ရှန်းယွီနှင့် လီယောင်းတို့သည် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်လိုက်ကြပြီး အလွန်ပင် ရိုသေသေဖြင့် နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်ကြသည်။
ဤတတိယအကြိမ်မြောက် ဦးညွှတ်ခြင်းမှာ သူတို့နှစ်ဦးကြားရှိ သစ္စာတရားနှင့် မေတ္တာတရားကို ကမ္ဘာသိအောင် ကြေညာလိုက်ခြင်းပင်။ လီယောင်း၏ နှလုံးခုန်သံမှာ မြန်ဆန်နေပြီး သူမ၏ မျက်ဝန်းအိမ်တွင်လည်း ကြည်နူးမှုမျက်ရည်များ ဝဲနေတော့သည်။ စီနီယာအစ်ကို၏ လက်ကို ဆုပ်ကိုင်ထားရသည့် ခံစားချက်မှာ သူမအတွက်တော့ တစ်လောကလုံးကို ပိုင်ဆိုင်ထားရသကဲ့သို့ပင်။
ရှန်းယွီမှာမူ သူ၏ ဟင်းလင်းပြင်ဝိညာဉ် ကြောင့် စိတ်လှုပ်ရှားမှုကို အပြည့်အဝ မပြသနိုင်သော်လည်း လီယောင်း၏ နွေးထွေးသော လက်ကလေးကို ဆုပ်ကိုင်ထားရင်း သူ၏ ရင်ထဲတွင်လည်း နွေးထွေးမှုတစ်ခု ကိန်းအောင်းလာသည်ကို ခံစားလိုက်ရသည်။
"အခုကစပြီး... ငါတို့နှစ်ယောက်ဟာ ခွဲခြားလို့မရတဲ့ ကျင့်ကြံဖော်ဇနီးမောင်နှံတွေ ဖြစ်သွားကြပြီ"
ရှန်းယွီက သူမ၏ မျက်လုံးများကို စိုက်ကြည့်ရင်း စိတ်ထဲမှ ကတိပြုလိုက်မိသည်။
ဘေးပတ်ပတ်လည်ရှိ ဧည့်သည်တော်များအားလုံးမှာလည်း ဤလှပသော မြင်ကွင်းကို ကြည့်ကာ လက်ခုပ်တီး၍ ဂုဏ်ပြုကြတော့သည်။ အကြီးအကဲ ဖုန်းဝူရင်က ပြုံးရွှင်စွာဖြင့် ရှေ့သို့တိုးလာပြီး သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ တစ်ဂိုဏ်းလုံး ကြားနိုင်အောင် ကြေညာလိုက်သည်။
"မင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးဆုံးပါပြီ။ အခုအချိန်ကစပြီး အကြီးအကဲ ရှန်းယွီနဲ့ ဂိုဏ်းချုပ် လီယောင်းတို့က တရားဝင် လင်မယားတွေ ဖြစ်သွားကြပါပြီ"
ကောင်းကင်ယံထက်တွင် ကျူးချွယ်က ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကခုန်ပျံသန်းနေပြီး သူမ၏ မီးလျှံအတောင်ပံများမှ တောက်ပသော အလင်းတန်းများမှာ ရင်ပြင်တစ်ခုလုံးသို့ ဖြာကျလာခဲ့သည်။ ဂိုဏ်းသားများကလည်း ဝိညာဉ်ပန်းပွင့်များကို ကောင်းကင်သို့ မြှောက်ကြဲရင်း "ဂုဏ်ယူပါတယ် သခင်ကြီးနဲ့ သခင်မလေး" ဟု အော်ဟစ်ကာ ဂုဏ်ပြုကြတော့သည်။
မင်္ဂလာအခမ်းအနား၏ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ရှန်းယွီသည် လီယောင်း၏ နုနယ်သော ပါးပြင်လေးကို လက်နှစ်ဖက်ဖြင့် အသာအယာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ နှုတ်ခမ်းလွှာထက်သို့ နူးညံ့သိမ်မွေ့သော အနမ်းတစ်ခုကို ခြွေချလိုက်သည်။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်မှ ဆူညံသံများ၊ နိုင်ငံရေးရာ ကိစ္စရပ်များနှင့် ရန်သူများ၏ ခြိမ်းခြောက်မှုများအားလုံးမှာ သူတို့နှစ်ဦး၏ ကမ္ဘာထဲမှ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ကြားတွင် ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားတို့သာ ကိန်းအောင်းနေတော့သည်။
...
မင်္ဂလာကတိသစ္စာပြုပွဲအပြီးတွင် လက်ဆောင်ပဏ္ဏာ ဆက်သခြင်း အခမ်းအနားကို စတင်ကျင်းပသည်။
လာရောက်ကြသော ကျင့်ကြံသူများသည် အဖိုးတန်လှသော ကျင့်ကြံခြင်း အရင်းအမြစ်များ၊ ရှားပါးဆေးဖက်ဝင်အပင်များနှင့် ရတနာများကို အပြိုင်အဆိုင် ဆက်သကြတော့သည်။ အထူးသဖြင့် အလယ်ပိုင်းတိုက်ကြီးမှ ကိုယ်စားလှယ်များသည် အပြာရောင်တိမ်တိုက်ဂိုဏ်း၏ အင်အားကို အကဲခတ်ပြီးနောက် သူတို့၏ လက်ဆောင်များကို သာမန်ထက် ပိုမိုခမ်းနားအောင် ပြင်ဆင်လာကြသည်။
ရှန်းယွီအတွက်မူ ဤရတနာများမှာ သူ၏ ဟင်းလင်းပြင်လက်စွပ်ထဲရှိ အရာများနှင့် ယှဉ်လျှင် တန်ဖိုးမရှိသလောက်ပင် ဖြစ်သော်လည်း မင်္ဂလာရိုးရာဓလေ့အရ သူသည် ဧည့်သည်တော်အားလုံးကို ဖော်ရွေသော အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်နေခဲ့သည်။
ညနေခင်းမှ ညချမ်းအချိန်သို့ ကူးပြောင်းလာသည်နှင့်အမျှ ဂိုဏ်း၏ ထူးချွန်သော တပည့်များက သူတို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသသည့် သိုင်းပညာသရုပ်ပြပွဲများဖြင့် ဖျော်ဖြေရေးအစီအစဉ်က ဆက်လက်စည်ကားနေသည်။ ရှန်းယွီသည် ဂိုဏ်း၏ အခြေခံအုတ်မြစ် ခိုင်မာမှုကို ပြသရန်အတွက် ထိပ်တန်းပါရမီရှင် တပည့်များကိုယ်တိုင် ပါဝင်ဆင်နွှဲစေခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်နိုင်သူများကိုလည်း ဆုလာဘ်များ ပေးအပ်ရန် ကတိပြုထားသည်။
သို့သော် ရှန်းယွီတစ်ယောက် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အာရုံစိုက်နေစဉ်မှာပင် သူ၏ ဘေးမှ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။
"ဘာဖြစ်လို့လဲ"
သူက လှည့်မေးလိုက်သည်။
လီယောင်းက နှုတ်ခမ်းလေးဆူကာ သူ့ကို ကြည့်နေသည်။
"သခင်ကြီးတစ်ယောက်လို ဟန်ဆောင်နေတာကို ရပ်ပြီးတော့ ရှင့်ရဲ့ ဇနီးသည်ကိုပဲ အာရုံစိုက်
စမ်းပါ"
သူမက မကျေမနပ် ပြောလိုက်သည်။
ရှန်းယွီ ပြုံးလိုက်မိသည်။ ဂိုဏ်း၏ ပုံရိပ်ကို ထိန်းသိမ်းရန် ကြိုးစားရင်း သူ၏ ဇနီးသည်ကို ဂရုစိုက်ရန် မေ့လျော့နေခဲ့မိသည်။
"တောင်းပန်ပါတယ်... အခုကစပြီး မင်းကိုပဲ အာရုံစိုက်ပါ့မယ်"
သူမ၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
"အထူးသဖြင့် ဒီညမှာပေါ့..."
သူက ထပ်လောင်းပြောလိုက်ရာ လီယောင်း၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားတော့သည်။
ထို့နောက်တွင်မူ ရှန်းယွီ၏ ချက်ပြုတ်ခြင်းကိုယ်ပွားကိုယ်တိုင် ပြင်ဆင်ထားသည့် ခမ်းနားလှသော စားသောက်ပွဲကြီး စတင်ခဲ့သည်။ ဧည့်သည်တော်များ၏ အဆင့်အတန်းအလိုက် အဆင့် ၉ မှ အဆင့် ၃ အထိ ရှိသော ဝိညာဉ်အစားအစာများကို တည်ခင်းဧည့်ခံခဲ့သည်။
ရှန်းယွီသည် သူတို့ဇနီးမောင်နှံအတွက် သတ်မှတ်ထားသော စားပွဲတွင် ထိုင်ရန် ပြင်လိုက်စဉ်မှာပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ကူးပြောင်းသွားသည်ကို ခံစားလိုက်ရသည်။ သူ သတိပြုလိုက်မိချိန်တွင် သူတို့၏ အိမ်သစ်အတွင်းရှိ ခုတင်ရှေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး လီယောင်းက သူ့ကို နောက်ကျောမှ သိုင်းဖက်ထားသည်။
"မင်းက ဒီလောက်တောင် စိတ်မရှည်နိုင်ဖြစ်နေတာလား"
သူက ပြုံးလျက် မေးလိုက်သည်။
"ဧည့်သည်တွေကို ပစ်ထားခဲ့ရင် ငါတို့က ဧည့်ဝတ်မကျေတဲ့ အိမ်ရှင်တွေလို့ သူတို့ ထင်ကြလိမ့်မယ် မဟုတ်လား"
လီယောင်းက ဘာမှပြန်မပြောဘဲ သူ့ကို ခုတင်ပေါ်သို့ တွန်းချလိုက်သည်။
ရှန်းယွီက ပက်လက်လှန်လျက် သူမကို ကြည့်လိုက်သည်။ သူမသည် ခုတင်ပေါ်သို့ တက်လာပြီး သူ၏ လက်နှစ်ဖက်ကို ဖိထားလိုက်ကာ "ဧည့်သည်တွေကို ကျွန်မ ဂရုမစိုက်ဘူး။ ဒါ ကျွန်မရဲ့ မင်္ဂလာပွဲပဲ" ဟု ပြတ်သားစွာ ပြောလိုက်သည်။
ရှန်းယွီက သူမကို စိုက်ကြည့်ရင်း "ကဲ... ဒါဆို အခု ဘာဆက်လုပ်ကြမလဲ" ဟု မေးလိုက်သည်။
လီယောင်းသည် ရှန်းယွီကို စိုက်ကြည့်နေမိသည်။ သူမ၏ ယခင်က ယုံကြည်ချက်ရှိလှသော အမူအရာမှာ သူ၏ အကြည့်များအောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"ကျွန်မ... အခု ဘာဆက်လုပ်ရမလဲ"
(ငါ့ကို မမေးနဲ့လေ အူကြောင်ကြောင်မလေးရဲ့)
သူမ စိတ်ထဲက ကိုယ့်ကိုကိုယ် ပြန်ပြောနေမိသည်။
"ဟို... ဟိုလေ..."
သူမ စကားများ ထစ်အကုန်သည်။
ရှန်းယွီက ပြုံးလိုက်ပြီး သူ၏ စွမ်းအားကို အသုံးပြုကာ သူမကို ခုတင်ပေါ်သို့ အသာအယာ ပြန်လှန်ချလိုက်ပြီး သူမ၏ အပေါ်မှ အုပ်မိုးလိုက်သည်။ ယခုအခါ သူက သူမ၏ လက်ကလေးများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသူ ဖြစ်သွား၏။
"စီနီယာအစ်ကို..."
လီယောင်းက ခေါ်လိုက်သော်လည်း ရှန်းယွီက ခေါင်းခါပြလိုက်သည်။
"ယောကျာ်းလို့ ခေါ်ရမှာ မဟုတ်ဘူးလား"
သူက မေးလိုက်ရင်း သူမကို နမ်းရှိုက်လိုက်သည်။
အနမ်းများအပြီးတွင် လီယောင်းက "ယောက်ျား .." ဟု တိုးတိုးလေး ခေါ်လိုက်ပြီး ရှက်သွေးဖြာကာ ဘေးသို့ မျက်နှာလွှဲလိုက်မိသည်။
"မင်းက ငါ့ကို ယောက်ျား းလို့ အမြဲတမ်း ခေါ်နေကျပဲဟာကို။ အခုကျမှ ဘာလို့ ဒီလောက်တောင် ရှက်နေရတာလဲ"
ရှန်းယွီက ပြောကာ သူမ၏ မျက်နှာကို သူ၏ မျက်လုံးများနှင့် တည့်တည့်ဆုံအောင် ပြန်လည် ဆွဲယူလိုက်သည်။
"ယောက်ျား ... ကျွန်မ... ကျွန်မ အဆင်ပြေပါပြီ"
လီယောင်းက ပြောလိုက်သည်။
ထိုစဉ် ရှန်းယွီ၏ ဝတ်စုံများမှာ အရည်ပျော်သွားသကဲ့သို့ ဖြစ်ကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။ လီယောင်းမှာ ရှန်းယွီ၏ အသွင်အပြင်သစ်ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားရသည်။
"ဘယ်လိုထင်လဲ"
သူက မေးလိုက်သည်။
"လှလိုက်တာ... ကျွန်မ သဘောကျတယ်"
ထိုသို့ပြောကာ သူမ၏ လက်ကလေးများဖြင့် သူ၏ ခန္ဓာကိုယ်ကို အသာအယာ ပွတ်သပ်နေမိသည်။
"ဒါပေမဲ့... ကျွန်မ ပိုပြီး သဘောကျတဲ့ အရာတစ်ခု ရှိသေးတယ်"
***