သူမသည် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ဆီသို့ ပြန်ရန် စိတ်ကူးမရှိတော့ပေ။
မိုးပျံသင်္ဘောသည် လော့ဒေသရှိ နေရာတစ်ခုတွင် သက်ဆင်း၏။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သင်္ဘောတစ်ခုလုံးသည် ကြီးစွာ ကျယ်ပြန့်လာပြီး စံအိမ်များ၊ ခန်းမများနှင့် မျှော်စင်များ ထွက်ပေါ်လာခဲ့သည်။
ကြီးမားသည့် စံအိမ်ကြီးတစ်ခုနှယ် ပြောင်းလဲသွား၏။
ချန်ချင်းစံအိမ်ဟူသည့် ဆိုင်းဘုတ်က တောက်ပစွာ လင်းလက်နေပါသည်။ ယနေ့မှစတင်ပြီး ချန်ချင်းစံအိမ်သည် ကုသရန် ခက်ခဲကာ ပြင်းထန်သည့် ဒဏ်ရာများကိုသာ လက်ခံမည် ဖြစ်၏။
အထူးသဖြင့် အခြေခံ ပျက်စီးသွားသည့် သိုင်းသမားများကို ကုသပေးမည် ဖြစ်သည်။ သာမန်ဒဏ်ရာများနှင့် ဖျားနာမှုလောက်ကို ဂရုစိုက်မည် မဟုတ်တော့ပေ။
သို့ပေမယ့် ဒန်ဆေးလုံးများကိုတော့ ရောင်းချပေး၏။
ပြီးနောက် စုလင်းရှုံသည် စိတ်ဝိဉာဉ်နယ်မြေတလျှောက်တွင် လှည့်လည်သွားလာနေ၏။ ချန်ချင်းစံအိမ်၏ မိုးပျံသင်္ဘောသည် တစ်နေရာတည်းတွင် အကြာကြီး မနေပေ။ ခဏတိုင်းတွင် ကောင်းကင်ပေါ်သို့ ပျံတက်ကာ နောက်ထပ်လားရာ တစ်ခုဆီသို့ ထွက်ခွာ၏။
တဖြည်းဖြည်နှင့် ချန်ချင်းစံအိမ်၏ သင်္ဘောပျံကြီး စိတ်ဝိဉာဉ်နယ်မြေ၌ ပျံသန်းနေခြင်း အကြောင်းသည် ပျံ့နှံလာခဲ့၏။ ချန်ချင်းစံအိမ်နှင့် တွေ့ဆုံနိုင်မည်မှာ ကံတရားအပေါ်တွင် မူတည်နေသည်ဟူသည့် စကားလည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သည်။
လိင်ယွင်တောင်စံအိမ်၏ အတွင်းတွင် လိင်ထုံးနှင့် အခြား စွမ်းအားကြီး ပုဂ္ဂိုလ်များသည် မိုးပျံသင်္ဘော၏ ရုတ်တရက် ပေါ်ထွက်လာသည့် သတင်းကြောင့် တိတ်ဆိတ်စွာ စုစည်းနေကြ၏။ ထိုဒီဗိုင်းကိရိယာက သူတို့အားလုံးကို ထိတ်လန့်သွားစေသည်။
"ကြည့်ရတာ စိတ်ဝိဉာဉ်နယ်မြေကို ကောင်းကင်အရှင်တစ်ယောက် ရောက်လာတာဖြစ်မယ်။ ဒီဗိုင်းတံတား မဖွင့်လှစ်သေးခင်မှာ ချန်ချင်းစံအိမ်ကို ပစ်မှတ်ထားဖို့ ဘာစိတ်ကူးမှ ရှိလို့မရဘူး.."
လိင်ယွင်တောင်စံအိမ်၏ သခင်က လေးနက်စွာပြော၏။
"ကောင်းကင်အရှင်လား... ဘယ်လိုလုပ်ပြီး သူက စိတ်ဝိဉာဉ်နယ်မြေကို ရောက်လာတာလဲ.."
လိင်ထုံးက အံ့သြစွာဖြင့်မေး၏။
"ငါလည်း မသေချာဘူး... ဒီဗိုင်းတံတား ဖွင့်ပြီးရင်တော့ အဖြေကို ရနိုင်လောက်တယ်.."
လိင်ယွင်တောင်စံအိမ် သခင်က ခေါင်းကိုရမ်းကာ ဖြေကြားသည်။
"စိတ်ဝိဉာဉ်နယ်မြေကတော့ လှုပ်လှုပ်ရှားရှား ဖြစ်တော့မယ်... ပါရမီရှင်တွေအကြား တိုက်ပွဲက စတင်ခဲ့ပြီး စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ပါရမီရှင်တွေအားလုံးလည်း လှုပ်ရှားလာကြပြီ။ ရွှီယန်နဲ့မုန့်ချုံတို့ကိုပဲ အာရုံစိုက်မနေနဲ့.."
"အခုအချိန်မှာ သူတို့နှစ်ယောက်ရဲ့ ဂုဏ်သတင်းက ကြီးမားပြီး ပါရမီရှင်ဇယားရဲ့ နံပါတ်တစ်နဲ့ နံပါတ်နှစ်နေရာကို ယူမယ်လို့ ပြောနေကြပေမယ့် စစ်မှန်တဲ့ထိပ်တန်းနေရာကို နောက်ဆုံးတိုက်ပွဲကပဲ အဆုံးအဖြတ်ပေးမှာ.."
လိင်ယွင်တောင်စံစံအိမ်၏ သခင်က လေးနက်စွာပြောသည်။
"နားလည်ပါပြီ.."
အကြီးအကဲ အားလုံးမှာ ခေါင်းငြိမ့်၏။ ပြီးခဲ့တုန်းကအကြိမ်နှင့်မတူဘဲ ဒီတစ်ကြိမ်၏ ပါရမီရှင်တွေအကြားတိုက်ပွဲသည် ဒီဗိုင်းတံတားဖွင့်လှစ်မည့်အချိန်နှင့် တိုက်ဆိုင်နေ၏။
ထို့ကြောင့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများမှ အဓိကပါရမီရှင်များ ကိုယ်ထင်ပြလာမှာ ဖြစ်သည်။
သချွမ်သို့ ဝင်ရောက်ပြီးနောက် ရွှီယန်၏ သဲလွန်စတို့သည် ပိုမိုပျောက်ကွယ်လာပြီး စိတ်ဝိဉာဉ်နယ်မြေတွင် သူ၏အကြောင်း ဆွေးနွေးသည်များလည်း တဖြည်းဖြည်းနှင့် လျော့ပါးလာခဲ့သည်။
မုန့်ချုံလည်း အခြားပါရမီရှင်များကို စိန်ခေါ်ရန်အတွက် လူသိရှင်ကြား ပေါ်လာခြင်း မရှိပါ။ ထို့ကြောင့် သူ့အကြောင်း ဆွေးနွေးမှုတို့လည်း နည်းပါးလာခဲ့၏။
တစ်ဖက်တွင်တော့ စိတ်ဝိဉာဉ်ဂိုဏ်း အသီးသီးမှ ပါရမီရှင်များသည် ပေါ်ထွက်လာကြပြီး မြို့ကြီးတိုင်းနီးပါးတွင် နေ့စဉ်နေ့တိုင်း ပါရမီရှင်တို့၏တိုက်ပွဲကို တွေ့မြင်နိုင်သည်။
ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ ပါရမီရှင်များ၏ ဇယားသည် ဆက်တိုက် ပြောင်းလဲနေ၏။ တစ်ခုတည်းသော မပြောင်းလဲသည်မှာ ရွှီယန်နှင့်မုန့်ချုံတို့သည် နံပါတ်တစ်နှင့် နံပါတ်နှစ်နေရာအား အသီးသီးရယူထားခြင်းဖြစ်၏။
ပါရမီရှင်များအကြား တိုက်ပွဲ၏ ထုတ်ပယ်ခြင်းခံရသည့် စည်းမျဉ်းတို့ကိုလည်း ထုတ်ပြန်ခဲ့သည်။ သုံးကြိမ်တိုင်အောင် ဆက်တိုက်ရှုံးနိမ့်ပါက ထုတ်ပယ်ခြင်းခံရမည်ဖြစ်၏။
စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းလောကသည် လှုပ်ရှားမှုတို့ဖြင့် စည်ကားစွာရှိနေပြီး ချန်ချင်းစံအိမ်၏ မိုးပျံသင်္ဘောနှင့် ဒန်ဆေးနတ်သမီး၏ အမည်မှာလည်း ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့သည်။
ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် ပါရမီရှင်များ၊ အခြေခံပျက်စီးခဲ့သည့် လူများသည် ချန်ချင်းစံအိမ်၌ သွားရောက်ကုသပြီးနောက် ဒန်ဆေးနတ်သမီး၏ အံ့ဩစရာကောင်းလှသည့် ဆေးပညာဖြင့် ဘဝ၏မျှော်လင့်ချက်တို့ကို ပြန်လည်ရရှိခဲ့ပုံကို ကျေးဇူးတင်ကြသည်။
အချို့သော ပါရမီရှင်များသည် သူတို့၏ ပြိုင်ဖက်ကိုပင် ထပ်မံစိန်ခေါ်နိုင်ပြီး အနိုင်ယူနိုင်ခဲ့ကြ၏။ ပါရမီရှင်များ၏ အဆင့်ပြဇယားတွင် သူတို့၏နေရာကို တည်မြဲအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
ယွီကျိုးတွင် ထန်းကျင်းယန်သည် အတွင်းဘက်နယ်မြေမှ စိတ်ဝိဉာဉ်နယ်မြေသို့ ဝင်ရောက်ခဲ့သည့် သိုင်းသမားများအကြောင်းကို ရှာဖွေနေ၏။
သူမသည် ကျိန်နိုင်ငံရှိ အဆင့်မြင့် အမှုထမ်းတစ်ယောက်၏ စံအိမ်တွင်နေထိုင်ပြီး ရွှီယန်၏အကြောင်းကို မှန်ကန်စွာ သိရှိလိုနေသည်။
ကျိန်နိုင်ငံ၏ အဆင်မြင့်အရာရှိက ခဏတာစဉ်းစားပြီးနောက် သူမကို ပုံတစ်ခုအား ပေး၏။ ထိုပုံသည် ယွီလင်တံဆိပ်ပြားအား ကိုင်ဆောင်ပြီး အတွင်းဘက်နယ်မြေမှ စိတ်ဝိဉာဉ်နယ်မြေသို့ ဝင်ရောက်ခဲ့သည့် သိုင်းသမားတစ်ယောက်ကို ဖော်ပြထားခြင်း ဖြစ်သည်။
အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် ပတ်သက်သည့် သုယွီယင်းတို့ကိုတော့ ပြသခြင်းမရှိပေ။ သူသည် အရေးမကြီးသည့် လူကိုသာ ထောက်ပံ့ပေး၏။
ထိုလူသည် စိတ်ဝိဉာဉ်နယ်မြေဆီသို့ စုမိသားစု၏ ယွီလင်တံဆိပ်ပြားကို ကိုင်ဆောင်ကာ ဝင်ရောက်ခဲ့သည်။ သို့ရာတွင် စုမိသားစု သုတ်သင်ခံခဲ့ရကတည်းက ထိုလူ အသက်ရှင်နေသေးလား သေသွားပြီလား ဟူသည်မှာ သေချာခြင်းမရှိပေ။
စုလင်းရှုံသည် ယွီကျိုးတွင် ရှာဖွေမှုအား စတင်ခဲ့၏။ မည်သည့်သတင်းမှ ပေါက်ကြားမှု မရှိစေရန် အခြားအရင်းအမြစ်များကို အသုံးပြုခြင်းမရှိဘဲ သူမ၏ အယုံကြည်ရဆုံး အစေခံနှင့် မူလက စုမိသားစု၏ ပိုင်နက်အတွင်းတွင် သွားရောက်စုံစမ်းလေ့ရှိသည်။
အခြားလူများ မှတ်မိခြင်းမှ ရှောင်ရှားနိုင်ရန် သူမကိုယ်သူမပင် ရုပ်ဖျက်ထား၏။
ယွီကျိုးသည် ယခုအချိန်၌ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အုပ်စိုးမှုအောက်၌ မရှိတော့ပေ။ သူတို့သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် ပူးပေါင်းအုပ်ချုပ်ရ၏။ လေလွင့်သိုင်းသမားများ၏ ဂုဏ်သိက္ခာတို့မှာ ကြီးစွာ မြင့်တက်လာပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများသည် အရင်ကကဲ့သို့ အထက်စီးမှ မနေနိုင်တော့ပေ။
စုမိသားစု၏ ပိုင်နက်သည် ကျယ်ပြောပြီး များပြားလှသည့် မြို့ကြီးများပါဝင်၏။ လူတစ်ယောက်ကို ရှာဖွေရန် မည်ကဲ့သို့ လွယ်ကူနိုင်မည်နည်း။ ထို့အပြင် ထိုလူမှာ အသက်ရှင်နေသေးလား ဟူသည်မှာ သေချာမှုမရှိပေ။
"၇နှစ်တောင်ကြာပြီးပြီ... ဟုတ်တယ်မလား.."
သကျယ်ဒေသသည် စိတ်ဝိဉာဉ်နယ်မြေ၏ ဒေသ၁၈ခုထဲမှ တစ်ခုဖြစ်၏။ ထိုဒေသကို သကျယ်ဟု အမည်ပေးထားခြင်းမှာ မြစ်များ၊ ကန်များ၊ နွံများဖြင့် ပြည့်နက်နေသောကြောင့် ဖြစ်သည်။
သကျယ်ဒေသတွင် ရွှေကြာကန်သည် နာမည်ကျော်ကြားပြီး ရွှေကြာပန်းများ ပေါက်ရောက်သည့် အထူးသီးသန့် ကန်တစ်ခု ဖြစ်သည်။
ညနေခင်း၏နေက တောက်ပနေပြီး ရွှေကြာများအပေါ်တွင် ထိန်လင်းသည့် အလင်းပြန်မှုကို ဖြစ်စေ၏။ ဤသည်က ကန်၏ ပတ်ဝန်းကျင်ကို ပိုမိုကာ တော်ဝင်ဆန်နေစေသည်။
ပျံသန်းနေသည့် သင်္ဘောတစ်ခုသည် ကန်ပေါ်ရှိ လှိုင်းများအတွင်း၌ ကူးလူးနေ၏။ သင်္ဘောပေါ်ရှိ စံအိမ်အတွင်းတွင် လီရွှမ်က စိတ်ဝိဉာဉ်လက်ဖက်ရည်ကိုသောက်ကာ ရွှေကြာကန်၏ အလှအပကို ရှု့စားနေသည်။
သူသည် စိတ်ဝိဉာဉ်နယ်မြေကို ရောက်ရှိခဲ့တာ ၇နှစ်ကြာခဲ့ပြီး ပါရမီရှင်များ၏ တိုက်ပွဲမှာလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိလု နီးနေပါပြီ။
ဒီ၇နှစ်အတွင်းတွင် ပါရမီရှင်အသစ်များသည် တစ်ယောက်ပြီးတစ်ယောက် မြင့်တက်လာခဲ့၏။ သို့ရာတွင် ယခုအချိန်အထိ ရွှီယန်နှင့် မုန့်ချုံတို့၏ အဆင့်ကို မည်သူမှ အစားမထိုးနိုင်သေးပေ။
ယခုအချိန်၌ ဖန်းဟောင်သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ ပါရမီရှင်များ အကြားတွင် နာမည်ကျော်ကြားနေပြီ ဖြစ်၏။ ဤသည်က သူ၏ ရာထူးမြင့်တက်မှုကို အကူအညီပေး၏။
ဆက်သွယ်ရေးအဆောင်၏ အသုံးတွင်ကျယ်လာမှုနှင့်အတူ သူသည် ပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးစနစ်တစ်ခုကို တည်ဆောက်ကာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများကို အံ့သြသွားစေခဲ့သည်။
ပြီးနောက် တယ်လီပို့ အခင်းအကျင်းကို တည်ဆောက်ကာ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ မြို့ကြီးအသီးသီးကို ဆက်သွယ်၏။ အကူအညီ သွားရောက်ပေးရန်နှင့် ခရီးသွားရန်အတွက် ကြာချိန်ကို ကြီးစွာ လျှော့ချပေးသည်။
တယ်လီပို့ အခင်းအကျင်းများသည် ဒေသအချင်းချင်းအား တယ်လီပို့ရန် စွမ်းဆောင်နိုင်ခြင်း မရှိသေးပေမယ့် ၎င်းတို့သည် တစ်ခုပြီးတစ်ခု ချိတ်ဆက်ကာ ကွန်ရက်တစ်ခုအဖြစ် ဖွဲ့စည်းလာခဲ့သည်။
ချင်ကျိုးတွင် ထိုအစီအမံကို ပြီးမြောက်ပြီး ဖြစ်၏။ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အချိန်တိုအတွင်းတွင် တယ်လီပို့ အခင်းအကျင်းမှတစ်ဆင့် အခြားလူများကို လျှင်မြန်စွာ သွားရောက် ကူညီနိုင်ကြသည်။
ဤသည်က ချင်ကျိုးကို ရန်သူများ ကျူးကျော်နိုင်ခြင်း မရှိသည့် ခြေကုပ်တစ်ခု ဖြစ်လာစေ၏။ ထိုနည်းလမ်းများစွာတို့သည် စိတ်ဝိဉာဉ်နယ်မြေရှိ သိုင်းသမားများ၏ မူလအသိအမြင်တို့နှင့် လွဲချော်နေ၏။ ထို့ကြောင့် လူတိုင်း၏စိတ်ထဲ၌ ဖန်းဟောင်၏အမည်မှာ နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့သည်။
လေလွင့်သိုင်းသမားများ ပင်လျှင် စိတ်အခြေအနေတို့ တဖြည်းဖြည်း ပြောင်းလဲလာပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို အရမ်းကြီး အထင်ကြီးခြင်း မရှိတော့ပေ။ ပထမဆုံးအကြိမ် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အုပ်စိုးမှုသည် စစ်မှန်စွာ ခြိမ်းခြောက်ခြင်း ခံလာရ၏။
ထို့ကြောင့် ဖန်းဟောင်၏ သိုင်းပညာလျှို့ဝှက်ချက်ကို ခိုးယူခြင်း၊ ဖန်းဟောင်အား လုပ်ကြံတိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခြင်းတို့သည် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အရေးအကြီးဆုံးသော ပန်းတိုင်တစ်ခု ဖြစ်လာခဲ့သည်။
ဖန်းဟောင်သည် တစ်ခုထက်ပိုသည့် လုပ်ကြံသတ်ဖြတ်မှုများစွာကို ရင်ဆိုင်ခဲ့ရ၏။
***