“အဆင့်ကြီး နှစ်ဆင့်တောင် ကျော်ဖြတ်ရမယ် ဟုတ်လား မဖြစ်နိုင်တာ”
လီယောင်းက ကန့်ကွက်စကား ပြောလိုက်သည်။
“ကျွန်မ အိမ်ထောင်ပြုတာ နာရီပိုင်းပဲ ရှိသေးတာလေ။ အိမ်ထောင်ရေး သုခကိုတောင် ကောင်းကောင်း ခံစားရသေးတာ မဟုတ်ဘူး။ ခင်ပွန်းဖြစ်သူနဲ့ ဘယ်လိုလုပ် ဒီလောက်ကြာအောင် ခွဲနေနိုင်မှာလဲ”
သူမက ညည်းတွားရင်း “အဆင့်ကြီး တစ်ဆင့်တည်းပဲ တက်လို့ မရဘူးလား” ဟု အကြံပြုသည်။
[မရဘူး အဲ့ဒီလိုလုပ်လို့ မဖြစ်ဘူး]
ဧကရီက ပြောလိုက်သည်။
[နင်က ပိုမြင့်တဲ့ ကျင့်ကြံခြင်း အဆင့်ကို ရောက်မှသာ နင့်ခင်ပွန်းနဲ့ ပိုပြီး ပျော်ပျော်ပါးပါး ဆော့ကစားနိုင်မှာပေါ့။ အခုတင်ပဲ သူလည်း အဆင့်တက်ဖို့ နီးစပ်နေပြီဆိုတာ ငါ အာရုံခံမိတယ်။ သူက အဆင့်တက်ပြီးတာနဲ့ နင့်ကို ပြန်ပြီး လက်စားချေဖို့ ကြံစည်နေတာ။ ဒါကြောင့် နင်က ပိုပြီး အစွမ်းထက်နေမှသာ သူ့ကို ပြန်ပြီး အသာစီးယူနိုင်မှာ]
ဧကရီက ရှင်းပြလေ၏။
“တကယ်လား”
လီယောင်းက စိတ်ဝင်တစား မေးမြန်းသည်။
[ဒါပေါ့]
ဧကရီက ပြန်လည် ဖြေကြားသော်လည်း သူမ၏ စိတ်ထဲတွင်မူ ထိုစကားများမှာ အခြေအမြစ်မရှိသော စကားများသာ ဖြစ်ကြောင်း ဝန်ခံနေမိသည်။ လီယောင်းအနေဖြင့် လက်ထပ်ပြီးနောက် ရည်မှန်းချက် ပြည့်ဝသွားကာ အပျင်းထူသွားမည်ကို သူမ မလိုလားပေ။
“ဟဲဟဲ ခင်ပွန်းက ဒီလိုလူစားမျိုးမှန်း ကျွန်မ မသိခဲ့ဘူး။ ကောင်းပြီလေ သူက အဲ့ဒီလို ဆော့ချင်တယ်ဆိုမှတော့ ကျွန်မဘက်ကလည်း အဆင်သင့်ပါပဲ”
လီယောင်းက ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်တော့သည်။
[ခန္ဓာကိုယ်သန့်စင်ခြင်း: အဆင့် ၃၄ (၁၀,၀၀၀/၃၄,၀၀၀) (+၁၀,၀၀၀/၃၄,၀၀၀)]
[ရွှေရောင်အမြုတေ: အဆင့် ၁ (၃၅၀,၀၀၀/၁,၁၀၀,၀၀၀) (+၃၅၀,၀၀၀/၁,၁၀၀,၀၀၀)]
[ဝိညာဉ်: သန္ဓေသား (၅၁,၅၀၀/၁,၀၀၀,၀၀၀) (+၁၅၀၀/၁,၀၀၀,၀၀၀)]
[ဝိညာဉ်အမြစ်: ကောင်းကင်ဘုံအဆင့် ဒြပ်စင်ပေါင်းစုံ (၅၀၀၀/၁၀၀,၀၀၀) (+၅၀၀၀/၁၀၀,၀၀၀)]
[သာလွန်မြင့်မြတ်သောတာအိုခန္ဓာ: အဆင့် ၂ (၁၅၁,၀၀၀/၂,၀၀၀,၀၀၀) (+၅၀,၀၀၀/၂,၀၀၀,၀၀၀)]
[ကြယ်တာရာနက္ခတ် လမ်းစဉ်ခန္ဓာ: အဆင့် ၁ (၂၀,၀၀၀/၁,၀၀၀,၀၀၀) (+၂၀,၀၀၀/၁,၀၀၀,၀၀၀)]
[ဗရမ်းဗတာခန္ဓာ: အဆင့် ၆ (၅၇,၀၀၀/၆,၀၀၀,၀၀၀) (+၅၀,၀၀၀/၆,၀၀၀,၀၀၀)]
[စစ်နတ်ဘုရားခန္ဓာ: အဆင့် ၂ (၁၀,၀၀၀/၂၀,၀၀၀) (+၁၀,၀၀၀/၂၀,၀၀၀)]
[ဟင်းလင်းပြင်နှင့် ဆွဲငင်အားနယ်ပယ်: ကမ္ဘာအဆင့် (၁၀၀/၁၀၀,၀၀၀) (+၁၀၀/၁၀၀,၀၀၀)]
[ဟင်းလင်းပြင်၊ အချိန်၊ ရှုပ်ထွေးမှု၊ ယင်ယန်၊ စနစ်တကျရှိမှု၊ ကံကြမ္မာနှင့် ကံတရားနယ်ပယ်များ: နယ်ပယ်အဆင့် (၂၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[ဒြပ်စင်ပေါင်းစုံနယ်ပယ်များ: နယ်ပယ်အဆင့် (၂၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[ဉာဏ်အလင်းပွင့်မှု: ကောင်းကင်ဘုံအဆင့် (၅၀၀၀/၁၀၀,၀၀၀) (+၆၀၀/၁၀၀,၀၀၀)]
[ဝိညာဉ်မီးလျှံ: အဆုံးမဲ့ ဟင်းလင်းပြင်မီးလျှံ: အဆင့် ၃ (၄၄,၂၀၀/၇၀,၀၀၀) (+၁၀၀၀/၇၀,၀၀၀)]
[လက်ဝါးသိုင်းစိတ်ဆန္ဒ: အဆင့် ၂ (၃၈၀/၂၀၀၀) (+၆၀/၂၀၀၀)]
[လက်နက်မဟုတ်သော လက်နက်ပေါင်းစုံစိတ်ဆန္ဒ: အဆင့် ၂ (၁၀၀/၂၀၀၀) (+၁၀၀/၂၀၀၀)]
[နတ်ဘုရားအဆင့် ယင်ယန်ညီညွတ်ခြင်း: အဆင့် ၂ (၁၅၀၀/၁၀,၀၀၀) (+၅၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ဒြပ်စင်ခွဲပွား: အဆင့် ၂ (၁၈၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ဟင်းလင်းပြင်လက်ဝါး: အဆင့် ၂ (၂၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ကုသခြင်း: အဆင့် ၁ (၅၀၀/၁၀၀၀) (+၁၀၀/၁၀၀၀)]
[စားဖိုမှူး: မသေမျိုးအဆင့် (၂၀၂/၁၀၀,၀၀၀) (+၂၀၀/၁၀၀,၀၀၀)]
[ဆန်းစစ်သူ: မသေမျိုးအဆင့် (၅၀/၁၀၀,၀၀၀) (+၅၀/၁၀၀,၀၀၀)]
[ပန်းပဲဆရာ: ကောင်းကင်ဘုံအဆင့် (၇၆၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[အဆောင်ပြုလုပ်ဖန်တီးခြင်းပညာရှင်၊ အစီရင်ခံစာဆရာ၊ ဆေးဖော်စပ်သူ: ကောင်းကင်ဘုံအဆင့် (၆၂၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[ဆေးပညာ၊ ဝိညာဉ်လယ်သမား: အဆင့် ၁ (၆၀၀/၉၀၀) (+၂၀၀/၉၀၀)]
[သုတေသနပညာရှင်: အဆင့် ၁ (၅၀၀/၉၀၀) (+၅၀၀/၉၀၀)]
[ဗိသုကာပညာရှင်: အဆင့် ၉ (၅၀/၁၀၀) (+၅၀/၁၀၀)]
[အတွေ့အကြုံမှတ်များ နှစ်ဆတိုးသွားသည်]
[ဗိသုကာပညာရှင်: အဆင့် ၉ (၅၀/၁၀၀) → အဆင့် ၈ (၀/၂၀၀)]
[သုတေသနပညာရှင်: အဆင့် ၁ (၅၀၀/၉၀၀) → ကောင်းကင်ဘုံအဆင့် (၀/၁၀,၀၀၀)]
[ဆေးပညာ၊ ဝိညာဉ်လယ်သမား: အဆင့် ၁ (၆၀၀/၉၀၀) → ကောင်းကင်ဘုံအဆင့် (၀/၁၀,၀၀၀)]
[အဆောင်ပြုလုပ်ဖန်တီးခြင်းပညာရှင်၊ အစီရင်ခံစာဆရာ၊ ဆေးဖော်စပ်သူ: ကောင်းကင်ဘုံအဆင့် (၆၂၀၀/၁၀,၀၀၀) → မသေမျိုးအဆင့် (၀/၁၀၀,၀၀၀)]
[ပန်းပဲဆရာ: ကောင်းကင်ဘုံအဆင့် (၇၆၀၀/၁၀,၀၀၀) → မသေမျိုးအဆင့် (၀/၁၀၀,၀၀၀)]
[ဆန်းစစ်သူ: မသေမျိုးအဆင့် (၅၀/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၁၀၀/၁၀၀,၀၀၀)]
[စားဖိုမှူး: မသေမျိုးအဆင့် (၂၀၂/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၄၀၄/၁၀၀,၀၀၀)]
[နတ်ဘုရားအဆင့် ကုသခြင်း: အဆင့် ၁ (၅၀၀/၁၀၀၀) → အဆင့် ၂ (၀/၂၀၀၀)]
[နတ်ဘုရားအဆင့် ဟင်းလင်းပြင်လက်ဝါး: အဆင့် ၂ (၂၀၀/၁၀,၀၀၀) → အဆင့် ၂ (၄၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ဒြပ်စင်ခွဲပွား: အဆင့် ၂ (၁၈၀၀/၁၀,၀၀၀) → အဆင့် ၂ (၃၆၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ယင်ယန်ညီညွတ်ခြင်း: အဆင့် ၂ (၁၅၀၀/၁၀,၀၀၀) → အဆင့် ၂ (၃၀၀၀/၁၀,၀၀၀)]
[လက်နက်မဟုတ်သော လက်နက်ပေါင်းစုံစိတ်ဆန္ဒ: အဆင့် ၂ (၁၀၀/၂၀၀၀) → အဆင့် ၂ (၂၀၀/၂၀၀၀)]
[လက်ဝါးသိုင်းစိတ်ဆန္ဒ: အဆင့် ၂ (၃၈၀/၂၀၀၀) → အဆင့် ၂ (၇၆၀/၂၀၀၀)]
[ဝိညာဉ်မီးလျှံ: အဆုံးမဲ့ ဟင်းလင်းပြင်မီးလျှံ: အဆင့် ၃ (၄၄,၂၀၀/၇၀,၀၀၀) → အဆင့် ၂ (၀/၈၀,၀၀၀)]
[ဉာဏ်အလင်းပွင့်မှု: ကောင်းကင်ဘုံအဆင့် (၅၀၀၀/၁၀၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၁၀,၀၀၀/၁၀၀,၀၀၀)]
[ဒြပ်စင်ပေါင်းစုံနယ်ပယ်များ: နယ်ပယ်အဆင့် (၂၀၀/၁၀,၀၀၀) → (၄၀၀/၁၀,၀၀၀)]
[ဟင်းလင်းပြင်၊ အချိန်၊ ရှုပ်ထွေးမှု၊ ယင်ယန်၊ စနစ်တကျရှိမှု၊ ကံကြမ္မာနှင့် ကံတရားနယ်ပယ်များ: နယ်ပယ်အဆင့် (၂၀၀/၁၀,၀၀၀) → (၄၀၀/၁၀,၀၀၀)]
[စစ်နတ်ဘုရားခန္ဓာ: အဆင့် ၂ (၁၀,၀၀၀/၂၀,၀၀၀) → အဆင့် ၃ (၀/၃၀,၀၀၀)]
[ဗရမ်းဗတာခန္ဓာ: အဆင့် ၆ (၅၇,၀၀၀/၆,၀၀၀,၀၀၀) → အဆင့် ၆ (၁၁၄,၀၀၀/၆,၀၀၀,၀၀၀)]
[ကြယ်တာရာနက္ခတ် လမ်းစဉ်ခန္ဓာ: အဆင့် ၁ (၂၀,၀၀၀/၁၊၀၀၀၊၀၀၀) → အဆင့် ၁ (၄၀,၀၀၀/၁,၀၀၀,၀၀၀)]
[သာလွန်မြင့်မြတ်သောတာအိုခန္ဓာ: အဆင့် ၂ (၁၅၁,၀၀၀/၂,၀၀၀,၀၀၀) → အဆင့် ၂ (၃၀၂,၀၀၀/၂,၀၀၀,၀၀၀)]
[ဝိညာဉ်အမြစ်: ကောင်းကင်ဘုံအဆင့် ဒြပ်စင်ပေါင်းစုံ (၅၀၀၀/၁၀၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၁၀,၀၀၀/၁၀၀,၀၀၀)]
[ဝိညာဉ်: သန္ဓေသား (၅၁,၅၀၀/၁,၀၀၀,၀၀၀) → သန္ဓေသား (၁၀၃,၀၀၀/၁,၀၀၀,၀၀၀)]
[ရွှေရောင်အမြုတေ: အဆင့် ၁ (၃၅၀,၀၀၀/၁,၁၀၀,၀၀၀) → ရွှေရောင်အမြုတေ: အဆင့် ၁ (၇၀၀,၀၀၀/၁,၁၀၀,၀၀၀)]
[ခန္ဓာကိုယ်သန့်စင်ခြင်း: အဆင့် ၃၄ (၁၀,၀၀၀/၃၄,၀၀၀) → အဆင့် ၃၄ (၂၀,၀၀၀/၃၄,၀၀၀)]
[ဟင်းလင်းပြင်နှင့် ဆွဲငင်အားနယ်ပယ်: ကမ္ဘာအဆင့် (၁၀၀/၁၀၀,၀၀၀) → (၂၀၀/၁၀၀,၀၀၀)]
သစ်သားခန္ဓာ ရှန်းယွီသည် ပြင်ပဥယျာဉ်အတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
သူသည် အရာရာတိုင်း ချောမွေ့စွာ လည်ပတ်နေသည်ဟု တွေးတောရင်း လက်ဝါးကို မြှောက်
လိုက်ရာ ဟင်းလင်းပြင်မျှော်စင်မှာ ရုတ်ချည်း ပေါ်ထွက်လာသည်။ ထိုမျှော်စင်အတွင်းမှ ဆေးဖက်ဝင်အပင် အနည်းငယ်နှင့် မျိုးစေ့အချို့ကို ထုတ်ယူပြီးနောက် လက်ကို ဝှေ့ယမ်းကာ မျှော်စင်ကို ပြန်လည်ပျောက်ကွယ်သွားစေခဲ့သည်။
သူသည် ကောင်းကင်ဘုံအဆင့်ဆေးပင်တစ်ပင်ကို ဖန်တီးနိုင်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဟု မိမိကိုယ်ကိုယ် တွေးမိသည်။ ပြန်လည်စတင်ခြင်းပြီးနောက် သူ၏ ဝိညာဉ်လယ်သမားနှင့် သုတေသီအတတ်ပညာရပ်များမှာ ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ရာ ထိုပညာရပ်များမှ ရရှိသော အသိဉာဏ်သစ်များဖြင့် သူ၏ သုတေသနလုပ်ငန်းကို ရှေ့ဆက်ရန် လိုအပ်သော တွန်းအားအနည်းငယ်ကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ယခု သူ၏လက်ထဲတွင် ရှိနေသောအရာများမှာ သူ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ထွက်ပေါ်လာသည့် ရလဒ်များဖြစ်သော ကောင်းကင်ဘုံအဆင့် ဆေးပင်များပင်။
သူသည် ဝိညာဉ်ကြော၏ အကိုင်းအခက်နှင့် နီးကပ်သော မြေလွတ်တစ်ခုဆီသို့ လျှောက်သွားကာ သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ မြေဆီလွှာကို ထွန်ယက်လိုက်သည်။ ထို့နောက် မျိုးစေ့များနှင့် အပင်များကို စိုက်ပျိုးပြီးနောက် သူ၏ ဟင်းလင်းပြင်လက်စွပ်အတွင်းမှ ဝိညာဉ်စိမ့်စမ်းရေများကို လောင်းပေးလိုက်သည်။ ဆက်လက်၍ သူသည် ပြင်ပဥယျာဉ်ရှိ အပင်အားလုံးနှင့် ယခုစိုက်ပျိုးလိုက်သော ကောင်းကင်ဘုံအဆင့် ဆေးပင်သစ်များအပေါ်တွင် ကြီးထွားမှုအရှိန်မြှင့်
တင်စနစ် ၈.၀ ကို အသက်သွင်းလိုက်သည်။
ဝိညာဉ်လယ်သမားပညာရပ်မှ ရရှိသော အသိအရ ကောင်းကင်ဘုံအဆင့် ဆေးပင်များသည် သဘာဝအတိုင်းဆိုလျှင် ရင့်မှည့်ရန်အတွက် နှစ်ပေါင်း ရာနှင့်ချီ၍သော်လည်းကောင်း၊ ထောင်နှင့်ချီ၍သော်လည်းကောင်း ကြာမြင့်တတ်ကြောင်း သူ သိရှိထားသည်။ သို့သော် ဤနေရာရှိ ထူးကဲသော အခြေအနေများနှင့်ဆိုလျှင် ထိုမျှလောက် ကြာမြင့်မည်မဟုတ်ဟု သူ ယုံကြည်သည်။
ပတ်ဝန်းကျင်တွင် လည်ပတ်နေသော မသေမျိုးချီများ၏ အကူအညီဖြင့် ထိုဆေးပင်များသည် အများဆုံး တစ်နှစ်အတွင်း ရင့်မှည့်လာလိမ့်မည်ဟု သူ ယူဆထားသည်။ ထို့အပြင် ကောင်းကင်ဘုံအဆင့် ဆေးပင်များအတွက် ၂၀၀ ရာခိုင်နှုန်းအထိ အရှိန်မြှင့်တင်ပေးနိုင်သော ကြီးထွားမှုအရှိန်မြှင့်တင်စနစ် ၈.၀ ကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ခြောက်လခန့်သာ ကြာမြင့်ပေလိမ့်မည်။
သူသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ ဤအရာအားလုံးမှာ ခန့်မှန်းချက်များသာ ဖြစ်နေသေးသည်။
ဆေးပင်တစ်ပင်ချင်းစီတွင် ကိုယ်ပိုင်ထူးခြားသော အခြေအနေများ ရှိကြပြီး အချို့သော နတ်ဘုရားအဆင့် ဆေးပင်များမှာ ရင့်မှည့်ရန် နှစ်ပေါင်း သန်းနှင့်ချီ၍ ကြာမြင့်တတ်ကြသည်။ သူ ဖန်တီးထားသော ဆေးပင်များသည် လျင်မြန်စွာ ကြီးထွားနိုင်ရန် မျိုးရိုးဗီဇ ပြုပြင်ထားခြင်းဖြစ်သော်လည်း မည်မျှအထိ အရှိန်တက်လာမည်ကိုမူ သူ အတိအကျ မသိရှိသေးပေ။
တိကျစွာ ခန့်မှန်းနိုင်ရန်အတွက် အပင်များ အနည်းဆုံး အညှောက်ထွက်လာသည်အထိ စောင့်ကြည့်ရန် လိုအပ်သည်။ မည်သို့ပင်ဖြစ်စေ သူ ခေတ္တစောင့်ဆိုင်းရပေဦးမည်။ အကယ်၍ သူသာ ကြီးထွားမှုအရှိန်မြှင့်တင်စနစ် ၉.၀ ကို ရရှိခဲ့မည်ဆိုလျှင်မူ ဤထက်ပင် ပိုမိုကောင်းမွန်သွားပေလိမ့်မည်။
သူသည် အခြားသော ဆေးပင်များကို ကြည့်လိုက်သည်။ အရှိန်မြှင့်တင်စနစ်ကြောင့် ယခုအခါ ကောင်းကင်ဘုံအဆင့်အောက်ရှိ ဆေးပင်အားလုံးကို တစ်ရက်လျှင် အကြိမ်ပေါင်းများစွာ ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။ ဤနေရာမှာ တကယ့်ကို နတ်ဘုံနတ်နန်းသဖွယ် ဖြစ်နေတော့သည်။
ထိုသို့ တွေးနေစဉ်မှာပင် သူ၏နောက်ကျောဘက်သို့ သက်ရှိနှစ်ဦး ဆင်းသက်လာခဲ့ကြသည်။ “အရှင်သခင်ကို ဂါရဝပြုပါတယ်”
သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း ပြောကာ ဦးညွှတ်လိုက်ကြသည်။
ရှန်းယွီသည် သူ၏ အစောင့်အရှောက်သားရဲများဘက်သို့ လှည့်ကြည့်လိုက်ပြီး “ကောင်းပြီ မင်းတို့အတွက်လည်း အဆင့်မြှင့်တင်ဖို့ အချိန်ရောက်ပြီ” ဟု ပြောကာ အရှိန်မြှင့်တင်စနစ်သစ်ကို သူတို့အပေါ်တွင်လည်း အသက်သွင်းပေးလိုက်လေတော့သည်။
***