“ကိုယ်လုပ်တော်မယ်မယ်”
ကျုံးမင်းကော မျက်နှာတွင် ရှက်ရွံ့သော အမူအရာက ထင်ရှားနေသည်။ ဤအချိန်တွင် ပိန်ပါးသောလူတစ်ယောက်အတွက် ဒေါသကြောင့်လား ရှက်ရွံ့ခြင်းလားမသိ၊ ကျုံးမင်းကော၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်နေသည်။
“ဒီလိုလုပ်ဖို့ နည်းလမ်းမရှိလို့လား။ မင်းတစ်သက်လုံး သားသမီးမရှိလို့ ဖြစ်နိုင်ပါ့မလား”
ကိုယ်လုပ်တော်ရှုက ကျုံးမင်းကောရဲ့ နောက်ကျောကို အလျင်စလို ဆုပ်ကိုင်လိုက်ပြီး တီးတိုးပြောသည်။
“မင်းသာ ခေါင်းညိတ်လိုက်ရင် မင်းအဘိုးကို ငါလွှတ်လိုက်မယ် ၊ဒါကိုလုပ်မယ်ဆိုရင် မင်း ဘယ်သူ့ကိုမှ အသိပေးလို့မရဘူး”
“ကိုယ်လုပ်တော်မယ်မယ်...”
သူ့အသံကဖျော့တော့နေကာ အရင်ကထက် ခံနိုင်ရည်မဲ့ပုံပေါ်နေသည်။ သူ့မျက်နှာက ဖြူဖျော့ပြီး မျက်မှောင်ကြုံ့လျက်
“ကျွန်တော်ဒီလိုမဖြစ်ချင်ဘူးဆိုတာ မယ်တော်လည်းသိရဲ့သားနဲ့”
“ဒါဆို မင်းဘာလိုချင်သလဲ။ ကျိုးမိန်းကလေးကိုပဲ တစ်သက်လုံး လွတ်လပ်ခွင့်ပေးလိုက်ပါတော့လား”
ကိုယ်လုပ်တော်ရှု၏ ဒေါသများ ထွက်ပေါ်လာပြန်သည်။ သူမသည် ကျုံးမင်းကော၏ လက်ကိုတင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ကာဆွဲယူလိုက်ပြီး သူ့ကိုတည့်တည့်ကြည့်လျက် အသံကိုလျှော့ချကာ
“ဒါမှမဟုတ် မင်းခမည်းတော်က မင်းသားတစ်ပါးအဖြစ် သားသမီးမရှိတဲ့မင်းသားကို ခန့်အပ်လိမ့်မယ်လို့ မင်းထင်နေတာလား”
ကျုံးမင်းကော၏ မျက်ရည်များ စီးကျလာပြီး နှုတ်ခမ်းများ ပြင်းထန်စွာ တုန်ခါသွားကာ နောက်ဆုံးတွင် ကိုယ်လုပ်တော်ရှု၏ စိတ်အားထက်သန်နေသော မျက်လုံးများအောက်တွင် သူ ခေါင်းညိတ်လိုက်ရသည်။
မနက်စာစားချိန်မှာ အားချိုးက ပဲနီယိုနှင့် ဂျုံယာဂု တစ်ဇွန်းပြီး တစ်ဇွန်းစားနေရင်း ကျုံးမင်းဝေအား မေးလာသည်။
နင်းဂုတရှိ ဆောင်းရာသီသည် အဝင်စောလေ့ရှိပြီး စက်တင်ဘာလသို့ ရောက်ရှိလာသည်နှင့်တပြိုင်နက်၊ အခြေခံအားဖြင့် ဆောင်းရာသီရောက် ပြီဟု ယူဆကြသည်။ အခုအချိန်က စက်တင်ဘာလကုန်မို့ သဘာဝအတိုင်း ပို၍အေးလာသည်။ အိမ်က အပူပေးမီးဖိုနဲ့ ဆောက်ထား၍ အရင်ကထက် ပိုနွေးပေမယ့် အခန်းက ကြီးလွန်းတာကြောင့် အပူပေးမီးဖိုက အိပ်ယာကို လုံလောက်အောင် မနွေးထွေးစေနိုင်တော့ပေ။ အားချိုး က မနက်စောစောမှာ ကျုံးမင်းဝေ အေးခဲသွားမှာကို စိုးရိမ်နေသည်။
“ရပါတယ်၊ မအေးပါဘူး၊ မင်းကိုယ့်ကို စောင်တစ်ထည်ထပ်ထည့်ပေးထားတယ် မဟုတ်လား၊ကိုယ်အိပ်တဲ့အချိန်မှာ အပူဒဏ်ကြောင့်တောင် နိုးလာနိုင်တယ်”
ကျုံးမင်းဝေက ကူကယ်ရာမဲ့ ပြောပြီး ပန်းကန်ထဲက မြေပဲကြော်ကို အားချိုး ဆီကို လှမ်းထည့်ပေးလိုက်သည်။
“မြန်မြန်စား၊ ဒီတစ်ခါ မြေပဲက သေချာကြော်ထားတာ မမာဘူး”
“ရှင်က ဒါကို ပြောနိုင်သေးတယ်ပေါ့! မြေပဲသုံးကတ်တီကို ခက်ခက်ခဲခဲဝယ်ခဲ့ရပေမဲ့ ရှင် ကြော်ပစ်လိုက်တာ တစ်ကတ်တီတောင်ကျော်တယ်”
သူမ၏ငွေရောင်သွားလေးတွေနှင့် ကိုက်ရင်းအားချိုးက အပြုံးလေးနှင့်ပြောလာသည်။
“ဒါပေမယ့် ဒီနေ့ မြေပဲက တကယ်ကောင်းတယ်၊ ကြွပ်ရွပြီး မွှေးနေတာပဲ”
“ဟဲဟဲ၊ ရှင်တတ်တာ အရမ်းမြန်နေသလားဆိုတာတော့ ကျွန်မ မသိဘူး၊ ဒါပေမယ့် ရှင့်ရဲ့တိုးတက်မှုနှုန်းက မနည်းဘူးဆိုတာတော့ သိတယ်”
“ဘာလို့ဒါကို သင်ချင်ရတာလဲ၊ကျွန်မလုပ်ပေးတာနဲ့ မလုံလောက်ဘူးလား။ ကျွန်မ ရှင့်ကိုဘယ်မှာခိုင်းလို့ရမှာမို့လို့လဲ”
“မြန်မြန်စားလိုက်၊ အဓိပ္ပါယ်မရှိတဲ့အရာတွေ မပြောနဲ့၊ အများကြီးကျန်သေးတယ်”
ကျုံးမင်းဝေက မဖြေဘဲ မျက်မှောင်ကြုတ်ကာ အားချိုးကို စားဖို့ တိုက်တွန်းသည်။
အားချိုး သူ့ကို ခနဲ့လိုက်ပြီး ပဲနီယာဂုကို ဆက်စားနေသည်။ ပဲနီယာဂု တစ်ဇွန်းကို ခပ်လိုက်ပြီး မြေပဲကိုထည့်လိုက်သည်။ အားချိုး အဆီရွှဲနေတဲ့ မြေပဲတွေကိုတစိမ့်စိမ့် ကြည့်ရင်း ရွှင်မြူးလာပြီး ပဲနီယာဂု တစ်ဇွန်းကို ပျော်ရွှင်စွာ စားလိုက်သည် ။
“ဖြည်းဖြည်းစားပါ၊ စားလို့ကောင်းတာတွေကျန်သေးတယ်။ “
ကျုံးမင်းဝေက အားချိုး ကိုပြောပြီး ပန်းကန်တွေ နဲ့ တူတွေကို ချလိုက်၏။မီးဖို အပေါ်နားကိုတိုးသွားကာ မီးညှပ်ကို ကောက်ကိုင်လိုက်ပြီး မီးဖိုထဲကို ချ၍ အနက်ရောင် တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။
“ဘာကြီးလဲ “
အားချိုးက စူးစမ်းချင်စိတ်အပြည့်ဖြင့် ရေရွတ်ရင်း
“ရှင်က ကျွန်မကိုပဲ မြန်မြန်စားခိုင်းလိုက်၊ ဖြည်းဖြည်းစားခိုင်းလိုက်နဲ့ ရှင့်အလို လိုက်ရတာ တကယ်ကို ခက်တယ်... အာ၊ ဒါ ကန်စွန်းဥမီးဖုတ်လား”
“မင်း ကြိုက်လား”
ကျုံးမင်းဝေသည် ပြာမှုန်အလွှာကို လက်ဖြင့် ပွတ်သပ်ကာ လက်တစ်ဝါးအရွယ် ကန်စွန်းဥတစ်လုံးကို ပေါ်ထွက်လာစေလျက် အားချိုး၏ ဝမ်းသာအားရမှုနှင့်အတူ အားချိုး ရှေ့သို့ ကန်စွန်းဥကို ကမ်းပေးလိုက်သည်။
“ကျုံးမင်းဝေ ရှင်ကဘာလို့အရမ်းသဘောကောင်းနေတာလဲ”
အားချိုး ဝမ်းသာလွန်းလို့ လက်နှစ်ဘက်စလုံးဖြင့် ကန်စွန်းဥမီးဖုတ်ကို ကိုင်ထားလိုက်သည်။ အပူဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်ခါသွားပေမယ့် ကန်စွန်းဥကို ချလိုက်ဖို့ ဝန်လေးတဲ့အတွက် သူမ ဘယ်လက်မှ ညာလက်ကို ပြောင်းကိုင်ကာ တဖန် ညာလက်မှ ဘယ်လက်သို့ ပြောင်းကိုင်ရင်း ကျုံးမင်းဝေကို ပြုံးပြလိုက်သည်။
သူမကို ဒီလိုမြင်လိုက်ရတော့ ကျုံးမင်းဝေတစ်ယောက် မထိန်းနိုင်ဘဲ နှုတ်ခမ်းထောင့်တို့ ကော့တက်သွားမိသည်။ သူ မီးဖိုထဲမှ ပန်းကန်လုံးတစ်လုံးကို ယူရင်း အာချိုးရဲ့ လက်ထဲက ကန်စွန်းဥမီးဖုတ်ကို ယူကာ ခွဲထုတ်လိုက်ပြီး ပန်းကန်ထဲထည့်ကာ စားပွဲပေါ် သို့ တင်လိုက်သည်။ ထို့နောက် ပန်းကန်လုံးကို အားချိုး ရှေ့သို့ တွန်းပို့ကာ ပြော၏။
“ စားလိုက်”
***