အကြီးအကဲ ချန် ထွက်ခွာသွားပြီးနောက် စီနီယာအစ်မကြီးသည် ဖန့်ချန်ကို တစ်ဦးတည်း ခေါ်ဆောင်၍ သံသရာဌာန သို့ ရောက်ရှိလာခဲ့သည်။
သံသရာဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ကျင့်ကြံသူများသည် နည်းမျိုးစုံဖြင့် နောက်ခံအင်အား ရှိကြသူများဖြစ်သလို အစွမ်းအစလည်း မဆိုးလှပေ။
စီနီယာအစ်မကြီးကို မြင်လိုက်ရသည်နှင့် အားလုံးက ရှေ့သို့ တိုးလာပြီး အရိုအသေပေး ဂါရဝပြုကြလေသည်။
မကြာမီမှာပင် သံသရာဌာနမှ အရာရှိတစ်ဦးသည် ခပ်သုတ်သုတ် ပြေးထွက်လာပြီး စီနီယာအစ်မကြီးကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
"စီနီယာအစ်မကြီး... အခုလို ကြွလာတာ ဘာလို့ ကြိုပြီး အကြောင်းမကြားရတာလဲဗျာ"
"ရှောင်ထု မင်းကို မိတ်ဆက်ပေးရဦးမယ်၊ ဒါက ဖန့်မောင်လေးပဲ၊ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်သစ်လေ"
စီနီယာအစ်မကြီးက ပြုံး၍ ဆိုလိုက်သည်။
လာရောက်သူမှာ အနည်းငယ် မှင်သက်သွားပြီး ဖန့်ချန်ကို အံ့အားသင့်သလို ကြည့်လိုက်ကာ ချက်ချင်းပင် လက်အုပ်ချီ၍ ပြုံးလျက် ဆိုသည်။
"ဖေထု ပါ၊ ဖန့်ညီလေးကို တွေ့ရတာ ဝမ်းသာပါတယ်"
"ဖန့်ချန်ပါ၊ ဖေစီနီယာကို ဂါရဝပြုပါတယ်"
ဖန့်ချန်ကလည်း လက်အုပ်ချီ၍ ပြန်လည် နှုတ်ဆက်လိုက်သည်။
ထို့နောက် ဖေထုက စီနီယာအစ်မကြီးနှင့် ဖန့်ချန်ကို အတွင်းသို့ ဖိတ်ခေါ်ကာ စကားပြောကြလေသည်။
သူတို့နှစ်ဦး၏ အပြန်အလှန် စကားပြောဆိုပုံအရ ဤဖေထုမှာ သံသရာဌာနအတွင်း ရာထူးအဆင့်အတန်း မနိမ့်လှကြောင်း သိလိုက်ရသည်။
"ကျုပ်တို့ ကျွယ်မင်နန်းတော်မှာ အမာခံတပည့် ထောင်နဲ့ချီ ရှိတယ်၊ အားလုံးက ကျွယ်မင်ယင်လောကမှာ ကိုယ်စီ တာဝန်တွေ ရှိကြတာချည်းပဲ။ ဒါပေမဲ့ ယင်လောကမှာ ဌာနကြီး ခြောက်ခုပဲ ရှိတာဆိုတော့ ဘယ်လိုပဲ ခွဲဝေခွဲဝေ အမာခံတပည့် အများစုရဲ့ ရာထူးက သိပ်မကြီးနိုင်ဘူး၊ မင်းက အခုမှ ရောက်တာဆိုတော့ အောက်ခြေကနေပဲ စရမှာပေါ့"
စီနီယာအစ်မကြီးသည် ဖေထု၏ ဖိတ်ကြားမှုကြောင့် အဓိကနေရာတွင် ထိုင်လိုက်ပြီးနောက် ဖန့်ချန်ကို ပြုံးရွှင်စွာ ကြည့်၍ ဆိုသည်။
"ရှောင်ထုကို သံသရာဌာနရဲ့ ဖွဲ့စည်းပုံအကြောင်း ရှင်းပြခိုင်းလိုက်မယ်၊ ပြီးရင် မင်းရဲ့ အကြံဥာဏ်ကို ငါ့ကို ပြန်ပြောပြပေါ့၊ မင်းကိုယ်တိုင် ဘယ်လို ရာထူးမျိုးနဲ့ သင့်တော်မလဲဆိုတာ ကြည့်လိုက်ဦး"
ပြောပြီးသည်နှင့် သူမက ဖေထုကို လှည့်ကြည့်လိုက်သည်။
ဖေထုက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး လည်ချောင်းတစ်ချက် ဟန့်ကာ ဆိုသည်။
"ဖန့်ညီလေး... သံသရာဌာနမှာ အဓိက ဌာနခွဲ သုံးခု ရှိတယ်၊ ဒါတွေကတော့ အမည်စာရင်းသွင်းခြင်း၊ စစ်ဆေးအတည်ပြုခြင်း နဲ့ သေတ္တာပိတ်ခြင်း ဒါမှမဟုတ် နောက်ဆုံး ဆုံးဖြတ်ခြင်း တို့ပဲ"
"အမည်စာရင်းသွင်းခြင်း ဆိုတာက သံသရာလည်မယ့်သူတွေရဲ့ အမည်ကို မှတ်တမ်းတင်ရတာ၊ တစ်ဆက်တည်းမှာပဲ သူတို့ ပြန်လည် မွေးဖွားမယ့်နေရာကို အကြမ်းဖျင်း စီစဉ်ပေးရတာပေါ့"
"စစ်ဆေးအတည်ပြုခြင်း ဆိုတာကတော့ အမည်စာရင်းသွင်းတဲ့အခါမှာ သင့်တင့်လျောက်ပတ်မှု ရှိမရှိ၊ တစ်စုံတစ်ယောက်က လာဘ်ထိုးလို့ နေရာလွဲ စီစဉ်ပေးလိုက်တာမျိုး ရှိမရှိကို စစ်ဆေးရတာ။ မင်းသိတဲ့အတိုင်း ကျွယ်မင်ကြယ်က အလွန်ကျယ်ပြောတယ်၊ တစ်ခါတလေ ပြန်လည် မွေးဖွားမယ့်နေရာက နောင်တစ်ချိန် ကျင့်ကြံသူ ဖြစ်လာနိုင်မလား ဆိုတာကို အဆုံးအဖြတ် ပေးနိုင်လို့ပဲ"
"သေတ္တာပိတ်ခြင်း ဆိုတာကတော့ နိဂုံးချုပ် ဆုံးဖြတ်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ သူတို့က လွင့်မျောနေတဲ့ ဝိညာဉ်တွေကို သံသရာထဲကို အပြီးသတ် ပို့ဆောင်ပေးရတဲ့သူတွေပေါ့"
"လက်ရှိမှာ ငါတို့ သံသရာဌာနမှာ ဌာနချုပ်မှူး တစ်ဦး ရှိတယ်၊ ယင်အရှင် နှစ်ဦးက ကူညီပေးတယ်။အမည်စာရင်းသွင်းခြင်းဆိုင်ရာ အရာရှိချုပ် တစ်ဦးရှိပြီး လက်အောက်မှာ အမည်စာရင်းသွင်း စေတမန် ၃၃ ဦး ရှိတယ်"
"စစ်ဆေးအတည်ပြုခြင်းဆိုင်ရာ အရာရှိချုပ် တစ်ဦးရှိပြီး လက်အောက်မှာ စစ်ဆေးရေး စေတမန် ၂၉ ဦး ရှိတယ်။ သေတ္တာပိတ်ခြင်းဆိုင်ရာ အရာရှိချုပ် တစ်ဦးရှိပြီး လက်အောက်မှာ သေတ္တာပိတ် စေတမန် ၄၉ ဦး ရှိတယ်"
ဤသို့ ပြောပြီးနောက် ဖေထုက ပြုံး၍ ဆက်ပြောသည်။
"ဒီအရေအတွက်က သိပ်မများဘူးလို့ ထင်လားကျုပ်တို့ ကျွယ်မင်နန်းတော်က အမာခံတပည့် ထောင်နဲ့ချီထဲမှာ အများစုက သံသရာဌာနကို ဝင်ချင်ကြတာ။ ဘာလို့လဲဆိုတော့ ဒီမှာ ခံစားခွင့်တွေ ကောင်းတယ်၊ အခွင့်အရေးလည်း ကောင်းတယ်၊ ပြီးတော့ အပြင်ထွက်ပြီး စွန့်စားစရာလည်း မလိုဘူး။ ဌာနကြီး ခြောက်ခုထဲမှာ အမာခံတပည့် အရေအတွက် အနည်းဆုံး ဌာနလည်း ဖြစ်တယ်"
"ဒါပေမဲ့ အမာခံတပည့် တစ်ယောက်ချင်းစီရဲ့ လက်အောက်မှာ အရန်ကျင့်ကြံသူ ရာနဲ့ချီ ရှိတယ်လေ။ ဒါကြောင့် အလုပ်အများစုကို သူတို့ကို ခိုင်းလိုက်ရုံပဲ။ သံသရာဌာနရဲ့ အလုပ်တွေက ရှုပ်ထွေးတယ်လို့ ထင်ရပေမဲ့ ကျွမ်းကျင်သွားရင်တော့ အဆင်ပြေသွားမှာပါ"
"ဖန့်မောင်လေး... မင်း ဘယ်ရာထူးနဲ့ သင့်တော်မယ်လို့ ထင်လဲ"
စီနီယာအစ်မကြီးက မေးလိုက်သည်။
"အမည်စာရင်းသွင်း စေတမန် အဖြစ်ကနေပဲ စလုပ်ကြည့်ပါ့မယ်"
"ဒါဆိုရင်တော့ တကယ့်ကို အဆင်ပြေတာပဲ၊ ငါက အမည်စာရင်းသွင်းခြင်းဆိုင်ရာ အရာရှိချုပ်လေ"
ဖေထုက တစ်ဟားဟား ရယ်မောလိုက်သည်။
"စီနီယာအစ်မကြီးက ကိုယ်တိုင် လိုက်ပို့ပေးတယ်ဆိုကတည်းက မင်းက ထူးချွန်တဲ့သူ ဖြစ်မှာ သေချာတယ်၊ ငါ့ဆီမှာလည်း လူတော်တွေ လိုအပ်နေတာနဲ့ အတော်ပဲ"
"မင်း ထပ်မစဉ်းစားတော့ဘူးလား အမည်စာရင်းသွင်း စေတမန်က တော်တော်တော့ လက်ဝင်တယ်နော်၊ တစ်နေ့လုံး သံသရာလည်မယ့်သူတွေရဲ့ စာရင်းကို မှတ်တမ်းတင်နေရမှာ။ စစ်ဆေးရေး စေတမန်နဲ့ သေတ္တာပိတ် စေတမန်တွေက အလုပ်လည်း ပိုသက်သာသလို လစာလည်း ပိုကောင်းတယ်"
စီနီယာအစ်မကြီးက ဆိုသည်။
"စီနီယာအစ်မကြီးရယ်... သူ့ကို ကျနော့်လက်အောက်မှာပဲ အလုပ်လုပ်ခွင့် ပေးလိုက်ပါဗျာ။ တခြား ဂျူနီယာလေးတွေက ဘယ်လောက် စကားနားမထောင်ဘူးဆိုတာ အစ်မကြီးလည်း သိသားပဲ၊ ဒီအတိုင်းဆို ကျနော့်ခေါင်းက သုံးဆလောက် ပိုကြီးလာတော့မှာ"
ဖေထုက ခါးသက်သက် ပြုံး၍ ဆိုလိုက်သည်။
"ကောင်းပြီလေ... သူကိုယ်တိုင် ရွေးချယ်တာဆိုတော့ ငါလည်း ကြားဝင်မစွက်တော့ဘူး"
စီနီယာအစ်မကြီးက တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"မင်းကတော့ ဝါရင့်သူတစ်ယောက် ဖြစ်နေပြီဆိုတော့ တခြား ဂျူနီယာလေးတွေရဲ့ ဆိုးတေတဲ့ စရိုက်ကို ထိန်းကျောင်းဖို့ မင်းလို ဝါရင့်သူမျိုး လိုတာပေါ့"
သူမက စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး ဖန့်ချန်ကို ပြုံး၍ ဆိုသည်။
"လီရှမ်းဇီ က သံသရာဌာနရဲ့ သေတ္တာပိတ်ခြင်းဆိုင်ရာ အရာရှိချုပ်ပဲ၊ ပြီးခဲ့တဲ့ ဝူရှန့်ငရဲခရီးစဉ် ပြီးတော့မှ ရာထူးတိုးသွားတာ"
ဖန့်ချန်က အံ့အားသင့်သွားသည်။
"လီစီနီယာက အစီရင်မသေမျိုးအတတ်တွေကိုတောင် တတ်မြောက်ထားပြီဖြစ်လျက်နဲ့ အရာရှိချုပ် တစ်ဦးပဲ ဖြစ်နိုင်တာလား "
"အဲဒါကလည်း မနည်းဘူးလေ၊ အရာရှိချုပ်ဆိုတာ ဖေထုရဲ့ ရာထူးထက် အများကြီး ပိုအရေးပါတယ်၊ ပြီးတော့ သေတ္တာပိတ်ခြင်းဆိုတာ အရေးကြီးတဲ့ အပိုင်းပဲ။ အဲဒီအထက်မှာတော့ ယင်အရှင်နဲ့ ဌာနချုပ်မှူးတွေ ရှိတယ်၊ အဲဒီနေရာတွေက အကြီးအကဲအဖွဲ့က အကြီးအကဲတွေပဲ ထိုင်ကြတာ။ အစီရင်မသေမျိုးအတတ် တတ်မြောက်ထားတာနဲ့တင် အားလုံး ပြီးသွားပြီလို့ ထင်နေတာလား မင်းရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်ကလည်း လုံလောက်ဖို့ လိုသေးတယ်လေ"
"ဥပမာပြောရရင် နံပါတ်နှစ် စီနီယာဆိုရင် ကျွယ်မင်ယင်လောကမှာ ဗဟိုဌာနရဲ့ အရာရှိငယ်လေး တစ်ဦးပဲ ရှိသေးတယ်၊ အရာရှိချုပ်တောင် မဟုတ်ဘူး။ နံပါတ်သုံးကတော့ ယင်စစ်သည်ဌာနမှာ အရာရှိချုပ်၊ နံပါတ်လေးက ဝိညာဉ်ဖမ်းဆီးရေးဌာန၊ နံပါတ်ငါးက တရားသူကြီးဌာန၊ နံပါတ်ခြောက်က မိစ္ဆာလေ့ကျင့်ရေးဌာန၊ နံပါတ်ခုနစ်ကတော့ နံပါတ်နှစ်လိုပဲ ဗဟိုဌာနမှာ ရှိကြတယ်"
စီနီယာအစ်မကြီးက ရှင်းပြလိုက်သည်။
ဖေထုမှာ စိတ်ထဲမှ တုန်လှုပ်သွားမိသည်။
ပုံမှန်ဆိုလျှင် စီနီယာအစ်မကြီးက ဤမျှအထိ စကားအများကြီး ပြောလေ့မရှိပေ။
အဘယ်ကြောင့် ထိုအမာခံတပည့်သစ်အပေါ် ဤမျှအထိ ထူးထူးခြားခြား ဆက်ဆံနေရသနည်း။
"ဒါနဲ့... အရင် သံသရာဌာနရဲ့ ဌာနချုပ်မှူးက ကျန်းမာရေး တစ်ခုခု ချို့ယွင်းသွားလို့ ရာထူးကနေ နုတ်ထွက်သွားတယ်၊ အခု အသစ်တက်လာတဲ့ တစ်ယောက်ကတော့... ပြောရရင် မင်းနဲ့လည်း ရေစက်ရှိတယ်လို့ ဆိုရမယ်"
စီနီယာအစ်မကြီးက ဆိုလိုက်သည်။
ကျနော်နဲ့ ရေစက်ရှိတယ်
ဖန့်ချန်၏ စိတ်ထဲတွင် တစ်ခုခုကို ရိပ်မိလိုက်ပြီး ဝေခွဲမရသည့် အမူအရာဖြင့်
"ဘယ်သူများပါလိမ့်..."
"သူက အောက်နယ်မြေ ခြောက်ခုက လာတာ၊ အရင်က ထိုက်ရွှမ်မသေမျိုး လို့ ခေါ်တယ်၊ အခုတော့ ရှေးဟောင်းမသေမျိုး ဖြစ်သွားပြီဆိုတော့ နောက်ဆုံး စကားလုံး နှစ်လုံးကို ဖြုတ်လိုက်ပြီပေါ့။ သူက ငါတို့ ကျွယ်မင်ကျင့်ကြံသူ ဖြစ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ အောင်မြင်မှုတွေလည်း အများကြီး ရထားတာ"
"အကြီးအကဲတွေက သူ့ကို အတော်လေး အရေးပေးကြတယ်၊ ငါလည်း သူ အလုပ်လုပ်ပုံကို သဘောကျတယ်၊ ဒါကြောင့် ဒီတစ်ခေါက် သံသရာဌာနရဲ့ ဌာနချုပ်မှူး ရာထူးကို သူပဲ ရသွားတာ"
စီနီယာအစ်မကြီးက ပြုံး၍ ဆက်ပြောသည်
"သူက လီရှမ်းဇီ နဲ့လည်း ပတ်သက်မှု ရှိတယ်၊ လီရှမ်းဇီ ရဲ့ ညီမလေးရဲ့ ဆရာလည်း ဖြစ်တယ်။ သူ့ရဲ့ မူလ မျိုးနွယ်ကလည်း မသေးဘူး၊ စိတ်ဝိညာဥ်တောင် မှာ ပညာသင်ကြားခဲ့တာလေ။ ငါမှတ်မိသလောက်ဆိုရင် မင်းရဲ့ အရင် စစ်ဆေးမှုတုန်းက သူက စစ်ဆေးရေး အရာရှိချုပ်ပဲ၊ မင်းတို့ တွေ့ဖူးမှာပါ"
"ဪ... ဒီစီနီယာကြီးကို ပြောတာကိုး"
ဖန့်ချန်က နားလည်သွားသလို အမူအရာ လုပ်လိုက်သည်။
အမှားအယွင်း မရှိနိုင်ပါက ထိုထိုက်ရွှမ်းမသေမျိုးမှာ ဝမ်ချုံစန်း၏ ပင်ကိုယ်ခန္ဓာ ဖြစ်နိုင်ချေ များလှသည်။
ဤတစ်ကြိမ်တွင် စီနီယာအစ်မကြီး ပြောပြလိုက်သည့် သတင်းက အတော်လေး အရေးပါလှသည်။
သူက စိတ်ဝိညာဥ်တောင် က လာတာတဲ့လား
ဒါဆိုရင် ရှေးဟောင်းမိစ္ဆာဂိုဏ်း နဲ့ အမြဲတမ်း ရင်ဆိုင်နေရတဲ့ အင်အားစုက ဒီအင်အားစုပဲလား
စိတ်ဝိညာဥ်နယ်မြေ...စိတ်ဝိညာဥ်တောင်။
ဖန့်ချန်သည် ထိုအင်အားစုမှာ အလွန်ပင် မရိုးရှင်းကြောင်း ခံစားလိုက်ရသည်။
"စီနီယာအစ်မကြီး...စိတ်ဝိညာဥ်တောင် ဆိုတာ ဘယ်လို အင်အားစုမျိုးလဲ၊ စိတ်ဝိညာဥ်နယ်မြေရဲ့ ထိပ်တန်း အင်အားစုလား "
ဖန့်ချန်က မေးလိုက်သည်။
သူ၏ လက်ရှိ အဆင့်အတန်းနှင့်ဆိုလျှင် ထိုမေးခွန်းများကို မေးမြန်းခြင်းက မည်သည့် သံသယကိုမျှ ဖြစ်စေမည် မဟုတ်ပေ။
"လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းကတော့ ဟုတ်တာပေါ့၊ ဒီနယ်မြေကိုတောင် စိတ်ဝိညာဥ်နယ်မြေ လို့ ခေါ်ကြတာပဲလေ။ ဒါပေမဲ့...စိတ်ဝိညာဥ် တောင်က ကပ်ဘေးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရလို့ အခုတော့ သိပ်ပြီး အခြေအနေ မကောင်းတော့ဘူး၊ ဒီနယ်မြေရဲ့ ဒုတိယတန်းစား အင်အားစုလောက်ပဲ ဖြစ်တော့တယ်"
စီနီယာအစ်မကြီးက ရယ်မော၍ ဆိုသည်။
ကပ်ဘေးကြီးကို ကြုံခဲ့ရတယ်
မိစ္ဆာကပ်ဘေး လား...
ဖန့်ချန်က စဉ်းစားနေဆဲမှာပင် လူရိပ်တစ်ခု ခပ်သွက်သွက် လျှောက်လာသည်ကို မြင်လိုက်ရသည်။
လူမရောက်မီ အသံက အရင် ထွက်ပေါ်လာသည်
"စီနီယာအစ်မကြီး... ဖန့်ညီလေးကို အလုပ်သွင်းဖို့ ခေါ်လာတယ်လို့ ကြားတယ်၊ ဖန့်ညီလေးကို ကျနော့်ရဲ့ သေတ္တာပိတ် စေတမန်အဖြစ် ခန့်ပေးလို့ ရမလားဗျာ "
လာရောက်သူမှာ အခြားသူ မဟုတ်ဘဲ လီရှမ်းဇီး ပင် ဖြစ်လေတော့သည်။
***