“ရှင်ရွေးလိုက်တဲ့ငါးက အသန့်ဆုံးပဲ။ အရိုးလည်းမပါတော့ လည်ချောင်းထဲ စူးမှာ မပူနဲ့ ဟားဟား”
အားချိုးက ပြုံးပြီး ပြောလိုက်သည်။ သူမ ကျုံးမင်းဝေကို ကြည့်လေ ပိုပြီး သက်တောင့်သက်သာ ရှိလေ ဖြစ်လာသည်။ သူမက အိုးဘေးနားက ကောက်ညှင်းပေါင်းတစ်ဖဲ့ကို ခပ်ပြီး ထိုယောက်ျားကို ပေးလိုက်သည်။ ထို့နောက် ယောက်ျားရဲ့ မေးရိုးကို တူနဲ့တို့ပြီး ပြုံးလျက်
“ညနေစာ ဘာစားရမလဲလို့ အစောကြီးကတည်းက စဉ်းစားထားတာလေ။ အဲ့ဒီတုန်းကတော့ အေးတာလေးတွေရော ပူတာလေးတွေရော စုံအောင်စားမယ်လို့ စိတ်ကူးထားတာ။ မိသားစုကြီးလို ဟင်းရှစ်ခွက်ပြည့် စားရရင် အကောင်းဆုံးပဲ။ နှစ်သစ်ကူးညကြီး မီးဖိုဘေးမှာ ပန်ကိတ်စားရမယ်လို့ ဘယ်သိမလဲ။ အကုန်လုံး ရှင့်အပြစ်တွေပဲ။ ကျွန်မတော့ ဆက်မလုပ်နိုင်တော့ဘူး။ ကဲ ရှင်ပြောတဲ့ ပန်ကိတ်ပဲ စားတော့”
“ဒါ မကောင်းဘူးလား”
ကျုံးမင်းဝေက ကောက်ညှင်းပေါင်းကို ယူပြီး အရသာခံကာ စားလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူက အားချိုးကို ပြော၏။
“နှစ်သစ်ကူးညမှာ ခေါင်းမာနေစရာ မလိုပါဘူး။ ပြီးတော့ ငါးဟင်းဖြစ်လည်း ဂရုစိုက်နေစရာ မလိုဘူး။ကိုယ်တို့မှာ နောက်ထပ် နှစ်တွေ အများကြီး ရှိသေးတာပဲ”
“ဘယ်သူ ပြောလဲ၊ ကျွန်မက ဟင်းရှစ်ခွက်ကို မျှော်နေတာ”
အားချိုးက စိတ်ထဲမှာ ချိုမြိန်နေပေမယ့် ပါးစပ်ကတော့ ခပ်မာမာပဲ ပြန်ပြောလိုက်သည်။
ကျုံးမင်းဝေက ပြုံးပြီး ကတိပေးလိုက်သည်။ ထို့နောက် ငါးမျက်လုံးကို ဖယ်ထုတ်ပြီး အားချိုးရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ ဒီမိန်းကလေးက ငါးမျက်လုံးကို ကြိုက်တာပင်။
ငါးမျက်လုံးကို စားနေရင်း အားချိုးက ပြောလိုက်သည်။ တစ်ချိန်တည်းမှာ ထိုယောက်ျားကိုလည်း စိတ်ပျက်စွာ ကြည့်လိုက်သည်။
“ဟင်း ရှစ်ခွက်ဆိုတာ ကြံသကာနဲ့ စွန်ရဲသီး လက်ဖက်ရည်တွေနဲ့ ပြည့်နေမယ်လောက်တယ်”
“ကိုယ်က တော်တယ်နော်။ မင်း ကိုယ် သင်ရင်တတ်မှာ ကြောက်နေတာလား”
“အခု ရှင်က ဆံပင်ကျစ်တတ်ပြီ၊ အိပ်ယာခင်း ခေါက်တတ်ပြီ၊ အဝတ်လျှော်တတ်ပြီ။ ဒါပေမယ့် ဒါနဲ့တင်ဘယ်လိုလုပ်ပြီး တကယ့် ယောက်ျားကောင်း ဖြစ်နိုင်မှာလဲ”
နောက်တစ်စက္ကန့်မှာတော့ ကျုံးမင်းဝေဟာ မမျှော်လင့်ဘဲ လည်ချောင်းထဲ တစ်ဆို့သွားပြီး ကောက်ညှင်းပေါင်းတစ်ဖဲ့ဟာ အထက်အောက် မသွားနိုင်ဘဲ ချောင်းဆိုးရင်း မျက်ရည်တွေပါ ထွက်လာသည်။
အားချိုးက အလောတကြီးနဲ့ ခန်ဘေးက ဆင်းပြီး လက်ဖက်ရည်ငှဲ့ကာ သူ့ကို တိုက်လိုက်သည်။ တစ်ဝက်လောက် သောက်ပြီးမှ ကျုံးမင်းဝေ ချောင်းဆိုးတာ သက်သာသွားသည်။ အားချိုးလည်း စိတ်အေးသွားပြီး တတွတ်တွတ် ပြောနေတော့သည်။
“ရှင်က ကလေးလေးနဲ့ ဘာလို့ တူရတာလဲ ကောင်းကောင်း စားနေတုန်း လည်ချောင်းထဲ ဆို့သွားရတယ်လို့ မလွယ်ပါလား”
ကျုံးမင်းဝေက ဒေါသထွက်ပြီး သူ့အလုပ်ကို ချထားကာ တည်ငြိမ်တဲ့ မျက်နှာနဲ့ အားချိုးကို စိုက်ကြည့်နေသည်။ အဲ့ဒီအချိန်မှာ အားချိုးက စကားပြော သိပ်မတတ်သေးတော့ ဘာမှ ပြန်မပြောရဲပေ။ သူမက လည်ပင်းကို နောက်ဆုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
နှစ်သစ်ကူးညမှာ မိသားစုတွေ ထောင်နဲ့ချီပြီး ပြန်ဆုံစည်းကာ ပျော်ရွှင်နေချိန်မှာ ကျုံးမင်းဝေဟာ ကလေးကို ရိုက်ချင်စိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။
“ပြောစမ်းပါဦး၊ကိုယ်ဘယ်နေရာမှာ တကယ့် ယောက်ျားကောင်း မဟုတ်တာလဲ”
စိတ်ရှည်တယ်လို့ ထင်ရတဲ့ ကျုံးမင်းဝေက အားချိုးကို မေးလိုက်သည်။ တကယ်တော့ သူ့မျက်နှာက အိုးအောက်ခံလို မည်းမှောင်နေသည်။
အားချိုးက သူ့ကို စိုက်ကြည့်နေရင်း စိတ်ထဲမှာ တော်တော်လေး တုန်လှုပ်နေသည်။ သူမက နှုတ်ဆိတ်ပြီး ပန်းကန်နဲ့ တူတွေကို ချထားလိုက်ကာ စိတ်ထဲမှာ စကားလုံးတွေကို အချိန်အတော်ကြာ စီစဉ်နေသည်။ ပြီးမှ တိုးတိုးလေး ပြောလိုက်သည်။
“ ရှင် တကယ့်ယောက်ျား မဟုတ်ဘူးလို့ မပြောပါဘူး။ ကျွန်မက ရှင့်အတွက် စိတ်မကောင်းဖြစ်နေတာပါ။ တခြားအိမ်က ယောက်ျားတွေ ဘယ်မှာ ဒီလို ထူးထူးဆန်းဆန်း အလုပ်မျိုး လုပ်ကြလို့လဲ ဒါပေမယ့် ရှင်က လုပ်တတ်တယ်လေ။ ကျွန်မ ကျွန်မ မခံနိုင်ဘူး။ ရှင် ဒီလို စိတ်မကောင်းဖြစ်နေတာကို ဆက်မမြင်ချင်တော့ဘူး “
ကျုံးမင်းဝေက စိတ်ထဲမှာ တင်းကျပ်နေသည်။ ခုနကတော့ တကယ် ဒေါသမထွက်ခဲ့ ပေ။ အားချိုးကို လန့်သွားအောင် လုပ်ချင်ရုံသက်သက် ဖြစ်သည်။ သို့ပေမယ့် အခုတော့ တကယ် ဒေါသထွက်သွားပြီး သူ့ကိုယ်သူလည်း ဒေါသထွက်နေသည်။
အားချိုးက စိတ်ထဲမှာ နည်းနည်းလေး ခံစားလို့ မကောင်းဖြစ်ပြီး ပြောလိုက်သည်။ သူမက လက်နဲ့ သူ့ပါးစပ်ဘေးတွေကို ပွတ်သပ်ရင်း တိုးတိုးလေး ပြောသည်။
“သာမန် လယ်သမားတစ်ယောက်တောင် ရှင့်ထက် သက်တောင့်သက်သာ ရှိသေးတယ်။ နေ့တိုင်း အိမ်မှာ အစားအသောက်တွေ အများကြီး စားသောက်နေတာ။ ငါးရောင်းတဲ့ အဘိုးကြီးတောင် သူ့ချွေးမကို အလွယ်တကူ ခိုင်းစေနိုင်တယ်။ သူက တကယ့် ယောက်ျားကြီးလိုပဲ။ ရှင်က ဘယ်မှာ သူနဲ့ တူလို့လဲ အရာရာတိုင်း ကျွန်မနဲ့ အတူ လုပ်နေရတာ။ မီးဖို ဆောက်ပြီးကတည်းက ကျွန်မ သိပ်မီးမွှေးရသေးဘူး”
“မြန်မြန် ငါးစားတော့။ ခဏနေ အေးသွားရင် မင်းက ငါးညှီနံ့ ထွက်တယ်လို့ ထင်ဦးမယ်”
ကျုံးမင်းဝေက စကားကို ဖြတ်ပြီး အားချိုးရဲ့ ပန်းကန်ကို ခေါက်လိုက်သည်။ ထို့နောက် ထင်းတွေကို ယူပြီး မီးဖိုထဲ ထည့်လိုက်လေသည်။ အေးခါနီးဖြစ်နေတဲ့ ငါးဟင်းက “ဂွတ်ဂွတ်” နဲ့ ပြန်ဆူလာသည်။ ငါးရဲ့ အနံ့က ပြင်းရှရှနဲ့ ဆွဲဆောင်မှု ရှိပေမယ့် သူတို့နှစ်ယောက်စလုံး ဘာမှ မပြောကြတော့ ပေ။
အားချိုးက ဘာမှ မပြောရဲ ပေ။ ကျုံးမင်းဝေ ဒေါသထွက်နေတယ်လို့ သူမ ထင်ပေမယ့် ဘာကို ဒေါသထွက်နေမှန်းတော့ မသိ။ သူမက စိတ်ထဲမှာ တီးတိုး ရေရွတ်နေတာကြောင့် ဘာမှ မပြောရဲတော့ ပေ။
***