သူတို့နှစ်ယောက် စံပယ်ပန်းရဲ့ မွှေးရနံ့သင်းပျံ့နေတဲ့ ရေချိုးကန်ထဲမှာ စိမ်နေကြသည်။ အစပိုင်း ရေအတူတူချိုးတုန်းက ရှက်ရွံ့ပြီး အနေရခက်ခဲ့တာနဲ့ ယှဉ်ကြည့်ရင် အခုတော့ တစ်ယောက်ကိုတစ်ယောက် ဒီလောက်ထိ ပွေ့ဖက်ထားတာကို အသားကျနေပြီဆိုတာ ထင်ရှားသည်။
“ခြေထောက်တွေ သက်သာရဲ့လား”
အားချိုးက ကျုံးမင်းဝေရဲ့ စကားတွေကို စဉ်းစားရင်း သူ့လက်သေးသေးလေးတွေနဲ့ ကျုံးမင်းဝေရဲ့ ခြေထောက်တွေကို အဆုံးထိ ပွတ်သပ်ပေးနေသည်။ နောက်ဆုံး ယောက်ျားရဲ့ ဒူးခေါင်းတွေကို ရောက်တော့ ညင်ညင်သာသာလေး ဖိနယ်ပေးရင်း မေးလိုက်သည်။
“ရေနွေး နည်းနည်း ထပ်ထည့်ပေးရမလား”
“မလိုပါဘူး၊ ဒီလောက်ဆိုရင် ရပါပြီ”
ကျူံးမင်းဝေ သက်ပြင်းချရင်း သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သူ့လက်တွေက အားချိုးကို ပျင်းရိပျင်းတွဲစွာ ဖက်ထားရင်း သူ့ဒူးခေါင်းတွေအား ထပ်ကာထပ်ကာ ပွတ်သပ်ခိုင်းနေသည်။
“ကလေးမလေး၊ ဒါ တကယ်ကို သက်သာတာပဲ”
အားချိုး ရယ်လိုက်ပြီး မျက်နှာကို လှည့်ကာ ကျုံးမင်းဝေရဲ့ မေးစေ့ပြာပြာလေးကို ကိုက်လိုက်သည်။ သူမ လွတ်မြောက်တော့မယ့်အချိန်မှာ ကျုံးမင်းဝေက သူမ မျက်နှာကို ဆုပ်ကိုင်ပြီး နမ်းလိုက်သည်။ အားချိုး ရယ်မောပြီး ရှောင်ဖယ်ပေမယ့် နောက်ဆုံးတော့ ယောက်ျားရဲ့ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး အချိန်အတော်ကြာ နမ်းရှိုက်ခံလိုက်ရပြီးမှ လွှတ်ပေးဖို့ ဆန္ဒရှိတော့သည်။
“ရှင် အခု မုတ်ဆိတ်ရိတ်လို့ရပြီ”
အားချိုးက သူ့လက်သေးသေးလေးနဲ့ ယောက်ျားရဲ့ မေးစေ့ကို ကုတ်လိုက်သည်။
“နည်းနည်း ရှည်နေပြီ။ ပထမတစ်ချက် ကြည့်လိုက်တာနဲ့ အသက်တော်တော်ကြီးနေပြီလို့ ထင်ရတယ်”
“ကိုယ်အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး”
ကျူံးမင်းဝေ နှုတ်ခမ်းကို စုလိုက်ပြီး အားချိုးရဲ့ နဖူးကို ပွတ်သပ်ကာ ပြုံးရင်း ပြောလိုက်သည်။
“ရှင်က ကျွန်မထက် ဆယ့်ခြောက်နှစ် မကြီးရင်တောင် ကျွန်မ ရှင့်ကို ကြိုက်ချင်မှ ကြိုက်မှာ”
“ဒါပေမဲ့ ရှင် မုတ်ဆိတ်ရိတ်လိုက်ရင် အသက်သုံးဆယ်ကျော် အရွယ် ယောက်ျားကြီးနဲ့ တူတော့မှာ မဟုတ်ဘူး”
ကျူံးမင်းဝေ တကယ်ကို စိတ်ထဲမှာ ထားနေမိသည်။ အားချိုးက အစကတည်းက သေးသေးလေးနဲ့ ချစ်စရာကောင်းသည်။ ဒီလို ငယ်ရွယ်ပြီး အပြစ်ကင်းတဲ့ မျက်နှာလေးကို ကြည့်ရင်း သူ ဘာမှ မပြောပေမယ့် စိတ်ထဲမှာ အပြစ်ရှိသလို ခံစားနေရတာကို မတတ်နိုင် ပေ။
အားချိုးက လွယ်လွယ်ကူကူ သဘောတူလိုက်ပြီး တိုးကပ်လာကာ ယောက်ျားရဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ သိုင်းဖက်၍ နှုတ်ခမ်းကို စူကာ ကျုံးမင်းဝေအပေါ် ချွဲနွဲ့စွာ ပြုမူလိုက်သည်။
“ကောင်းပြီ၊ကိုယ် မင်းဆံပင်ကို နှစ်ခွကျစ်ဆံမြီး ကျစ်ပေးမယ်”
ကျူံးမင်းဝေက အားချိုးရဲ့ ဖြူစင်တဲ့ မျက်နှာကို ငုံ့နမ်းရင်း ပြောလိုက်သည်။ သူ့ရဲ့ ပူနွေးတဲ့ နှုတ်ခမ်းတွေက အားချိုးရဲ့ မေးစေ့က နီညိုရောင် အမာရွတ်တစ်လျှောက် စုန်ဆင်းသွားသည်။ အားချိုး တုန်ယင်သွားတဲ့အခါ ယောက်ျားက အားချိုးရဲ့ လက်ကို ဆုပ်ကိုင်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည်။
ဆံပင်နှစ်ခွကျစ်ဆံမြီးနဲ့ အားချိုးက ခန် ပေါ်မှာ လူးလိမ့်နေသည်။
ကျူံးမင်းဝေက ပြုံးနေတဲ့ ကလေးမလေးကို ကြည့်ပြီး သူလည်း ပြုံးလိုက်သည်။
ကျူံးမင်းဝေ လက်ကို ဆန့်တန်းပြီး တောက်ပနေတဲ့ ဆံပင်ကျစ်ဆံမြီးလေးတွေကို ထိလိုက်သည်။ ခုနက ဆံပင်ကျစ်တုန်းက သူ နည်းနည်းတော့ ရယ်စရာကောင်းတယ်လို့ ခံစားခဲ့ရပေမယ့် အခု ဆံပင်ကျစ်ဆံမြီးလေးတွေကို ကြည့်လေလေ ပိုပြီး လှတယ်လို့ ခံစားရလေလေဖြစ်သည်။ အားချိုးရဲ့ ဆံပင်တွေ ပိုရှည်လာပြီး ဆံပင်သားလည်း ပိုကောင်းလာသည်။ အရင်လို ခြောက်သွေ့ပြီး အဝါရောင်သန်းနေတာမျိုး မဟုတ်တော့ဘဲ ပါးလည်း မပါးတော့ ပေ။ အခု သူ့လက်ထဲမှာ ပိုးသားအကောင်းစားလိုပဲ နူးညံ့နေသည်။
“ဟုတ်တယ်၊ လှတယ်၊ တာ့ခ်မိန်းကလေးနဲ့ နည်းနည်းတူတယ်”
ကျူံးမင်းဝေက ပြုံးရင်း ပြောလိုက်သည်။
“ရှင် တာ့ခ် မိန်းကလေးကို သိလို့လား”
နောက်တစ်စက္ကန့်မှာ အားချိုး အပြုံးရပ်သွားပြီး ကျူံးမင်းဝေကို ဒေါသတကြီး စိုက်ကြည့်ရင်း မေးလိုက်သည်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကပါ။ အဲဒီတုန်းက ကိုယ်က ငါးနှစ် ဒါမှမဟုတ် ခြောက်နှစ်ပဲ ရှိသေးတယ်”
“အဲဒီတုန်းက တာ့ခ်တွေက တာ့ကျိုးကို ကျူးကျော်ဝင်ရောက်လာတယ်။ ပင်းရှီဝမ်က သူ့ရဲ့ တပ်တွေကို ဦးဆောင်ပြီး တာ့ခ်တပ်တွေကို တိုက်ထုတ်ခဲ့တာ မဟုတ်လား။ အဲဒီအချိန်မှာ တာ့ကျိုးနဲ့ တာ့ခ်တွေ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတယ်။ တာ့ခ်တွေက မင်းသမီးကို ပင်းရှီဝမ်နဲ့ လက်ဆက်ပေးချင်ပေမယ့် ပင်းရှီဝမ်က သဘောမတူဘူး။ ကိုယ့်အဖေလည်း မပျော်ပေမယ့် ပင်းရှီဝမ်ကို အတင်းအကျပ် မခိုင်းခဲ့ဘူး။ နောက် နှစ်အနည်းငယ်အကြာမှ တာ့ခ်မင်းသမီး မြို့တော်ကို ရောက်လာပြီး တာ့ကျိုးဧကရာဇ်ကို ပင်းရှီဝမ်နဲ့ လက်ဆက်ခွင့် တောင်းခဲ့တယ်။ အဲ့ဒီအချိန်မှ ကိုယ် တာ့ခ်မိန်းကလေးတစ်ယောက်ကို မြင်ဖူးခဲ့တာ။ အဲ့ဒီတုန်းက တာ့ခ်မင်းသမီးလည်း ဒီလိုမျိုး ဆံပင်ကျစ်ဆံမြီးလေး ကျစ်ထားပေမယ့် သူ့ခေါင်းမှာ ရွှေနဲ့ ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့ ဦးထုပ်သေးသေးလေး ဆောင်းထားတယ်”
***