သို့ပေမယ့် သူ၏တပည့်တစ်ယောက် အနေနှင့် သူမသည် အခြားလူများ၏ အနိုင်ကျင့်ခြင်းကို သေချာပေါက် ခံရမည် မဟုတ်ပေ။
ဆရာဖြစ်သည့် သူက ဝင်ပါခြင်းမပြုလျှင်တောင် စီနီယာအစ်ကိုနှစ်ယောက် ဖြစ်သည့် ရွှီယန်နှင့်မုန့်ချုံတို့က သူမအတွက် ရပ်တည်ပေးမည် ဖြစ်၏။ ဂျူနီယာအငယ်ဆုံး ဖန်းဟောင်လည်း အပါအဝင်ဖြစ်သည်။
ချန်ချင်းစံအိမ်၏ တစ်နေ့တာ ဆေးခန်းဖွင့်ချိန် ပြီးဆုံးပြီးနောက် ဂိတ်တံခါးကိုပိတ်ကာ ရှီအာက ကျင့်ကြံမှုကို ကြိုးစားလုပ်ဆောင်သည်။
ကျိုးယင်သည် မုန့်ရှူရှူတစ်ယောက် ထောင့်တစ်နေရာတွင်ထိုင်ကာ အတွေးနက်နေကြောင်းကို တွေ့လိုက်ရ၏။
ဒီရက်များအတွင်းတွင် မုန့်ရှူရှူသည် ရောဂါကုသရန် လာရောက်တန်းစီသည့် လူနာများအကြား၌ ကူးလူးသွားလာနေလေ့ ရှိ၏။ ဤသည်ကိုကြည့်ကာ သူမတွင် ခန့်မှန်းချက်အချို့ ရလာခဲ့သည်။
"မုန့်ရှူရှူ... မုသခင်လေးက ဘယ်သူဆိုတာကို နင်သိတယ်မလား.."
ကျိုးယင်က စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုဖြင့် မေး၏။
မုန့်ရှူရှူက သူမကိုကြည့်ကာ သူ၏မျက်နှာက ရှုပ်ထွေးလာခဲ့သည်။ သက်ပြင်းချစွာ ပြော၏။
"သူ့အကြောင်းကို မပြောကြရအောင်.."
"နင်တကယ့်ကို သိတာပဲ.."
ကျိုးယင်က မျက်မှောင်ကျုံ့သွားသည်။
"ငါ့ကိုပြော...နင်ဘာတွေ သတင်းရခဲ့လဲ.."
မုန့်ရှူရှူက ခဏတာ တိတ်ဆိတ်နေပြီးနောက် မေး၏။
"အမစု နင့်ကို တစ်ခုခုပြောခဲ့သေးလား.."
ကျိုးယင်က မျက်မှောင်ကျုံ့သွားပြီး မုန့်ရှူရှူကို အချိန်အတော်ကြာအောင် စိုက်ကြည့်သည်။
"ငါ့ကို ဘာလို့ အဲ့လိုလာကြည့်နေတာလဲ... ငယ်ငယ်လေးတည်းက ငါသူမကို အဲ့လိုပဲခေါ်ခဲ့တာ။ အဖေကရိုက်ပြီးတော့ ဒေါ်လေးလို့ အတင်းခေါ်ခိုင်းတုန်းကတောင် မပြောင်းလဲခဲ့ဘူး။ ငါသူမကို အမလို့ခေါ်တာပဲ ကြိုက်တယ်။ အမစုကလည်း လက်ခံတယ်။ ဒါ့ကြောင့်မလို့ မျိုးဆက်မတူဘူးဆိုပြီး အဓိပ္ပါယ်မရှိတဲ့စကားတွေ လာမပြောနဲ့.."
မုန့်ရှူရှူက အလိုမကျစွာ ပြော၏။
ကျိုးယင်က ခဏတာစဉ်းစားပြီးနောက် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ကာ ပြောသည်။
"သခင်မ ပြောခဲ့တာက အတွင်းဘက်နယ်မြေရဲ့ အပြင်ဘက်က သတင်းတစ်ခုခု ရောက်လာခဲ့ရင် အတွင်းဘက်နယ်မြေရဲ့အပြင်ကို သွားလို့ရတယ်တဲ့။ အပြင်ဘက်က သိုင်းသမားတစ်ယောက် အတွင်းဘက်နယ်မြေကို ရောက်လာခဲ့ရင် ဒီကျောက်စိမ်းတံဆိပ်နဲ့ အတွင်းဘက်နယ်မြေကနေ ထွက်လို့ရတယ်.."
ယခုအချိန်၌ ဒီကျောက်စိမ်းတံဆိပ်မှာ မည်သည်ဖြစ်သည်ကို သူမအနေနှင့် သိရှိပြီးဖြစ်၏။ ဤသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများ၏ ယွီလင်တံဆိပ်ပြား ဖြစ်သည်။
"သခင်လေး... သူက.. လော့ဒေသရဲ့ မုမိသားစုက မလား.."
ကျိုးယင်က ကျောက်စိမ်းတံဆိပ်ကို ကြည့်ရင်းက မေးသည်။
မုန့်ရှူရှူက ခေါင်းငြိမ့်၏။ လော့ဒေသရှိ မုမိသားစုသည် စွမ်းအားကြီးမားသည့် ပထမတန်းစား မိသားစုတစ်ခုဖြစ်၏။ ပြောကြသည်မှာ စိတ်ဝိဉာဉ်ဆေးပင်များကို ပျိုးထောင်သည့် လျှို့ဝှက်အတတ်တို့ကို တတ်မြောက်ထားပြီး လင်းနယ်မြေတွင် ကြီးမားသည့် လွှမ်းမိုးမှုရှိသည်။
"နင်ဘာသိခဲ့လို့လဲ.."
ကျိုးယင်က လေးနက်စွာ မေး၏။
"အကိုမု... သူက ငရှုပ်သခင်လေး တစ်ယောက်ပဲ.."
မုန့်ရှူရှူက သက်ပြင်းချသည်။ ထို့နောက် ကျိုးယင်အား သူရှာဖွေသိရှိသည့် အရာအားလုံးကို ပြောပြ၏။
"မုမိသားစုရဲ့ နာမည်ကျော်ကြားတဲ့ ငရှုပ်သခင်လေး..."
ကျိုးယင်၏ မျက်နှာက မဲမှောင်သွားသည်။ ဆိုလိုသည်မှာ သခင်မလေးသည် လိမ်ညာခြင်း ခံခဲ့ရသည်လား။
"ယင်လုံ့စံအိမ်နောက်က ကြိုးကိုင်သူကလည်း မုမိသားစုကပဲလား.."
ကျိုးယင်သည် ထိုပြဿနာကို ရုတ်တရက် တွေးမိလိုက်၏။ လင်းနယ်မြေမှ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အတွင်းဘက်နယ်မြေအပေါ် အမြင်အရ ဖြစ်နိုင်သည်မှာ သူတို့သည် အတွင်းဘက်နယ်မြေရှိ ငရှုပ်သခင်လေး၏ အချစ်ရေးအချစ်ရာ ကိစ္စများကို ဖျောက်ဖျက်ချင်တာ ဖြစ်ပေလိမ့်မည်။ မုမိသားစု၏ ဂုဏ်သိက္ခာအတွက် ကျန်ရှိနေသည့် မျိုးဆက်ကို ရှင်းလင်းတာ ဖြစ်နိုင်၏။
"ငါလည်း မသိဘူး.."
မုန့်ရှူရှူက ခေါင်းကိုရမ်းသည်။
"ဒါပေမယ့် ငါသေချာတာက... ဒီကိစ္စက အကိုမုနဲ့ ဘာမှမဆိုင်ဘူး.."
"နင်က ဘယ်လိုလုပ်ပြီးတော့ အသေအချာပြောနိုင်တာလဲ.."
ကျိုးယင်မှာ နှလုံးသားထဲ၌ အလွန် ဒေါသထွက်သွားသည်။
"စိတ်ဝိဉာဉ်ဆေးပင်တွေကြောင့်ပဲ... အကိုမု ထွက်သွားတုန်းက စိတ်ဝိဉာဉ်ဆေးပင်အချို့ကို ချန်ထားခဲ့တယ်။ အမစုရဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ဖို့အတွက်ပဲ..."
မုန့်ရှူရှူက သက်ပြင်းချသည်။ ကျိုးယင်က ခဏတာတိတ်ဆိတ်သွားပြီးနောက် ထပ်မံမေး၏။
"သခင်မလေးစုကိုရော... သူ့အဖေက မုမိသားစုရဲ့ ငရှုပ်သခင်လေးဆိုတာကို ပြောပြလိုက်သင့်လား.."
မုန့်ရှူရှူက ခေါင်းကိုရမ်းကာ ပြောသည်။
"ငါမသိဘူး... အဲ့ကိစ္စကတော့ ကံကြမ္မာကိုပဲ ကြည့်တာပေါ့.."
သူက သက်ပြင်းချကာ ထပ်ပေါင်းပြောသည်။
"ဖြစ်နိုင်တာက... မသိတာကလည်း ကိစ္စကောင်းတစ်ခု ဖြစ်လိမ့်မယ်.."
ကျိုးယင်က ခဏတာ စဉ်းစားပြီးနောက် ခေါင်းငြိမ့်၏။ ယခုအချိန်၌ စုလင်းရှုံသည် အလွန် ပျော်ရွှင်နေ၏။
သူမသည် ဘဝဇာတ်ကြောင်းကို သိရှိပြီး ဖခင်ဖြစ်သူမှာ ယခုကဲ့သို့ မိန်းမပွေရှုပ်သူ ဖြစ်ကြောင်းကို နားလည်လာပါက ဒေါသထွက်စေနိုင်သည်။
မုန့်ရှူရှူနှင့် ကျိုးယင်တို့သည် မည်သည်မှ မဖြစ်ပွားခဲ့သကဲ့သို့သာ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ မုမိသားစုမှ ငရှုပ်သခင်လေး၏ အကြောင်းကို မေးမြန်းခြင်းအားလည်း ရပ်တန့်လိုက်၏။
စုလင်းရှုံသည် မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ခဲ့၏။
"သင်၏တပည့် စုလင်းရှုံသည် မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်ခဲ့သည်။ သင်၏ ချန်ချင်းမူလဒီဗိုင်းသည် အဆ၁၀၀ တိုးပွားလာခဲ့သည်.."
စုလင်းရှုံ၏ အဆင့်ချိုးဖျက်မှုနှင့်အတူ ဖန်းဟောင်၏ မိုးပျံသင်္ဘောအား ပြုလုပ်ခြင်းသည်လည်း နောက်ဆုံးအဆင့်သို့ အစစ်အမှန် ရောက်ရှိလာခဲ့၏။
"ဘုန်း.."
မိုးပျံသင်္ဘောသည် ဆယ်ပေလောက်သာ ရှည်လျားပြီး ခရမ်းရောင်မိုးကြိုးများဖြင့် ဝန်းရံနေ၏။ စံအိမ်များ၊ နဂါးနှင့်ဖီးနစ်တို့၏ ထွင်းချက်များ ဝန်းရံနေပြီး ဖန်းဟောင်သည် နောက်ဆုံးအဆုံးသတ်မှုကို စတင်လုပ်ဆောင်သည်။
လီရွှမ်က ၎င်းကိုကြည့်ကာ ကျေနပ်စွာ ခေါင်းငြိမ့်သည်။ ဝူထန်းနန်လည်း ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအား လေ့လာမှုမှ နိုးထလာခဲ့၏။ သူသည် နံဘေးမှ သိလိုစွာ ကြည့်ရှု့ရင်းမှ အလွန်အံ့သြနေမိသည်။
မည်မျှအံ့သြစရာ ကောင်းလှသည့် ပညာရပ်ဖြစ်သနည်း။ ချိုင်လင်းအာ အတွက်လည်း တူညီစွာပင် ဖြစ်သည်။
"အောင်မြင်တော့မယ်..."
စုလင်းရှုံမှာ စိတ်လှုပ်ရှားနေပါသည်။ သူမသည် ဒီမိုးပျံသင်္ဘောအတွက် ကြိုးစားအားထုတ်မှု များစွာကို ပြုလုပ်ခဲ့၏။ အထူးသဖြင့် ၎င်း၏ ဒီဇိုင်းပိုင်းတွင် များပြားလှသည့်အကြံပြုချက်တို့ကို ပေးဆောင်ခဲ့သည်။
ရွှေရှင်းနန်းတော်သည် ဒုတိယတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုသာ ဖြစ်ပေမယ့် တစ်ချိန်က အလွန်ထည်ဝါသည့် နေ့ရက်တို့ ရှိခဲ့သည်။ ယခုအချိန်၌ ဒုတိယတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုအဖြစ် ကျဆင်းသွားလျှင်တောင် လော့ဒေသတွင် ထင်ပေါ်ကျော်ကြားနိုင်ဆဲ ရှိ၏။
ပြောကြသည်မှာ ရွှေရှင်းနန်းတော်၏ နန်းတော်သခင်သည် မကြာခင်တွင် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်တော့မည်ဖြစ်သည်။
နန်းတော်သခင်၏ သမီးဖြစ်သူ ထန်းကျင်းယန်သည် မုမိသားစုမှ ငရှုပ်သခင်လေး၏ တရားဝင်ဇနီးမယားဖြစ်၏။ သူမသည် ဒေါသထွက်လွန်းသဖြင့် ရွှေရှင်းနန်းတော်ဆီသို့ ပြန်ခဲ့ပေမယ့် မုမိသားစုရှိ အရေးကိစ္စအချို့ကို ကိုင်တွယ်ဆဲရှိသည်။
အထူးသဖြင့် သူမ၏ ယောက်ျားဖြစ်သူက ချန်ရစ်ခဲ့သည့် ကိစ္စများဖြစ်၏။ သူမ၏ မုမိသားစုနှင့် ဆက်နွယ်နေမှုကြောင့် လော့ဒေသရှိ မည်သည့်အင်အားစုမှ ရွှေရှင်းနန်းတော်ကို ထိပါးရဲခြင်း မရှိပေ။
ထို့အပြင် မုမိသားစု၏ ငရှုပ်သခင်လေးသည် အလွန်ပါရမီကောင်းမွန်၏။ ပြောကြသည်မှာ သူသည် အသန်မာဆုံးအဆင့်သို့ပင် ရောက်ရှိတော့မည် ဖြစ်သည်။
မုကျားဖုန်းသည် သူ၏ တရားဝင်ဇနီးမယားဖြစ်သူ ထန်းကျင်းယန်အပေါ် ခံစားချက်ရှိရှိ မရှိရှိ ဘာပဲဖြစ်ဖြစ် လက်ထပ်ထိမ်းမြားခဲ့၏။ မည်သူက စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်လာနိုင်မည့် လူတစ်ယောက်၏ ဇနီးမယားကို မလေးမစား ပြုရဲမည်လဲ။
ထို့အပြင် ရွှေရှင်းနန်းတော်သည် သူတို့၏ ပိုင်နက်ကိုသာ ဆက်လက်ထိန်းသိမ်းထားပြီး မည်သည့်ချဲ့ထွင်မည့် ရည်ရွယ်ချက်မှ ပြသခြင်းမရှိပေ။ ကြည့်ရသည်မှာ သူတို့၏ အမွေအနှစ်ကိုသာ လက်ဆင့်ကမ်းလိုဟန် ရှိ၏။
ရလဒ်အနေနှင့် မည်သူမှ ရွှေရှင်းနန်းတော်ကို ပစ်မှတ်ထားကြခြင်း မရှိပေ။
သို့ပေမယ့် မုကျားဖုန်း၏ဇနီးဖြစ်သူ ထန်းကျင်းယန်မှာတော့ စိတ်အခြေအနေ အလွန်ဆိုးရွားစွာ ရှိနေပါသည်။ အတွင်းဘက်နယ်မြေရှိ အောက်တန်းစားမျိုးဆက်ကို ဖမ်းဆီးရန်အတွက် စေလွှတ်ခဲ့သည့် ကျောင်မင်၊ ဖင်းအာနှင့် အဘွားကျင်းတို့ အားလုံးသည် ယခုအချိန်အထိ မည်သည့် သတင်းအစအနမှ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပါ။
အဆိုးဆုံးမှာ လင်းနယ်မြေ၏ ဂိတ်တံခါးသည် ပိတ်သွားပြီ ဖြစ်၏။ ဆိုလိုသည်မှာ ထိုသုံးယောက်သည် သေဆုံးသွားပြီ သို့မဟုတ် အတွင်းဘက်နယ်မြေတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဖြစ်သည်။
ထို့အပြင် သေဆုံးနိုင်သည့် ဖြစ်နိုင်ချေမှာ ၉၀%အထိ မြင့်မား၏။ ထန်းကျင်းယန်သည် ကြောက်ရွံ့မှု အချို့ကိုပင် ခံစားရသည်။ ထိုသားအမိ နှစ်ယောက်တို့ကို ကာကွယ်ရန်အတွက် မုကျားဖုန်းက နည်းလမ်းအချို့ကို ချန်ထားခဲ့ပြီး ကျောင်မင်၊ ဖင်းအာနှင့် အဘွားကျင်းတို့အား သေဆုံးသွားစေမှာကို စိုးရိမ်နေ၏။ သိထားရမည်မှာ အဘွားကျင်းသည် ကောင်းကင်လူသားကြီးအဆင့်၌ ရှိ၏။
သူမသည် အလွန် မသက်မသာ ခံစားနေရသည်။
ဒီကိစ္စက မုကျားဖုန်းကို ဒေါသထွက်စေပြီး သူမအား ကွာရှင်းမှုပြုမှာကို စိုးရိမ်နေ၏။
မုကျားဖုန်းသည် အလွန်မိန်းမလိုက်စားကာ သူမအတွက် နက်ရှိုင်းသည့် ခံစားချက်တို့ ရှိမနေပေ။ တရားဝင်ဇနီးမယားအဖြစ် လက်ထက်ခဲ့ခြင်းမှာလည်း မိသားစု၏ စီမံမှုကြောင့် ဖြစ်၏။ သူမကို မိသားစုတွင် အဆောင်အယောင်တစ်ခုအဖြစ် ထားခဲ့ကာ အကြီးအကဲများကို ပါးစပ်ပိတ်စေခဲ့ခြင်း ဖြစ်သည်။
သူသည် ဘယ်တုန်းကမှ အိမ်မကပ်ခဲ့ပေ။ လက်ထပ်ပြီး မကြာခင်တွင် ထွက်ခွာသွားပြီး ဘယ်တော့မှ ပြန်မလာခဲ့ပါ။
မုကျားဖုန်းတွင် သူမအပေါ် မည်သည့်ခံစားချက်မှ မရှိပေမယ့် ထန်းကျင်းယန်ကတော့ နှလုံးသားထဲမှ နှစ်သက်မိ၏။ နိမ့်ကျသည့် မိန်းမတစ်ယောက်တွင် ယောက်ျားဖြစ်သူ၏ သွေးမျိုးဆက် လွယ်ထားကြောင်းကို ပိုမိုစဉ်းစားလေလေ ပိုမိုသည်းခံနိုင်ခြင်း မရှိလေဖြစ်ကာ သူမ၏ယောက်ျားကို ဆွဲဆောင်ခဲ့သည့် ထိုအပျက်မကို သတ်ပစ်ချင်လေသည်။
ပထမတွင် သူမသည် သတိဖြင့် လုပ်ဆောင်လေ့ရှိသည်။ ယောက်ျားဖြစ်သူနှင့် အိပ်စက်ခဲ့သည့် မိန်းမများစွာတို့ကို ရှင်းလင်းခဲ့၏။
သို့ပေမယ့် နောက်ပိုင်းတွင် မုမိသားစုရှိ အကြီးအကဲများက ထိုကိစ္စကို ဂရုမစိုက်ဘဲ ယောက်ျားဖြစ်သူမှာလည်း ပျောက်ကွယ်သွားရာ သူမသည် တဖြည်းဖြည်းနှင့် ပိုမိုရဲတင်းကာ ရက်စက်လာခဲ့သည်။
ရလဒ်အနေနှင့် နောက်ဆုံးတွင် နိမ့်ကျသည့် မိန်းမတစ်ယောက် ကလေးတစ်ယောက်နှင့် မုမိသားစု၏ တံခါးဝသို့ ရောက်ရှိလာခဲ့လေသည်။
သူမသည် သူတို့ကို သတ်ဖြတ်ရန် ပြင်ဆင်နေခဲ့၏။ သို့ပေမယ့် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်မှာ ထိုမိန်းမ၏ သားဖြစ်သူသည် စိတ်ဝိဉာဉ်ခန္ဓာတစ်ခုအား ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
မုမိသားစုရှိ အကြီးအကဲများမှာ အလွန် ဝမ်းသာသွားပြီးသူမကို သတိပေးချက်ပင် ထုတ်ပြန်ခဲ့၏။ ထန်းကျင်းယန်သည် ဒေါသထွက်စွာဖြင့် ရွှေရှင်းနန်းတော်ဆီသို့သာ ပြန်နိုင်ခဲ့သည်။
ထိုအချိန်ကတည်းက သူမသည် မုမိသားစုဆီသို့ တစ်ခေါက်မှ မပြန်တော့ပေ။ အတွင်းဘက်နယ်မြေ၌လည်း မထင်မှတ်ထားသည့် အဖြစ်အပျက်တို့ ဖြစ်ပွားခဲ့ရာ သူမ၏ စိတ်အခြေအနေကို ခန့်မှန်းကြည့်နိုင်၏။ နေ့စဉ်နေ့တိုင်း မျက်နှာမှာ အလွန် ညှို့မှိုင်းနေပါသည်။
"သခင်မလေး..."
အစေခံတစ်ယောက်က သတိဖြင့် လျှောက်ဝင်လာခဲ့သည်။ သူမသည် ထန်းကျင်းယန်၏ အနီးကပ်အစေခံတစ်ယောက် ဖြစ်လျှင်တောင် အတွင်းဘက်နယ်မြေရှိ ကိစ္စပြီးကတည်းက ထန်းကျင်းယန်၏ စိတ်အခြေအနေမကောင်းမှုကြောင့် အကြိမ်ကြိမ် အပြစ်ပေးခံခဲ့ရ၏။
"ဘာကိစ္စလဲ.."
ထန်းကျင်းယန်က တောင့်တင်းစွာဖြင့် မေးသည်။
"အတွင်းဘက်နယ်မြေရဲ့ ကိစ္စပါ..."
အစေခံက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဖြေကြား၏။
"ပြော... အတွင်းဘက်နယ်မြေမှာ ဘာတွေဖြစ်ခဲ့လို့လဲ.."
ထန်းကျင်းယန်က ဒေါသတကြီးပြောသည်။
"သခင်မလေး... အဲ့ဒီ့... အဲ့ဒီ့လူ အခု စိတ်ဝိဉာဉ်နယ်မြေကို ရောက်နေပြီထင်တယ်.."
အစေခံ၏အသံက တိုးညှင်းစွာ ပေါ်လာခဲ့၏။
"ဘာပြောလိုက်တယ်.."
ထန်းကျင်းယန်က ရုတ်တရက် မတ်တတ်ရပ်သည်။ သူမ၏ မျက်နှာသည် ဒေါသတို့ဖြင့် ပြည့်နက်နေ၏။
"သူမ... ယွီလင်တံဆိပ်ပြားကို အသုံးပြုပြီး မုမိသားစုဆီကို ပြန်ခဲ့တာလား... အဲ့ဒီ့ အဘိုးကြီးတွေကလည်း လက်ခံလိုက်တာလား.."
လင်းယွီဂိတ်တံခါး ပထမဆုံး ဖွင့်လှစ်ချိန်တွင် လူအချို့တို့ အတွင်းဘက်နယ်မြေမှ ဝင်ရောက်လာခဲ့၏။ ထိုအထဲတွင် ထိုနိမ့်ကျသည့် မျိုးဆက်လည်း ပါလာခဲ့သည်လား။
သူမသည် မုကျားဖုန်းက အတွင်းဘက်နယ်မြေတွင် ပေးခဲ့သည့် ယွီလင်တံဆိပ်ပြားကို ကိုင်ဆောင်ပြီး မုမိသားစုသို့ သွားရောက်ကာ အသိအမှတ်ပြုခြင်း ခံခဲ့ရသည်လား။
ထိုသို့ဆိုပါက ထိုအဘိုးကြီးများ၏ အသိမှတ်ပြုမှုကို ရနိုင်လျှင် ထူးကဲသောပါရမီအား ပိုင်ဆိုင်ထားပေလိမ့်မည်။
"သူမ မုမိသားစုဆီကို မသွားခဲ့ဘူး... အဲ့ဒီ့အစား... အဲ့ဒီ့အစား... ချန်ချင်းစံအိမ်ကို သွားခဲ့တယ်.."
အစေခံက သတိဖြင့်ဖြေကြားသည်။
"ချန်ချင်းစံအိမ်ရဲ့ ဒန်ဆေးနတ်သမီး စုလင်းရှုံက သူမ ဖြစ်လောက်တယ်.."
"နင်ဘာပြောလိုက်တယ်... ဒါလုံးဝမဖြစ်နိုင်ဘူး.."
ထန်းကျင်းယန်၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွားပြီး အသံပြု၏။
"သခင်မလေး... အရင်တုန်းက အကြောင်းကြားစာတွေမှာလည်း စုလင်းရှုံဆိုပြီးတော့ နာမည်ပါခဲ့တယ်။ အခုပြသလာတဲ့ လက္ခဏာရပ်တွေအရ ချန်ချင်းစံအိမ်ရဲ့ ဒန်ဆေးနတ်သမီးက သူမဖြစ်ဖို့ များတယ်။ အထူးသဖြင့် ချန်ချင်းစံအိမ်ရဲ့ ပေါ်ပေါက်လာတဲ့အချိန်က အရမ်းကိုက်ညီနေတယ်..."
အစေခံက သူမရရှိသည့် သဲလွန်စများကို တစ်ခုပြီးတစ်ခု ရှင်းပြသည်။ ထိုအရာအားလုံးတို့ကို ပေါင်းစပ်ပြီးနောက် ချန်ချင်းစံအိမ်ရှိ ဒန်ဆေးနတ်သမီးသည် ထန်းကျင်းယန်ဖမ်းဆီးလိုနေသည့် အတွင်းဘက်နယ်မြေမှ မိန်းကလေးဖြစ်ပေလိမ့်မည်ဟု ကောက်ချက်ချရသည်။
ထန်းကျင်းယန်၏ မျက်နှာက ဖြူရော်ကာဖြင့် စိုးရိမ်သွား၏။ ထိုသတင်းသာ မှန်ပါက အတွင်းဘက်နယ်မြေတွင် သူမ၏ လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြောင်းအရာများ ပေါ်ပေါက်လာကာ အကျိုးဆက်မှာ မတွေးဆနိုင်အောင် ရှိနေပါသည်။
"ချန်ချင်းစံအိမ်... အတွင်းဘက်နယ်မြေ... ရွှီယန်..."
ဒီအချိန်၌ သူမတွင် ကြောက်စရာကောင်းသည့် ခန့်မှန်းချက်တစ်ခု ရလာခဲ့၏။ လင်းနယ်မြေရှိ နာမည်ကျော်ကြသည့် ပါရမီရှင် ရွှီယန်သည်လည်း အတွင်းဘက်နယ်မြေမှ ဖြစ်ပေလိမ့်မည်။
လင်းယွီဂိတ်တံခါး၏ ဖွင့်လှစ်မှုနှင့်အတူ ရွှီယန်သည် မြင့်တက်လာခဲ့၏။ ထိုအချိန်ကိုက်မှုက တိုက်ဆိုင်လွန်းလှသည်။
***