သတင်းစာရှင်းလင်းပွဲ တရားဝင်ပြီးဆုံးသွားသည်နှင့် မီဒီယာသတင်းထောက်အားလုံးသည် မိမိတို့ကုမ္ပဏီများသို့ မဆိုင်းမတွ ပြန်ကြတော့သည်၊၊
သူတို့က ဒုံးပျံဖြင့်ပြန်သကဲ့သို့ အမြန်သွားကာ ဤသတင်းများကို နေ့စဉ်သတင်းစာနှင့် လစဉ်မဂ္ဂဇင်းများတွင် ဖော်ပြရန် စိတ်အားထက်သန်နေကြသည်၊၊
လုံထန်လုပ်ငန်းစု၏ ဥက္ကဋ္ဌ လင်းဖန်သည် ခန်းမ၏ နောက်ဆုံးတန်းထိုင်ခုံတွင် ထိုင်ရင်း ကျေနပ်အားရသည့် အပြုံးဖြင့် ကြည့်နေသည်ကိုတော့ မည်သူမျှ သတိမထားမိကြပေ၊၊
ကမ္ဘာတစ်ဝှမ်းလုံးတွင် သတင်းထောက်များသည် သတင်းဖြန့်ဝေရန် အကောင်းဆုံး လမ်းကြောင်းများ ဖြစ်ကြသည်၊၊ ယခင်က ဟောင်ကောင်တွင် စီးပွားရေးလုပ်ငန်းတစ်ခုခု လုပ်လျှင် မီဒီယာများက မိမိတို့ကို ဖော်ပြပေးရန် ငွေကုန်ကြေးကျခံ ရှာဖွေခဲ့ရသော်လည်း၊ ယခု လုံထန်၏ မိတ်ဆက်ပွဲတွင်မူ သတင်းထောက်အားလုံးက 'ခိုင်ထျန်း' (Kaitian) အပေါ် အကောင်းမြင်နေကြသည်မှာ သိသာလှသည်၊၊
ဤကဲ့သို့သော အခြေအနေမျိုးတွင် ခိုင်ထျန်း တက်ဘလက် အလုံးရေ ၁၀ သန်း ရောင်းချရန်ဆိုသည်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိတော့ချေ။
တက်ဘလက်သည် မိုဘိုင်းဖုန်းနှင့် မတူပါ၊၊ ဖုန်းမှာ ဆက်သွယ်ရေးအတွက် လူတိုင်း မရှိမဖြစ် လိုအပ်သော်လည်း၊ တက်ဘလက်မှာ စမတ်ဖုန်းနှင့် လပ်တော့ပ် (Laptop) ကြားတွင် လုပ်ဆောင်ချက်အချို့ ထပ်နေသဖြင့် အသုံးနည်းတတ်ကြသည်၊၊ ၂၀၁၈ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ တက်ဘလက် တင်ပို့မှုမှာ အလုံးရေ ၁၄၄ သန်းခန့်သာ ရှိခဲ့သည်၊၊
သို့သော် တရုတ်ပြည်၏ လူဦးရေမှာ ၁.၅ ဘီလီယံ ရှိသဖြင့် တက်ဘလက်ရောင်းအားမှာ အတော်လေး ကောင်းမွန်သည်၊၊ Apple ဖုန်းများပင်လျှင် ပြည်တွင်း၌ တစ်နှစ်လျှင် အလုံးရေ ၁၀ သန်း ပြည့်ရန် ခဲယဉ်းလှရာ၊ လုံထန်၏ တက်ဘလက်ကသာ ဆယ်သန်းချီ ရောင်းရမည်ဆိုပါက Apple ကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်းပင် ဖြစ်သည်၊၊
"သူဌေး... မိတ်ဆက်ပွဲ ပြီးပါပြီ၊ ဌာနချုပ်ကို ပြန်ဦးမလားရှင့်"
မိုရှင်းယာက လင်းဖန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်၊၊
"အင်း..."
လင်းဖန်က ခဏမျှ စဉ်းစားပြီးနောက်
"ယွီလဲ့ကို စီစဉ်ခိုင်းလိုက်၊ ဒီနေ့ မိတ်ဆက်ပွဲမှာ ပါဝင်တဲ့ ဝန်ထမ်းအားလုံးကို ဒီဟိုတယ်မှာပဲ နေ့လည်စာ ကျွေးလိုက်ပါ၊ ဌာနချုပ်ကိုတော့ ငါ အခုချက်ချင်း မသွားသေးဘူး၊၊"
ဟု အမိန့်ပေးလိုက်သည်၊၊
ဗိုက်ဆာနေသော စစ်သည်ဖြင့် စစ်တိုက်၍ မရနိုင်သည်ကို လင်းဖန် ကောင်းကောင်းသိသည်၊၊ ဝန်ထမ်းများကို ထမင်းတစ်နပ်ကျွေးရုံမျှဖြင့် သူတို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခြင်းမှာ တန်ဖိုးရှိလှသည်၊၊
သုတေသနဌာန၊ အီးကောမတ်စ်နှင့် အရောင်းဌာနမှ ဝန်ထမ်းများမှာမူ နေ့လည် ၁၂ နာရီတွင် 'ခိုင်ထျန်း' ကို စတင်ရောင်းချရန်အတွက် ဖန်သားပြင်များကို စောင့်ကြည့်နေကြရသဖြင့် ဤနေရာသို့ မလာနိုင်ကြပေ၊၊ သို့သော် လုံထန်၏ ထုံးစံအတိုင်း ထုတ်ကုန်သစ်တစ်ခု ရောင်းချတိုင်း အမြတ်၏ ၁ ရာခိုင်နှုန်းကို ပါဝင်သူ ဝန်ထမ်းအားလုံးအား အချိုးကျ ခွဲဝေပေးလေ့ ရှိသည်၊၊ ထို့ကြောင့်ပင် ဝန်ထမ်းများသည် အချိန်ပိုဆင်းရသော်လည်း မည်သည့်အခါမျှ မညည်းညူကြဘဲ၊ အပိုဆုကြေးများမှာလည်း တခြားကုမ္ပဏီကြီးများထက် သိသိသာသာ ပိုများလှသည်၊၊
တစ်ချိန်တည်းမှာပင် လုံထန်ဌာနချုပ် အဆောက်အအုံအတွင်း၌ စီအီးအို ကျန်းဖုန်သည် မျက်နှာပြင်ကြီးကို စိုက်ကြည့်နေသည်၊၊ ရောင်းချရန် နာရီဝက်ပင် မလိုတော့ပေ၊၊
"ကွန်ရက်လိုင်းတွေ ကောင်းရဲ့လား ပြန်စစ်"
"Flagship Store တွေ အကုန် အဆင်သင့်ဖြစ်ပြီလား"
"Jindong က လူတွေကော အသင့်ပဲလား"
ဌာနချုပ်တစ်ခုလုံး ဆူညံနေသော်လည်း စနစ်တကျ ရှိနေသည်၊၊
"စမယ်"
နေ့လည် ၁၂ နာရီ တိတိတွင် အွန်လိုင်းနှင့် အော့ဖ်လိုင်း လမ်းကြောင်းအားလုံးကို ဖွင့်လှစ်လိုက်သည်၊၊ ထိုခဏမှာပင် လုံထန်မောလ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုသူ သန်းနှင့်ချီ ရောက်ရှိလာသည်၊၊ ကံကောင်းထောက်မစွာဖြင့် ဆာဗာ (Server) များမှာ အလွန်တောင့်တင်းသဖြင့် လိုင်းကျသွားခြင်း မရှိခဲ့၊၊
၅ မိနစ်အတွင်းမှာပင် 'Kaitian ONE' ရောင်းအားမှာ တစ်သန်း ကျော်သွားခဲ့ပြီး၊ Penguin ဘက်မှ အချက်အလက်များမှာလည်း ဆက်တိုက် တက်နေသည်၊၊ ညနေ ၆ နာရီ အလုပ်ဆင်းချိန်သို့ ရောက်သောအခါ စုစုပေါင်း ရောင်းအားမှာ ၅ သန်းအထိ ရှိသွားခဲ့သည်၊၊
ဤကိန်းဂဏန်းများမှာ လုံထန်တာဝန်ရှိသူများကိုပင် အံ့အားသင့်စေသည်၊၊ နေ့လည်ပိုင်းမှာ အလုပ်လုပ်ချိန်ဖြစ်သဖြင့် အဝယ်နည်းသေးသော်လည်း ညနေပိုင်းတွင်မူ အဝယ်ပိုတက်လာဦးမည်မှာ သေချာသည်၊၊
"ရှန်ကျန့်စက်မှုဇုန်ကို အကြောင်းကြားလိုက်၊ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ဖို့ အမိန့်ပေးလိုက်ပါ၊၊"
စီအီးအို ကျန်းဖန်က မဆိုင်းမတွ အမိန့်ပေးလိုက်သည်၊၊
နီဗားနားအိတ်နှင့် ခိုင်ထျန်း တက်ဘလက်ကြားတွင် ကာလအတန်ကြာ ကွာဟသွားခဲ့သဖြင့် သုံးစွဲသူများမှာ အလွန်ပင် စိတ်အားထက်သန်နေကြခြင်း ဖြစ်သည်၊၊ ဟောင်ကောင်တွင်ပင် ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်နေပါပြီ၊၊
တကယ်တော့ 'Kaitian ONE' သည် ပြည်တွင်းဈေးကွက်ကိုသာ ရည်ရွယ်သည်မဟုတ်ဘဲ နီဗားနားအိတ်၏ လက်တွဲဖော်အဖြစ် ကမ္ဘာ့ဈေးကွက်သို့ ချီတက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်၊၊ အမေရိက၊ ဥရောပ၊ သြစတြေးလျနှင့် တောင်အာရှ ဌာနခွဲများတွင်လည်း ခိုင်ထျန်း တက်ဘလက်များကို အမြောက်အမြား ထုတ်လုပ်နေပါပြီ၊၊
လက်ရှိ အခြေအနေအရ ရောင်းအား ၁၀ သန်း ပြည့်ရန်မှာ စိုးရိမ်စရာ မရှိတော့၊၊ အကြောင်းမှာ တရုတ်ပြည်တွင်း အရောင်းအပြင် စစ်တပ်နှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနတို့ကလည်း အဝယ်ယူရန် ကမ်းလှမ်းလာသောကြောင့် ဖြစ်သည်၊၊
ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနသည် နီဗားနားအိတ်၏ လုံခြုံရေးစနစ်ကို အလွန်သဘောကျသဖြင့် ရှေ့တန်းရဲအရာရှိများအားလုံးကို ဤဖုန်းများ ကိုင်ဆောင်စေရန် စီစဉ်နေသလို၊ 'Kaitian ONE' တက်ဘလက်များကိုလည်း နည်းပညာကဏ္ဍတွင် အသုံးပြုရန် ရည်ရွယ်နေသည်၊၊ လုံထန်၏ လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်စွမ်းမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီ မဟုတ်ပါလော၊၊
***