တာဝန်ခံရန် တစ်ယောက်တော့ ရင်တထိတ်ထိတ် ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ဟုမိသားစုရဲ့ အခြေအနေကို သူ အတော်အသင့် သိထားတာကိုး။
တာဝန်ခံရန်က စိတ်ထဲကနေ ကြိုတင်ပြင်ဆင်ထားတယ်ဆိုပေမဲ့၊ ဟုပုချီ တစ်ယောက် စကားပလ္လင်ခံမနေဘဲ သူ့သားရဲ့ပါရမီက အလွန်ကို မြင့်မားလွန်းကြောင်း။ နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်သာ ပေါ်ထွက်နိုင်တဲ့ ဟုမိသားစုရဲ့ နံပါတ်တစ် "လက်ဖွဲ့မန္တန် ပါရမီရှင်" ဖြစ်ကြောင်းနဲ့ အရည်အချင်းစစ် အမှတ်ဟာ ၆ မှတ်တောင် ရထားကြောင်းတွေ တရပ်စပ် ကြွားလုံးထုတ်နေတာကို ကြားရတဲ့အခါမှာတော့ တာဝန်ခံရန်တစ်ယောက် ဆွံ့အသွားပါတော့တယ်။
ဒီမှာကြည့်ဦး... ဒါတွေက လူပြောတဲ့ စကားတွေလား။
ဒီနေ့သာ တခြားလူတစ်ယောက် ဖြစ်နေမယ်ဆိုရင် တာဝန်ခံရန်ကတော့ ဒီလို အော်မိမှာပါ။
"ချက်ချင်း ထွက်သွားစမ်း"
(ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်း ဟာ အရင်က ဒုတိယအဆင့် အရွေးချယ်ခံပွဲ တက်လှမ်းနိုင်ဖို့ ပါရမီအမှတ် (၈) မှတ် သတ်မှတ်ထားတာလေ၊ အခုဆိုရင် ပါရမီအမှတ် ၉ မှတ် ပြည့်မှသာ ဒုတိယအဆင့်ကို ဖြေဆိုခွင့်ရတာ။)
(မင်းရဲ့ သားရထားတဲ့ ၆ မှတ်က ဘာလုပ်လို့ ရမှာလဲ။)
တာဝန်ခံရန်က ဟုပုချီအတွက် ဘယ်လိုမျိုး အဆင်ပြေအောင် ပြန်ညှိပေးရမလဲလို့ စဉ်းစားနေတုန်းမှာပဲ ချူရှင်းဟီ က စကားစလိုက်ပါပြီ။
"သခင်ကြီးဟု ပြောတာ တကယ်မှန်ပါတယ်။ ဒီလို ထူးခြားတဲ့ ပါရမီရှင်မျိုးက ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းအတွက် တကယ်လိုအပ်နေတာပါ။ သူ့ကိုသာ လက်လွှတ်လိုက်မယ်ဆိုရင် ငါတို့ဂိုဏ်းအတွက် ဆုံးရှုံးမှုကြီး ဖြစ်မှာ အသေအချာပါပဲ။"
တာဝန်ခံရန်
"..."
တာဝန်ခံရန် ပြောချင်နေပါပြီ။
(ရှင်းဟီရာ၊ ဒီလောက်အသည်းယားစရာကောင်းတဲ့ စကားတွေကို မင်း ဘယ်လိုများ တည်တည်ငြိမ်ငြိမ် ပြောထွက်ရတာလဲ။)
အဲဒီနောက် တာဝန်ခံရန်ကို စကားပြောခွင့်တောင် မပေးဘဲ ဟုပုချီက ဝက်လိုပုံစံရှိတဲ့ သူ့သားကို ချက်ချင်း လှမ်းခေါ်လိုက်ပါတယ်။
"လာ။ ဝင်ဟိုင်၊ မင်းရဲ့ လက်ဖွဲ့မန္တန် စွမ်းရည်ကို ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ရှေ့မှာ ပြလိုက်စမ်း။"
ကျားကနေ ခွေးမမွေးဘူးလို့ ဆိုရိုးရှိကြတာကိုး။
ဟုပုချီရဲ့ တောင်းဆိုချက်က ငယ်ငယ်တုန်းက နှစ်သစ်ကူးမှာ မိဘတွေက ဆွေမျိုးတွေရှေ့မှာ အတင်း ထွက်ကပြခိုင်းသလိုမျိုးပါပဲ။
တကယ်လို့ သာမန်ကလေးတစ်ယောက်ဆိုရင်တော့ အနည်းဆုံးတော့ မျက်နှာမှာ မကျေနပ်တဲ့ အရိပ်အယောင် ပေါ်မိမှာပါ။ ဟုတ်တယ်မလား။
ဒါပေမဲ့ ဟုဝင်ဟိုင် ကို ကြည့်လိုက်ပါဦး။ သူက စိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ ရှေ့ကို လျှောက်လာပြီး ချူရှင်းဟီရဲ့ ရှေ့မှာတင် လက်ဖွဲ့မန္တန် အစွမ်းပြပါတော့တယ်။
ဟုဝင်ဟိုင်ဟာ လက်ဖွဲ့မန္တန် ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဝိညာဉ်ကျောက်တုံး အပုံလိုက်ကြီးကို ကိုင်ပြီး စတင်လိုက်ပါပြီ။
ချူရှင်းဟီကတော့ လက်ဖွဲ့မန္တန် ပညာရပ်အကြောင်း သိပ်မသိပါဘူး။ ဒါပေမဲ့ မသိတာက အဓိက ပြဿနာ မဟုတ်ပါဘူး။ အဓိက ပြဿနာက ဟုဝင်ဟိုင်ရဲ့ လက်ဖွဲ့မန္တန် ရေးသားတဲ့နှုန်းက တကယ်ကို မြန်ဆန်လွန်းနေတာပါ။
ဝက်ခေါင်းလို ပုံစံရှိတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် လက်တွေက ဒီလောက်အထိ သွက်လက်နေရတာလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး။
ချူရှင်းဟီ နည်းနည်းတော့ ဇဝေဇဝါ ဖြစ်သွားပါတယ်။ ဒီဟုဝင်ဟိုင်က တကယ်ပဲ လက်ဖွဲ့မန္တန် ပါရမီရှင်များလား။ တကယ်လို့ သူကသာ ပါရမီရှင် ဖြစ်နေမယ်ဆိုရင်တော့ ငါ သူ့ကို လက်ခံလို့ မဖြစ်ဘူးလေ...။
စက္ကန့်ပိုင်းအတွင်းမှာပဲ ဟုဝင်ဟိုင်ဟာ လက်ဖွဲ့မန္တန်တစ်ခုကို အပြီးသတ်လိုက်ပြီး အားလုံးရဲ့ ရှေ့မှာပဲ သူ့လက်ထဲက လက်ဖွဲ့မန္တန်အကြောင်း မိတ်ဆက်ပြပါတယ်။
"ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရေ။ ကြည့်ပေးပါဦး။ ကျွန်တော့်လက်ထဲက လက်ဖွဲ့မန္တန်က 'လျှပ်စီးလက်ဖွဲ့'ပါ။ ဒီလက်ဖွဲ့က လျှပ်စီးစွမ်းအားကို ဆွဲဆောင်နိုင်ပါတယ်။ ကောင်းကင်နဲ့ မြေကြီး အကန့်အသတ်မရှိ အသုံးချနိုင်ပါတယ်။ မိုးကြိုး လျှပ်စီး... ပေါ်ထွက်စေ။"
ဟုဝင်ဟိုင်က ပြောပြောဆိုဆိုနဲ့ လက်ဖွဲ့မန္တန်ကို လွှတ်လိုက်ပါတယ်။ နောက်တစ်စက္ကန့်မှာတော့...
လက်ဖွဲ့မန္တန်အင်းကွက်က မြေပေါ်ကို ဘုတ်ခနဲ ပြုတ်ကျသွားပြီ။ အဲဒီနောက်မှာတော့... ဘာမှ ဆက်ဖြစ်မလာပါဘူး...။
ချူရှင်းဟီ: "..."
တာဝန်ခံရန်: "..."
အခုလေးတင် ရောက်လာတဲ့ မာလင်း တောင်မှ မျက်လုံးအဝိုင်းသားနဲ့ ဘာဖြစ်သွားတာလဲဆိုပြီး ကြောင်ကြည့်နေမိပါပြီ။
ဒါပေမဲ့ အားလုံးက ပါးစပ်အဟောင်းသား ဖြစ်နေတုန်းမှာပဲ ဟုပုချီက ပြောလိုက်ပါတယ်။
"ဟားဟားဟားဟား... ဝင်ဟိုင်၊ မင်း တော်တော်လေး စွမ်းဆောင်နိုင်တာပဲ။ အခု လက်ဖွဲ့မန္တန် ဖော်စပ်တာ ရှုံးနိမ့်သွားတယ်ဆိုပေမဲ့၊ မင်းရဲ့ ဖော်စပ်တဲ့နှုန်းက အရင်ကထက် အများကြီး မြန်လာပြီပဲ။ မာနမကြီးနဲ့။ ဒီအတိုင်းပဲ ဆက်ကြိုးစားချေ။"
"ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖေ။ ဝင်ဟိုင် ဘယ်တော့မှ မာနကြီးမှာ မဟုတ်ပါဘူး။"
ရှိနေကြသူတွေ အားလုံး
(ရှင်းဟီလည်း ဆွံ့အသွားပါပြီ။ ငါက လက်ဖွဲ့မန္တန်အကြောင်း မသိဘူးဆိုပေမဲ့၊ လက်ဖွဲ့မန္တန်တွေ အင်းကွက်ကိုတော့ မြင်ဖူးပါတယ်လေ။။
လက်ဖွဲ့မန္တန်တစ်ခုရဲ့ စွမ်းအားဆိုတာ အောင်မြင်အောင် ဖော်စပ်နိုင်မှုအပေါ်မှာ အခြေခံရမှာ မဟုတ်လား။
ဒါက ဘယ်လိုဖြစ်တာလဲ။ ငါကိုယ်တိုင်က မရှက်ရင် ရှက်ရမှာက တခြားလူလို့များ သဘောထားနေကြတာလား။
ဒီအချိန်မှာတော့ ချူရှင်းဟီ တကယ့်ကို သဘောပေါက်သွားပါပြီ။
တာဝန်ခံရန်ကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး စကားလုံးတွေ ပျောက်ရှနေပါတယ်။ တာဝန်ခံရန်က ရှင်းဟီကို ဘယ်လို ရှင်းပြရမှန်းတောင် မသိတော့ပါဘူး။
(ဟုပုချီ၊ ဟုပုချီ။ မင်းမှာ အရှက်ဆိုတာရော ရှိရဲ့လား။ မင်းရဲ့ သားကို ဂိုဏ်းထဲသွင်းချင်တယ်လို့ ပြောတာကို ရှင်းဟီက သဘောတူထားပြီးပြီ မဟုတ်လား။)
(သူက ၆ မှတ်ပဲ ရထားတာကိုတောင် ရှင်းဟီက ဘာမှမပြောဘူးလေ။ အဲဒီမှာတင် ရပ်လိုက်လို့ မရဘူးလား။)
(အခုတော့ ဟုဝင်ဟိုင်ကို အတင်း ထကပြခိုင်းတယ်။ ငါကလည်း မင်းရဲ့သားမှာ ထူးခြားတဲ့ ပါရမီတစ်ခုခု ရှိမလားလို့ အောက်မေ့တာ။ အခုတော့ ဒါပဲလား။)
(ပြီးတော့ မာနမကြီးနဲ့ဦးတဲ့။ သူက ကျရှုံးသွားတာလေ... ကျရှုံးသွားတဲ့ဟာကို ဘယ်လိုလုပ်ပြီး မာနကြီးလို့ ရမှာလဲ။)
တာဝန်ခံရန်ကတော့ ရှင်းဟီသာ ဟုပုချီကို ငြင်းပယ်လိုက်မယ်ဆိုရင် ဒါဟာ တကယ့်ကို ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စပဲလို့ ခံစားနေရပါပြီ။
ဒါပေမဲ့ တာဝန်ခံရန်က ချူရှင်းဟီသာ ငြင်းလိုက်ရင် ဟုမိသားစုကို ဘယ်လို ပြန်ချော့ရမလဲလို့ စဉ်းစားနေတုန်းမှာပဲ ချူရှင်းဟီက ပြောလိုက်ပါတော့တယ်။
"မျှော်လင့်ထားတဲ့အတိုင်း လက်ဖွဲ့မန္တန် ပါရမီရှင်ပါပဲ။ ညီလေး ဝင်ဟိုင်၊ မင်းရဲ့ လက်ဖွဲ့မန္တန် ဖော်စပ်တဲ့နှုန်းက ငါမြင်ဖူးသမျှထဲမှာ အမြန်ဆုံးပဲ။ ဒီလို ပါရမီမျိုးကမှ တကယ့်ပါရမီရှင် ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်တာ။"
"မင်းက ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်း က အသည်းအသန် ရှာဖွေနေခဲ့တဲ့ ရှားပါးပါရမီရှင်မျိုးပဲ။ မင်းအဖေ ပြောတာမှန်တယ်၊ မင်းကိုသာ လက်လွှတ်လိုက်ရရင် ငါတို့ဂိုဏ်းအတွက် ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီးပဲ။"
ဒီစကားကို ပြောနေချိန်မှာ ချူရှင်းဟီရဲ့ မျက်လုံးထဲ မျက်ရည်တွေတောင် ဝဲတက်နေပါပြီ။
(ဒီအဘိုးကြီးက လက်ဖွဲ့မန္တန်အကြောင်း နားမလည်ဘူးဆိုရင်တောင် တစ်ချက်ကြည့်လိုက်စမ်းပါ၊ ဟုဝင်ဟိုင်ရဲ့ လက်ဖွဲ့မန္တန် ဖော်စပ်တဲ့နှုန်းက မမြန်ဘူးလား။)
(ဘာ။ ကျရှုံးသွားတယ် ဟုတ်လား။)
(ကျရှုံးတော့ ဘာဖြစ်လဲ။ မြန်သလား၊ မမြန်ဘူးလားဆိုတာကိုပဲ ကြည့်လေ။)
ပြီးတော့ ဒီလက်ဖွဲ့မန္တန်လေးကို အထင်မသေးလိုက်ပါနဲ့။ ချူရှင်းဟီ သေချာမြင်လိုက်တာကတော့ ဟုဝင်ဟိုင်ဟာ ခုနက ကျရှုံးသွားတဲ့ လက်ဖွဲ့မန္တန်တစ်ခုတည်းအတွက်တင် ဝိညာဉ်ကျောက်တုံး အတော်များများကို သုံးပစ်လိုက်တာကိုပါ။
(ဒါက လက်ဖွဲ့မန္တန် ပါရမီရှင်တင် မဟုတ်ဘူး၊ ဒါက တကယ့်ကို အဖြုန်းအတီး ပါရမီရှင်ကြီးပဲ...။)
(တကယ်လို့ ဒီကောင်သာ ဂိုဏ်းထဲဝင်လာမယ်ဆိုရင် တခြားဘာမှ လုပ်စရာမလိုပါဘူး။ သူ သုံးဖြုန်းမယ့် အရင်းအမြစ် ပမာဏတစ်ခုတည်းနဲ့တင် အရင်တုန်းက အစွမ်းကုန် ဖြုန်းတီးခဲ့တဲ့ အိုးရန်မင်တောင် သူ့ကို ယှဉ်နိုင်ဖို့ ခဲယဉ်းသွားလိမ့်မယ်။)
(ဘာ။ သူက ဒုတိယ အိုးရန်မင် ဖြစ်လာမှာကို စိုးရိမ်နေတာလား။)
(ငါ ချူရှင်းဟီက အဲဒါကို ကြောက်နေမယ် ထင်သလား။)
(ငါ့ဘဝမှာ ဘယ်တုန်းကများ နောက်ကျောကို ဓားနဲ့ အထိုးမခံရဖူးလို့လဲ။ နောက်ထပ် နှစ်ချက်လောက် အထိုးခံရရင်တောင် ငါ့အတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။)
(လူဆိုတာ တစ်နေ့ သေရမှာပဲဆိုပြီး အသက်ဆက်မရှင်ဘဲ နေလို့မရဘူးလေ။ ဟုတ်တယ်မလား။)
(ကျရှုံးနိုင်ခြေရှိတယ်ဆိုပြီး ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်မဖော်ဘဲ နေလို့မရဘူးလေ။)
(ဟုဝင်ဟိုင်က နောက်ကျရင် ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကို နောက်ကျောကနေ ဓားနဲ့ထိုးနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုကတည်းက သူ့ကို ဂိုဏ်းရဲ့ အရင်းအမြစ်တွေ ဖြုန်းတီးခွင့် မပေးဘဲ နေလို့မဖြစ်ဘူး မဟုတ်လား။)
(ဟုဝင်ဟိုင်ကို ကြည့်လိုက်ပါဦး... သူက မျက်နှာဖောင်းဖောင်း၊ နားရွက်ကားကားနဲ့ ကြည့်ရတာ ဘယ်လိုမှ ဉာဏ်ကောင်းမယ့်ပုံ မပေါက်နေဘူး။)
(ဒါပေမဲ့ သူဖော်စပ်တဲ့ လက်ဖွဲ့မန္တန်တွေမှာတော့ အပြစ်ပြောစရာ မရှိပါဘူး။ ကျရှုံးတယ်၊ ဒါပေမဲ့ မြန်တယ်။)
(အဓိကအချက်ကတော့ သူ ဘယ်လောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလဲဆိုတာ ကြည့်လိုက်ဦး။)
ဒီလိုအခြေအနေမျိုးမှာ ငါသာ သူ့နေရာမှာဆိုရင် ကျရှုံးသွားတာနဲ့ ရှက်လွန်းလို့ မြေကြီးထဲပဲ ဝင်သွားချင်မိမှာပါပဲ။)
(ဒါပေမဲ့ ဟုဝင်ဟိုင်ကို ကြည့်ပါဦး... သူက အရှက်ရလို့ စိတ်ပျက်သွားတဲ့ အမူအရာ လုံးဝ မရှိနေဘူး။)
"ကျွန်တော် ဘယ်တော့မှ မောက်မာမှာ မဟုတ်ပါဘူး" ဆိုတဲ့ သူ့စကားကလည်း အပြောသက်သက် မဟုတ်ဘဲ ရင်ထဲကလာတာပါ။
(ဒါကြောင့် ဒီ အညံ့စား ပါရမီရှင် ကိုတော့ ငါတို့ဂိုဏ်းက သေချာပေါက် ခေါ်ရမယ်။)
ချူရှင်းဟီကတော့ ဒီလက်ဖွဲ့မန္တန် ပါရမီရှင်ကို ဂိုဏ်းထဲသွင်းဖို့ ချက်ချင်း ဆုံးဖြတ်လိုက်သလို၊ ပထမအဆင့် အရွေးချယ်ခံပွဲကိုလည်း ဖြေစရာမလိုဘဲ တန်းအအောင်ပေးလိုက်ပါတယ်။ ဒုတိယအဆင့်အတွက်ကတော့ ဟုမိသားစုအနေနဲ့ လုံးဝ စိတ်ပူစရာမလိုပါဘူး။ ဒီနှစ် ဒုတိယအဆင့်မှာ ဘယ်သူကပဲ တပည့်တွေကို စစ်ဆေးစစ်ဆေး၊ ဟုဝင်ဟိုင် ဂိုဏ်းထဲဝင်ခွင့်ရဖို့ကိုတော့ ချူရှင်းဟီက ရာနှုန်းပြည့် အာမခံလိုက်ပါပြီ။
ဟုပုချီဟာ စိတ်လှုပ်ရှားလွန်းလို့ သူ့ရဲ့ ဝဖိုင့်တဲ့ ခန္ဓာကိုယ်ကြီးတောင် တုန်ယင်နေပါတော့တယ်။ ဟုဝင်ဟိုင်ကလည်း ချူရှင်းဟီကို မျက်ရည်ဝဲနေတဲ့ မျက်လုံးလေးတွေနဲ့ "ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ" လို့ တတွတ်တွတ် ခေါ်နေပါပြီ။
ဟုပုချီဟာ သူ့ရှေ့က ချူရှင်းဟီကို ကြည့်ပြီးနောက် မိုးကောင်းကင်ကြီးကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်မိပါတယ်။
(ဒဏ္ဍာရီထဲက ချူရှင်းဟီဆိုတာ တကယ်ပါပဲလား။)
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဟုပုချီဟာ သူ့သားကို ပညာသင်ပေးဖို့အတွက် အင်အားကြီး မိသားစုအတော်များများဆီ ခေါ်သွားခဲ့ဖူးပါတယ်။ အထူးသဖြင့် ကုန်းစွန်းမိသားစု ဆီကိုပေါ့။
ကုန်းစွန်းမိသားစုဟာ ဒီနေ့ခေတ် မဟာမိသားစုကြီး (၃) စုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး သူတို့ရဲ့ လက်ဖွဲ့မန္တန် ပညာရပ်က တစ်လောကလုံးမှာ အလွန်ကို ကျော်ကြားပါတယ်။ ဒါပေမဲ့ ကုန်းစွန်းမိသားစုရဲ့ ဒီနေ့အောင်မြင်မှုတွေ နောက်ကွယ်မှာ ဟုမိသားစုရဲ့ ကူညီပံ့ပိုးမှုတွေ အများကြီး ပါဝင်ခဲ့တယ်ဆိုတာကိုတော့ လူသိနည်းပါတယ်။
ကုန်းစွန်းမိသားစု မထွန်းကားသေးခင်တုန်းက သူတို့ဟာ ဟုမိသားစုဆီမှာ အကြိမ်ကြိမ် လာရောက် ပညာသင်ခဲ့ကြတာပါ။ အဲဒီအချိန်မှာ ဟုမိသားစုက ကုန်းစွန်းမိသားစုကို ပညာကုန် သင်ပေးခဲ့တယ်လို့ မဆိုနိုင်ရင်တောင် လမ်းညွှန်မှုတွေ အများကြီး ပေးခဲ့တာတော့ အမှန်ပါပဲ။
(အခု ငါတို့ဟုမိသားစု ဆုတ်ယုတ်သွားတဲ့ အချိန်မှာတော့ ငါ့သားကို မင်းတို့ ကုန်းစွန်းမိသားစုဆီ ပညာသင်ဖို့ ပို့တာတောင် အခွင့်အရေးလေး တစ်ချက် မပေးကြဘူးပေါ့လေ။)
ဟုပုချီဟာ နောက်ဆုံးတော့ မဟာမိုးကောင်းကင်ဂိုဏ်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ မဟာမိုးကောင်းကင်ဂိုဏ်းက လက်ဖွဲ့မန္တန်မှာ မကျော်ကြားဘူးဆိုပေမဲ့ ချူရှင်းဟီကတော့ နာမည်ကျော်ကြားတာကိုး။
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မဟာမိုးကောင်းကင်ဂိုဏ်းကို ကြည့်လိုက်ပါဦး။ အိုးရန်မိသားစု... ဖန်းယုကျန်... ဝမ်တျန်းနု... မူယွဲ့နိုင်ငံ...
ချူရှင်းဟီဟာ မှော်ရတနာ သွန်းလောင်းတာပဲ ဖြစ်ဖြစ်၊ နတ်ဘုရား ပန်းခတ်ပညာရပ်ပဲ ဖြစ်ဖြစ်၊ ဝိညာဉ်ကျောက်တုံး သန့်စင်မှု အတတ်ပညာမှာပဲဖြစ်ဖြစ်... ဒဏ္ဍာရီတွေကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့တာ မဟုတ်လား။ ဒါတွေအားလုံးဟာ မဟာမိုးကောင်းကင်ဂိုဏ်းက ကျွမ်းကျင်တဲ့ အတတ်ပညာတွေမို့လို့လား။
မဟုတ်ပါဘူး။ ချူရှင်းဟီရဲ့ ကြောက်စရာအကောင်းဆုံးအချက်က တစ်ဖက်လူရဲ့ အကျွမ်းကျင်ဆုံး အပိုင်နိုင်ဆုံး နယ်ပယ်မှာပဲ အဲဒီလူကို အလွယ်တကူ အနိုင်ယူပြနိုင်တာပါပဲ။
အင်အားကြီး မိသားစု (၃) စုထဲက ဟွမ်မိသားစု ကတော့ ပြိုကွဲသွားပါပြီ။ အခုဆိုရင် ဂျင်မိသားစုက အင်အားကြီး (၃) စုစာရင်းထဲ ဝင်ဖို့ ကြိုးစားနေတယ်လို့ ကြားရတယ်။
ရှီမိသားစုကတော့ ဝမ်တျန်းနုရဲ့ နင်းခြေခြင်းကို ခံလိုက်ရပါပြီ။
(ကုန်းစွန်းမိသားစုက ငါ့သား ဟုဝင်ဟိုင်ကို ငြင်းပယ်လိုက်တာဟာ သူတို့ရဲ့ အမြင်ကျဉ်းမြောင်းမှုကို ပြလိုက်တာပါပဲ။)
(အခု ငါ့သားဟာ မဟာမိုးကောင်းကင်ဂိုဏ်းကို ရောက်သွားပြီ။ မိသားစုတွေရဲ့ ရန်သူတော်လို့ နာမည်ကြီးတဲ့ ချူရှင်းဟီရဲ့ တန်ဖိုးထားမှုကိုလည်း ရသွားပြီဆိုတော့... ငါ့သား တက်လှမ်းမယ့်နေ့ဟာ သိပ်မဝေးတော့ပါဘူး။)
တာဝန်ခံရန်ကတော့ ဘေးကနေ ကြည့်ရင်း လုံးဝကို အံ့ဩမှင်သက်နေခဲ့ပါတယ်။
(ရှင်းဟီရာ... ဒါက နည်းနည်းတော့ လွန်မနေဘူးလား။ ဒီဟုဝင်ဟိုင်က ကြည့်ရတာ တကယ်ကို ဉာဏ်မကောင်းတဲ့ပုံစံပဲဟ...။)
တာဝန်ခံရန် ဇဝေဇဝါ ဖြစ်နေတာနဲ့ မတူဘဲ မာလင်းကတော့ တည်ငြိမ် လေးနက်တဲ့ မျက်နှာထားနဲ့ ဖြစ်နေပါတော့တယ်။
"ဒီဝက်ကလေးက ကြည့်ရတာ ဉာဏ်မကောင်းသလိုပဲ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ရဲ့ အရမ်းကို ဝမ်းသာအားရ ဖြစ်နေတဲ့ မျက်နှာထားကို ကြည့်လိုက်ဦး။ ဒါက နက်နဲတဲ့ အဓိပ္ပာယ် တစ်ခုခု ရှိနေပုံပဲ။"
"ဒါကြောင့် ဒီလူမှာ တစ်ပါးသူမသိတဲ့ စွမ်းရည်တစ်ခုခုတော့ သေချာပေါက် ရှိရမယ်။ မဟုတ်ရင် ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက ဒီလောက်အထိ စိတ်လှုပ်ရှားနေမှာ မဟုတ်ဘူး။"
အရင်တုန်းက မဟာမိုးကောင်းကင်မြို့တော် မှာတုန်းက ပါရမီရှင် ၃ဦးရဲ့ အချက်အလက်တွေကို မြင်ပြီး ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ မျက်နှာမှာ စိတ်ပျက်တဲ့ အရိပ်အယောင်တွေ ထင်ဟပ်ခဲ့တာကို မာလင်း မှတ်မိနေပါသေးတယ်။
ဒါပေမဲ့ အခုလို လူတစ်ယောက်ကို မြင်ပြီး စိတ်လှုပ်ရှားနေတဲ့ မျက်နှာထားမျိုးကိုတော့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက မူယွဲ့နိုင်ငံ က တပည့်တွေကို တွေ့တုန်းကမှ မာလင်း မြင်ဖူးခဲ့တာပါ။
အဲဒီတုန်းက လူတိုင်းပဲ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ အကဲခတ်မှားသွားပြီလို့ ပြောခဲ့ကြတာလေ။ ဒါပေမဲ့ အခု မူယွဲ့နိုင်ငံရဲ့ စွမ်းဆောင်ရည်တွေက ဘာများ ထပ်ရှင်းပြနေစရာ လိုသေးလို့လား။
ဒီနေ့မှာလည်း ဒီဝက်ကလေးက ဘာစွမ်းရည်မှ မရှိသလို ထင်ရပေမဲ့၊ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကို ဒီလောက်အထိ စိတ်လှုပ်ရှားအောင် လုပ်နိုင်တယ်ဆိုကတည်းက ဒီဝက်ကလေးက လုံးဝ သာမန်မဟုတ်တာ သေချာပါတယ်။ မာလင်းကတောင် သူ့ရဲ့ အနာဂတ် ဆရာဘိုးဘိုး ရာထူးကို ဒီဝက်ကလေးက ခြိမ်းခြောက်လာမလားလို့တောင် စိတ်ပူလာမိပါတယ်။
ဝမ်းသာအားရ ဖြစ်နေတဲ့ ဟုမိသားစု ကို ပြန်လွှတ်ပြီးတဲ့နောက်၊ ချူရှင်းဟီဟာ တခြားမိသားစုအသီးသီးက လူတွေနဲ့ ဆက်တွေ့ပါတယ်။ သူတို့မိသားစုတွေက တပည့်တွေကို မဟာမိုးကောင်းကင်ဂိုဏ်း ထဲ သွင်းချင်တယ်လို့ ကမ်းလှမ်းလာတာနဲ့ ချူရှင်းဟီက ချက်ချင်းပဲ သဘောတူလိုက်ပါပြီ။
“ဘာ။ ခင်ဗျားတို့မိသားစုက တပည့်က အရည်အချင်းစစ်မှာ ၆ မှတ်ပဲ ရတာလား။”
“၆ မှတ်ရတော့ ဘာဖြစ်လဲ။ ၆ မှတ်ဆိုတာ တကယ်ကို ကောင်းတဲ့အမှတ်ပဲလေ... အောင်မှတ်ပဲ မဟုတ်လား...။ ဒီလို ထူးခြားတဲ့ ပါရမီရှင်မျိုးက ငါတို့ဂိုဏ်းထဲကို မဖြစ်မနေ ဝင်ရမယ်။”
“ဘာ။ ခင်ဗျားတို့မိသားစုက တပည့်က ၉ မှတ် ရထားတာလား။”
“၉ မှတ်တောင် ရထားမှတော့ ပုံမှန်စာမေးပွဲပဲ သွားဖြေလေကွာ၊ ငါ့ကို လာပြောနေစရာ လိုသေးလို့လား...။”
“ဟမ်။ မင်းတို့တို့ရဲ့ ၉ မှတ်က အတုကြီးလား။”
“အို... ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းကိုတောင် လှည့်စားနိုင်တဲ့ ဒီလို အတုအယောင် ဖန်တီးနိုင်စွမ်းဆိုတာ တကယ့်ကို ထူးခြားတဲ့ ပါရမီပဲ၊ မင်းတို့လည်း ငါတို့ဂိုဏ်းထဲ ဝင်လို့ရတယ်။”
ဒီလိုနဲ့ပဲ တာဝန်ခံရန် တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်နေပေမယ့် ချူရှင်းဟီဟာ မိသားစုအမြောက်အမြားရဲ့ တပည့်တွေကို ပထမအဆင့် အရွေးချယ်ခံပွဲ အောင်မြင်ဖို့အတွက် ဘာမှစဉ်းစားမနေဘဲ သဘောတူပေးခဲ့ပါတယ်။
တာဝန်ခံရန်ခမျာ မျက်ရည်တွေတောင် ဝဲနေပါပြီ။
ရှင်းဟီရာ... ဒါက နည်းနည်းတော့ လွန်မနေဘူးလား။
အဲဒီထဲမှာပါတဲ့ တချို့လူတွေဆိုရင် ငါကိုယ်တိုင်တောင် လက်ခံဖို့ မဝံ့ရဲတဲ့သူတွေမို့ပါကွာ။
***