မကြာမီမှာပင် သတိလစ်နေသော ယွင်ယန်ကို ခေါ်ဆောင်သွားကြပြီး မြင်းခေါင်းမျက်နှာဖုံးစွပ် အစောင့်မှာလည်း လေထဲတွင် ပျောက်ကွယ်သွားပြန်သည်။ ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသားများသည် သူတို့၏ ကိုယ်ပိုင်ဘတ်စ်ကားပေါ်သို့ အောင်မြင်စွာ တက်နိုင်ခဲ့ကြသည်။
သို့သော် ထိုကျောင်းသားများနှင့် ဒါရိုက်တာ လီကျဲအတွက်မူ နွားခေါင်းနှင့် မြင်းခေါင်းမျက်နှာဖုံးစွပ် အစောင့်နှစ်ဦး၏ အရိပ်အယောင်များမှာ စိတ်ထဲမှ ထွက်မသွားသေးပေ။ ထိုထူးဆန်းလှသော သိုင်းပါရမီနှင့် ကျွဲတစ်ကောင်အလား အစွမ်းထက်လှသော ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ရင်တုန်စရာ ကောင်းလှ၏။
ထို့ထက်ပို၍ ဂူချန်၏ဘေးတွင် ပဉ္စမအဆင့် နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင် နှစ်ဦး အမြဲတမ်း စောင့်ရှောက်နေသည်ဟူသောအချက်က သူတို့၏ စိတ်ကို ပို၍ ဖိအားဖြစ်စေသည်။ ထိုဖိအားမှာ မြွေဟောက်တစ်ကောင်၏ ရစ်ပတ်ခြင်းကို ခံထားရသကဲ့သို့ ခံစားနေရစေသည်။
ဘတ်စ်ကားပေါ်တွင် အားလုံးက ခေါင်းငုံ့ထားကြပြီး တစ်ကားလုံး တိတ်ဆိတ်နေတော့၏။ လီကျီရန် တစ်ယောက်သာလျှင် ထိုထူးဆန်းသော အခြေအနေကို ဂရုမစိုက်ဘဲ ဂူချန်ကို အတင်းမြှောက်ပင့် ပြောဆိုနေသည်။
" ဘောစ့်... ဘောစ့်မှာ ဒီလောက်သန်မာတဲ့ အစောင့် နှစ်ယောက်ရှိတာ တကယ်ကို မိုက်တယ်ဗျာ.."
"ဘောစ့်... အဲဒီမိန်းမ ဝတ်ထားတဲ့ အဝတ်အစားကို ကျွန်တော် သိတယ်၊ သူက အမှိုက်တက္ကသိုလ်တစ်ခုက ဆရာမပဲ .. ဘောစ့်ရဲ့ ဂူမိသားစုနဲ့ ယှဉ်ရင် သူက လပြည့်ဝန်းရှေ့က ကြယ်သေးသေးလေးနဲ့တူတယ်.."
"ဘောစ့်... ကျွန်တော်..."
"ပါးစပ်ပိတ်စမ်း.."
ဂူချန်က စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်ပြီး လီကျိရန်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဖြန်း...
လီကျီရန်၏ မျက်နှာမှာ တစ်ဖက်သို့ လည်ထွက်သွားသော်လည်း သူက ဒေါသထွက်ဟန် မပြ။ ယခင်ထက်ပင် ပို၍ အားကိုးတကြီး ကြည့်နေပြန်သည်။
ဂူချန်က စိတ်ပျက်စွာဖြင့် မျက်လုံးမှိတ်လိုက်၏။ သူ ထိုကောင်ကို နောက်ထပ် လက်ဝါးတစ်ချက် ထပ်ကျွေးချင်သော်လည်း စနစ်က ဘာသတိပေးချက်မှ မပြပေ။ ဆိုလိုသည်မှာ လီကျီရန်ကို ရိုက်နှက်ခြင်းမှာ ကောင်းမှုကုသိုလ် မြောက်ပုံမရဘဲ ထိုကောင်ကပင် သဘောကျနေပုံရသည်။
ဤသို့သော လူစားမျိုးကို သူ ဘာမှမတတ်နိုင်ပေ။ ထို့အပြင် လီကျီရန်မှာ သစ္စာရှိသော လက်ပါးစေတစ်ဦး ဖြစ်သဖြင့် သူ့ကို သတ်ပစ်၍လည်း မဖြစ်ပေ။
ဂူချန်သည် လိကျိရန်ကို လျစ်လျူရှုကာ စနစ်၏ မျက်နှာပြင်ကို ခေါ်ယူ၍ သူ၏ စေတနာတန်ဖိုး စုစုပေါင်းကို စစ်ဆေးလိုက်သည်။
【လက်ရှိ စေတနာတန်ဖိုး - ၁၁၂၀】
'စနစ်... ငါ့ရဲ့ စေတနာတန်ဖိုးတွေကို သိုင်းအဆင့်အတွက် သုံးလိုက်မယ် ..'
ဂူချန် စိတ်ထဲမှ တွေးလိုက်သည်။
ကျန်းနန်ပြည်နယ်၏ အသန်မာဆုံး ကျောင်းသားမှာ ဒုတိယအဆင့် အထွက်အထိပ်မှာသာ ရှိသေးသဖြင့် စစ်မှန်သောသိုင်းအဆင့် ၇တွင်ရှိသော ဂူချန်အတွက် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။ သို့သော် ဂူချန်အတွက်မူ ၉၉ ရာခိုင်နှုန်း အနိုင်ရနိုင်ခြေရှိခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သည်။ သူ တိုက်ခိုက်မည်ဆိုပါက အမြင့်ဆုံး အခြေအနေဖြင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။
[ကျင့်ကြံမှုအတွက် ပြင်ဆင်နေသည်...]
[အိမ်ရှင်၏ ပါရမီကြောင့်... ကျင့်ကြံမှု အရှိန်မြှင့်တင်နေသည်...]
[ကျင့်ကြံမှု စတင်နေပြီ]
[စေတနာတန်ဖိုး ၄၁၀ အသုံးပြုလိုက်သည်။ သင်၏ အဆင့်သည် စစ်မှန်သောသိုင်းနယ်ပယ် အဆင့် ၈သို့ တိုးတက်သွားပြီ ဖြစ်သည်]
[စေတနာတန်ဖိုး ၉၆၀ အသုံးပြုလိုက်သည်။ သင်၏ အဆင့်သည် စစ်မှန်သောသိုင်းနယ်ပယ် အဆင့်၉၊ ပြီးပြည့်စုံသော အောင်မြင်မှုသို့ တိုးတက်သွားပြီ ဖြစ်သည်]
[သင်၏ ခန္ဓာကိုယ်အတွင်း စစ်မှန်သောချီ လည်ပတ်မှုမှာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားပြီ။ အသက်ရှူတိုင်းတွင် သင်၏ ခန္ဓာကိုယ်အတွင်းရှိ နေမင်းစကြာယန်ချီ ကို စိတ်တိုင်းကျ အသုံးပြုနိုင်သည်။ စစ်မှန်သောချီအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာသည်]
[အိမ်ရှင်၏ ကျန်ရှိသော စေတနာတန်ဖိုးမှာ နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းရန် မလုံလောက်တော့ပေ။ ကျင့်ကြံမှုကို ရပ်တန့်မလား]
' ရပ်လိုက်တော့..'
ဂူချန်၏ စိတ်အမိန့်ပေးမှုအပြီးတွင် မျက်နှာပြင်မှာ ပြောင်းလဲသွားသည်။
[ကျင့်ကြံမှု ပြီးဆုံးသွားပြီ]
[ကျန်ရှိသော စေတနာတန်ဖိုး - ၅၂]
' စေတနာတန်ဖိုးတွေက နည်းသွားပြန်ပြီ..သုံးရတာ မလောက်ဘူး..'
ဂူချန်သည် ကျန်ရှိနေသော တန်ဖိုးကို ကြည့်ကာ ခေါင်းကိုက်သွား၏ ။ ယွင်ယန်ထံမှ ရရှိခဲ့သော စေတနာတန်ဖိုး မှာမျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ယခင်က စေတနာတန်ဖိုး တစ်ထောင်ဆိုလျှင် အဆင့်များစွာကို တက်လှမ်းနိုင်သော်လည်း ယခုအခါ နှစ်ဆင့်တက်ရုံနှင့်ပင် ကုန်လုနီးပါး ဖြစ်သွားသည်။ သို့သော် ဤသည်က ပုံမှန်သာ ဖြစ်သည်။ သူ၏ ပါရမီနှင့် အရည်အချင်းမှာ ယခင်ကထက် သာလွန်နေသောကြောင့် အဆင့် မြှင့်တင်ရန် ခက်ခဲမှုမှာလည်း တစ်ဆင့်ချင်း မြင့်တက်လာခြင်း ဖြစ်သည်။
မုရုံချင်းရွှယ်ကဲ့သို့ ပါရမီရှင်မျိုးပင် ဒုတိယအဆင့်အတွင်း တစ်ဆင့်တိုးရန် လပေါင်းများစွာ ကြာမြင့်တတ်သည်။ အကယ်၍ တတိယအဆင့်ဆိုလျှင် နှစ်နှင့်ချီ၍ ကြာနိုင်ပေသည်။ သို့သော် သူကမူ တစ်ချက်နှိပ်ရုံဖြင့် ဒုံးပျံကို ဖျင်ကြားညှပ်၍ အဆင့်တက်နိုင်လေသည် ။
' ပါရမီနဲ့ အရည်အချင်း တိုးတက်မှုက ခွန်အားတိုးတက်မှုနဲ့ မျှတနေမှ စေတနာတန်ဖိုးတွေကို အထိရောက်ဆုံး သုံးနိုင်မှာ..'
ဂူချန် တွေးလိုက်သည်။
ပါရမီတိုးတက်ခြင်းက စေတနာတန်ဖိုး အနည်းငယ်ဖြင့် ခွန်အားပိုမိုရရှိစေပြီး၊ ခွန်အားတိုးတက်ခြင်းက ပိုမိုကြီးမားသော ကောင်းမှုကုသိုလ်များကို လုပ်ဆောင်နိုင်စေကာ စေတနာတန်ဖိုးများ ပိုမိုရရှိစေမည် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ခွန်အားများကို ခံစားရင်း ဂူချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ စစ်မှန်သောသိုင်းနယ်ပယ် အဆင့်ကိုး ဆိုသည်မှာ ချင်းဟယ်မြို့ရှိ မျိုးဆက်သစ်လူငယ်များထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။
' နောက်တစ်ခါ စေတနာတန်ဖိုး လုံလောက်ရင် ခရမ်းရောင် နတ်ဆိုးမျက်လုံး ကို SSS အဆင့်အထိ အရင်မြှင့်ကြည့်ရမယ်.. ဘာတွေ ပြောင်းလဲသွားမလဲ သိချင်တယ်..'
ဂူချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
' ကျန်းနန်ပြည်နယ်က ပါရမီရှင်လေးတို့... မလောကြပါနဲ့ဦး..မင်းတို့ရဲ့ အိပ်မက်ဆိုးတွေ လာနေပြီ..'
တစ်ချိန်တည်းမှာပင် လင်းထျန်းမြို့ အမှတ် (၁) အထက်တန်းကျောင်း၌...
ကျောင်းသား ၁၀ ဦးနှင့် ဦးဆောင်ဆရာတို့သည် ကိုယ်ပိုင်ဘတ်စ်ကားပေါ်တွင် ထိုင်ကာ မနက်ဖြန်ပြုလုပ်မည့် ပုံစံတူ စစ်ဆေးမှုအကြောင်း ရယ်မောကာ ပြောဆိုနေကြသည်။
"ချင်းဟယ်မြို့က ပါရမီရှင်မလေး ရှုံးသွားတယ်လို့ ကြားတယ်.. တကယ်ကို ရှက်စရာပဲ.."
"ဒုတိယအဆင့်၇က ကောင်မလေးလား.."
"အေး... ဘယ်သူ့ကို ရှုံးတာလဲ သိလား.."
"ဝှက်မထားပါနဲ့ဟ..ပြောပြစမ်းပါ.."
"ချင်းဟယ် ဂူမိသားစုရဲ့ သခင်လေး ဂူချန်ပဲ.. မင်းတို့လည်း သိမှာပါ.."
"မဖြစ်နိုင်တာ... မင်းနောက်နေတာလား.. အဲဒီလို မိန်းမလိုက်စားတဲ့ လူရှုပ်လူပွေက ဒီလောက်အထိ သန်မာပါ့မလား.."
"ယုံချင်ယုံ..မယုံချင်နေ.."
သူတို့နှစ်ဦး၏ ငြင်းခုံသံမှာ ရှေ့ဆုံးတွင် ထိုင်နေသော မိန်းကလေးဆန်ဆန် လူငယ်တစ်ဦး၏ စိတ်ဝင်စားမှုကို ရရှိသွားသည်။
"ရှောင်လီ... မင်းရဲ့ သတင်းက သေချာရဲ့လား.."
"သေချာတာပေါ့.. တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်ထားတာ.. တကယ်ကြီးပဲ.."
ထိုကျောင်းသားက စိုးရိမ်တကြီး ပြောလိုက်သည်။
"မုရုံချင်းရွှယ်ကို အနိုင်ရတယ်ဆိုရင် ဂူချန်ရဲ့ အစွမ်းက ဒုတိယအဆင့် အထွက်အထိပ်လောက် ရှိမှာပဲ.. ငါတို့ အရင်က လူရှုပ်လို့ ထင်ထားတဲ့လူက ရုတ်တရက် အသန်မာဆုံး ဖြစ်လာမယ်လို့ ဘယ်သူ ထင်ထားမှာလဲ.."
ဘေးမှ ဆရာ ဝမ်ကန်းကလည်း သတိပေးလိုက်သည်။
"ဂူချန်က ဒီနှစ် စစ်ဆေးမှုမှာ မင်းတို့အတွက် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လာလိမ့်မယ်.. သူနဲ့တွေ့ရင် ဝေးဝေးက ရှောင်ကြပေါ့.."
"ကျွန်တော်တော့ အဲဒီလို မထင်ဘူး.."
သို့သော် ထိုအချိန်တွင် ဘတ်စ်ကားပေါ်၌ မနှစ်မြို့ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းက ထိုအသံရှင်ကို ကြည့်လိုက်ကြရာ အိုးရန်ပုကျန့် ဖြစ်နေသည်။
အိုးရန်ပုကျန့်က လက်ပိုက်လျက် သူ၏ မိန်းကလေးဆန်သော မျက်နှာတွင် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ဆရာဝမ်... ဆရာက အဲဒီလူရှုပ်ကို အထင်ကြီးလွန်းနေပြီ.. ဒုတိယအဆင့် အထွက်အထိပ် အဆင့်တူချင်းမှာတောင် ခွန်အားချင်းက ကွာခြားမှု အများကြီး ရှိတယ်.. အချိန်တန်ရင် သူ့ရဲ့ အဆင့်အတန်းက ဘယ်လောက်တောင် အနှစ်မရှိဘဲ ပေါ့ပျက်ပျက် ဖြစ်နေသလဲဆိုတာ နားလည်အောင် ကျွန်တော် လုပ်ပြပေးလိုက်မယ် .."
***