"မိုးကောင်းကင် စမ်းသပ်စစ်ဆေးမှု ကပ်ဘေး ကို အောင်မြင်စွာ ကျော်ဖြတ်ပြီး၊ ထာဝရ အသက်ရှင်ခွင့် ရသွားတဲ့ အတွက် ဂုဏ်ယူပါတယ် ယောကျ်ားရေ"
သူမရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ ဂျူဟွာကို ကြည့်ပြီး ကျုံးမု က လှပကျော့ရှင်းစွာ ဂုဏ်ပြုစကား ပြောလိုက်ပါတယ်။
"ကပ်ဘေး ကျော်ဖြတ်နိုင်တာက ဒီလောက် ဂုဏ်ယူစရာ မကောင်းပါဘူးလေ။ တကယ်လို့ ဇနီးလေး သာ ကောင်းကင်အင်မော်တယ် တစ်ပါး ဖြစ်လာမယ် ဆိုရင်တော့၊ ဘယ်လောက် ဝမ်းသာဖို့ ကောင်းလိုက်မလဲ။"
ဂျူဟွာက ပြုံးရွှင်စွာ ပြောလိုက်ပါတယ်။
"ကျွန်မက ကောင်းကင်အင်မော်တယ် တစ်ပါး ဖြစ်လာမယ် ဟုတ်လား"
ကျုံးမု ရဲ့ ပါးစပ်လေး ဟသွားပါတယ်။ ဒီလို ကိစ္စမျိုးကို သူမ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး မဟုတ်ပါလား။
"ဘာမဆို ဖြစ်နိုင်တာပါပဲ။ ယောကျ်ားတောင် အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်လာပြီပဲ၊ ဇနီးလေး ကလည်း အဲဒီ ရည်မှန်းချက်ကို ထားသင့်တာပေါ့။"
ဂျူဟွာက အများကြီး မပြောပါဘူး။ ကျုံးမုကို ကူညီနိုင်မယ် ဆိုတာ သူ ယုံကြည်ချက် ရှိပေမဲ့၊ ဒီလို ကိစ္စတွေကို ကြိုတင် ပြောပြထားတာက ကောင်းတဲ့ အကြံဉာဏ် တော့ မဟုတ်ဘူးလေ။
"ယောကျ်ား ပြောတာလည်း ဟုတ်တာပဲ"
ကျုံးမု က ခေါင်းညိတ်လိုက်ပါတယ်။ မသိမသာလေး နဲ့ပဲ၊ အဲဒီ အခိုက်အတန့်မှာ သူမရဲ့ စိတ်သဘောထား က အနည်းငယ် ပြောင်းလဲသွားခဲ့ပါတယ်။
"..."
ကျုံးမု နဲ့ ခဏလောက် စကားဆက်ပြောပြီးတဲ့ နောက်မှာတော့၊ ဂျူဟွာက ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။
"ဇနီးလေး... ဒီမှာ ခဏလောက် စောင့်နေဦးနော်။ ကိုယ် ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိသေးလို့။"
"ယောကျ်ားရေ ကိစ္စ ရှိရင် သွားပါရှင်။"
ကျုံးမု က ပြောလိုက်ပါတယ်။
"ကိုယ် ခဏနေ ပြန်လာခဲ့မယ်။"
ဂျူဟွာ တစ်ယောက် ဝှစ်ခနဲ အသံနဲ့အတူ ကျုံးမု ရဲ့ မြင်ကွင်း ထဲကနေ ပျောက်ကွယ်သွားပါတော့တယ်။
ကြယ်တာရာဖမ်း နန်းတော် ထဲမှာတော့၊ သူ့ကို စောင့်နေတဲ့ ဝက်ဝံဝါကြီး နဲ့ သွေးနှင်း တို့ရှေ့မှာ ဂျူဟွာရဲ့ ပုံရိပ်က ရုတ်တရက် ပေါ်လာပါပြီ။
"ဆရာကြီး တို့ အကြာကြီး စောင့်လိုက်ရပြီ။"
ဂျူဟွာက လက်နှစ်ဖက်ယှက် အရိုအသေ ပေးလိုက်ပါတယ်။
"ဟားဟား... ဂျူဟွာ၊ အရင်က မင်းကို ငါ ဖျောင်းဖျခဲ့ပေမဲ့ မင်းက နားမထောင်ခဲ့ဘူး။ အခု မင်းက အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်နေပြီကိုတောင် ငါ့ကို 'ဆရာကြီး' လို့ ခေါ်နေတုန်းပဲလား"
သွေးနှင်း က အားရပါးရ ရယ်မောရင်း မေးလိုက်ပါတယ်။
"ငါ့ကိုလည်း ဝက်ဝံဝါကြီး လို့ပဲ ခေါ်ပါ။"
ဝက်ဝံဝါကြီး ကလည်း ဝင်ပြောပါတယ်။
ဂျူဟွာက ဘာမှ မပြောပါဘူး။ တန်ခိုးရှင် တွေရဲ့ လောက စည်းမျဉ်း တွေက ဒီလိုပါပဲ။ ဒါပေမဲ့ သွေးနှင်း ကို နာမည် တပ်ခေါ်တာက ကိစ္စ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ဆက်ဆံရေး က သူငယ်ချင်းတွေ နဲ့ ပိုတူလို့ပါ။ ဒါပေမဲ့ ဝက်ဝံဝါကြီး ကတော့ ကွာခြားပါတယ်။ ဂျူဟွာ ဆယ်ကျော်သက် အရွယ်မှာ ကြယ်တာရာဖမ်း နန်းတော် နဲ့ စတင် တွေ့ဆုံကတည်းက၊ ဝက်ဝံဝါကြီး ကို လူကြီးသူမ အကြီးအကဲ တစ်ယောက်လို အမြဲတမ်း သဘောထားခဲ့တာလေ။ အခု သူ အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်လာပြီ ဆိုပေမဲ့၊ ခေါ်ဝေါ်တဲ့ အသုံးအနှုန်းကို သူ ဘယ်လိုလုပ် အလွယ်တကူ ပြောင်းလဲနိုင်မှာလဲ။
သူတို့ သုံးယောက် ခဏလောက် စကားပြောကြပါတယ်။ ဂျူဟွာက အခေါ်အဝေါ် ပြောင်းဖို့ လုံးဝ သဘောမတူတာကို တွေ့ရတော့၊ ဝက်ဝံဝါကြီး လည်း ထပ်ပြီး ဖျောင်းဖျဖို့ လက်လျှော့လိုက်ပါတော့တယ်။
"သွေးနှင်း... ကျွန်တော် ကပ်ဘေး ကျော်ဖြတ်နေတုန်းက တစ်ယောက်ယောက် ကျူးကျော် ဝင်ရောက်လာပုံ ရတယ်နော်။"
ဂျူဟွာက မေးလိုက်ပါတယ်။
"ဟုတ်တယ်။ မင်း ကပ်ဘေး ကျော်ဖြတ်နေတာ ကြောင့်၊ ဒီ ကမ္ဘာငယ်လေးမှာ ကမ္ဘာ့ လမ်းကြောင်းကြီး တစ်ခုပေါ်ထွက်လာခဲ့တယ်လေ။ တန်ခိုးရှင် အများအပြား တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြတယ်။"
သွေးနှင်း က ခေါင်းညိတ်လိုက်ပါတယ်။
"အဲဒီ အားနည်းတဲ့ တန်ခိုးရှင် တွေကတော့ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ ကောင်းကင်အင်မော်တယ် တစ်ပါး ဝင်လာတယ်။ မင်းရဲ့ တားမြစ်အစီအရင် တွေကို ထိန်းချုပ်မယ့်သူ မရှိရင် သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး ထင်လို့၊ ငါ ဝင်စွက်ဖက်ပြီး သူ့ကို မောင်းထုတ်လိုက်ရတယ်။"
"အော်... ဒီလိုကိုး။"
ဂျူဟွာက ခေါင်းညိတ်လိုက်ပြီး၊ တစ်ချိန်တည်းမှာပဲ တိတ်တဆိတ် ဗေဒင်တွက်ချက်မှု တစ်ခုကို ပြုလုပ်လိုက်ပါတယ်။
ဒီ ကောင်းကင်အင်မော်တယ် ဟာ ဂျူဟွာ ကပ်ဘေး ကျော်ဖြတ်တဲ့ နေရာကို ကျူးကျော် ဝင်ရောက်လာတဲ့ အတွက်၊ သူတို့ နှစ်ယောက် ကြားက ကမ္မရေစက် ဆက်နွယ်မှုက ရှိသွားခဲ့ပါပြီ။ ဒါကြောင့် သိပ်မကြာခင်မှာပဲ၊ ကျူးကျော် ဝင်ရောက်လာတဲ့ ကောင်းကင်အင်မော်တယ် ရဲ့ အကြောင်းကို ဂျူဟွာ နားလည်သွားပါတော့တယ်။
ကောင်းကင်မီးလျှံ ကောင်းကင်အင်မော်တယ်... ထျန်းဟော့ မျိုးနွယ်စု ရဲ့ ဘိုးဘေးကြီး ဖြစ်ပြီး၊ အတော်လေး အစွမ်းထက်တဲ့ သူပါ။ မတော်တဆ တစ်ခုခုသာ မဖြစ်ခဲ့ဘူး ဆိုရင်၊ သူက အနည်းဆုံးတော့ ထိပ်တန်း အဆင့် ကောင်းကင်အင်မော်တယ် တစ်ပါးရဲ့ ခွန်အား မျိုး ပိုင်ဆိုင်ထားနိုင်ပါတယ်။
ဒါ့အပြင် သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး ဟာ ပရမ်းပတာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ခေတ်ကာလ မှာပဲ ရှိနေပါသေးတယ်။ ကောင်းကင်မီးလျှံ ကောင်းကင်အင်မော်တယ် ရှိနေတဲ့ ထျန်းဟော့ မျိုးနွယ်စု ဟာ ကမ္ဘာကြီး ကို လွှမ်းမိုး ချုပ်ကိုင်ဖို့ ရည်မှန်းချက် လည်း မရှိသလို၊ အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် လည်း မရှိပါဘူး။ ရှင်သန်ရပ်တည်နိုင်ဖို့ အတွက်၊ ထျန်းဟော့ မျိုးနွယ်စု ဟာ သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး အတွင်းမှာ ထိပ်တန်း မျိုးနွယ်စု လို့ သတ်မှတ်လို့ ရတဲ့ တုန်းယွိ မျိုးနွယ်စုနဲ့ အမြဲတမ်း ခင်မင် ရင်းနှီးစွာ ဆက်ဆံခဲ့ပါတယ်။
ပြီးတော့ တုန်းယွိ မျိုးနွယ်စု မှာ အစစ်အမှန် အင်မော်တယ် တစ်ပါး ရှိတယ်လေ။
မကြာသေးခင်ကမှ သွေးနှင်း ဟာ ကောင်းကင်မီးလျှံ ကောင်းကင်အင်မော်တယ် ကို လက်ဝါး တစ်ချက်တည်းနဲ့ ရိုက်ထုတ်ခဲ့ပါတယ်။ ကောင်းကင်မီးလျှံ ကောင်းကင်အင်မော်တယ် က သူ ပြဿနာကြီး တစ်ခုကို ဖန်တီးလိုက်မိပြီ လို့ ခံစားရတဲ့ အတွက်၊ ဒီနေရာမှာ ဖြစ်ပျက်ခဲ့သမျှ တွေကို တုန်းယွိ မျိုးနွယ်စု ရဲ့ အစစ်အမှန် အင်မော်တယ် ဆီကို အမြန်ဆုံး သတင်းပို့ခဲ့မှာပါ။
အခုဆိုရင် တုန်းယွိ မျိုးနွယ်စု ရဲ့ အဲဒီ အစစ်အမှန် အင်မော်တယ်က လမ်းခုလတ်မှာ ရောက်နေလောက်ပါပြီ။ ဒီထက်ပိုသေချာတက အစစ်အမှန် အင်မော်တယ် တစ်ပါးရဲ့ အမြန်နှုန်း နဲ့ ဆိုရင်၊ တူညီတဲ့ အဓိက ကမ္ဘာကြီး အတွင်းမှာ အရမ်းကို မြန်မြန်ဆန်ဆန် ရောက်လာသင့်ပါတယ်။ အစစ်အမှန် အင်မော်တယ် မပေါ်လာသေးဘူး ဆိုတာက သူ တစ်ခုခု ကြောင့် နောက်ကျနေတာ ဖြစ်ရပါမယ်။
တွက်ချက်မှုကို နောက်ထပ် ခဏလောက် ဆက်လုပ်လိုက်တဲ့ အခါ၊ ဂျူဟွာရဲ့ နှလုံးသား ရုတ်တရက် တုန်လှုပ်သွားပါတယ်။
"ဒါက ကပ်ဘေး မဟုတ်ဘူး၊ ကောင်းချီးမင်္ဂလာ တစ်ပါးပေပဲ။ စိတ်ဝင်စားစရာ ကောင်းလိုက်တာ။"
မရေမရာ ရလဒ် တစ်ခုကို ရပြီးတဲ့ နောက်မှာတော့၊ ဂျူဟွာက ဗေဒင်တွက်ချက်မှုကို ဆက်မလုပ်တော့ပါဘူး။ သူ့ရဲ့ ဗေဒင်နိမိတ်တွက်ချက်ခြင်း တာအို ဟာ အမြင့်ဆုံး နားလည်မှု အဆင့်ကို ရောက်နေပြီ ဆိုပေမဲ့၊ တုန်းယွိ မျိုးနွယ်စု ရဲ့ အဲဒီ အစစ်အမှန် အင်မော်တယ် နဲ့ သူ့ကြားက ကမ္မရေစက် ဆက်နွယ်မှု က သိပ်မကြီးမားပါဘူး။ နောက်ထပ် သတင်းအချက်အလက် တွေကို လေထဲကနေ ဖမ်းဆုပ်ပြီး တွက်ချက်ဖို့ ကြိုးစားတာက နှလုံးသားအင်အား အများကြီးကို ကုန်ဆုံးစေပါလိမ့်မယ်။ ပိုပြီး တိကျတဲ့ အခြေအနေ ကိုတော့ သူတို့ နှစ်ယောက် တွေ့ဆုံတဲ့ အခါကျရင် ရှင်းရှင်းလင်းလင်း သိရမှပြါ။
ဟုတ်ပါတယ်၊ တွက်ချက်မှု ရလဒ် ကြောင့်ပဲ ဂျူဟွာက ဒီအတိုင်း ထွက်သွားဖို့ မရည်ရွယ်ပါဘူး။ အဲဒီ တုန်းယွိ အစစ်အမှန် အင်မော်တယ် နဲ့ သွားတွေ့ဖို့ သူ ရည်ရွယ်ထားပါတယ်။
ဂျူဟွာရဲ့ တွက်ချက်မှု က မျက်တောင်တစ်ခတ် အတွင်းမှာတင် ပြီးဆုံးသွားပါပြီ။ ဒီအချိန်မှာပဲ ဝက်ဝံဝါကြီး က ရုတ်တရက် မေးလိုက်ပါတယ်။
"မင်း အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်လာပြီ ဆိုတော့၊ ရတနာ ခန်းမ ကနေ ရတနာ တစ်ခု ရွေးချယ်ခွင့် နောက်တစ်ကြိမ် ရပြီလေ။ အခု သွားကြည့်ချင်လား"
"လောလောဆယ်တော့ မသွားသေးပါဘူး။ ကျွန်တော့်ရဲ့ ဒုတိယ မူလဝိညာဉ် ကပ်ဘေး ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးတဲ့ အချိန်အထိ စောင့်လိုက်ပါမယ်။ အဲဒီအခါကျမှ ဒုတိယ မူလဝိညာဉ် အတွက် သင့်တော်တဲ့ လက်နက် တစ်ခုကို ရွေးချယ်လိုက်မယ်။"
ဂျူဟွာက ခေါင်းခါလိုက်ပါတယ်။
"အိုး... ဒုတိယ မူလဝိညာဉ် ကို ကပ်ဘေး ကျော်ဖြတ်ခိုင်းဖို့ မင်း စဉ်းစားနေတုန်းပဲလား"
ဝက်ဝံဝါကြီး က မေးလိုက်ပါတယ်။
"ကျွန်တော် ကြိုးစားကြည့်ရမယ်။ အပို ဒုတိယ မူလဝိညာဉ် တစ်ခု ရှိနေတာက အသက် တစ်ချောင်း ပိုရသလိုပဲလေ။ ကျွန်တော် လက်လျှော့စရာ အကြောင်းမှ မရှိတာ။"
ဂျူဟွာက ဆက်ပြောပါတယ်။
"သေချာတာပေါ့... ဒုတိယ မူလဝိညာဉ် ကို သေတွင်းထဲတော့ ကျွန်တော် ပို့မှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ခွန်အား ပိုကြီးမားလာတဲ့ အခါကျမှ ဒုတိယ မူလဝိညာဉ် ကို ကပ်ဘေး ကျော်ဖြတ်ခိုင်းဖို့ စီစဉ်ထားပါတယ်။"
"အင်း။"
ဝက်ဝံဝါကြီး ခေါင်းညိတ်လိုက်ပါတယ်။ သူက ဆက်ပြီး မပြောတော့ပါဘူး။
ဂျူဟွာရဲ့ အဓိက မူလခန္ဓာကိုယ် က ကောင်းကင်အင်မော်တယ် ကပ်ဘေး ကို တစ်ကြိမ် ကျရှုံးခဲ့ဖူးပါတယ်။ ဒုတိယ မူလဝိညာဉ် ကို နောက်ထပ် ကောင်းကင်အင်မော်တယ် ကပ်ဘေး တစ်ခု ထပ်ပြီး ကျော်ဖြတ်ခိုင်းမယ် ဆိုရင်၊ နဝမအဆင့် ကိုးခုမြောက် မိုးကြိုးကပ်ဘေး ဟာ သိပ်ပြီး ထူးခြားတဲ့ အရာ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။
တကယ်လို့ အဲဒါက သာမန် နဝမအဆင့် မိုးကြိုးကပ်ဘေး သက်သက်သာ ဆိုရင်၊ ဂျူဟွာရဲ့ လက်ရှိ ခွန်အား နဲ့ဆိုရင် မြေကမ္ဘာအဆင့် အင်မော်တယ်တစ်ပါး အနေနဲ့တောင် အပြည့်အဝ ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ ကြောက်စရာ ကောင်းတာက အဲဒါက သာမန် နဝမအဆင့် မိုးကြိုးကပ်ဘေး မဟုတ်ဘဲ နေမှာကိုပါပဲ။
အခု ဂျူဟွာရဲ့ အဓိက မူလခန္ဓာကိုယ် ရင်ဆိုင်ခဲ့ရတဲ့ မိုးကောင်းကင် ကပ်ဘေး လိုမျိုးပေါ့။ အဲဒါက နဝမအဆင့် မိုးကြိုးကပ်ဘေး ဆိုပေမဲ့၊ သူ့ရဲ့ စွမ်းအား က သာမန် နဝမအဆင့် မိုးကြိုးကပ်ဘေး နဲ့ အရမ်းကို ကွာခြားလွန်း နေတယ်လေ။
"ဂျူဟွာ... ငါတို့ရဲ့ ကြယ်တာရာဖမ်း နန်းတော် မျိုးဆက်အမွေအနှစ် အကြောင်း အရင်က မင်းကို ငါအားလုံး ပြောပြခဲ့ပြီးပြီ။ အခု မင်း ဘယ်လို စဉ်းစားထားလဲ"
ဝက်ဝံဝါကြီး က ထပ်မေးလိုက်ပါတယ်။
"ဆရာ ရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို အတည်မပြုနိုင်သေးဘူး ဆိုမှတော့၊ ကျွန်တော်တို့ ဆက်ပြီး စောင့်နေရမှာပေါ့။ ပြီးတော့ ဆရာ ရဲ့ အမိန့်အတိုင်း ကြယ်တာရာဖမ်း နတ်ဘုရား လက်သိုင်းကို ဆက်ခံနိုင်မယ့် ဆက်ခံသူ တစ်ယောက်ကို ရှာဖွေရမယ်။"
ဂျူဟွာက ပြောလိုက်ပါတယ်။
သူက အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်လာပြီ ဆိုမှတော့၊ အသက်သုံးချောင်း တာအိုဖခင်ကြီးရဲ့ အမည်ခံတပည့် တစ်ယောက် ဖြစ်လာခဲ့ပြီး၊ "ဆရာ" လို့ ခေါ်တာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ အသက်သုံးချောင်း တာအိုဖခင်ကြီး ရဲ့ ရှင်သန်ခြင်း ၊သေဆုံးခြင်း နဲ့ ပတ်သက်ပြီးတော့... ဂျူဟွာ ဟာ "ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ" ဝတ္ထုက တစ်ဆင့် အသက်သုံးချောင်း တာအိုဖခင်ကြီး ဟာ ရှေးဟောင်း ကမ္ဘာပျက်ကပ် ဖင်းဂေါ့ စစ်ပွဲကြီး မှာ ကတည်းက သေဆုံးသွားခဲ့ပြီ ဆိုတာကို သိထားပါတယ်။ ဒါပေမဲ့ ဒီသတင်းကို ဝက်ဝံဝါကြီး ကို သူ ပြောပြလို့ မဖြစ်ဘူးလေ။
ဂျူဟွာရဲ့ စကား ကြောင့် ဝက်ဝံဝါကြီး လည်း တိတ်ဆိတ်သွားပါတယ်။ ဝက်ဝံဝါကြီး က အချိန် အတော်ကြာအောင် တိတ်ဆိတ် နေတာကို တွေ့တော့၊ သွေးနှင်း က ဦးဆောင်ပြီး ပြောလိုက်ပါပြီ။
"ငါတို့ နှစ်ယောက်စလုံး က ကြယ်တာရာဖမ်း နန်းတော် ကနေ ထွက်သွားဖို့ အဆင်မပြေဘူး။ ဒါကြောင့် ဆက်ခံသူ ရှာရမယ့် တာဝန် က မင်းအပေါ်မှာပဲ မူတည်နေတယ် ဂျူဟွာ။"
"ဒါက မှန်ပါတယ်"
ဂျူဟွာ ခေါင်းညိတ်လိုက်ပါတယ်။ ဒါက သူ ကတိပေးထားခဲ့တာ ကြာပြီ ဖြစ်တဲ့ အတွက်၊ သူပဲ လက်စသတ်ပေးရမှာပါ။
"ဒါပေမဲ့ အလောတကြီး လုပ်စရာတော့ မလိုပါဘူး။ တကယ် ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် တစ်ယောက်ကို ရှာတွေ့ဖို့ ဆိုတာ ဘယ်လိုလုပ် လွယ်ပါ့မလဲ"
သွေးနှင်း က ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် သူက ဆက်ပြောလိုက်ပါတယ်။
"ပြီးတော့၊ ရက်အနည်းငယ်လောက် စောင့်ပါဦး။ အချိန်ကျလာတဲ့ အခါ၊ ငါတို့ ကြယ်တာရာဖမ်း နန်းတော် မျိုးဆက် က တခြား ညီအစ်ကိုတွေ နဲ့ မင်းကို ငါ မိတ်ဆက်ပေးမယ်။"
"...ဟုတ်ကဲ့ပါ"
ဂျူဟွာ က အနည်းငယ် နားမလည် ဖြစ်သွားပေမဲ့ ခေါင်းညိတ်လိုက်ပါတယ်။
ဒီအတိုင်း တွေ့ဆုံရုံ သက်သက်ကို ဘာလို့ ရက်အနည်းငယ်လောက် စောင့်နေရမှာလဲ။ အခုက သင့်တော်တဲ့ အချိန် မဟုတ်လို့လား။
ဒါပေမဲ့ သွေးနှင်း ဒီလို ပြောရတဲ့ အကြောင်းရင်း တစ်ခု သေချာပေါက် ရှိမယ် ဆိုတာကို ဂျူဟွာ သိတဲ့အတွက်၊ ဆက်မမေးသလို၊ ဗေဒင်နိမိတ် တွက်ချက်ဖို့လည်း တက်တက်ကြွကြွ မကြိုးစားတော့ပါဘူး။ အကြောင်းရင်း က ဘာပဲဖြစ်ဖြစ်၊ အချိန်တန်ရင် သူ သိလာမှာပဲ မဟုတ်လား။
***