ဟိုဘက်တွင် ရှာလကာရည်အိုး မှောက်ဖိတ်နေသော်လည်း အသိဉာဏ်ကင်းမဲ့သော မိန်းကလေးမှာ မီးထိုးပေးနေဆဲဖြစ်သည်။
“ဆရာချန်က တော်တော်ကို ကောင်းတဲ့သူပဲ ကျွန်မဘာလိုလဲဆိုပြီးတောင် မေးသေးတယ် နောက်ရက်ကျရင် သူနဲ့အဘွားချန်က ရွာကိုပွဲတော်ပြန်မယ်တဲ့၊ သူက ကျွန်မတို့အတွက် ကဗျာတွေရေးပေးမယ်၊ ယူလာပေးမယ်လို့လည်း ပြောတယ်။ ဒါတောင်ရှင်က အမြဲတမ်း အဲ့လိုတွေးနေတုန်းပဲ”
“ဘယ်သူက သူ့ကဗျာကို လိုချင်လို့လဲ”
ကျုံးမင်းဝေ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ တံခါးဘက်သို့ အော်ပြောလိုက်သည်။
“ကိုယ်ရေးတတ် တယ်မဟုတ်ဘူးလား”
“ရှင်ဒီလိုပြောမယ်ဆိုတာ သိသားပဲ”
အားချိုးသည် နောက်တစ်စက္ကန့်တွင် တံခါးကို ပျော်ရွှင်စွာ တွန်းဖွင့်လိုက်သည်။ မှင်၊ စုတ်တံ၊ စက္ကူ၊ မှင်ကျောက်တုံးတို့ကို ကိုင်ဆောင်၍ ရယ်မောရင်း ခုံနားသို့ လျှောက်လာခဲ့သည်။
“လွန်ခဲ့တဲ့ရက်အနည်းငယ်က စျေးမှာ ကဗျာတွေရောင်းနေတာတွေ့တော့ ကျွန်မ ဒါတွေဝယ်ခဲ့တယ်။ စက္ကူအနီရောင်လည်း ဝယ်ခဲ့သေးတယ်၊ ရှင်ကျွန်မတို့အတွက် ကဗျာရေးပေးနိုင်မလားလို့တွေးပြီးပေါ့ ကြည့်၊ လိုအပ်လိမ့်မယ်ဆိုတာ ကျွန်မသိသားပဲ။”
အားချိုးသည် သူမ၏ ရိုးသားသောလက်ဆောင်ကို ပေးရန် အခွင့်အရေးရှာတွေ့၍ ပျော်ရွှင်နေခဲ့သည်။
“မြည်းဆေးရည်တော့ မဝယ်ဘူး၊ ဒါပေမယ့်ဒီလိုအလွယ်တကူရတဲ့ပစ္စည်းတွေကိုတော့ ဝယ်ရဲတယ်”
ကျုံးမင်းဝေက စာရေးကိရိယာအစုံကို ကြည့်ပြီး အားချိုးကို စိုက်ကြည့်မိလိုက်သည်။
အားချိုး မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။ စုတ်တံကိုထုတ်၍ ရှက်ရွံ့စွာ ကျုံးမင်းဝေကို ကမ်းပေးလိုက်သည်။
“ဒီစုတ်တံက ကောင်းတယ်လို့ ထင်လား ဆိုင်ရှင်က ဝံပုလွေမွေးနဲ့လုပ်ထားတာတဲ့၊ ဒီအရာတွေအကြောင်း ကျွန်မတကယ်မသိဘူး၊ ဒါကြောင့် ရှင်ကြိုက်ရဲ့လားမသိဘူး။”
“ရတယ်”
ကျုံးမင်းဝေသည် ရှင်းရှင်းလင်းလင်း စျေးပေါသော စုတ်တံကို လှမ်းကြည့်၍ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခုံပေါ်ရှိ ကြမ်းတမ်းသော မှင်ကျောက်တုံးကို ကြည့်၍ ထပ်ပြောလိုက်သည်။
“အားလုံးအဆင်ပြေပါတယ်။”
“ဟဲဟဲ၊ ကျွန်မလည်း တော်တော်ကောင်းတယ်ထင်တယ်။ အများကြီးဝယ်ခဲ့လို့ ဆိုင်ရှင်က စက္ကူကြမ်းတစ်ထပ်တောင် ထပ်ပေးသေးတယ်”
အားချိုး ပြုံးလိုက်သည်၊ သူမ၏မျက်လုံးများ တောက်ပလာသည်။ သူမသည် စက္ကူကြမ်းတစ်ထပ်ကို ယူဆောင်လာ၍ ကျုံးမင်းဝေကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
အားချိုးက လက်တွေကို ရှုပ်ပွေစွာ ပွတ်သပ်နေသည်။
“ကောင်းပြီ”
အားချိုး ပျော်ရွှင်စွာနဲ့ ချက်ချင်းပဲ ဖိနပ်ချွတ်ပြီး ခန်ပေါ်တက်သွားသည်။
“ဘာလို့ စိုးရိမ်နေရတာလဲ စုတ်တံကို ဒီလောက်တင်းတင်းကိုင်ထားတာ၊ ကျိုးတော့မလားပဲ။”
“ကျွန်မ စုတ်တံတစ်ခါမှမကိုင်ဖူးဘူး”
အားချိုးက ကျုံးမင်းဝေကို သနားစဖွယ် ကြည့်ပြီးပြောသည်။။
“ရှင်မသိသေးဘူး၊ ဒီစာရေးကိရိယာအစုံကို မြင်တာနဲ့တင် ကျွန်မခြေထောက်တွေ ကြွက်တက်သလိုဖြစ်နေပြီ။ ကမ္ဘာပေါ်မှာ ဘာကိုမှမကြောက်ဘူး၊ ဒါပေမယ့် ဒါတွေကိုတော့ သေမတတ်ကြောက်တယ်”
ကျုံးမင်းဝေက အားချိုးရဲ့ နူးညံ့တဲ့နဖူးကို ငုံ့နမ်းရင်း တိုးတိုးလေးပြောသည်။
ကျုံးမင်းဝေသည် အားချိုး၏လက်ကိုကိုင်၍ တုန်ရီနေသော စုတ်တံကို ဝါနေသည့်စက္ကူပေါ်သို့ ဖြည်းဖြည်းချင်း လမ်းညွှန်ပေးသည်။ တစ်လုံးချင်းစီ(တစ်) လုံးကို ရေးသည်။ စုတ်တံကို မလိုက်သောအခါ အားချိုးသည် ရှည်လျားသောသက်ပြင်းကို ချလိုက်ပြီး စက္ကူပေါ်ရှိ ကောက်ကွေးနေသောစာလုံးကို မကျေမနပ်ကြည့်ရင်း
“ကိုယ်ဆိုပထမဆုံးရေးတုန်းက ဒါထက်ပိုဆိုးတယ်။ ကိုယ့်ဆရာက ကိုယ့်လက်ဖဝါးကို ရိုက်တာတောင်ရှိသေးတယ်”
ကျုံးမင်းဝေက သူမကို အားပေးသည်။
“ကိုယ်ဘာပြောခဲ့လဲ စုတ်တံကို ပန်းထိုးအပ်လိုပဲ သဘောထားလိုက်ပါ။”
“ဘယ်လိုလုပ် ပန်းထိုးအပ်နဲ့ တူနိုင်မှာလဲ ပန်းထိုးအပ်ကို ပထမဆုံးသုံးတုန်းက ကျွန်မ တော်တော်တော်တယ်”
အားချိုးသည် တီးတိုးပြောလိုက်သည်။ သို့သော် သူမသည် အရင်ကကဲ့သို့ စိတ်ပျက်မနေသည်မှာ ရှင်းနေသည်။ သူမ စုတ်တံကို ပြန်ကောက်၍ မှင်တို့လိုက်သည်၊ ထို့နောက် မျက်နှာကို စောင်း၍ ကျုံးမင်းဝေကို ဆော့ကစားသကဲ့သို့ စူပုပ်ပြသည်။
အားချိုးသည် စုတ်တံကို ကိုင်ထားပြီး မလှုပ်ရဲပေ။ ကျုံးမင်းဝေကတော့ အေးအေးဆေးဆေးပင်၊ သူမ အသက်ရှူကျပ်သည်အထိ အကြာကြီးနမ်းပြီးမှ ဆွဲခွာလိုက်သည်။ ထို့နောက် မျက်နှာနီမြန်းပြီး အသက်ရှူကျပ်နေသော မိန်းကလေးကို ကျေနပ်စွာပြုံး၍ ကြည့်လိုက်သည်။ ဗိုက်ပြည့်သွားသောသူတစ်ယောက်ကဲ့သို့ပင်။
“ရှင်က ဘယ်လိုရိုင်းစိုင်းတဲ့ဆရာလဲ”
***