ်တော်ရှုသည် အချိန်အတော်ကြာ စကားမဆိုနိုင်တော့ပေ။ ခဏအကြာတွင် သူမ မျက်နှာကို ဖြည်းညှင်းစွာ လှည့်ကာ ကျုံးမင်းကောကို ကြည့်၍ အသံတိုးတိုးဖြင့် မေးလာသည်။
ကျုံးမင်းကောက စကားမဆိုဘဲ ခဏအကြာတွင် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး သက်ပြင်းကို ဖြေးညင်းစွာ ချကာ မျက်နှာကို လက်ဖြင့် ပြင်းပြင်းထန်ထန် ပွတ်လိုက်လိုက်သည်။
ခေတ္တနားပြီးနောက် ကိုယ်လုပ်တော်ရှုက ခက်ခက်ခဲခဲနဲ့ ပြောလာ၏။
“အပြင်က နေရာတွေမှာ ဒီလိုမျိုး ဆေးစွမ်းကောင်းတွေ အများကြီး ရှိနိုင်တာပဲမလား”
***