အကွာဝေးမှာ ယခုမျှ နီးကပ်နေရာ အဘိုးကြီးသည် သူ၏ ရုတ်တရက် တိုက်ခိုက်မှုဖြင့် တစ်ဖက်လူကို ကြီးစွာဒဏ်ရာရသွားစေမည်ဟု ယုံကြည်ချက်ရှိ၏။
သေခြင်းအငွေ့အသက်တို့သာ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပါက ပမာဏများပြားနေလျှင် ဒန်ဆေးနတ်သမီးဖြစ်လျှင်တောင် သံသယဝင်စရာ မကောင်းလောက်အောင် သေဆုံးရမှာဖြစ်၏။ အချိန်ခဏကြာအောင်သာ အသက်ကို ဆွဲဆန့်နိုင်လောက်သည်။
သို့ပေမယ့် သူ့ကို အံ့သြစေသည်မှာ စုလင်းရှုံ၏ ခန္ဓာကိုယ်မှ အပြာရောင်သဲ့သဲ့ အလင်းတစ်ခု ထွက်ပေါ်လာ၏။
သူမသည် နေရာတွင်ထိုင်ကာ သူ့ကို တိတ်ဆိတ်စွာသာ ကြည့်နေပါသည်။ သေခြင်းစွမ်းအင်မှ ပြောင်းလဲလာသည့် တိုက်ခိုက်မှုသည် အပြာရောင်အလင်းနှင့် ထိတွေ့ပြီးနောက် စတင်ပြိုကွဲလာပြီး ၎င်း၏အန္တရာယ်ကို ကြုံတွေ့လိုက်ရဟန် ရသည်။
"မဖြစ်နိုင်ဘူး.."
အဘိုးအို၏မျက်နှာက ထိတ်လန့်သွား၏။
"သိုင်းတစ်ထောင်ခန်းမလား... ဒါမှမဟုတ် လိင်ယွင်တောင်စံအိမ်လား.."
စုလင်းရှုံမှာ အရာအားလုံးတို့ကို မျှော်လင့်ထားပြီး ဖြစ်လင့်ကစား ခေါင်းကိုရမ်း၏။
"လိင်ယွင်တောင်စံအိမ်ကတော့ ဖြစ်ဖို့နည်းတယ်... ကြည့်ရတာ သိုင်းတစ်ထောင်ခန်းမ ဖြစ်လိမ့်မယ်... သိုင်းတစ်ထောင်ခန်းမရဲ့ အကြီးအကဲတစ်ယောက်ကို ဂျူနီယာမောင်လေးက အခင်းအကျင်းနဲ့ ဒဏ်ရာအပြင်းအထန် ရစေခဲ့ဖူးတယ်။ ပြီးတော့ ဒီမှာ အသဲအသန် လာရောက်ကုသခဲ့တယ်။ ဒါပေမယ့် ငါငြင်းခဲ့လိုက်တယ်.."
"အဲ့ဒါကြောင့်မလို့... ဒါက လက်စားပြန်ချေတာလား... သိုင်းတစ်ထောင်ခန်းမကို မကုပေးဘဲ အခြားသိုင်းသမားတွေပဲကုပေးလို့ ရန်ငြိုးထားတာပေါ့.."
အဘိုးအို၏မျက်နှာက ပြောင်းလဲသွားသည်။ ဖန်းဟောင်သည် ဘယ်လိုလုပ်ပြီး သူမ၏ ဂျူနီယာမောင် ဖြစ်ရသနည်း။ သူတို့သည် တူညီသည့် အဖွဲ့အစည်းတစ်ခုမှ လာခဲ့သည်လား။
ထိုအချိန်၌ စုလင်းရှုံက သူ၏ဦးခေါင်းဆီသို့ လက်ဆန့်လာကြောင်းကို တွေ့လိုက်ရသည်။
"အုန်း.."
သူ၏အသိစိတ်အား ဖျက်ဆီးခြင်း ခံလိုက်ရသကဲ့သို့ ခံစားရပြီး ဒီဗိုင်းဝိဉာဉ်မှာ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားခဲ့သည်။
သေခြင်းစွမ်းအင်တို့သည် စုလင်းရှုံ၏ လက်ဝါးအတွင်းသို့ စတင်ကူးလူးသွားခဲ့၏။ အခိုက်အတန့်တစ်ခုတွင် သူ၏ အသိစိတ်မှာ လုံးဝပြိုလဲကာ ပျောက်ကွယ်သွားခဲ့သည်။ စုလင်းရှုံ၏ လက်ထဲတွင်တော့ သေခြင်းစွမ်းအင်အလုံးတစ်ခု ပေါ်လာခဲ့၏။
"အံ့သြဖို့ကောင်းတယ်... ဒီသေခြင်းစွမ်းအင်ကို ဘယ်လိုစုစည်းတာလဲလို့ ငါလေ့လာကြည့်ရမယ်.."
စုလင်းရှုံမှာ ဝမ်းသာသွား၏။ သူမသည် ရောဂါစစ်ဆေးစမ်းသပ်သည့် အလုပ်ကို ရှီအာတို့နှင့်ထားခဲ့ကာ တက်ကြွစွာဖြင့် ထွက်ခွာသွားသည်။ သေခြင်းစွမ်းအင် အလုံးကို စူးစမ်း၏။
ထိုလုပ်ကြံသတ်ဖြတ်မှုသည် မည်သည့်ရိုက်ခတ်မှုမှ မရှိခဲ့ပါ။ ရှီအာတို့ကလည်း ဂရုစိုက်ပုံ မပေါ်ပေ။ ဤသည်မှာ ကိစ္စသေးလေသာ ဖြစ်၏။
သချွမ်၏ မြင့်မားသည့် တောင်တစ်ခု၏ထိပ်တွင် ရွှီယန်သည် တစ်ယောက်ယောက်အား စောင့်စားနေ၏။
'ဒီသချွမ်က အဆုံးမသတ်နိုင်တဲ့ သင်္ချိုင်းတွေနဲ့ ပြည့်နက်နေတဲ့ပုံပဲ... ဒီ ရှေးဟောင်းသင်္ချိုင်းတွေမှာ ရှိတဲ့ အကြွင်းအကျန် ဒီဗိုင်းဝိဉာဉ်တွေကလည်း ပုံမှန်မဟုတ်ဘူး..'
ရွှီယန်သည် ဒီနှစ်များအတွင်းတွင် သချွမ်အတွင်းရှိ အန္တရာယ်များသည့် နေရာများစွာတို့ကို ရှာဖွေတူးဖော်ခဲ့သည်။
သူသည် ရှေးဟောင်းသင်္ချိုင်း အချို့ကိုလည်း ဝင်ရောက်စူးစမ်းခဲ့၏။ သင်္ချိုင်းအချို့တွင် အကြွင်းအကျန်ဝိဉာဉ်များ ရှိနေ၏။ သို့ပေမယ့် ထိုဝိဉာဉ်များသည် မူမမှန်လှပေ။ လင်းနယ်မြေမှ သိုင်းသမားများ၏ ဒီဗိုင်းဝိဉာဉ်အကြွင်းအကျန် မဟုတ်သည့်ပုံရ၏။
၎င်းတို့သည် စဥ်းလဲရက်စက်သော ညှို့မှိုင်းသည့် စွမ်းအင်များဖြင့် ပြည့်နက်နေပြီး အလွန်သွေးဆာ၏။ တစ်ခါက သချွမ်ဒေသရှိ မိသားစုကြီးတစ်ခုသည် တောင်တစ်ခုရှိ သင်္ချိုင်းတစ်ခုကို တူးဖော်ပြီး အတွင်းထဲ၌ စွမ်းအားကြီးမားသည့် အလောင်းတစ်ခုကို ရှာတွေ့ခဲ့၏။ ဤသည်က မိသားစုတစ်ခုလုံးကို သုတ်သင်ခံရလုနီးပါး ဖြစ်စေခဲ့သည်။
ရွှီယန်လည်း ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့၏။ သူသည် မြန်ဆန်စွာတုံ့ပြန်ပြီး အလောင်းသားရဲကို သတ်ဖြတ်ခဲ့လေသည်။
လွန်ခဲ့သည့် လဝက်က ထူးဆန်းသည့် သိုင်းသမားတစ်ယောက်ကိုလည်း ကြုံတွေ့ခဲ့၏။ တစ်ဖက်လူသည် မူမမှန်သည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်။ အဆုံးသတ်တွင် ရွှီယန်က သူ့ကို သတ်ဖြတ်လိုက်၏။
ပြီးနောက် ထိုသိုင်းသမားကို အမည်မသိ အကြွင်းအကျန်ဝိဉာဉ်တစ်ခုက ဝင်စီးထားခြင်း ဖြစ်ကြောင်းအား ရှာတွေ့လိုက်သည်။
'သချွမ်မှာ သင်္ချိုင်းတွေနဲ့ ပြည့်နေတယ်လို့ ဘာလို့ခံစားနေရတာလဲ... တောင်ကြီး တစ်ခုချင်းစီတိုင်းက အတွင်းထဲမှာ သိုင်းသမားတွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းတစ်ခုလိုပဲ..'
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
သချွမ်အတွင်းတွင် အန္တရာယ်နှင့် ဆက်တိုက်တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပေမယ့် အထူးသဖြင့် တောင်များအတွင်းတွင် မကြာခဏ သတ်ဖြတ်လေ့ရှိပေမယ့် ဤသည်များက ရွှီယန်၏ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုနှင့် ခွန်အားကို မြှင့်တင်ရာတွင် ကြီးစွာမြင့်တက်စေခဲ့သည်။
ယခုအချိန်၌ သူသည် မူလဒီဗိုင်းအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိပြီးဖြစ်၏။
'ဒီတောင်ရဲ့အောက်မှာရော... သင်္ချိုင်းတစ်ခု ရှိနေမလား..'
သူသည် သူရပ်နေသည့် တောင်ကြီးကိုကြည့်ကာ ကိုယ့်ကိုယ်ကိုယ်ရေရွတ်သည့်။
'ဒီဗိုင်းအသွင်အဆင့်ကိုလည်း လုံးဝနားလည်သဘောပေါက်မှုရလာဖို့ ငါနည်းနည်းပဲ လိုတော့တယ်..'
ရွှီယန်သည် ကိုယ့်ကိုယ်ကိုယ်ရေရွတ်ပြီး တစ်ယောက်ယောက်ကို စောင့်စားနေ၏။
ဒီတိုက်ပွဲအပြီးတွင် ဒီဗိုင်းအသွင်အဆင့်၏ ကျင့်စဉ်ကို ပြီးပြည့်စုံစွာ နားလည်သဘောပေါက် လာလောက်သည်။
"ရွှီယန်... နောက်ဆုံးတော့ မင်းကိုငါတွေ့ပြီ.."
အေးစက်ကာ လူသတ်ငွေ့ဆန်သည့် အသံတစ်ခု ပျံ့လွင့်လာ၏။
ရွှီယန်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ကျွန်တော် ခင်ဗျားကိုစောင့်နေတာ အချိန်အတော် ကြာခဲ့ပြီ.."
သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲက မှင်သက်သွား၏။
"မင်းရဲ့တည်နေရာကို တမင်ဖော်ပြခဲ့တာလား.."
"ဒါပေါ့.."
ရွှီယန်က တစ်ဖက်လူကို ကြည့်သည်။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ အစွမ်းထက်ဆုံး သိုင်းသမားများထဲမှ တစ်ယောက်ဖြစ်၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ အငွေ့အသက်ကို စုစည်းထားသည်။ တစ်မျှင်ထဲပင် မဟုတ်ပေ။
"မင်းက သေချင်နေတာလား... ဒါမှမဟုတ် ငါ့လက်ကနေ လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ချက်ရှိတာလား.."
အကြီးအကဲ၏အကြည့်က ရွေ့လျားသွားပြီး သူ၏ ဒီဗိုင်းဝိဉာဉ်ဖြင့် တစ်လက်မချင်းစီတိုင်းကို ရှာဖွေကြည့်သည်။ သို့ပေမယ့် မည်သည့်ပုန်းအောင်းနေသည့် လူကိုမှ ရှာတွေ့ခြင်း မရှိပေ။
"ဒီနေရာမှာ ကျုပ် ခင်ဗျားကိုသတ်မှာ.."
ရွှီယန်က အကြီးအကဲ၏လက်ထဲရှိ ဆေဘာကို ကြည့်သည်။ ၎င်းသည် ဒီဗိုင်းကိရိယာတစ်ခုဖြစ်ပေမယ့် ရေခဲဆေဘာဓားလောက် စွမ်းအားကြီးမားခြင်း မရှိပေ။
ထို့ကြောင့် သူသည် ရေခဲဆေဘာဓားကို ထုတ်လိုက်၏။ တစ်ဖက်အကြီးအကဲဆီသို့ အသာ ပစ်ပေးလိုက်သည်။
"ခင်ဗျားကို ဓားငှားပေးလိုက်မယ်... အရင်တိုက်ကြည့်... သိုင်းတစ်ထောင်ခန်းမရဲ့ အစွမ်းထက်ဆုံး သိုင်းသမားက ဘယ်လိုခွန်အားမျိုးရှိတယ် ဆိုတာကို ကျုပ်စမ်းကြည့်သေးတယ်.."
အကြီးအကဲ၏ မျက်ခုံးများက ကျုံ့သွား၏။ ရွှီယန်သည် သူ့ကို ရေခဲဆေဘာဓားအား ပြန်ပေးနေသည်လား။
"မင်းက သေချင်နေတော့လည်း... ငါက လှိုက်လှိုက်လှဲလှဲ ပူးပေါင်းပေးရတာပေါ့.."
သူသည် ရေခဲဆေဘာဓားကိုကိုင်ကာ ဆေဘာအလင်းက ကောင်းကင်သို့ ထိုးတက်သွား၏။ ပတ်ဝန်းကျင်ဒေသတစ်ခုလုံးကို အေးစက်သည့် စွမ်းအင်တို့ ပြည့်နက်လာစေသည်။
ဒီဗိုင်းကိရိယာ၏ စွမ်းအားသည် လုံးဝ ပေါ်ထွက်လာခဲ့ပြီး ဝူယွမ်အသုံးပြုတုန်းကထက် များစွာ ကျော်လွန်နေ၏။
ရွှီယန်၏ ယုံကြည်ချက်အပြည့်နှင့် ရှိနေပုံကို တွေ့ရပြီးနောက် တစ်ဖက်အကြီးအကဲသည် သတိလက်လွတ်ပြုရဲခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင်လည်း ရွှီယန်သည် မောက်မာနေပုံပေါ်ပေမယ့် သူ့တွင် မောက်မာရန်ခွန်အားတို့ ရှိနေကြောင်းကို ပြသခဲ့ပြီး ဖြစ်သည်။
နှစ်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ရွှီယန်၏ခွန်အားသည် များစွာ တိုးတက်လာလောက်၏။ ထို့ကြောင့်သာ ယုံကြည်ချက် အလွန်ရှိနေခြင်း ဖြစ်ပေလိမ့်မည်။
သို့ပေမယ့် အကြီးအကဲသည် နှာခေါင်းရှုံ့၏။ ရွှီယန်သည် ယုံကြည်မှု လွန်ကဲလွန်းလှသည်။ ရေခဲဆေဘာဓားကိုင်ဆောင်ထားသည့် သူသည် သာမန် အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်နှင့် တူညီနိုင်မည်လား။
"တိုက်တော့လေ.."
ရွှီယန်က လက်ဟန်ကိုပြုပြီးနောက် သူ၏ မူလဒီဗိုင်းက ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
"သေလိုက်တော့.."
အကြီးအကဲက ဆေဘာကို ခုတ်ပိုင်းကာ အေးစက်ကာ သေစေနိုင်သည့် ဓားစွမ်းအင်က သက်ဆင်းလာခဲ့၏။
"ဘုန်း.."
ရွှီယန်သည် သူ၏ဓားကို ရှေ့သို့ထိုးစိုက်လိုက်သည်။ သို့ပေမယ့် ဓားနှစ်ခုသည် ထိပြီးသည်နှင့် ချက်ချင်းပင် ကွဲကွာသွား၏။
ရွှီယန်သည် လေထဲသို့ မြောက်တတ်သွားပြီး ဆေဘာ၏ ထက်မြသည့် အသွားကို ရှောင်ရှားလိုက်သည်။ သူသည် အဘိုးအို၏ စွမ်းအားကို ဂရုတစိုက် လေ့လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ စွမ်းအားအား စုစည်းပုံဖြစ်စဉ်ကို ကြည့်ရှု့နေ၏။
ဆေဘာစွမ်းအင်အောက်တွင် တောင်ကြီးသည် ချက်ချင်းပင် နှစ်ပိုင်းကွဲသွားခဲ့သည်။