"ဒီသတင်းထောက်မိတ်ဆွေက မေးခွန်းကောင်းတစ်ခု မေးလိုက်တာပါပဲ ကမ္ဘာပေါ်မှာ လုံခြုံရေးအကောင်းဆုံး မိုဘိုင်းဖုန်းဖြစ်တဲ့ နီဗားနား အိက်စ်ရဲ့ တန်ရွမ်စမတ်စနစ်ဟာ တခြားအဖွဲ့အစည်းတစ်ခုခုက စောင့်ကြည့်ချင်တယ်ဆိုရင် ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ဆက်သွယ်ညှိနှိုင်းမှု လုပ်ဖို့ တကယ်လိုအပ်ပါတယ်၊၊"
လူတိုင်း၏ အကြည့်များအောက်တွင် လီကျဲခိုင်က အသံကျယ်ကျယ်ဖြင့် ဆက်ပြောသည်။
"ဘာလို့လဲဆိုတော့ လက်ရှိရဲတပ်ဖွဲ့ရဲ့ နည်းပညာနဲ့ ဒီဖုန်းကို စိတ်ကြိုက်စောင့်ကြည့်လို့ မရနိုင်လို့ပါ အသုံးပြုသူတွေရဲ့ ရပိုင်ခွင့်နဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လုံထန်လုပ်ငန်းစု ကိုယ်တိုင်တောင်မှ ဒီဖုန်းကို စိတ်ကြိုက်ဝင်ရောက်ကြည့်ရှုလို့ မရပါဘူး၊၊"
"ဒါကြောင့် ရဲတပ်ဖွဲ့နဲ့ လုံထန်လုပ်ငန်းစုတို့ ပူးပေါင်းပြီး နှစ်ဖက်စလုံး သဘောတူမှ ဖွင့်လို့ရတဲ့ လုံခြုံရေးစနစ်ကို တီထွင်ခဲ့တာပါ၊ တစ်ဖက်တည်းရဲ့ ဆန္ဒနဲ့တော့ ဖုန်းစနစ်ကို ဖွင့်ပြီး အချက်အလက် ခိုးယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
"ဒါဟာ နည်းနည်းတော့ အလုပ်ရှုပ်ပေမဲ့ လူတိုင်းအနေနဲ့ ဒီလိုလုံခြုံစိတ်ချရတဲ့ မိုဘိုင်းစက်ပစ္စည်းမျိုးကို ပိုပြီး လက်ခံချင်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်၊၊"
"ဝါး..."
သူ့စကားအဆုံးတွင် အားပါးတရ လက်ခုပ်တီးသံများစွာ ထွက်ပေါ်လာသည်၊၊
လူတိုင်းမှာ ဖုန်းအသုံးပြုသူများ ဖြစ်ကြသည့်အလျောက် ပုဂ္ဂိုလ်ရေး လုံခြုံမှုကို အလွန်အလေးထားကြသည်၊၊ အထူးသဖြင့် ဤနေရာသို့ ရောက်ရှိနေသူ အားလုံးနီးပါးမှာ သတင်းထောက်များ ဖြစ်ကြပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း သဘာဝအရ လျှို့ဝှက်ချက်များ ပေါက်ကြားမည်ကို အလွန်ပင် စိုးရိမ်မုန်းတီးကြသူများ ဖြစ်သည်၊၊
ထို့ကြောင့် လီကျဲခိုင်၏ စကားမှာ ၎င်းတို့၏ စိတ်ကြိုက်ကို ကွက်တိ ထိမှန်သွားစေခဲ့သည်၊၊
တိုက်ရိုက်ဗီဒီယိုကို ကြည့်ရှုနေပြီး နီဗားနားဖုန်း မဝယ်ရသေးသည့် ဟောင်ကောင်သားများစွာမှာလည်း စိတ်ထဲတွင် အထင်ကြီးလေးစားမှုများ ဖြစ်ပေါ်လာပြီး နီဗားနားဖုန်းကို ဝယ်ယူချင်စိတ်များ ပြင်းပြလာကြသည်၊၊
မိမိတို့၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးနိုင်သည့် တန်ရွမ်စနစ်ကို ၎င်းတို့ တန်ဖိုးထားကြသည်မှာ အမှန်ပင်ဖြစ်သည်၊၊
တစ်ချိန်တည်းမှာပင် ဟောင်ကောင်ရဲတပ်ဖွဲ့ကလည်း သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်၊၊
"အခုခေတ်မှာ ရာဇဝတ်ကောင်တွေဟာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုလာကြပါပြီ လုပ်ငန်းထိရောက်မှု မြန်ဆန်စေဖို့နဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ပိုမိုကာကွယ်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့လကစပြီး လုံထန်လုပ်ငန်းစုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်၊၊"
"နီဗားနား အိတ် ဖုန်းတွေကို ရဲတပ်ဖွဲ့သုံး အထူးစက်ပစ္စည်းတွေအဖြစ် အမြောက်အမြား ဝယ်ယူခဲ့ပါတယ်၊ ရှေ့တန်းက သတင်းတွေအရ နီဗားနားဖုန်းတွေဟာ..."
ဤသတင်း ထွက်လာသည်နှင့် ဟောင်ကောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်၊၊
ရဲတပ်ဖွဲ့ကိုယ်တိုင်ကပင် ဤဖုန်းများကို အမြောက်အမြား ဝယ်ယူအသုံးပြုနေသည်ဆိုလျှင် ၎င်း၏ လုံခြုံရေး စွမ်းဆောင်ရည်မှာ မေးခွန်းထုတ်စရာ မလိုတော့ချေ၊၊ ထိုနေ့ မွန်းလွဲပိုင်းတွင် ဟောင်ကောင်ရှိ မီဒီယာအားလုံးက လုံထန်လုပ်ငန်းစု၏ ထုတ်ကုန်များအကြောင်းကို အထူးသတင်းများအဖြစ် ဖော်ပြကြပြီး အချို့က ဟောင်ကောင်တက္ကသိုလ်မှ ကွန်ပျူတာပညာရှင်များကို ဖိတ်ခေါ်ကာ နီဗားနားဖုန်းကို စမ်းသပ်စစ်ဆေးခဲ့ကြသည်၊၊
သုတေသန အချက်အလက်များအရ နီဗားနား အိက်၏ ကဏ္ဍစုံ စွမ်းဆောင်ရည်မှာ ကမ္ဘာပေါ်ရှိ တစ်ချိန်တည်းထွက် အခြားဖုန်းအားလုံးထက် များစွာ သာလွန်နေကြောင်း တွေ့ရှိရသည်၊၊
အကယ်၍ ကုမ္ပဏီ တစ်ခုနှစ်ခုကသာ ချီးကျူးနေခြင်းဖြစ်ပါက ၎င်းမှာ လီမိသားစု၏ သြဇာအရှိန်အဝါကြောင့်ဟု ထင်နိုင်သော်လည်း ယခုအခါ ဟောင်ကောင် မီဒီယာတစ်ခုလုံးက တညီတညွတ်တည်း ထောက်ခံနေကြသဖြင့် လူတိုင်း ယုံကြည်သွားကြရသည်၊၊
ထို့အပြင် နီဗားနားဖုန်း၏ လှပသော အသွင်အပြင်မှာလည်း စတင်မိတ်ဆက်စဉ်ကတည်းက လူတိုင်းကို ဆွဲဆောင်နိုင်ခဲ့သည်၊၊
ယင်းခဲ့အဖွဲ့အစည်းက နောက်ဆုံးတွင် မိတ်ဆက်လိုက်သည့် ဈေးနှုန်းချိုသာသော အခမဲ့ပက်ကေ့ချ်မှာ ခေတ်ရေစီးကြောင်းကို အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားစေသည့် နောက်ဆုံးလက်ကျန် အင်အားစု ဖြစ်လာသည်၊၊
ပြည်သူများ၏ စိတ်အားထက်သန်မှုနှင့် ယှဉ်လျှင် ဟောင်ကောင်၏ ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်မှာတော့ ဆောင်းရာသီသို့ အပြည့်အဝ ရောက်ရှိသွားခဲ့လေပြီ၊၊ လူအများစုမှာ ယင်းခယ်အဖွဲ့အစည်း၏ ထူးခြားလှသော လုပ်ဆောင်ချက်များကြောင့် မှင်တက်နေကြရသည်၊၊
နီဗားနားဖုန်း၏ လူကြိုက်များမှု မြင့်တက်လာသည်နှင့်အမျှ ယင်းခဲ့အဖွဲ့အစည်း၏ အောင်မြင်မှုမှာလည်း ဆက်တိုက်ဆိုသလို ရှိနေခဲ့သည်၊၊
ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီ ငါးခုမှာ ပြန်လည်တိုက်စစ်ဆင်ရန် ကြိုးစားခဲ့သော်လည်း လီကျဲခိုင်က ငွေကြေးအမြောက်အမြား အသုံးပြုကာ အဓိက ဆက်သွယ်ရေးကုမ္ပဏီကြီးများ၏ ရှယ်ယာဈေးနှုန်းများကို ဆက်တိုက် နှိမ်ချလိုက်သဖြင့် ၎င်းတို့မှာ အတော်ပင် ဒုက္ခရောက်ကုန်တော့သည်၊၊
"မစ္စတာလီ... အခု သူတို့ရဲ့ ရှယ်ယာဈေးနှုန်းတွေက ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါပြီ၊ ကျွန်တော်တို့ စပြီး အရေးယူဆောင်ရွက်သင့်ပြီလား"
ဟု ယင်းခဲ့အဖွဲ့အစည်း ဌာနချုပ် ရုံးခန်းတစ်ခုအတွင်းရှိ ရှယ်ယာအရောင်းအဝယ်သမားတစ်ဦးက အလျင်အမြန် မေးလာသည်၊၊
"မလုပ်နဲ့ဦး"
စဉ်းစားခန်းဝင်နေသော လီကျဲခိုင်က လက်ဝေ့ယမ်းပြပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"၅၀ ရာခိုင်နှုန်း ကျရုံနဲ့ မလုံလောက်သေးဘူး၊ လုပ်မယ်ဆိုရင် တစ်ချက်တည်းနဲ့ အပြတ်ရှင်းရမယ်၊၊"
ရှယ်ယာ တစ်ခုနှစ်ခု ကျရုံမျှဖြင့် ဟောင်ကောင် ဆက်သွယ်ရေး ကုမ္ပဏီများစွာကို အပြီးအပိုင် သိမ်းပိုက်နိုင်ရန် လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေး၊၊
"ဒါပေမဲ့ တချို့ ဆက်သွယ်ရေး ကုမ္ပဏီတွေက စပြီး လှုပ်ရှားနေကြပါပြီ၊ သူတို့ရဲ့ ရှယ်ယာရှင်တွေနဲ့ အဆင့်မြင့် အရာရှိတွေက ဈေးကွက်ထဲက သူတို့ကုမ္ပဏီ ရှယ်ယာတွေကို ပြန်ပြီး ဝယ်ယူနေကြပါတယ်"
ဟု ထိုသူက ဆက်လက်တင်ပြပြန်သည်။
"သူတို့ ဝယ်ယူနေတဲ့ အရှိန်အရဆိုရင် မတည်မငြိမ်ဖြစ်နေတဲ့ ရှယ်ယာဈေးနှုန်းတွေက ပြန်ပြီး ငြိမ်သွားနိုင်ခြေ ရှိပါတယ်၊၊"
ထိုစကားကို ကြားသောအခါ လီကျဲခိုင်က စီးကရက်ကို တစ်ချက်သောက်လိုက်ပြီး ထူးဆန်းသော အမူအရာဖြင့်
"ဒီကာလအတွင်းမှာ အဲဒီကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေက ဒီလောက်ပဲ ကျတာလား"
ဟု မေးလိုက်သည်၊၊
"စိတ်မပူပါနဲ့၊ အရင် စောင့်ကြည့်ဦး၊ ဈေးကွက်ထဲမှာ ရောင်းချသူတွေ မရပ်သေးဘူး၊ သာမန်ပြည်သူတွေက ဈေးကွက်ကို ထိန်းသိမ်းတဲ့ အမူအရာတွေကို နားမလည်ကြဘူး၊ သူတို့ သိတာက ဒီနေ့ ဟောင်ကောင်မှာ ကျွတော်တို့ အခြေအနေ ကောင်းနေတယ် ဆိုတာပဲ၊၊"
ရှယ်ယာရှင်များက ယင်းခဲ့အဖွဲ့အစည်းကို တညီတညွတ်တည်း အယုံအကြည် ရှိနေသရွေ့ ၎င်းတို့သည် ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်ရှိ အခြားကုမ္ပဏီများ၏ ရှယ်ယာများကို ရောင်းချပြီး ယင်းခယ်အဖွဲ့အစည်း၏ ရှယ်ယာများကိုသာ အမြောက်အမြား ပြန်လည်ဝယ်ယူကြမည် ဖြစ်သည်၊၊
ထို့အပြင် ထိုကုမ္ပဏီများမှာ လက်ရှိအခြေအနေကို ထိန်းထားနိုင်လောက်အောင် ခိုင်မာသည့် အခြေခံအုတ်မြစ် မရှိကြပါချေ၊၊
"ဟုတ်ကဲ့ပါ"
ရှယ်ယာအရောင်းအဝယ်သမားများသည် လီကျဲခိုင်၏ ညွှန်ကြားချက်အတိုင်း နေရာအနှံ့တွင် နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သော်လည်း ဆက်သွယ်ရေး ကုမ္ပဏီများ၏ ရှယ်ယာများကို အမြောက်အမြား ဝယ်ယူခြင်းတော့ မပြုလုပ်ခဲ့ကြ၊၊
တစ်ချိန်တည်းမှာပင် ဟောင်ကောင်၌ ယင်းခဲ့နှင့် အဆင့်တူနီးပါး ရှိသည့် ဟွေ့ကန်ဆက်သွယ်ရေး ကုမ္ပဏီမှာလည်း ငြိမ်သက်မနေ၊၊ စီအီးအို မာဝေရှန်းသည် ဤအရေးကြီးသော အချိန်တွင် ယင်းခဲ့အဖွဲ့အစည်း၏ နည်းလမ်းများကို အတုယူရန် ဆုံးဖြတ်လိုက်သည်၊၊
ထိုနေ့တွင်ပင် ဟွေ့ကန် ဆက်သွယ်ရေး ကုမ္ပဏီသည် ရှန်ကျန့်ရှိ တမီ (Rice/Xiaomi) ကုမ္ပဏီနှင့် အနီးကပ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်၊၊
၎င်းတို့သည် တမီကုမ္ပဏီနှင့် မည်သည့်နည်းဖြင့်မဆို ပူးပေါင်းလိုကြသည်၊၊ ၎င်းတို့အနေဖြင့်လည်း ယင်းခဲ့ကဲ့သို့ပင် အခမဲ့ပက်ကေ့ချ်များကို ကျင့်သုံးနေပြီဖြစ်ကြောင်း ပြင်ပသို့ ထုတ်ဖော်ပြသနိုင်သရွေ့...
ရှယ်ယာဈေးနှုန်းများ ကျဆင်းနေမှုမှာ သေချာပေါက် ရပ်တန့်သွားမည်ဖြစ်ပြီး ခေတ်ရေစီးကြောင်းကို ဆန့်ကျင်ကာ ပြန်လည်မြင့်တက်လာနိုင်ခြေပင် ရှိသည်၊၊
ကျန်းလင်းမြို့ -- လုံထန်လုပ်ငန်းစုဌာနချုပ်
"သူဌေး... သတင်းကောင်း၊ သတင်းကောင်းကြီး"
ဝမ်းသာအားရ ဖြစ်နေသည့် ကျန်းဖန်သည် လင်းဖန်၏ ရုံးခန်းအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဟောင်ကောင်မှာ တုံ့ပြန်မှုတွေ ဆက်တိုက် ဖြစ်နေပါပြီ၊ ဒီနေ့ ရှန်ကျန့်က ကျွန်တော်တို့ရဲ့ အရောင်းဆိုင်မှာတင် ရောင်းအား ယွမ်တစ်သန်း ကျော်သွားပါပြီ"
"အင်း"
လင်းဖန်မှာတော့ ထူးထူးခြားခြား စိတ်လှုပ်ရှားခြင်း မရှိဘဲ ရေကဲ့သို့ တည်ငြိမ်နေပါသည်။
"လီကျဲခိုင်မှာ နည်းလမ်းကောင်းတွေ ရှိပုံရတယ်၊ အခမဲ့ဆက်သွယ်ရေး ပက်ကေ့ချ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဝယ်ယူမှု ဆိုတာတွေက ပေါင်းစပ်လိုက်ရင်တော့ တုံ့ပြန်မှုက တကယ်ကို ကြီးမားသွားတာပေါ့၊"
"သူဌေး ပြောတာ မှန်ပါတယ်၊"
ကျန်းဖန်က ဂုဏ်ယူစွာဖြင့် ဆက်ပြောသည်။
"ကျွန်တော်တို့ရဲ့ နီဗားနား.."
ယခုအချိန်အထိ နီဗားနားဖုန်း၏ အောင်မြင်မှုမှာ သိသာထင်ရှားလှသည်၊၊
ကျန်းဖန်အနေဖြင့် မိမိကိုယ်ကို မည်သို့ ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း၊၊
***