နောက်တစ်နေ့တွင်...
ကျန်းနင်က ကျားသစ်သန္ဓေသား ကိုယ်ထည်ပုံဖော် ဆေးလုံးအား လေးနက်သော အမူအရာဖြင့် ထုတ်ယူလိုက်၏။ မနေ့က တစ်နေ့လုံး အားထုတ် ကြိုးပမ်းပြီးနောက် ပထမဆုံးဆေးလုံးကို အပြည့်အဝ ချေဖျက်သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် မနေ့က ကျန်ရှိနေသော နဂါးငါးဖြူ အသားသုံးဆယ်သားထဲမှ တစ်ဆယ်သားကို သူ ကိုယ်တိုင် စားသုံးခဲ့ပြီး နောက်ထပ် တစ်ဆယ်သားကိုတော့ ကျန်းလီနှင့် လျူဝမ်ဝမ်တို့ မိသားစုအား ပေးအပ်ခဲ့လေသည်။
ဤသည်မှာ ယီမင်၏ အခြေခံ ခွန်အားနှင့် ရုပ်ပိုင်းဆိုင်ရာ အနှစ်သာရကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းပင်။ သိုင်းပညာ စတင်လေ့ကျင့်သည်နှင့် ယီမင်၏ တိုးတက်မှုမှာ သဘာဝကျကျပင် လျင်မြန်လာပေလိမ့်မည်။
ဒုတိယအကြောင်းရင်းမှာ ကျန်းနင်အနေဖြင့် နဂါးငါးဖြူ အသား၏ အာနိသင်က ယခုအခါ သူ့အပေါ်တွင် အလွန်တရာ အားနည်းသွားပြီဖြစ်ကြောင်း သဘောပေါက်သွား၍ ဖြစ်၏။
ကောင်းကင်နှင့် မြေကြီး ရတနာများကို တစ်ခုပြီးတစ်ခု ဆက်တိုက် စားသုံးပြီးနောက်... အထူးသဖြင့် ကျားသစ်သန္ဓေသား ကိုယ်ထည်ပုံဖော် ဆေးလုံးကို ချေဖျက် သန့်စင်ပြီးချိန်တွင်တော့ သူ့မွေးရာပါ အရည်အသွေးများမှာ ကန့်သတ်ချက် တစ်ခုအထိ မြင့်တက်သွားခဲ့လေပြီ။
ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် နဂါးငါးဖြူ အသားမပြောနှင့်... ကျားသစ်သန္ဓေသား ကိုယ်ထည်ပုံဖော် ဆေးလုံးပင် အရင်ကလောက် ထိရောက်မှု မရှိတော့ကြောင်း ကျန်းနင် တွေ့ရှိလိုက်ရသည်။ ယခုအခါ အာနိသင်မှာ ယခင်ကထက် ဆယ်ပုံ နှစ်ပုံ၊ သုံးပုံခန့်သာ ရှိတော့၏။
ဤအခြေအနေအား ရင်ဆိုင်ရချိန်တွင် ကျန်းနင် နားလည် သဘောပေါက်ပါသည်။
ကန့်သတ်ချက်နှင့် နီးကပ်လာလေလေ တိုးတက်မှု ရရှိရန် ခက်ခဲလေလေပင်။ ပေတစ်ရာ မြင့်သော ဝါးလုံးခေါင်းထိပ်မှနေ၍ ရှေ့သို့ ဆက်လှမ်းရသည်မှာ ယခင်ကထက် ပို၍ ခက်ခဲလှသည် မဟုတ်ပါလား။
ထို့ကြောင့်သာ မနေ့က ကျန်ရှိနေသော နဂါးငါးဖြူ အသားသုံးဆယ်သားအနက် တစ်ဆယ်သားကိုသာ သူ စားသုံးခဲ့ခြင်း ဖြစ်သည်။
အခြားတစ်ဆယ်သားကိုတော့ ကျန်းလီနှင့် လျူဝမ်ဝမ်တို့ဘာသာ ခွဲဝေ စီမံနိုင်ရန်နှင့် ယီမင်အား သေချာပေါက် ပြုစုပျိုးထောင်နိုင်ရန် ပေးအပ်ခဲ့လေသည်။
နောက်ဆုံး ကျန်ရှိနေသေးသော နဂါးငါးဖြူ အသားတစ်ဆယ်သားကိုမူ ကျန်းနင်က ယနေ့ သိုင်းခန်းမသို့ ယူဆောင်သွားပြီး ဝမ်ကျင်းအားပေးရန် ရည်ရွယ်ထား၏။
လွန်ခဲ့သော လအနည်းငယ်အတွင်း ဝမ်ကျင်းမှာ သူ့အပေါ် အလွန်ကြီးမားသော အကူအညီများ ပေးခဲ့သည် မဟုတ်ပါလား။
ယခုအခါ နဂါးငါးဖြူ၏ အသားမှာ သူ့အတွက် အကျိုးသက်ရောက်မှု အလွန်နည်းပါးနေပြီ ဖြစ်သဖြင့် ကျန်းနင် အနေဖြင့် ဝမ်ကျင်းအပေါ် ကျေးဇူးဆပ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်တော့သည်။
နောက်တစ်ခဏတွင်...
ကျန်းနင်က ကျားသစ်သန္ဓေသား ကိုယ်ထည်ပုံဖော် ဆေးလုံးကို မျိုချလိုက်သည်။
ထို့နောက် သိုင်းခန်းမသို့ ထွက်ခွာတော့မည်ဖြစ်၍ သူ တခြား ဘာမှ ထပ်မလုပ်တော့ချေ။
ချန်လန် သိုင်းခန်းမ၏ တပည့်တစ်ယောက် ဖြစ်သည့်အလျောက် သူက စစ်ဆေးရေးရုံး၏ အရည်အချင်းစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရှိနေပေသည်။
စစ်ဆေးရေးရုံးသို့ ဝင်ရောက်ခြင်းမှာ သူ့အနာဂတ် အစီအစဉ်များအတွက် အလွန် အရေးပါလှ၏။
မည်သို့ပင် ဆိုစေကာမူ ဤလောကကြီးမှာ မဟာရှခေတ် ဖြစ်သည်။ ဂိုဏ်းဂဏများနှင့် အင်အားစု အသီးသီးကို ထည့်တွက်ကြည့်မည်ဆိုလျှင် အကြီးမားဆုံးသော အင်အားစုမှာ ယုံမှားသံသယ ဝင်စရာ မလိုဘဲ မဟာရှ၏ တရားဝင် အာဏာစက်ပင် ဖြစ်ပေလိမ့်မည်။
မဟာရှက ဤလောကကြီးကို နှစ်ပေါင်း ရှစ်ရာကျော်တိုင် ဖိနှိပ် အုပ်စိုးထားနိုင်ခဲ့သဖြင့် သူတို့၏ အမွေအနှစ်မှာ ထူးကဲ ကြီးမားကြောင်း သေချာနေလေပြီ။
ထို့အပြင် မဟာရှတွင် သိုင်းသူတော်စင်မှာ တိုင်းပြည်၏ အကြီးမားဆုံးသော အားကိုးရာပင်။
ထို့ကြောင့် သိုင်းသူတော်စင် ကိုယ်တိုင် အခြေစိုက် တပ်စွဲထားသော စစ်ဆေးရေးရုံး ဆိုသည်မှာ သဘာဝကျကျပင် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်နေတော့သည်။
ထို့နောက်...
ကျန်းနင်က ပြင်ဆင်ပြီးသွားသည်နှင့် သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
ယမန်နေ့ကနှင့် နှိုင်းယှဉ်လျှင် သူ့စွမ်းအားများ တိုးတက်လာခဲ့ပြီး ယခုအခါ ပေါင်သုံးထောင့် ကိုးရာ အားသို့ ရောက်ရှိနေလေပြီ။
လူ့ခန္ဓာကိုယ် ဆိုသည်မှာ တစ်ဆက်တည်း ဖြစ်တည်နေသော အရာဖြစ်သောကြောင့် သူ့လက်မောင်းရှိ ကြွက်သားများမှာ ကန့်သတ်ချက်အထိ သန့်စင်ပြီး ဖြစ်သော်ငြား တစ်ကိုယ်လုံးရှိ ကြွက်သားများကို ဆက်လက် သန့်စင်ခြင်းက သူ့ခွန်အားကို မြှင့်တင်ပေးနိုင်ဆဲပင်။
[အမည်] - ကျန်းနင်
[အရင်းအမြစ် စွမ်းအင်] - ၁၇၇.၈
[ကျွမ်းကျင်မှု] -
စာဖတ်ခြင်းနှင့် စာရေးခြင်း (ဒုတိယအကြိမ် ကန့်သတ်ချက် ဖောက်ထွင်းခြင်း ၁၈၈၇/၃၀၀၀) (စွမ်းရည် - မှတ်ဉာဏ်ကောင်းခြင်း၊ ထူးကဲသော အာရုံငါးပါး)
သတ္တဝါငါးမျိုး လက်သီးသိုင်း (ပထမအကြိမ် ကန့်သတ်ချက် ဖောက်ထွင်းခြင်း ၃၄၅/၂၀၀၀) (စွမ်းရည် - အတွင်းကလီစာ ငါးခု အနှစ်သာရ သိုလှောင်ခြင်း)
ထင်းခွဲဓားသိုင်း (စတုတ္ထအကြိမ် ကန့်သတ်ချက် ဖောက်ထွင်းမှု ၅၀၀၀/၅၀၀၀) (စွမ်းရည် - ထိတွေ့ရုံဖြင့် နားလည်ခြင်း၊ လေပြေကဲ့သို့ လျင်မြန်သော ဓား၊ နတ်ဘုရားကဲ့သို့ ဓားထိန်းချုပ်မှု၊ လူနှင့်ဓား တစ်သားတည်း ဖြစ်တည်ခြင်း)
အတွင်းအမြုတေ ကျင့်ကြံခြင်း (သခင်အဆင့် ၁၆၄၄/၂၀၀၀)
ချန်လန် ဓားသိုင်း (ကြီးကျယ်သော အောင်မြင်မှု ၄၈/၁၀၀၀)
ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ် (အောင်မြင်မှု အသေးစား ၄၅၃/၅၀၀၀)
ရေကူးခြင်း (စတုတ္ထအကြိမ် ကန့်သတ်ချက် ချိုးဖျက်ခြင်း ၃၈၇၃/၅၀၀၀) (စွမ်းရည် - ရေအောက် အသက်ရှူခြင်း၊ ရေလှည့်စားမှု နည်းစနစ်၊ ရေဝိညာဉ် ရင်းနှီးကျွမ်းဝင်မှု၊ တိမ်လိပ်ဖွဲ့စည်းခြင်းနှင့် မိုးခေါ်ခြင်း)
သူက စနစ်မျက်နှာပြင်ကို နောက်တစ်ကြိမ် လှမ်းကြည့်ပြီးနောက် ပိတ်ချလိုက်သည်။
မနေ့ကနှင့် နှိုင်းယှဉ်ပါက စနစ်မျက်နှာပြင်မှာ သိပ်များများစားစား ပြောင်းလဲသွားခြင်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် မနေ့က တစ်နေ့လုံး သူက ကျားသစ်သန္ဓေသား ကိုယ်ထည်ပုံဖော် ဆေးလုံးကို ခန္ဓာကိုယ်ထဲတွင် ချေဖျက် သန့်စင်နေခဲ့ပြီး ကြွက်သားများ၏ ကြံ့ခိုင်မှုကို ပုံသွင်းနေခဲ့သောကြောင့်ပင်။
သူ၏ သိုင်းပညာ အခြေခံ တိုးတက်လာမှုက ကာလတိုအတွင်း သူ၏ စွမ်းအားအတွက် အကြီးမားဆုံးသော အထောက်အကူ ဖြစ်လာခဲ့၏။
ပေါင်သုံးထောင့် ကိုးရာ ခွန်အား။
ဤခွန်အား တစ်ခုတည်းဖြင့်ပင် ကျန်းနင်တွင် အဆင့်ရှစ်ရှိ ပြိုင်ဘက် အားလုံးအား တံမြက်လှည်းသလို ရှင်းလင်းပစ်နိုင်စွမ်း ရှိကြောင်း ယုံကြည်ချက်အပြည့် ရှိနေသည်။
သူ့တွင် အခြားသော နည်းလမ်းပေါင်းများစွာ ရှိနေသေးသည်ကိုပင် ထည့်မပြောတော့ပေ။
ဤအဆင့်သို့ ရောက်ချိန်တွင် ကျန်းနင် အနေဖြင့် အဆင့်ရှစ် နတ်ဘုရားစွမ်းအား နယ်ပယ်၏ ကန့်သတ်ချက်နှင့် သိပ်မဝေးတော့ကြောင်း ခံစားလိုက်ရသည်။
သူ့လက်မောင်းရှိ ကြွက်သားများမှာ ကန့်သတ်ချက်အထိ သန့်စင်ပြီးသည်မှာ အတော်ကြာခဲ့ပြီဖြစ်၏။ ယခုအခါ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာလည်း အမြင့်ဆုံး ကန့်သတ်ချက်ဆီသို့ တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။
ပေါင်သုံးထောင့် ကိုးရာ ခွန်အားဆိုသည်မှာ သူ အဆင့်ရှစ် နတ်ဘုရားစွမ်းအား နယ်ပယ်၏ ကန့်သတ်ချက်သို့ ရောက်ရှိလုနီးပါး ဖြစ်နေကြောင်း သွယ်ဝိုက်သော နည်းလမ်းဖြင့် ပြသနေခြင်းပင်။
မှတ်တမ်းများအရ ဤနယ်ပယ်တွင် မွေးရာပါ နတ်ဘုရား စွမ်းအား ပါလာသည်ဟု နာမည်ကြီးသူများပင်လျှင် ခွန်အား ပေါင်လေးထောင်ခန့်သာ ပိုင်ဆိုင်ကြသည် မဟုတ်ပါလား။
သူကမူ ယခုအခါ ပေါင်သုံးထောင့် ကိုးရာအထိ ရောက်ရှိနေပြီ ဖြစ်၏။
ထို့နောက် ကျန်းနင်လည်း နဂါးငါးဖြူ အသားတစ်ဆယ်သားကို ကိုင်ဆောင်လျက် သိုင်းခန်းမဆီသို့ ဦးတည် ထွက်ခွာလာခဲ့တော့သည်။
…
ချန်လန် သိုင်းခန်းမ…
နောက်ဖေးခြံဝင်း…
“ဆရာ” ကျန်းနင်က သူ့အား ကျောခိုင်း၍ ထိုင်နေသော ဝမ်ကျင်းကို လှမ်းခေါ်လိုက်သည်။
ထိုအချိန်တွင် ဝမ်ကျင်းမှာ မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေပြီး ပွယောင်းသော ဝတ်ရုံကို ဝတ်ဆင်ထားရာ တရားထိုင်နေသော တာအိုကိုယ်တော် တစ်ပါးနှင့်ပင် တူနေတော့၏။
ဤသည်မှာ ဝမ်ကျင်းအနေဖြင့် မဟာနေမင်း အနှစ်သာရချီကို ရှူရှိုက်ကာ ကလီစာများကို သန့်စင်ပြီး အတွင်းအမြုတေကျင့်စဉ်ကို လေ့ကျင့်နေခြင်းဖြစ်ကြောင်း ကျန်းနင် ကောင်းကောင်း သိထားပေသည်။
ထို့ကြောင့် ဝမ်ကျင်း၏ အသက်ရှူ လေ့ကျင့်ခန်း ပြီးဆုံးသွားမှသာ သူက စကားစလိုက်သည်။
“မင်း ရောက်လာတာ နည်းနည်း စောနေသလားလို့” ဝမ်ကျင်းက မတ်တတ်ထရပ်ရင်း ပြောလိုက်၏။
ကျန်းနင်က သူ့လက်ထဲရှိ ငါးအသားကို မြှောက်ပြလေသည်။
“ဆရာ့အတွက် တစ်ခုခု ယူလာခဲ့တယ်”
“နဂါးငါးဖြူ အသားလား” ဝမ်ကျင်း၏ အကြည့်များက ကျန်းနင် ကိုင်ထားသော အရာပေါ်သို့ ချက်ချင်း ကျရောက်သွားပြီး သူ၏ အကြည့်တို့မှာ စူးရှလာ၏။
“ဟုတ်ပါတယ်” ကျန်းနင်က ခေါင်းညိတ်ပြသည်။
“မင်းဆီမှာ ဒီငါးအသားတွေ ဒီလောက် အများကြီး ရှိနေသေးတာလား”
ဝမ်ကျင်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး…
“ဒီမှာတင် ရှစ်ဆယ်သား၊ ကိုးဆယ်သားလောက် ရှိမယ့်ပုံပဲ”
“တစ်ဆယ်သားလောက်ပါ ဆရာ” ကျန်းနင်က ပြန်ဖြေလိုက်သည်။
“ဘာလို့ ဒီလောက် အများကြီး ယူလာရတာလဲ”
ဝမ်ကျင်းက မျက်မှောင်ကြုတ်သွားပြီး…
“ဒီငါးအသားက ကောင်းတဲ့ အရာပဲ... ပြန်ယူသွားလိုက်... မင်းရဲ့ သိုင်းပညာ လေ့ကျင့်မှုအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာ”
ဝမ်ကျင်း၏ လေသံထဲမှ စိုးရိမ်ပူပန်မှုကို ခံစားမိလျှင် ကျန်းနင် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ထို့နောက် သူက…
“ဆရာ... စိတ်မပူပါနဲ့... ကျွန်တော် အဲဒါကို အများကြီး စားပြီးသွားပြီမို့ အခုဆို ကျွန်တော့် ခန္ဓာကိုယ်အတွက် သိပ်အကျိုး မသက်ရောက်တော့ပါဘူး” ကျန်းနင်က ရှင်းပြလိုက်၏။
“မင်း အများကြီး စားပြီးပြီ ဟုတ်လား” ဝမ်ကျင်းက အံ့အားသင့်သွားတော့သည်။
“ဟုတ်ကဲ့”
ကျန်းနင် အနည်းငယ် ခေါင်းညိတ်ပြပြီး…
“ဒီငါးက အစက ပေါင်တစ်ရာလောက် ရှိတာပါ”
“ပေါင်တစ်ရာ ဟုတ်လား” ဝမ်ကျင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။
End
***