'အတွင်းဘက်နယ်မြေမှာ သဟွသိုင်းပညာရဲ့ ဖွံ့ဖြိုးမှုက ပိုပြီးတော့ မြန်ဆန်လာတယ်။ သဟွသိုင်းသမား တစ်မီလီယံပြည့်ဖို့က လက်တစ်ကမ်းပဲ လိုတော့တယ်..'
အတွင်းဘက်နယ်မြေ၏ လူဦးရေနှင့် သဟွသိုင်းသမားတစ်မီလီယံရှိလာသည်မှာ အမှန်တကယ်တွင် ဘာမှမဟုတ်ပေမယ့် ဤသည်မှာ အစပိုင်းသာ ရှိပါသေးသည်။
ထို့အပြင် အားလုံးနီးပါးတို့သည် အတွင်းဘက်နယ်မြေရှိ စွမ်းအားကြီးပုဂ္ဂိုလ်များက သူတို့၏ ကျင့်စဉ်များကို ပြောင်းလဲခဲ့ကြခြင်း ဖြစ်၏။ ထိုသူများ၏ ဦးဆောင်မှုဖြင့် သဟွသိုင်းပညာမှာ ပိုမိုပိုမိုကာ ကျယ်ပြန့်စွာ သင်ကြားပို့ချနိုင်မှာ ဖြစ်သည်။ ဒီအတိုင်းသာ ဆက်သွားပါက အတွင်းဘက်နယ်မြေ၏ သိုင်းပညာပင် နောက်ပိုင်းတွင် ပျောက်ကွယ်သွားနိုင်၏။
'အတွင်းဘက်နယ်မြေရဲ့ သဟွသိုင်းပညာမှာ အမြင့်ဆုံးအဆင့်က မူလအဆင့်ပဲ။ အဲ့ဒါကိုလည်း ရွှီကျွင်းဟယ်ပဲသိထားတယ်။ သူ့အတွက်တောင်မှ မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်ဖို့က စောလွန်းနေသေးတယ်..'
အတွင်းဘက်နယ်မြေတွင် မူလဒီဗိုင်းအဆင့်ဟူသည့် အကန့်အသတ်မှာ နိမ့်ပါးခြင်းမရှိပေ။ မူလဒီဗိုင်းအဆင့်သိုင်းသမားတစ်ယောက် ပေါ်ထွန်းလာရန်မှာ အချိန်အတော်ကြာအောင် ယူရဦးမည်ဖြစ်၏။
သဟွသိုင်းပညာသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကြောင့် ကန့်သတ်ထားခြင်း မခံရပေမယ့် ဘာပဲဖြစ်ဖြစ် အတွင်းဘက်နယ်မြေရှိ သဘာဝ၏စိတ်ဝိဉာဉ်စွမ်းအင်မှာ တော်တော်လေး ပါးလျသည်။ ထို့ကြောင့် ကျင့်ကြံမှုအမြန်နှုန်းမှာ နှေးကွေးနေမှာဖြစ်၏။
ထို့အပြင် မူလဒီဗိုင်းအဆင့်တွင် သာမန် မူလဒီဗိုင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လျှင်တောင် သူ၏ခွန်အားသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားထက် အားနည်းနေမည် မဟုတ်ပေ။
ယခုအချိန်၌ သဟွသိုင်းပညာသည် ပိုမိုမြင့်မားသည့် ခြေလှမ်းတစ်ခုကို တက်ရောက်ခဲ့ပြီး ထိုက်ချန်းသိုင်းပညာအား ကျော်လွန်ခဲ့ပြီ ဖြစ်၏။
'အတွင်းဘက်နယ်မြေမှာ သဟွသိုင်းသမားတွေ ပြည့်နက်လာတဲ့ တစ်နေ့ကျရင် သဟွသိုင်းပညာရဲ့ သိုင်းဘိုးဘေးဖြစ်တဲ့ငါ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို အမှန်တကယ် ကျော်လွန်နိုင်လိမ့်မယ်..'
လီရွှမ်သည် နှလုံးသားထဲ၌ စဉ်းစား၏။
"သင်၏တပည့် စုလင်းရှုံသည် ဒန်ဆေးသိုင်းပညာ၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့် ကျင့်စဉ်အား နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် ဒန်ဆေးသိုင်းပညာစနစ်၏ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်သွားသည်.."
ဝိဉာဉ်အခြေပေါ်ရှိ တာအိုရွှေစာအုပ်က ပွင့်လာပြီး တောက်ပသည့် ရွှေရောင်အလင်းတို့ ထွက်ပေါ်လာ၏။ စုလင်းရှုံသည် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်၏ ကျင့်စဉ်ကို နားလည်သဘောပေါက်ခဲ့လေပြီ။
ဒန်ဆေးသိုင်းပညာစနစ်၏ အဆင့်ချိုးဖျက်မှုနှင့် အတူ လီရွှမ်သည် ဆက်တိုက်တိုးမြင့်လာနေသည့် အသက်ဓာတ်တို့ကို ခံစားရ၏။
သူ၏သက်တမ်းသည် အဆုံးမသတ်နိုင်ပဲ ရှိပုံပေါ်ပြီး အသက်ဓာတ်တို့ဘယ်တော့မှ ပျောက်ဆုံးမသွားတော့မည့်ပုံ ရသည်။
"သင်သည် ဒန်ဆေးသိုင်းပညာစနစ်တွင် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ရောက်ရှိပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအား - တာအိုတစ်သောင်း ဒီဗိုင်းမီးဖိုကို ရရှိသည်.."
ပထမဆုံး ဒန်ဆေးသိုင်းပညာ၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားမှာ ပေါက်ဖွားလာခဲ့၏။
တာအိုတစ်သောင်း ဒီဗိုင်းမီးဖို...
တစ်သောင်းသော တာအိုတို့သည် ဒီဗိုင်းမီးဖိုတစ်ခု ဖြစ်လာခဲ့၏။ ဒန်ဆေးလုံးများကို သန့်စင်နိုင်ကာ အရာအားလုံးတို့ကိုလည်း ပျော်ဝင်စေနိုင်သည်။ လက်တစ်ဝှေ့နှင့် ဒီဗိုင်းမီးဖိုသည် အရာအားလုံးတို့ကို လွမ်းခြုံပြီး အရာအားလုံးတို့ကို ပျော်ဝင်စေ၏။
ဤသည်မှာ ဆေးသန့်စင်နိုင်သည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခု ဖြစ်သလို တိုက်ခိုက်ခြင်း ဒီဗိုင်းဆန်းကြယ်စွမ်းအား တစ်ခုလည်း ဖြစ်သည်။
'ကောင်းတယ်... ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ဒီဗိုင်းမီးဖို ဆေးသန့်စင်ခြင်းအတတ်က ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခု ဖြစ်လာခဲ့တယ်။ ခွန်အားသာ လုံလောက်မယ်ဆိုရင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို တစ်ခါတည်းထုတ်ယူပြီး ဒန်ဆေးလုံးအဖြစ် သန့်စင်နိုင်လိမ့်မယ်..'
လီရွှမ်သည် နှလုံးသားထဲ၌ အလွန် စိတ်လှုပ်ရှားနေ၏။ တာအိုတစ်သောင်း ဒီဗိုင်းမီးဖိုသည် ဒန်ဆေးသန့်စင်ခြင်းကို အမြင့်မားဆုံးသော အဆင့်အထိ မြှင့်တင်ပေးနိုင်၏။
လုံလောက်သည့်စွမ်းအားသာ ရှိပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် ဒန်ဆေးလုံးအဖြစ် သန့်စင်ရန် မဖြစ်နိုင်တာ မဟုတ်ပေ။
'ငါ့ရဲ့ လက်ရှိခွန်အားနဲ့... ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမစွမ်းအား တစ်မျှင်ကိုပဲ ထုတ်ယူသုံးစွဲနိုင်တယ်..'
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုကာ သန့်စင်ထားသည့် ဒန်ဆေးလုံးသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအပေါ် နားလည်သဘောပေါက်မှုနှင့် ပါရမီတို့ကို မြင့်တက်စေနိုင်မှာ ဖြစ်သည်။
"သင်သည် ဒန်ဆေးသိုင်းပညာစနစ်၌ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်သွားပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအား - ထာဝရစိမ်းလန်းခြင်း ဒီဗိုင်းမီးတောက်ကို ရရှိသည်.."
ဒန်ဆေးသိုင်းပညာ၏ ဒုတိယမြောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားလည်း ပေါက်ဖွားလာခဲ့၏။ လီရွှမ်သည် သူ၏ ဝိဉာဉ်အခြေပေါ်၌ အပြာရောင်သဲ့သဲ့ရှိသည့် မီးတစ်ခုလောင်ကျွမ်းနေကြောင်းကို တွေ့လိုက်ရသည်။
၎င်းသည် တဖြည်းဖြည်းနှင့် ပိုမိုစွမ်းအားကြီးလာပြီး မီးပုံငယ်တစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။ ဤသည်မှာ တကယ့်မီးတောက် မဟုတ်ပေ။ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်၏ ဒီဗိုင်းအတတ်တစ်ခုဖြစ်ပြီး သိုင်းပညာ၏ နိယာမ အသွင်ဆောင်လာခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်သည်။
ထို့ကြောင့် ထိုထာဝရစိမ်းလန်းခြင်း ဒီဗိုင်းမီးတောက်သည် နိယာမမှ ပြောင်းလဲလာခြင်းဖြစ်ပြီး ၎င်း၏စွမ်းအားနှင့် ကြီးထွားနိုင်မှုတို့သည် တကယ့်မီးတောက်ထပ် များစွာပိုမိုသာလွန်သည်။
'ထာဝရစိမ်းလန်းခြင်း ယဒီဗိုင်းမီးတောက်... ဒီမီးတောက်မှာ အပူချိန်မရှိဘူး... ဒါက အရာဝတ္ထုတွေကို လောင်ကျွမ်းစေတဲ့ မီးတောက်တစ်ခု မဟုတ်ဘူး...'
ဝိဉာဉ်အခြေ၏အထက်တွင် အပြာရောင်မီးတောက်သည် အနည်းငယ် ကခုန်နေပြီး မည်သည့်အပူချိန်ကိုမှ ထုတ်လွှတ်ထားခြင်း မရှိပေ။
၎င်းတွင် သန်မာသည့် လောင်ကျွမ်းနိုင်စွမ်းတို့လည်း လစ်ဟင်းနေ၏။ အဆုံးမသတ်နိုင်သော အသက်ဓာတ်များနှင့် ရှင်သန်ခြင်းမီးတောက်တစ်ခုနှယ် ရှိနေပါသည်။
ထာဝရစိမ်းလန်းခြင်း ဒီဗိုင်းမီးတောက်သည် အမှန်တကယ်ကို ရှင်သန်ခြင်းမီးတောက်တစ်ခု ဖြစ်၏။ ၎င်းသည် အသက်ကို ပေးစွမ်းနိုင်သည်။
သို့ပေမယ့် အသက်ကိုလည်း ဝါးမြိုနိုင်၏။ မည်သည့်အပူချိန်မှမရှိဘဲ လောင်ကျွမ်းရန် စွမ်းအားတို့ လစ်ဟင်းနေပုံပေါ်ပေမယ့် ဤသည်မှာ သာမန်မီးတောက်များနှင့် လောင်ကျွမ်းပုံခြင်း မတူသည်သာ ဖြစ်သည်။
၎င်း၏ ကြောက်စရာကောင်းမှုသည့် အသက်ဓာတ်တို့အား ပျော်ဝင်နိုင်စေခြင်း၌ မူတည်နေ၏။ အသက်ဓာတ်ကို လောင်ကျွမ်းစေသည်။ အသက်ဓာတ်ကို ဝါးမြိုသည်။
မည်သည့်သတ္တဝါမဆို ထိမိလိုက်သည်နှင့် ငြှိမ်းသတ်ရန်ခက်ခဲလှသည်။ အသက်ဓာတ်တို့ ရှိနေသ၍ ငြှိမ်းသတ်နိုင်ခြင်း မရှိသည့် မီးတောက်ဖြစ်ကာ လူတစ်ယောက်၏ သက်တမ်းအားလုံးတို့ လောင်ကျွမ်းသွားပြီး လုံးဝ ဝါးမြိုခြင်း ခံရမှသာလျှင် ငြိမ်းသွားပေလိမ့်မည်။
ထာဝရစိမ်းလန်းခြင်း ဒီဗိုင်းမီးတောက်သည် အသက်ကိုလည်း ပေးစွမ်းနိုင်၏။ သေခါနီးဖြစ်နေသည့် လူတစ်ယောက်ကိုပင် ထာဝရစိမ်းလန်းခြင်း ဒီဗိုင်းမီးတောက်တစ်မျှင်က အသက်အားပေးစွမ်းကာ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည်။
ထို့အပြင် တစ်ဖက်လူအား ထာဝရစိမ်းလန်းခြင်း ဒီဗိုင်းမီးတောက် တစ်စွန်းတစ်စကို ပေးအပ်ထားပါက ဒီဗိုင်းမီးတောက် မငြိမ်းမချင်း အသက်သည် ဘယ်တော့မှ ချုပ်ငြိမ်းမည် မဟုတ်ပေ။ ဤသည်မှာ ဒန်ဆေးသိုင်းပညာ၏ ထူးကဲသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခုဖြစ်၏။
'ဒါက အရမ်းစွမ်းအားကြီးတာပဲ..'
လီရွှမ်သည် အလွန် စိတ်လှုပ်ရှားလာ၏။ ဆေးပညာသည် ခွန်အားဖြင့် ကျော်ကြားခြင်းမရှိပေ။ သို့ပေမယ့် ၎င်းမှမွေးဖွားလာသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားသည် သတ်ဖြတ်ခြင်း၌ အားနည်းခြင်း မရှိပါ။
ဤသည်မှာ သူသည် သန့်စင်သည့် ဒန်ဆေးသိုင်းသမားတစ်ယောက် မဟုတ်သောကြောင့် ဖြစ်ပေလိမ့်မည်။ ဒန်ဆေးသိုင်းပညာ၏ ဖန်တီးသူ ဘိုးဘေးဖြစ်သောကြောင့် ကြီးမားသောကံကြမ္မာဖြင့် ယခုမျှသော စွမ်းအားကြီးမားသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားကို ရရှိလာတာလည်း ဖြစ်နိုင်ပါသည်။
'ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှုစနစ်က ဒီဗိုင်းဆန်းကြယ်စွမ်းအား သုံးခုကို ရရှိလာစေတယ်... အဲ့ဒါကြောင့်မလို့ ဒန်ဆေးသိုင်းပညာ လမ်းစဉ်ကလည်း ဒီဗိုင်းဆန်းကြယ်စွမ်းအား သုံးခုကို ရလာစေလောက်တယ်..'
လီရွှမ်သည် တတိယမြောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားကို မည်သည်ဖြစ်မည်နည်းဟု မျှော်လင့်နေမိ၏။ ၎င်းသည်လည်း ဒန်ဆေးသိုင်းပညာ၏ လက္ခဏာရပ်များဖြင့် ထူးခြားနေလောက်သည်။
'တာအိုတစ်သောင်း ဒီဗိုင်းမီးဖိုက ဒန်ဆေးလုံးတွေကို သန့်စင်နိုင်တယ်... ထာဝရစိမ်းလန်းခြင်း ဒီဗိုင်းမီးတောက်က ရှင်သန်ခြင်းမီးတောက် တစ်ခုပဲ။ အဲ့ဒါကအသက်ကို ချီးမြှင့်ပေးနိုင်သလို အသက်ကိုလည်း လောင်ကျွမ်းဝါးမြိုနိုင်တယ်..'
'တတိယမြောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားကရော ဘယ်လို လက္ခဏာရပ်တွေကို ပိုင်ဆိုင်ထားမလဲ..'
လီရွှမ်သည် ဝိဉာဉ်အခြေပေါ်တွင် လုံးဝပေါက်ဖွားလာပြီးဖြစ်သည့် ထာဝရစိမ်းလန်းခြင်း ဒီဗိုင်းမီးတောက်ကို ကြည့်သည်။ တတိယမြောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားကို စောင့်စားနေ၏။
"သင်သည် ဒန်ဆေးသိုင်းပညာစနစ်တွင် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်သွားပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအား - အရိုးမှပြန်လည်ရှင်သန်ခြင်းကို ရရှိသည်.."
တတိယမြောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားကို အရိုးမှပြန်လည်ရှင်သန်ခြင်းဟု ခေါ်၏။
လီရွှမ်သည် အလွန်အံ့ဩသွားသည်။ ဤသည်မှာ သူမျှော်လင့်ထားသည်ထက် လုံး၀ကျော်လွန်နေ၏။
ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားသည် အလွန် မယုံကြည်နိုင်စရာ ကောင်းလှသည်။
အရိုးမှ ပြန်လည်ရှင်သန်ခြင်းဟူသည်မှာ သေပြီးသည့်လူကို ပြန်လည်ရှင်သန်အောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်၏။
အရိုးတစ်ချောင်းသာ ကျန်လျှင်တောင် ပြန်လည်ရှင်သန်စေနိုင်သည်။
ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ရှိ သိုင်းသမားတစ်ယောက်သည် အရိုးမှ ပြန်လည်ရှင်သန်အောင် မပြုလုပ်နိုင်တာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားသည် အသုံးပြုနိုင်သည့်အချိန်၌ အလွန်စွမ်းအားကြီးလှမှာ ဖြစ်၏။
'အရိုးကနေပြီးတော့ ပြန်လည်ရှင်သန်လာအောင် မလုပ်နိုင်သေးပေမယ့်... လောလောလတ်လတ် သေထားတဲ့လူတစ်ယောက်ကို ပြန်လည်ရှင်သန်အောင် ပြုလုပ်နိုင်လောက်တယ်..'
လီရွှမ်သည် နှလုံးသားထဲ၌ ရေရွတ်၏။
'ငါသာ လုံလုံလောက်လောက် သန်မာပြီး ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို အသုံးချလာနိုင်ခဲ့ရင် အရိုးကနေတောင်မှ ပြန်လည်ရှင်သန်လာအောင် လုပ်နိုင်လာလိမ့်မယ်။ ဒါက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် စွမ်းအားကြီးမားပြီးတော့ စိတ်ကူးလို့ မရနိုင်ဘူး..'
'ကြည့်ရတာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ကျော်လွန်နိုင်ပြီးမှပဲ အမှန်တကယ် စွမ်းဆောင်နိုင်မယ် ထင်တယ်..'
'ပြီးတော့... အရိုးရဲ့ မူလစွမ်းအားက ပိုပြီးတော့သန်မာလေလေ ပြန်လည်ရှင်သန်အောင် ပြုလုပ်ဖို့အတွက် ပိုခက်ခဲလေ ဖြစ်လိမ့်မယ်...'
လီရွှမ်သည် တတိယမြောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားနှင့် ပတ်သက်ပြီး ကြီးစွာအံ့သြသွားခဲ့၏။ အရိုးမှပြန်လည်ရှင်သန်စေခြင်းသည် အခြားလူများနှင့် မိမိကိုယ်တိုင် နှစ်ခုစလုံးကို ပြန်လည်ရှင်သန်စေခြင်းဖြစ်သည်။
သို့ပေမယ့် အခွင့်အရေးတစ်ကြိမ်သာ ရှိ၏။ သေဆုံးသည့်အချိန်၌ ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို မိမိပေါ်တွင် အသုံးပြုပါက အမှန်တကယ်ကို သေခြင်းမှပြန်လည်ရှင်သန်နိုင်သည်။
သို့ပေမယ့် ပြန်လည်ရှင်သန်ပြီးနောက် ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားသည် အသုံးမပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်၏။
'တကယ်လို့ အရိုးမှ ပြန်လည်ရှင်သန်ခြင်းကို အတွေးတစ်ချက်နဲ့ ပြန်လည်မွေးဖွားခြင်းနဲ့ တွဲပြီးတော့ အသုံးပြုလိုက်မယ်ဆိုရင် အရိုးမှ ပြန်လည်ရှင်သန်ခြင်းရဲ့ စွမ်းအင်ကုန်ဆုံးမှုကို လျော့ကျစေလိမ့်မယ်။ အဲ့ဒီ့အခါ ပြန်လည်ရှင်သန်ပြီးတဲ့ အခါကျရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားက အသုံးမပြုနိုင်တဲ့ အခြေအနေကို ဝင်ရောက်သွားမှာ မဟုတ်ဘူး..'
'ဒါကတကယ်ကို ပြီးပြည့်စုံတဲ့ တွဲဖက်မှုပဲ... အသက်တွေအများကြီးရှိတာနဲ့ ညီမျှတယ်..'
သူသည် စဉ်းစားလေလေ အရိုးမှ ပြန်လည်ရှင်သန်ခြင်း၏ စွမ်းအားအပေါ် ပိုမိုအံ့ဩလေ ဖြစ်လာခဲ့၏။
'ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားနဲ့ ဘာဒဏ်ရာမှ ရမှာကို ကြောက်စရာမလိုတော့ဘူး... ရန်သူရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရပြီးရင်တောင် လျှပ်တပြက်အတွင်း ပြန်လည်ကောင်းမွန်နိုင်တယ်..'
'သေပြီးရင်တောင် ပြန်လည်ရှင်သန်နိုင်တာကို ဒဏ်ရာအပြင်းအထန် ရတာလောက်ကို ဘာတွေစိတ်ပူနေမှာလဲ..'
ဒီအချိန်၌ လီရွှမ်သည် အနှိုင်းမဲ့သည့် ယုံကြည်ချက်တို့ ရရှိလာခဲ့၏။
'အရမ်းကြီး စိတ်လွတ်မသွားနဲ့... ထိုက်ချန်းမှာ အရမ်းစွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တွေ ရှိနေလောက်သေးတယ်။ ဥပမာအားဖြင့် ထိုက်ချန်းစာအုပ်ကို ရေးခဲ့တဲ့ လူလိုမျိုးပေါ့။ သူက ထိုက်ချန်းရဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေကိုတောင်မှ ရေးဆွဲနိုင်တာ မယုံကြည်နိုင်အောင် စွမ်းအားကြီးနေလိမ့်မယ်..'
'ငါက အခုအချိန်မှာ လင်းနယ်မြေမှာပဲ ပြိုင်ဖက်ကင်းသေးတာ... ထိုက်ချန်းမှာ ပြိုင်ဖက်ကင်းဖို့က ခရီးအရှည်ကြီး ကျန်သေးတယ်..'
'ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို မကျော်လွန်နိုင်ဘူးဆိုရင်... ထိုက်ချန်းမှာ အမှန်တကယ် ပြိုင်ဖက်မကင်းနိုင်ဘူး..'
လီရွှမ်သည် အသက်ကို နက်ရှိုင်းစွာရှူပြီး ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်၏။ မောက်မာမူနှင့် ယုံကြည်ချက်လွန်ကဲမှုတို့ကို ဖိစီးထားလိုက်သည်။
ဒီဗိုင်းဆန်းကြယ်စွမ်းအားမှာ မည်မျှပင် အံ့သြဖို့ကောင်းလျှင်တောင် သူ၏ ကျင့်ကြံမှုအဆင့်မှာ အလွန်နိမ့်ပါးနေသေး၏။ ထို့ကြောင့် ပြိုကွဲပျက်စီးသွားနိုင်ဆဲ ရှိသည်။
'အရိုးကနေ ပြန်လည်ရှင်သန်ခြင်းက အံ့သြစရာကောင်းတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအား တစ်ခုပဲ... ငါ တူညီတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေကို ဖန်တီးဖို့ နည်းလမ်းရှာရမယ်..'
'အဲ့ဒါက စစ်မှန်တဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားကြီးတစ်ခု ဖြစ်ပြီး ကျင့်ကြံလိုက်တာနဲ့ အသက်ပိုတစ်ခု ရှိနေတာနဲ့ တူလိမ့်မယ်..'
လီရွှမ်သည် ဖန်တီးရန်လိုအပ်သည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအသစ် တစ်ခု ရလာခဲ့၏။ အတွေးတစ်ချက်နှင့် အသွေးအသားတို့ ပြန်လည်ပေါက်ဖွားလာခြင်းအပြင် အရိုးမှ ပြန်လည်ရှင်သန်ခြင်း ကဲ့သို့သော ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့နှင့် တူညီနေမည် ဖြစ်၏။
အရိုးမှ ပြန်လည်ရှင်သန်ခြင်း ဒီဗိုင်းဆန်းကြယ်စွမ်းအားသည် အခြားလူများကို ကယ်တင်နိုင်သည်။ သို့ပေမယ့် သူဖန်တီးသည့် အတတ်တွင်တော့ အခြားလူများကို ကယ်တင်နိုင်သည့် စွမ်းအားတို့ ရှိချင်မှရှိပေလိမ့်မည်။
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှင်သန်စေနိုင်လျှင်တောင် အလွန်ကောင်းမွန်နေပြီး ဖြစ်၏။
သို့ရာတွင် ထိုကဲ့သို့သော ဒီဗိုင်းဆန်းကြယ်စွမ်းအား တစ်ခုကို ဖန်တီးရန်မှာ လွယ်ကူမည် မဟုတ်ပေ။ သူ့တွင် ကိုးကားချက်ယူရန် အရိုးမှ ပြန်လည်ရှင်သန်ခြင်း ဒီဗိုင်းဆန်းကြယ်စွမ်းအား ရှိနေပြီးလျှင်တောင် ဖြစ်၏။
'ဒီစွမ်းအားကြီးမားတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေကို... ရွှီယန်ပဲ အောင်အောင်မြင်မြင် နားလည်ပြီး ကျင့်ကြံနိုင်လောက်တယ်..'
'ဒါပေမယ့် ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်နဲ့ ဆက်စပ်နေတာဆိုတော့ မုန့်ချုံလည်း လုပ်နိုင်လောက်တယ်... ဒီတပည့်နှစ်ယောက်ရဲ့ နားလည်နိုင်မှု စွမ်းရည်က မကောင်းဆိုးဝါး ဆန်လွန်းတယ်...'
လီရွှမ်သည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။ ထိုက်ချန်းစာအုပ်အား လက်မှချကာ သူ၏အတွေးများသည် ဒီဗိုင်းဆန်းကြယ်စွမ်းအားအား ဖန်တီးမှုပေါ်၌ အာရုံစိုက်သွား၏။
ယခုကဲ့သို့ ကိုးကားချက်ယူရန် ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ ရှိနေပြီး အတွေးအမြင်အသစ်တို့ ပေါက်ဖွားနေချိန်၌ ဖန်တီးရန် ပိုမိုလွယ်ကူပြီး ပိုမိုနည်းလမ်းကျမည်ဟု ခံစားရသည်။
'ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို ငါ ဘယ်လိုခေါ်သင့်လဲ... အဲ့ဒါကိုလည်း စဉ်းစားရမယ်..'
လီရွှမ်သည် အသက်ကိုနက်ရှိုင်းစွာရှူပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ အစောပိုင်း သဘောတရားများကို ဖန်တီးခဲ့၏။ ပြီးလျှင် ဖြည်းဖြည်းခြင်း ပြီးပြည့်စုံအောင် ပြုလုပ်မည် ဖြစ်သည်။ ဤသည်က အချိန်အချို့ ကြာဦးမည် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ယခုကဲ့သို့သော စွမ်းအားကြီးမားကာ နက်နဲသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအား တစ်ခုကို ဖန်တီးရန် မလွယ်ကူနိုင်ပေ။
***