ဝမ်ကျန့်သည် သူ၏ရှေ့တွင် ရပ်နေသော သမီးဖြစ်သူကို မြင်လိုက်ရသည့်အခါမှ အသက်ဝဝ ရှူနိုင်တော့သည်။
"အဖေ... ဘာတွေဖြစ်နေတာလဲ။ လူတွေအများကြီး ရှေ့မှာ ဒူးထောက်ပြီး ဘာလို့ အော်ဟေနေတာလဲ"
ရှို့ယင်းက သူမ၏ အဖေကို အတော်လေး အနေရခက်သော မျက်နှာပေးဖြင့် ကြည့်ကာ မေးလိုက်သည်။ သူမသည် ခဏမျှသာ လူအုပ်ကြားထဲတွင် ပျောက်သွားခြင်းဖြစ်သော်လည်း သူမ၏ အဖေကမူ ဂိုဏ်းတစ်ခုလုံး ပျက်စီးတော့မည်ဟုပင် ထင်မှတ်သွားခဲ့ခြင်း ဖြစ်သည်။
ဝမ်ကျန့်သည် အလျင်အမြန်ပင် ပြန်ထလိုက်ပြီး သူ၏ ဝတ်စုံပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်
သည်။
"အဟမ်း... ဘာမှမဟုတ်ပါဘူး သမီးရယ်။ ဒီအတိုင်း... ဒီဂိုဏ်းရဲ့ မြေကြီးက ဝိညာဉ်စွမ်းအင်တွေ ဘယ်လောက်တောင် သိပ်သည်းနေသလဲဆိုတာကို အနီးကပ် စစ်ဆေးကြည့်နေတာပါ"
သူက ဗြောင်လိမ်လိုက်တော့သည်။
သူသည် ပတ်ဝန်းကျင်မှ ဧည့်သည်များ၏ စူးစမ်းသော အကြည့်များကို လျစ်လျူရှုကာ ရှို့ယင်းကို အဝေးသို့ ဆွဲခေါ်သွားခဲ့သည်။
"သမီး... ဒီနေ့က အရမ်းအရေးကြီးတယ်။ ဘာပြဿနာမှ မရှာမိပါစေနဲ့နော်။ အထူးသဖြင့်... အကြီးအကဲ ရှန်းယွီကို မြင်တဲ့အခါမှာ မင်းရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားရမယ်။ မဟုတ်ရင် ဂိုဏ်းချုပ် လီယောင်းက ငါတို့ကို အရှင်လတ်လတ် မြေမြှုပ်ပစ်လိမ့်မယ်"
သူက တိုးတိုးလေး သတိပေးလိုက်သည်။
ရှို့ယင်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမ၏ နှလုံးသားထဲတွင် နာကျင်မှုအချို့ ရှိနေသည်မှာ အမှန်ပင်။ သို့သော် သူမသည် ရှန်းယွီနှင့် လီယောင်းတို့ကြားရှိ သံယောဇဉ်မှာ မည်သူမျှ ကြားဖြတ်၍ မရနိုင်ကြောင်း ကောင်းကောင်း သဘောပေါက်ထားပြီးသား ဖြစ်သည်။
"စိတ်မပူပါနဲ့ အဖေ။ ကျွန်မက သူတို့နှစ်ယောက်အတွက် တကယ်ပဲ ဝမ်းသာပေးနေတာပါ"
သူမက ပြောလိုက်သည်။
...
ထိုအချိန်တွင် မင်္ဂလာပွဲကျင်းပမည့် ရင်ပြင်ကျယ်ကြီးအတွင်း၌ တူရိယာသံများ စတင်ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အရှေ့ဘက် အရပ်မျက်နှာမှ နေမင်းမှာ ကောင်းကင်အလယ်သို့ ရောက်ရှိလာပြီး မင်္ဂလာအခါတော် အချိန်သို့ ဆိုက်ရောက်လာခဲ့ကာ ဧည့်သည်တော်များအားလုံးမှာလည်း သူတို့၏ ထိုင်ခုံများတွင် အသီးသီး နေရာယူထားကြပြီး ဖြစ်သည်။
ရုတ်တရက် ကောင်းကင်ယံထက်တွင် အနီရောင် မီးလျှံများ တောက်လောင်လာပြီး ကျယ်လောင်လှသော ငှက်အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဧည့်သည်များအားလုံး ခေါင်းမော့ကြည့်လိုက်ကြသည့်အခါ….
"ကြည့်စမ်း အဲဒါ ဖီးနစ်ငှက် မဟုတ်လား"
"မဟုတ်ဘူး... အဲဒါ ကျူးချွယ်ပဲ။ ဘုရားရေ... ခမ်းနားလိုက်တာ"
တောက်ပသော အနီရောင် မီးလျှံများဖြင့် ဖုံးလွှမ်းထားသည့် ကျူးချွယ်သည် ကောင်းကင်ယံတွင် ဝဲပျံနေပြီး သူမ၏ ကျောပေါ်တွင်မူ ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင် လီယောင်းက ဝတ်စုံနီကြီးဖြင့် ထိုင်လိုက်ပါလာသည်။
တစ်ချိန်တည်းမှာပင် ရင်ပြင်၏ အခြားတစ်ဖက်မှလည်း နက်မှောင်သော စိမ်းပြာရောင်
အလင်းတန်းများ ထွက်ပေါ်လာပြီး ခံ့ညားလှသော နဂါးတစ်ကောင်၏ ပုံရိပ်မှာ ကောင်းကင်ယံတွင် ထင်ဟပ်လာခဲ့သည်။ ရှန်းယွီသည်လည်း သူ၏ မင်္ဂလာဝတ်စုံဖြင့် စင်မြင့်ထက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေပြီ ဖြစ်သည်။
ဝမ်ကျန့်က နားလည်မှုရှိလှသော အပြုံးကြီးဖြင့် လျိုဖုန်း၏ ပခုံးကို ပုတ်ကာ "ဂုဏ်ယူပါတယ် လူငယ်လေးရာ... မင်းတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲလေးပါပဲ" ဟု ထပ်လောင်းပြောလိုက်သည်။
လျိုဖုန်းမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်နေစဉ် ဘေးနားရှိ လီမေကမူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "ဂိုဏ်းချုပ်ဝမ်... ရှင် တစ်ခုခု မှားနေပြီထင်တယ်။ ကျွန်မက ဒီလူ့နောက်ကို လိုက်လာတာ မဟုတ်ပါဘူးနော်" ဟု မတင်မကျ လေသံဖြင့် ပြန်ပြောလိုက်သည်။ သို့သော် သူမ၏ ပါးပြင်ပေါ်ရှိ ရှက်သွေးဖြာနေမှုကမူ သူမစကားနှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။
ဝမ်ကျန့်က ရယ်မောလိုက်ပြီး ရှို့ယင်းကို ကြည့်ကာ "တွေ့လား သမီး... လောကမှာ ကိုယ့်အတွက် သတ်မှတ်ထားတဲ့ ဖူးစာဆိုတာ ရှိပြီးသားပါ။ တချို့အရာတွေကို လက်လွှတ်လိုက်မှ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရလာတတ်တာမျိုးပေါ့" ဟု သွယ်ဝိုက်၍ ဆုံးမလိုက်သည်။
ရှို့ယင်းက ဘာမှပြန်မပြောဘဲ ကောင်းကင်ယံထက်မှ ပျံသန်းလာသော ကျူးချွယ်ငှက်ကြီးကိုသာ ငေးကြည့်နေမိသည်။
မင်္ဂလာရင်ပြင်ကျယ်ကြီးအတွင်း၌ တူရိယာသံများမှာ အထွတ်အမြတ်သို့ ရောက်ရှိလာခဲ့ကာ
ရှန်းယွီသည် ဝိညာဉ်ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော စင်မြင့်ထက်တွင် မတ်မတ်ရပ်နေသည်။ သူ၏ ခမ်းနားလှသော မင်္ဂလာဝတ်စုံနှင့် တည်ကြည်သော အရှိန်အဝါကြောင့် ဧည့်သည်တော်များအားလုံးမှာ စကားပင် မဟရဲဘဲ မှင်သက်စွာ ကြည့်နေကြရသည်။
ထိုစဉ် ကောင်းကင်ထက်မှ ကျူးချွယ်ငှက်ကြီးသည် စင်မြင့်အနီးသို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ လီယောင်းသည် ဖီးနစ်ငှက်ကျောပေါ်မှ သာသာယာယာ ဆင်းသက်လိုက်ပြီး ရှန်းယွီ၏ရှေ့တွင် ရပ်လိုက်သည်။ သူမ၏ မျက်နှာကို ပါးလွှာသော အနီရောင် ပိုးထည်ဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏ တောက်ပသော မျက်ဝန်းများကိုမူ အတိုင်းသား မြင်တွေ့နေရဆဲပင်။
ရှန်းယွီက လီယောင်း၏လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ လီယောင်း၏ လက်ကလေးများမှာ အနည်းငယ် တုန်ရင်နေသည်ကို သူ ခံစားလိုက်ရသဖြင့် သူမကို စိတ်အေးစေရန် လက်ကို ခပ်ဖွဖွလေး ညှစ်ပေးလိုက်သည်။
"စီနီယာအစ်ကို..."
လီယောင်းက တိုးတိုးလေး ခေါ်လိုက်သည်။
"အချိန်တန်ပြီ... လီယောင်း"
ရှန်းယွီက နွေးထွေးသော လေသံဖြင့် ပြန်ပြောလိုက်သည်။
ရှေ့မှောက်တွင်ရှိသော အကြီးအကဲကောင်းက ပြုံးရွှင်သော မျက်နှာဖြင့် သူတို့နှစ်ဦးကို ကြည့်ကာ မင်္ဂလာကတိသစ္စာပြုပွဲကို စတင်ရန် ပြင်ဆင်လိုက်တော့သည်။
နေမင်းကြီးသည် ကောင်းကင်အလယ် ဗဟိုတည့်တည့်သို့ ရောက်ရှိလာချိန်တွင် အခါတော်အခိုက်အတန့်သည်လည်း ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။ အကြီးအကဲကောင်းသည် တောင်စဉ်တောင်တန်းများ၏ အလယ်ဗဟိုရှိ နန်းဆောင်မှ ရှန်းယွီနှင့်အတူ မင်္ဂလာစင်မြင့်ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
ရှန်းယွီသည် သူ၏ ဟင်းလင်းပြင်ဝိညာဉ်ကြောင့် စိုးရိမ်ထိတ်လန့်ခြင်းမျိုး မရှိသော်လည်း၊ ယခုအချိန်တွင် သူကိုယ်တိုင်ပင် ရှင်းပြရခက်ခဲသော ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားနေရသည်။
အကြီးအကဲ ဖုန်းဝူရင်သည် မင်္ဂလာပွဲကို ဦးဆောင်ကျင်းပပေးရန် စင်မြင့်ထက်တွင် အသင့်စောင့်ကြိုနေသည်။ သူ၏ ဘေးနားတွင်မူ ကွယ်လွန်သွားပြီဖြစ်သော ယခင်ဂိုဏ်းချုပ်များ၏ ဝိညာဉ်အထိမ်းအမှတ် အမှတ်တံဆိပ်များကို လတ်ဆတ်သော အမွှေးနံ့သာများ၊ ပန်းများနှင့်အတူ ထားရှိထားသည်။ ဤမင်္ဂလာပွဲသည် အပြာရောင်တိမ်တိုက်ဂိုဏ်းအတွက် ခေတ်သစ်တစ်ခု၏ အစပျိုးခြင်းဖြစ်ရာ ဘိုးဘေးများကပါ သက်သေအဖြစ် သိမြင်စောင့်ရှောက်စေလိုခြင်းပင်။
ခန်းမဆောင် အဝင်ဝတွင် ခမ်းနားလှသော ဝိညာဉ်ရထားလုံးကြီး ဆိုက်ရောက်လာချိန်၌ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ထိုရထားလုံးကို ကျူးချွယ်က သူမ၏ ဖီးနစ်ငှက်အသွင်ဖြင့် ဆွဲဆောင်လာခြင်း ဖြစ်သည်။ သူမ၏ တောက်ပသော မီးလျှံအတောင်ပံများနှင့် ရွှေရောင်အဆင်တန်ဆာများသည် လူတိုင်းကို မှင်သက်သွားစေသည်။ ရထားလုံးကိုမူ မသေမျိုးအဆင့်ရှိသော ဝိညာဉ်သစ်သားများဖြင့် ထုလုပ်ထားသဖြင့် ဝိညာဉ်စွမ်းအင်များမှာ လျှံထွက်နေတော့သည်။
လီယောင်းသည် ရထားလုံးအတွင်းမှ ကျော့ရှင်းစွာ ဆင်းသက်လာခဲ့သည်။
ဂိုဏ်းသူလေးများက သူမ၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်ကာ ဝိညာဉ်ပန်းပွင့်ချပ်များကို လေထဲသို့ ကြဲပက်နေကြသည်။ သူမ၏ တောက်ပသော အရှိန်အဝါကြောင့် လာရောက်ကြသော ဂိုဏ်းချုပ်များပင် အသက်ရှူမှားမတတ် ငေးမောနေကြရသည်။
သို့သော် အမှန်စင်စစ်တွင်မူ အလယ်ပိုင်းတိုက်ကြီးမှ ဧည့်သည်များသည် လီယောင်း၏ အလှထက်စာလျှင် တန်ဖိုးကြီးလှသော ဝိညာဉ်ဆေးဖက်ဝင် အပင်များကို သာမန်အလှဆင်ပစ္စည်းများအဖြစ် ကြဲပက်နေသည်ကို ကြည့်ကာ ရင်နာနေကြခြင်း ဖြစ်သည်။
"ဒါကတော့ လွန်လွန်းလှပြီ... မင်းတို့ရဲ့ ဘိုးဘေးကိုးဆက်ကိုပဲ ကျိန်ဆဲလိုက်ချင်တော့တယ်"
အလယ်ပိုင်းတိုက်ကြီးမှ လူအချို့က စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲနေမိကြသည်။ အရှေ့ဘက်တိုက်ကြီးမှ အဓိကဂိုဏ်းကြီး ၅ ဂိုဏ်းကမူ ဤအခြေအနေကို ကျင့်သားရနေပြီဖြစ်သည်။ အပြာရောင်တိမ်တိုက်ဂိုဏ်းဆိုသည်မှာ ထိုကဲ့သို့ပင်။
ပန်းပွင့်ချပ်များ ခင်းကျင်းထားသော လမ်းထက်တွင် လီယောင်းသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာစဉ် ဧည့်သည်အားလုံး၏ အကြည့်မှာ သတို့သမီးထံသို့သာ စုပြုံရောက်ရှိနေတော့သည်။
ရှန်းယွီသည် စင်မြင့်ထက်သို့ လှမ်းတက်လာသော လီယောင်း၏ ရှေ့သို့ တိုးသွားလိုက်သည်။
သူသည် အလွန်ပင် ယုယညင်သာစွာဖြင့် သူမ၏ မျက်နှာကို ဖုံးအုပ်ထားသော အနီရောင်ပိုးထည်လွှာကို မတင်လိုက်ရာ၊ ပိုးထည်လွှာအောက်ရှိ လီယောင်း၏ တောက်ပလှပသော အပြုံးလေးမှာ ပေါ်ထွက်လာတော့သည်။
"မင်း တကယ်ကို လှပနေတာပဲ"
ရှန်းယွီက ဝိညာဉ်အသံလွှတ်ခြင်းဖြင့် သူမ၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
လီယောင်း၏ ပါးပြင်လေးများမှာ ပန်းရောင်သန်းသွားပြီး သူမ၏ အပြုံးမှာလည်း ယခင်ကထက်ပင် ပိုမိုတောက်ပလာခဲ့သည်။ စီနီယာအစ်ကိုက သူမကို ဤကဲ့သို့ ပထမဆုံးအကြိမ် ချီးကျူးစကား ပြောကြားခြင်းဖြစ်သည်ဟု သူမ တွေးတောကာ ကြည်နူးနေမိသည်။
ထို့နောက် သူတို့စုံတွဲသည် လက်ချင်းတွဲလိုက်ကြပြီး စင်မြင့်ရှိ ဘိုးဘေးများ၏ ဝိညာဉ်အမှတ်တံဆိပ်များရှိရာဘက်သို့ မျက်နှာမူလိုက်ကြသည်။
"တွေ့လား... သူတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်လွန်းနေတာ။ မင်း သူ့ကို မေ့လိုက်သင့်
ပြီ"
ဝမ်ကျန့်က သမီးဖြစ်သူ ရှို့ယင်းအား တိုးတိုးလေး ပြောလိုက်သည်။
"အဖေက ကျွန်မကို အကြီးအကဲ ရှန်းယွီနဲ့ မလိုက်ဖက်ဘူးလို့ ပြောချင်တာလား။ ကျွန်မက ရုပ်ဆိုးနေလို့လား" ဟု ရှို့ယင်းက ပြန်မေးလိုက်သည်။
"အဲလို မဟုတ်ပါဘူး သမီးရယ်။ ငါ့သမီးက ဒီလောကမှာ အလှဆုံးပါ။ ဒါပေမဲ့ တချို့အရာတွေကိုတော့ လက်လွှတ်လိုက်သင့်တယ်ဆိုတာကို ပြောပြချင်တာပါ"
ဝမ်ကျန့်က ပြောလိုက်သည်။
ဝမ်ကျန့်သည် သူ၏သမီးမှာ အဘယ်ကြောင့် ဒီလောက်အထိ ပြောင်းလဲသွားရတာလဲဟု တွေးတောနေမိသည်။ ယခင်ကဆိုလျှင် သူမသည် အလွန်ပင် လိမ်မာယဉ်ကျေးပြီး ချစ်စရာကောင်းသူ ဖြစ်သော်လည်း စီစဉ်ထားသော အိမ်ထောင်ရေးမှ ထွက်ပြေးခဲ့သည့်နေ့မှစ၍ သူမ၏ အမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။ အကြီးအကဲ ရှန်းယွီမှာ အမှန်တကယ်ပင် အစွမ်းထက်သော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း သူမနှင့် စတင်တွေ့ဆုံခဲ့စဉ်က ဤမျှအဆင့်ထိ မရှိခဲ့သေးပေ။
အကြီးအကဲ ရှန်းယွီက သမီးဖြစ်သူ၏ နှလုံးသားကို မည်သို့သော နည်းလမ်းဖြင့် ညှို့ယူဖမ်းစားထားတာလဲဟု သူ သိချင်နေမိသည်။
"အဖေက ဘာမှနားမလည်ပါဘူး။ ကျွန်မရဲ့ အာရုံခံစားမှုတွေက ကျွန်မကို မလိမ်ညာဘူး။ အရင်ကတော့ ဒါက ထူးဆန်းတဲ့ အနံ့အသက်တစ်ခုလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ မတူတော့ဘူး။ ကျွန်မ အာရုံခံမိနေတဲ့ အရာက အလွယ်တကူ လက်လျှော့လိုက်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး"
ရှို့ယင်းက တွေးတောနေမိသော်လည်း သက်ပြင်းတစ်ချက်သာ ချလိုက်သည်။
လက်ရှိတွင် သူမသည် ထိုအရာကို ပိုင်ဆိုင်နိုင်ရန် အင်အားအလွန်နည်းပါးနေသေးသည်။ နောက်ဆုံးတွင်မူ အားသန်သူများသာလျှင် ရတနာများကို ပိုင်ဆိုင်ခွင့်ရှိကြသည်။
"ကောင်းပါပြီ... ကျွန်မ လက်လျှော့လိုက်ပါ့မယ်။ ဒါက ခဏတာ စိတ်ကစားခဲ့တာပဲလေ"
"မင်း နားလည်ပေးလို့…နေပါဦး... တကယ်ပဲ လက်လျှော့လိုက်ပြီလား"
ဝမ်ကျန့်က မယုံကြည်နိုင်စွာ မေးလိုက်သည့်အခါ ရှို့ယင်းက ခေါင်းညိတ်ပြလိုက်သည်။
"ငါ့သမီးက တကယ်ကို နားလည်မှုရှိတာပဲ"
သူက ဝမ်းသာအားရ ပြုံးလိုက်တော့သည်။
ရှို့ယင်းကလည်း ပြန်လည်ပြုံးပြလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ တစ်မျိုးတစ်ဖုံ ကြံစည်နေခဲ့ပြီ ဖြစ်သည်။ သူမသည် လက်ချင်းတွဲကာ ရပ်နေကြသော ရှန်းယွီနှင့် လီယောင်းတို့စုံတွဲကို ကြည့်ကာ တွေးတောနေမိသည်။
"အင်အားကြီးမားတဲ့သူဆီကနေ ရတနာတစ်ခုကို ခိုးယူနိုင်မယ့် နည်းလမ်းမျိုး ရှိနိုင်မလား"
***