“ဂျူနီယာညီမလေး... တော်ပါတော့။ ဒါက များလွန်းနေပြီ”
ရှန်းယွီက တိုးညင်းစွာ ပြောလိုက်သည်။
လီယောင်းကမူ သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး “နောက်ထပ် ခဏလေးပဲ သည်းခံပေးပါဦး” ဟု ပြောလိုက်သည်။
“ဒါပေမဲ့ မင်း အဲ့ဒီလိုပြောနေတာ လွန်ခဲ့တဲ့ နှစ်နာရီကတည်းကလေ”
ရှန်းယွီက ပြန်ဖြေလိုက်သည်။
သူသည် လီယောင်းကို ကြည့်ရင်း သူ၏ဇနီးသည် တစ်ခုခု ထူးဆန်းနေသည်ဟု တွေးတောမိသည်။ သူက သူမထက် အဆပေါင်းများစွာ ပို၍သန်မာပါလျက်နှင့် ဒီ တိုက်ပွဲတွင် သူ ဘာလို့ ရှုံးနိမ့်နေရတာလဲ။
သူသည် ပို၍အားနည်းလာသလို ခံစားရသည်။ ပြန်လည်စတင်ခြင်းရောက်ရန် မိနစ်အနည်းငယ်သာ လိုတော့သဖြင့် အဆင့်တက်လှမ်းမှုများကို ကိုင်တွယ်ရန် သူ၏ ခွန်အားများကို လိုအပ်နေသည်။
ထိုစဉ် လီယောင်း၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“ဟင်”
သူမ အံ့ဩသွားမိသည်။ သူမက လက်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ “ဒါက... ပျောက်သွားတာလား”
သူမ ရှန်းယွီကို အံ့အားသင့်စွာ ကြည့်လိုက်မိပြီးမှ ထူးဆန်းသောအရာတစ်ခုကို သတိပြုမိသွားသည်။
“ရင်တတ်တွေလား”
သူမ အံ့ဩနေမိသည်။ ထို့နောက် သူမခင်ပွန်း၏ နူးညံ့သိမ်မွေ့သွားသော မျက်နှာကို ကြည့်ရင်း မှင်တက်သွားတော့သည်။
“လောလောဆယ် ခဏနားကြရအောင်”
အမျိုးသမီးအသွင် ပြောင်းလဲသွားသော ရှန်းယွီက အားနည်းသောအသံဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကို... ရှင်က...”
လီယောင်းက သူ့ကို စိုက်ကြည့်နေမိသည်။
“ရှင်က ဒီလိုကစားနည်းမျိုးကို ဝါသနာပါမှန်း ကျွန်မ မသိခဲ့ဘူး”
ထိုသို့ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်မက ခွဲခြားတတ်တဲ့လူ မဟုတ်ပါဘူး။ ဒီလိုပုံစံမျိုးကိုလည်း ကျွန်မ သဘောကျပါတယ်”
ရှန်းယွီ၏ မျက်နှာမှာ ဒေါသရိပ်များ လွှမ်းသွားခဲ့သည်။ သူသည် သူမ၏ ဦးခေါင်းကို ရိုက်လိုက်ပြီး “ဘာကစားနည်းလဲ မင်းက အရမ်းလေးတာပဲ” ဟု ပြောကာ လီယောင်းကို ဘေးသို့ တွန်းထုတ်လိုက်သည်။
သူမသည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျသွားခဲ့သည်။ ရှန်းယွီ ထရပ်လိုက်သည်နှင့် သူ၏ ဟင်ူလင်းပြင်ပိုးချည်မျှင်များက သူ့ကိုယ်ပေါ်တွင် အဝတ်အစားများအဖြစ် ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက် သူက လီယောင်းထံသို့ အဝတ်အစားသစ်အချို့ကို ပစ်ပေးလိုက်ရာ သူမက ဖမ်းယူ၍ ကိုယ်ကို ဖုံးအုပ်လိုက်သည်။
သူမက ရှန်းယွီကို ကြည့်ကာ “စီနီယာအစ်ကိုရဲ့ ရုပ်ဖျက်အတတ်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ရှင့်ရဲ့ စိတ်ခံစားချက်တွေကိုတောင် ပြောင်းလဲပစ်နိုင်တာလား” ဟု မေးလိုက်သည်။
“မင်း... မင်းရဲ့ ခန္ဓာကိုယ်က ဘာတွေဖြစ်နေတာလဲ”
ရှန်းယွီက ပြန်မေးလိုက်သည်။
လီယောင်းသည် သူမ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သောအခါ သူမ၏ ပတ်ပတ်လည်တွင် ရွှေရောင်စွမ်းအင်များ စုစည်းနေသည်ကို သတိပြုမိသွားသည်။
“ဒါက...”
သူမ ဘာမှနားမလည်ဘဲ အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ ဤသည်မှာ သူမခင်ပွန်းနှင့် ကစားနေစဉ်အတွင်း ခံစားခဲ့ရသော ထူးဆန်းသည့် ခံစားချက်ကြောင့်လားဟု သူမ တွေးတောနေမိသည်။
[မဖြစ်နိုင်တာ]
ဧကရီသည် ရုတ်တရက် ကိုယ်ထင်ရှားပြကာ ရေရွတ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
လီယောင်းက လန့်ဖျပ်ကာ မေးလိုက်သည်။
[ကောင်းကင်ဘုံတာအိုခန္ဓာ... အဲ့ဒါက တကယ်ကြီး အဆင့်တက်နေတာပဲ]
ဧကရီက မယုံကြည်နိုင်လောက်အောင် ပြောလိုက်သည်။
"ဘာ"
ရှန်းယွီနှင့် လီယောင်းတို့ နှစ်ဦးစလုံး အံ့အားသင့်စွာ အာမေဍိတ်သံ ထွက်သွားကြသည်။
"ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဧကရီသည် မေးစေ့ကိုကိုင်ကာ အတွေးနက်သွားသည်။ သူမ သိထားသည်မှာ ကောင်းကင်ဘုံတာအိုခန္ဓာဆိုသည်မှာ လီယောင်း မွေးဖွားလာကတည်းက ကောင်းကင်ဘုံက ပေးသနားထားသည့် အရာဖြစ်သည်။ ၎င်းကို အဆင့်မြှင့်တင်ရန်အတွက် သူမ၏ ကောင်းကင်ဘုံကံကြမ္မာကို ရယူရမည်ဖြစ်သော်လည်း လီယောင်းမှာ လူသားလောက၌သာ ပိတ်မိနေသေးသည်။ ကောင်းကင်ဘုံကုသိုလ်ကံမှာ ကံကြမ္မာတစ်မျိုး ဖြစ်သော်လည်း ဤခန္ဓာကို အဆင့်မြှင့်ရန် လုံလောက်မည်မဟုတ်ပေ။
"အာ... ငါ သဘောပေါက်ပြီ ထင်တယ်"
သူမ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
[နင့်မှာ သာလွန်ထူးကဲတာအိုခန္ဓာ ရှိတယ် မဟုတ်လား]
ဧကရီက မေးလိုက်ရာ ရှန်းယွီက ခေါင်းငြိမ့်ပြသည်။
[အဲ့ဒါပဲပေါ့။ ငါ ဘယ်လိုများ မေ့သွားရတာလဲ]
သူမက ဆက်လက်ရှင်းပြသည်။
[သာလွန်ထူးကဲတာအိုခန္ဓာနဲ့ ကောင်းကင်ဘုံတာအိုခန္ဓာဆိုတာ ဗရမ်းဗတာနဲ့ စနစ်တကျရှိမှုလိုပဲ လုံးဝဆန့်ကျင်ဘက် အစွန်းနှစ်ဖက်လို့ သတ်မှတ်လို့ရတယ်။ နင်တို့နှစ်ယောက် အတူတကွကျင့်ကြံပြီး အနှစ်သာရတွေ ပေါင်းစပ်လိုက်တဲ့အခါ ခန္ဓာနှစ်ခုစလုံးက လှုံ့ဆော်မှုခံရတာပဲ။ နင်တို့ရဲ့ သွေးမျိုးဆက်တွေအတွက်လည်း အဲ့ဒီလိုပဲ လုပ်ခဲ့တာ မဟုတ်လား]
"ဟုတ်ပါတယ်"
ရှန်းယွီက ထောက်ခံလိုက်သည်။
"ဒါဆိုရင်... နေပါဦး..."
[မဟုတ်ဘူး သာလွန်ထူးကဲတာအိုခန္ဓာက နင့်ကို ကောင်းကင်ဘုံတာအိုရဲ့ မျက်စိအောက်ကနေ ပျောက်ကွယ်သွားအောင် မလုပ်နိုင်ဘူး။ တကယ်တော့ အဲ့ဒါရဲ့ ဆန့်ကျင်ဘက်ပဲ။ နင်တို့က အစွန်းနှစ်ဖက် ဖြစ်နေတာကြောင့် တစ်ယောက်ကိုတစ်ယောက် ပိုပြီး ဆွဲဆောင်နေကြတာ] ဧကရီက ပြောလိုက်သည်။
ရှန်းယွီ သက်ပြင်းချလိုက်မိသည်။ ပြဿနာမှာ စနစ်ကြောင့်သာ ဖြစ်ကြောင်း ပိုမိုသေချာသွားခဲ့သည်။
ထို့နောက် သူသည် ရွှေရောင်အလင်းများ ပိုမိုတောက်ပလာသော လီယောင်းကို ကြည့်လိုက်သည်။
"နေပါဦး... ဒါဆိုရင် ဘာလို့ ကျွန်တော်က အားနည်းသွားသလို ခံစားရပြီး သူမက ပိုပြီး အစွမ်းထက်လာတာလဲ"
သူက မေးလိုက်သည်။
[အင်း... အဲ့ဒါကတော့ တကယ်ထူးဆန်းတယ်။ နင်တို့ နှစ်ယောက်စလုံးက အကျိုးကျေးဇူး တန်းတူရသင့်တာလေ။ နေပါဦး... နင့်ရဲ့ သာလွန်ထူးကဲတာအိုခန္ဓာက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ]
ဧကရီက စူးစမ်းစွာ မေးမြန်းလိုက်ပါတော့သည်။
"အဆင့် ၉ ပါ"
သူက ခပ်အေးအေးပင် ဖြေလိုက်သည်။
[အာ... အဲ့ဒါကြောင့်ကိုး။ နင်က ပိုမြင့်တဲ့အဆင့်မှာ ရှိနေတော့ နင်ရတဲ့ အကျိုးကျေးဇူးက ကန့်သတ်ချက် ရှိနေတာပေါ့။ နင်တို့နှစ်ယောက်လုံး အဆင့်တူသွားတဲ့အခါမှသာ တန်းတူညီမျှတဲ့ အကျိုးကျေးဇူးတွေကို ရမှာ]
သူမက ရှင်းပြသည်။
ရှန်းယွီသည် လီယောင်းကို ကြည့်ရင်း ကြိတ်မနိုင်ခဲမရ ဖြစ်နေမိသည်။
"တောက်... ဒီလိုဆိုရင်တော့ ငါ့ရဲ့ စနစ်နဲ့ဆိုရင် ငါက သူမထက် အမြဲတမ်း အဆင့်ပိုမြန်မြန်တက်နေမှာပဲ။ ဒါဆို ငါက အမြဲတမ်း အောက်ကပဲ ခံနေရတော့မှာလား"
"ဆရာကြီးရေ... ဒီတပည့်တော့ ရှုံးနိမ့်ခဲ့ပြန်ပါပြီ။ နောက်မျိုးဆက်တွေကိုပဲ မျှော်လင့်ချက်ထားရတော့မယ်"
သူ သက်ပြင်းချလိုက်မိသည်။
"သူတို့တွေလည်း ငါနဲ့ ဆရာကြီးလိုမျိုး ဖြစ်မလာပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ"
ထိုသို့တွေးရင်း ရှန်းယွီ မျက်ရည်တစ်စက် ကျမိသည်။
"အဆင့်မြှင့်တင်တာက ဘာလို့ ဒီလောက်ကြာနေရတာလဲ"
လီယောင်းက မေးလိုက်သည်။ သူမအနေဖြင့် ခင်ပွန်းဖြစ်သူနှင့် ဆက်လက် ဆော့ကစားချင်နေသေးသည်။
[လောလောဆယ်တော့ ရပ်သွားပြီ။ ဒီခန္ဓာကို ရှေ့ဆက်ဖို့ဆိုရင် နင် ဘေးဒုက္ခတစ်ခုကို ကျော်ဖြတ်ရမယ်]
ဧကရီက ရှင်းပြသည်။
"နေပါဦး... ခန္ဓာတွေအတွက်လည်း ဘေးဒုက္ခ ရှိတာလား"
ရှန်းယွီက အံ့ဩတကြီး မေးလိုက်သည်။
[ဒါပေါ့။ ခန္ဓာတွေ အဆင့်တက်ဖို့ဆိုရင် ဘေးဒုက္ခကို ကျော်ဖြတ်ရစမြဲပဲ]
သူမက ပြောလိုက်သည်။ [နင်ကတော့ နင့်ရဲ့ ထူးခြားတဲ့ တည်ဆောက်ပုံကြောင့် ဘေးဒုက္ခကို မကြုံတွေ့ခဲ့ရတာ ဖြစ်နိုင်တယ်။ ဒါက တကယ်ကို ကံကောင်းတာပဲ။ ဒါပေမဲ့ လီယောင်းလို လူမျိုးအတွက်ကျတော့ ဒါက ကံဆိုးမှုတစ်ခု ဖြစ်လာနိုင်တယ်]
"ကျွန်မ... ကျွန်မ ထိန်းထားလို့ မရတော့ဘူး။ လုပ်တော့မယ်..."
လီယောင်း စကားစလိုက်သည်။
ရှန်းယွီ ထိတ်လန့်သွားခဲ့သည်။
"နေဦး တော်ပြီ ဒီမှာ လျှပ်စီးတွေကို မခေါ်နဲ့ ငါ့ဂိုဏ်းထဲမှာ မလုပ်နဲ့"
ထိုသို့အော်ဟစ်ကာ သူမဆီသို့ ပြေးသွားသည်။ သူသည် လက်တစ်ဖက်ဖြင့် သူမကို ဖမ်းကိုင်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို ထိုးခွဲလိုက်ရာ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် လီယောင်းကို ထိုအပေါက်ထဲသို့ ပစ်ထည့်လိုက်ရာ ဧကရီပါ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရတော့သည်။
"ဟူး..."
ရှန်းယွီ စိတ်အေးသွားခဲ့သည်။ အကယ်၍ ဤနေရာတွင်သာ ဘေးဒုက္ခ ဖြစ်ပွားခဲ့လျှင် သူ၏ဂိုဏ်းမှာ ပျက်စီးသွားပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် သူ လျင်မြန်ခဲ့သည်။
ထိုသို့ တွေးနေရင်းမှ သူ၏ဇနီးသည်ကို မဆိုင်းမတွဘဲ ဟင်းလင်းပြင် အက်ကြောင်းထဲသို့ ပစ်ထည့်လိုက်မိသည်ကို သတိရကာ မှင်တက်သွားမိသည်။ သူမ ဘယ်နေရာရောက်သွားမလဲဆိုတာကို သူ တွက်ချက်ထားပြီးသားဖြစ်ကာ အဆင်ပြေမည်ဟု သေချာနေသော်လည်း ဤလုပ်ရပ်မှာ...
သူသည် အသက်ကို မှန်မှန်ရှူလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ အမျိုးသားအသွင်သို့ တဖြည်းဖြည်း ပြန်လည်ပြောင်းလဲသွားခဲ့သည်။
"ငါ့ရဲ့ စိတ်ခံစားချက်တွေကို နည်းနည်းတော့ လှုပ်ခတ်သွားစေတာ အမှန်ပဲ"
ထိုသို့တွေးရင်း သူသည် တရားထိုင်သည့် ပုံစံဖြင့် ထိုင်လိုက်ကာ ပြန်လည်စတင်ခြင်းကို စောင့်ဆိုင်းနေတော့သည်။
မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာတစ်ခုတွင် လီယောင်းနှင့် ဧကရီတို့ ပေါ်လာခဲ့သည်။ သူတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်တွင် လျှပ်စီးတိမ်တိုက်များ စတင်အုံ့ဆိုင်းလာခဲ့သည်။
[အဆင်သင့်ပြင်ထား။ ဒီအခွင့်အရေးကို သုံးပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအထွတ်အထိပ်ကနေ ဝိညာဉ်နှင့် ခန္ဓာပေါင်းစပ်ခြင်းအထွတ်အထိပ်အထိ အဆင့်တက်အောင် လုပ်ကြမယ်] ဟု ဧကရီက ပြောလိုက်သည်။
[နင် စုဆောင်းထားတဲ့ စွမ်းအင်တွေအပြင် ကောင်းကင်ဘုံတာအိုခန္ဓာ အဆင့်မြှင့်တင်မှုက ရတဲ့ စွမ်းအင်တွေနဲ့ဆိုရင် ဘေးဒုက္ခကိုတောင် စိန်ခေါ်နိုင်လိမ့်မယ်]
အမှန်စစ်စစ်တွင် ထိုသို့လုပ်ရန်မှာ ခက်ခဲနိုင်သော်လည်း အနည်းဆုံးတော့ သူမ၏ ကိုးထပ်
ကောင်းကင် လျှပ်စီးခန္ဓာကို အနည်းဆုံး နှစ်ဆင့်ခန့် တက်လှမ်းစေနိုင်မည်မှာ အသေအချာပင်။
***