လီရွှမ်သည် လေးစားစွာ သက်ပြင်းချမိ၏။ ဝူထန်းနန်သည် အမှန်တကယ်ကို ကြီးမားသည် ကံတရားနှင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
တောင်ပေါ်ရွာသားလေး တစ်ယောက်က လှပသည့်မိန်းကလေးတစ်ယောက်ကို ကယ်တင်ကာ ထိုမိန်းကလေးသည် အလွန်စွမ်းအားကြီးမားပြီး သူမ၏ ညွှန်ကြားမှုဖြင့် ထိုကောင်လေးကို သိုင်းပညာလမ်းစဉ်ပေါ်သို့ ရောက်ရှိစေခဲ့သည်။
သူသည် လမ်းတလျှောက် မြင့်တက်ခဲ့ပြီး ခုနှစ်စင်ကြယ်အကယ်ဒမီကို တည်ထောင်ကာ စိတ်ဝိဉာဉ်နယ်မြေသို့ ရောက်ရှိပြီးနောက်လည်း အဆုံးမဲ့ကြယ်တာရာအကယ်ဒမီ၏ ကျောင်းအုပ်ဖြစ်လာခဲ့၏။
ပြင်းထန်သည့် တိုက်ပွဲအပြီးတွင် ရှုံးနိမ့်ခဲ့ပေမယ့် ပြန်လည်မြင့်တက်လာနိုင်ကာ စိတ်ဝိဉာဉ်နယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ထို့အပြင် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ကျင့်ကြံမှုစနစ်၌ အဆင့်ချိုးဖျက်မှုကြောင့် ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ ရရှိလာပြီး သူ၏ စိတ်အခြေအနေ ကောင်းမွန်နေစဉ်တွင် လာရောက်တွေ့ဆုံခဲ့၏။ မည်မျှ ကံကောင်းသည့် လူတစ်ဦးဖြစ်သနည်း။
သူ၏ သိုင်းပညာအတွေ့အကြုံတို့ကို ပြောပြပြီးနောက် ဝူထန်းနန်သည် လက်ရှိပြဿနာတို့ကို ပြောပြသည်။
သူသည် ဆက်လက်ကျင့်ကြံနိုင်ခြင်း မရှိပေ။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ခန္ဓာကိုယ်အတွင်းသို့ သန့်စင်နိုင်ခြင်း မရှိပါ။ ဤသည်မှာ သူ၏ လာရောက်လည်ပတ်ရသည့် အကြောင်းအရင်းလည်း ဖြစ်၏။
လီရွှမ်က တည်ငြိမ်စွာ ပြောသည်။
"ထိုက်ချန်းရဲ့ သိုင်းပညာတာအိုက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီရဲ့ ကန့်သတ်ထားတာကို ခံရတယ်။ စိတ်ဝိဉာဉ်နယ်မြေရဲ့ လင်းကျီအကန့်အသတ်က ဒီလောက်အထိပဲ။ နိယာမရဲ့ စွမ်းအားကို စုစည်းတာက စစ်မှန်တဲ့ အကန့်အသတ်ကို ရောက်ရှိနေပြီးပြီ။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို ခန္ဓာကိုယ်ထဲကို သန့်စင်ဖို့က မဖြစ်နိုင်ဘူး.."
ဝူထန်းနန်မှာ မှင်သက်သွား၏။ ဒီဆရာကြီးသည် စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းပညာအကြောင်းကို ပြောနေခြင်းမဟုတ်ပေ။ ထိုက်ချန်းသိုင်းတာအို၏ အကြောင်းကို ရှင်းပြနေခြင်း ဖြစ်၏။
"ဆရာကြီး... ဒီကန့်သတ်ချက်ကို ဘယ်လိုချိုးဖျက်နိုင်မလဲ မသိဘူး.."
ဝူထန်းနန်က လေးစားစွာမေး၏။
"စိတ်ဝိဉာဉ်နယ်မြေရဲ့အလွန်ကို သွားပေါ့... မင်းရဲ့အတွင်းဘက်နယ်မြေကနေ စိတ်ဝိဉာဉ်နယ်မြေကို ရောက်ခဲ့တဲ့ ခရီးစဉ်လိုပဲ... ထိုက်ချန်းကလည်း အဲ့လိုပဲပေါ့.."
လီရွှမ်က တည်ငြိမ်စွာ ပြောသည်။ စကားလုံးများကို အရမ်းကြီး တိုက်ရိုက်ဆန်စွာ ပြောကြားလို့ မရပေ။ ဆရာသခင်တစ်ယောက်အနေနှင့် သူ၏ စကားလုံးများသည် နက်ရှိုင်းသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေပြီး လျှို့ဝှက်အသိ အဓိပ္ပါယ်တို့ ပါဝင်နေရမည် ဖြစ်၏။
ဝူထန်းနန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
"စိတ်ဝိဉာဉ်နယ်မြေရဲ့ အလွန်လား... အတွင်းဘက်နယ်မြေကနေ စိတ်ဝိဉာဉ်နယ်မြေကို လာခဲ့သလိုပဲ... ဒီဗိုင်းတံတား.."
ဒီအချိန်၌ သူသည် ဒီဗိုင်းတံတားကို တွေးမိလိုက်သည်။ ဖြစ်နိုင်သည်မှာ ဒီဗိုင်းတံတားသည် စိတ်ဝိဉာဉ်နယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်၏။
လီရွှမ်က ဆက်လက်ပြောသည်။
"တကယ်တော့ ဘာနည်းလမ်းမှ မရှိတာတော့ မဟုတ်ဘူး... မင်းအတွက် ခက်ခဲမှုက အရမ်းကြီးမားနေတာပဲ ရှိတယ်.."
ခဏတာစဉ်းစားပြီးနောက် သူသည် လက်ကိုဆန့်ကာ ဖန်းဟောင်၏ လက်နက်ကိရိယာများကို ထုလုပ်သည့် ကုန်ကြမ်းများကို ဆွဲယူလိုက်သည်။
၎င်းတို့သည် သူ၏လက်ထဲသို့ ပျံသန်းလာခဲ့၏။ မျက်စိတစ်မှိတ်အတွင်းတွင် လက်ထဲ၌ ပါးလျသည့် စိတ်ဝိဉာဉ်စာရွက်တစ်ခု ပေါ်လာခဲ့သည်။
ဤသည်ကို ထိုပစ္စည်းများဖြင့် သန့်စင်ထားခြင်းဖြစ်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားအား သယ်ဆောင်ရန် အသုံးပြုမည် ဖြစ်၏။
ပြီးနောက် သူသည် လက်ကို မြှောက်လိုက်ပြန်သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားက စုစည်းလာပြီး စိတ်ဝိဉာဉ်စာရွက်ပေါ်၌ စုတ်ချက်အနည်းငယ်တို့ ပေါ်လာခဲ့သည်။
စာရွက်ပေါ်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားဖြင့် ရေးဆွဲထားသည့် နိယာမအချို့တို့ ပေါ်လာခဲ့၏။
ထိုနိယာမအချို့တို့သည် ထိုက်ချန်း၏ နိယာမများနှင့် တူညီနေပါသည်။ ဒီစိတ်ဝိဉာဉ်စာရွက်ပေါ်ရှိ နိယာမတို့ကို နားလည်သဘောပေါက်နိုင်ပါက ၎င်းကို အခြေခံအဖြစ် အသုံးပြုကာ ကန့်သတ်မှုများကို ချိုးဖျက်နိုင်၏။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ခန္ဓာကိုယ်အတွင်းသို့ သန့်စင်ကာ စိတ်ဝိဉာဉ်နယ်မြေ၏ အကန့်အသတ်ကို ချိုးဖျက်နိုင်၏။
သို့ရာတွင် ထိုကဲ့သို့ စွမ်းဆောင်နိုင်ရန်မှာ အချိန်တိုအတွင်း မဖြစ်နိုင်ပေ။ ဝူထန်းနန်က သူ့ကို လာရောက်တွေ့ဆုံခဲ့ခြင်းကြောင့်သာ ဆရာသခင်တစ်ယောက်အနေနှင့် ဒီအခွင့်အရေးကို ပေးခဲ့ခြင်းဖြစ်၏။
"ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေထဲက တစ်ခုပဲ။ မင်းသာ ပြည့်ပြည့်စုံစုံ နားလည်နိုင်လာမယ်ဆိုရင် ဒါကို အခြေခံအဖြစ် အသုံးပြုပြီး သက်ဆိုင်ရာနိယာမကို သန့်စင်နိုင်တယ်.."
လက်တစ်ဝှေ့နှင့်အတူ လီရွှမ်သည် စိတ်ဝိဉာဉ်စာရွက်အား ဝူထန်းနန်ဆီသို့ ပစ်ပေးလိုက်၏။
ဝူထန်းနန်မှာ အလွန် စိတ်လှုပ်ရှားနေပါသည်။ သူသည် စာရွက်ကို လက်နှစ်ဖက်ဖြင့် နှိမ့်ချစွာလက်ခံ၏။
"ညွှန်ကြားမှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာကြီး.."
လီရွှမ်က စိတ်ဝိဉာဉ်လက်ဖက်ရည် ပန်းကန်လုံးကိုမြှောက်ကာ သောက်သည်။ ထူးမခြားနားစွာ ပြော၏။
"ငါ့ရဲ့တပည့်ကြီးက ဒီကို တိုက်ရိုက်ညွှန်လိုက်တယ် ဆိုကတည်းက ဒါက မင်းရဲ့ကံကောင်းမှုပဲ.."
ရွှီယန်၏ လမ်းညွှန်မှုရှိကာ သူကလည်း အဆင့်ချိုးဖျက်ပြီး စိတ်အခြေအနေကောင်းမွန်နေလို့ မဟုတ်ပါက ဝူထန်းနန်အား ယခုကဲ့သို့သော ရက်ရောလှသည့် အခွင့်အရေးကို ပေးမည်မဟုတ်ပေ။
ဝူထန်းနန်သည် ပြန်ပြောင်းစဉ်းစားမိ၏။ ရွှီယန်၏စကားက မှန်ပါသည်။ ဆရာသခင်တစ်ပါးကို တွေ့ဆုံနိုင်ခြင်းမှာ အမှန်တကယ်ကို ကြီးမားသည့် ကံကောင်းမှုဖြစ်၏။
ယနေ့တွင် သူသည် အမှန်တကယ်ကို ကံကောင်းခဲ့သည်။ အရိုအသေပေးပြီးနောက် သူနှင့်ယွဲ့ချန်မင်တို့သည် တိတ်ဆိတ်သည့်နေရာတစ်ခုကို သွားရောက်ရှာဖွေကာ တရားထိုင်ကျင့်ကြံ၏။
တစ်ချက် ကြည့်လိုက်ပြီးနောက် သူသည် နက်ရှိုင်းစွာအံ့သြသွားသည်။ ကြည့်ရသည်မှာ စိတ်ဝိဉာဉ်စာရွက်ပေါ်၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့ အလုပ်လုပ်နေပုံကို တွေ့လိုက်ရဟန်ရှိ၏။ နက်ရှိုင်းကာ ဆန်းကြယ်ပြီး နားလည်နိုင်ရန် ခက်ခဲလှပါသည်။
ယွဲ့ချန်မင်လည်း ကြည့်လိုက်သည်။ သူ့ကိုယ်သူ စစ်မှန်သည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအား လေ့လာနိုင်ရန် အလှမ်းကွာနေသေးကြောင်းကို နားလည်လိုက်၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအား အမျှင်ကိုသာ ဆက်လက်သန့်စင်လေသည်။
ဝူထန်းနန်က တင်ပျဉ်ခွေထိုင်ပြီး စိတ်ဝိဉာဉ်စာရွက်ကို ပေါင်ပေါ်တွင် တင်ထား၏။ သူ၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားဖြင့် ဂရုတစိုက်စူးစမ်းရင်းက နက်ရှိုင်းသည့်အခြေအနေတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။
သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့ အလုပ်လုပ်နေပုံကို တွေ့မြင်ရသည့်ဟန် ရှိ၏။ ၎င်းတို့သည် လေ့လာရန်ခက်ခဲလှသည်။ ဉာဏ်အလင်းရရန် ခက်ခဲလှသည်။
'ဒီဝူထန်းနန်က မဆိုးဘူး..'
လီရွှမ်က သူ့ကို တစ်ချက်ကြည့်ပြီးနောက် စိတ်ဝင်စားမှုတို့ ပျောက်ဆုံးသွား၏။ သံသယဝင်စရာ မကောင်းလောက်အောင် ဝူထန်းနန်၏ ပါရမီမှာ အလွန်မြင့်မားလှပါသည်။
သူသည် စိတ်ဝိဉာဉ်ခန္ဓာတစ်ခုအား ပိုင်ဆိုင်ထားခြင်း မရှိပေမယ့် စိတ်ဝိဉာဉ်နယ်မြေ၏ အထွတ်အထိပ်အထိ ရောက်ရှိနိုင်ခဲ့သည်။
ဤသည်မှာ သူ၏ကံတရားအပြင် မြင့်မားသည့် နားလည်သဘောပေါက်နိုင်စွမ်းမှာလည်း မဖြစ်မနေအခန်းကဏ္ဍတွင် ပါဝင်၏။
ဝူထန်းနန်၏ ရောက်ရှိလာမှုကြောင့် ချန်ချင်းစံအိမ်သည် ပြောင်းလဲသွားမှု မရှိပါ။ တကယ်တော့ သူသည် ထောင့်တစ်ခု၌သာ ရှိနေပြီး တိတ်ဆိတ်စွာနှင့် စိတ်ဝိဉာဉ်စာရွက်ပေါ်ရှိ နိယာမတို့ကို သုံးသပ်နေခြင်း ဖြစ်၏။
လီရွှမ်သည် ထိုက်ချန်းစာအုပ်၏ စာမျက်နှာ၁၀ရှိ သင်္ကေတများကို ဆက်လက်အာရုံစိုက်ကာ မှတ်သားနေပါသည်။
"သင်၏တပည့် မုန့်ချုံသည် မသေခြင်းရွှေခန္ဓာ၏ ဒုတိယအဆင့်သို့ ချိုးဖျက်သွားသည်။ သင်၏စွမ်းအားမှာ အဆ၁၀၀ မြင့်မားလာခဲ့သည်.."
မုန့်ချုံသည် မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ခဲ့၏။
"ငါပိုပြီးတော့ စွမ်းအားကြီးလာပြန်ပြီ..."
လီရွှမ်သည် စိတ်လှုပ်ရှားလာခဲ့၏။ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကျင့်ကြံမှု ခွန်အားသည် အဆ၁၀၀ တိုးတက်လာခဲ့၏။
ဤသည်က ကျင့်ကြံခြင်းအတတ်ကို လှည့်လည်စရာပင် မလိုဘဲ ရုပ်ပိုင်းဆိုင်ရာ အကြမ်းထည် ခွန်အားသက်သက်ဖြင့် ဝူထန်းနန်ကဲ့သို့ သိုင်းသမားတစ်ယောက်ကို လက်သီးတစ်ချက်သုံးကာ ပေါက်ကွဲထွက်သွားစေနိုင်သည်။
'ဒီကောင်မလေး စုလင်းရှုံလည်း အဆင့်ချိုးဖျက်တော့မှာမလား..'
လီရွှမ်သည် မျှော်လင့်မှုတို့ဖြင့် ပြည့်နှက်နေ၏။
"သင်၏တပည့် မုန့်ချုံသည် ဆင်ကဲပြောင်းလဲမှုတို့ ဖြစ်ပေါ်ကာ ဗာဂျရာဒီဗိုင်းခန္ဓာအား ရရှိလာခဲ့သည်။ သင်သည် မူလဗာဂျရာ ဒီဗိုင်းခန္ဓာအား ရရှိသည်.."
မုန့်ချုံသည်လည်း ဒီဗိုင်းခန္ဓာတစ်ခုကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့၏။
မုန့်ချုံ အဆင့်ချိုးဖျက်ပြီး ရက်အနည်းငယ်အကြာတွင် သူ၏ သိုင်းတစ်ထောင်ခန်းမမှ ပုဂ္ဂိုလ်တစ်ဦးကို ကြမ်းကြုတ်စွာ ရက်စက်ခဲ့သည့် သတင်းမှာ ရောက်ရှိလာခဲ့သည်။ ရွှီယန်ကဲ့သို့ပင် သူလည်းပဲ သချွမ်ဆီသို့ သွားရောက်၏။
သိုင်းတစ်ထောင်ခန်းမမှာ အလွန်ဒေါသထွက်နေပြီး ရွှီယန်နှင့် မုန့်ချုံတို့ကို သတ်ဖြတ်ရန်အတွက် ကျိန်ဆို၏။
နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ်များကို သချွမ်သို့စေလွှတ်ကာ သူတို့နှစ်ယောက်ကို လိုက်လံသတ်ဖြတ်စေသည်။
လီရွှမ်က ခေါင်းကိုရမ်းသည်။ ဒီသိုင်းတစ်ထောင်ခန်းမမှ အဘိုးကြီးများသည် အချိန်အများကြီး မကျန်တော့ပေ။ သူတို့သည် မကြာခင်တွင် ခြေနင်းကျောက်တုံးများ ဖြစ်လာတော့မှာ ဖြစ်၏။
ရွှီယန်နှင့်မုန့်ချုံတို့၏ ခွန်အားမြင့်တက်မှု အမြန်နှုန်းကို ကြည့်ပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအား သန့်စင်ထားသည့် သိုင်းသမားများကို အနိုင်ယူရန် အချိန်မကြာလောက်တော့ပါ။
'ငါ့ရဲ့ သိုင်းနတ်ဘုရား အစစ်အမှန်ခန္ဓာလည်း မြင့်တက်လာပြန်ပြီ...'
လီရွှမ်သည် သူ၏ သိုင်းနတ်ဘုရားအစစ်အမှန်ခန္ဓာမှာ ယခုအချိန်၌ ၉ခုဖြစ်လာကြောင်းကို တွေ့လိုက်ရ၏။ ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ပါက သူ၏ သိုင်းနတ်ဘုရား အစစ်အမှန်ခန္ဓာသည် ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်ရှိသွားမှာ ဖြစ်သည်။
***