ထိုတောက်ပသော လူငယ်လေးမှာမူ ထပ်မံမစောင့်ဆိုင်းနိုင်တော့ပေ။
ငွေရောင်သံခမောက်မျိုးနွယ်ဝင် တစ်ဒါဇင်ကျော်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတော်စင်များကို အံ့သြတကြီး ကြည့်နေကြသည်။ ထိုအတုအယောင်နယ်မြေတွင် သူတော်စင်အဆင့်ရှိသူ အရေအတွက်မှာ သူတို့ ထင်ထားသည်ထက် ပိုများနေသည်။ ထိုနယ်မြေတွင် စစ်မှန်သော အင်မော်တယ်တစ်ဦး ရှိနေနိုင်သည်လား။
ထိုအခိုက်အတန့်တွင် ခေါင်းဆောင်ဖြစ်သော စစ်သူကြီးမှာ ရှေ့သို့ တစ်လှမ်းတိုးလာခဲ့သည်။ သူ၏ အကြည့်မှာ လူအုပ်ထဲရှိ ခေါင်းဆောင်ဖြစ်သော မဟာသူတော်စင်အချို့ထံသို့ ရောက်ရှိသွားသည်။ သူသည် သူ၏ နတ်ဘုရားအာရုံကို အသုံးပြု၍ သတင်းစကား တစ်ခုကို ချက်ချင်း ပေးပို့လိုက်သည်။
“ငါတို့က ‘အစစ်အမှန်နယ်မြေ’ရဲ့ နတ်ဘုရားနန်းတော်က လာတာပဲ၊ ‘ချီယင် အင်မော်တယ်ဘုရင်’ ရဲ့ ‘ငွေရောင်ငှက်မွှေး တပ်ဖွဲ့’ က ဖြစ်တယ် အင်မော်တယ်ဘုရင်က မင်းတို့ကို ကယ်တင်ဖို့အတွက် ရှေးဟောင်းနတ်ဆိုး တပ်မှူးကို သတ်ဖြတ်ပေးခဲ့ပြီ။ အစောပိုင်းက ရှေးဟောင်းနတ်ဆိုးတပ်မှူးဟာ စစ်မှန်သော အင်မော်တယ်အဆင့်ရှိတဲ့ ရှေးဟောင်းနတ်ဆိုးတစ်ကောင်ကို စေလွှတ်လိုက်တယ်လို့ ငါတို့ သဲလွန်စ ရထားတယ်၊ အဲဒီနတ်ဆိုး အခု ဘယ်မှာလဲ?”
“အစစ်အမှန်နယ်မြေ၊ နတ်ဘုရားနန်းတော်”
“ငွေရောင်ငှက်မွှေး တပ်ဖွဲ့လား”
ဥပဒေမဟာသူတော်စင်နှင့် အခြားသော မဟာသူတော်စင်များသည် ထိုသတင်းစကားကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။
သူတို့သည် ယခင်က အင်မော်တယ်တံခါး၏ နောက်ကွယ်သို့ မည်သည့်နည်းနှင့်မဆို သွားရောက်လိုကြပြီး၊ အင်မော်တယ်နတ်ဘုရား တပ်ဖွဲ့များထဲသို့ ဝင်ရောက်ကာ အစစ်အမှန် အင်မော်တယ်နတ်ဘုရားများ ဖြစ်လာသည်အထိ ကျင့်ကြံလိုကြသူများ မဟုတ်ပါလား။
မမျှော်လင့်ဘဲ သူတို့ နောက်ဆုံးတွင် ထိုအခိုက်အတန့်ကို စောင့်မျှော်နိုင်ခဲ့ကြပြီဖြစ်သည်။
အင်မော်တယ်ဘုရင်မှာ မည်သည့်နယ်ပယ်တွင် ရှိသည်ကို သူတို့ မသိကြသော်လည်း၊ သူတို့ရှေ့မှ တစ်ဒါဇင်ခန့်သော သူတော်စင်များမှာ မဟာသူတော်စင်များ ဖြစ်ကြသည် မဟာသူတော်စင်များကိုပင် စစ်သည်တော်များအဖြစ် ထားရှိနိုင်ခြင်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နိုင်သည်။
“စီနီယာကို သတင်းပို့ပါတယ်၊ အဲဒီ စစ်မှန်သော အင်မော်တယ် ရှေးဟောင်းနတ်ဆိုးက အသတ်ခံလိုက်ရပါပြီ”
အမည်နာမသူတော်စင်က လက်အုပ်ချီကာ ရိုသေနှိမ့်ချစွာ ပြောလိုက်သည်။
ငွေရောင်သံခမောက် စစ်သူကြီးမှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် ထင်ထားသည့်အတိုင်း ဖြစ်လာသည်ဟု ယူဆကာ ပြုံးလျက် ပြောလိုက်သည်။ “ဒီနယ်မြေမှာ စစ်မှန်သော အင်မော်တယ် တစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး၊ ငါတို့ကို မိတ်ဆက်ပေးနိုင်မလား၊ ငါတို့က ဒီနယ်မြေမှာရှိတဲ့ ‘အင်မော်တယ်ဧကရာဇ် သွေးမျိုးဆက်’ ကို ကူညီဖို့ အင်မော်တယ်ဘုရင်ရဲ့ အမိန့်ကို ခံယူလာကြတာပါ။ အပြင်ဘက်က အခြေအနေက ရှုပ်ထွေးနေတယ်၊ အင်မော်တယ်ဘုရင်က ဒီမှာ ကြာကြာမနေနိုင်ဘူး၊ ဒါကြောင့် မြန်မြန်လုပ်ပေးကြပါ”
“အင်မော်တယ်ဧကရာဇ် သွေးမျိုးဆက်လား”
မိထျန်းသူတော်စင်၏ မျက်လုံးများမှာ တလက်လက် တောက်ပလာခဲ့သည်။ သူသည် အရင်းအမြစ် ဘိုးဘေးနှင့် ခေတ်ပြိုင်နီးပါး ဖြစ်ပြီး အတိတ်က နက်နဲသော လျှို့ဝှက်ချက်များကိုလည်း သိရှိထားသူ ဖြစ်သည်။ မမျှော်လင့်ဘဲ အင်မော်တယ်ဘုရင်သည် အင်မော်တယ်ဧကရာဇ် သွေးမျိုးဆက်ကို လာရောက် ကူညီခြင်း ဖြစ်သည်။ ထိုနယ်ပယ်မှ ယခင် အင်မော်တယ်နတ်ဘုရားမှာ သူတို့ ပြောသော အင်မော်တယ်ဧကရာဇ် ဖြစ်နေနိုင်သည်လား။
ထိုသည်ကို တွေးမိသောအခါ သူသည် အရင်းအမြစ် ဘိုးဘေးကို မတွေးဘဲ မနေနိုင်တော့ပေ။ ထိုအဖိုးကြီးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်၍ ထိုအခွင့်အရေးနှင့် လွဲချော်ခဲ့ပြဖြစ်သည်။
အခြားသူများသည် “ကြာကြာမနေနိုင်ဘူး” ဟူသော စကားကို ကြားလိုက်ရသောအခါ သူတို့၏ နှလုံးသားများမှာ ချက်ချင်းပင် တုန်လှုပ်သွားကြသည်။
“စီနီယာ... အင်မော်တယ်ဧကရာဇ် သွေးမျိုးဆက်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ မသိပါဘူး၊ ပြီးတော့ ဒီနယ်ပယ်မှာ စစ်မှန်သော အင်မော်တယ်လည်း မရှိပါဘူး။ စစ်မှန်သော အင်မော်တယ် ရှေးဟောင်းနတ်ဆိုးကို သတ်ခဲ့သူက ကျွန်တော်တို့ နယ်မြေရဲ့ ဟောင်ထျန်းသူတော်စင်ပါ၊ သူက ရှေးဟောင်းနတ်ဆိုးနဲ့အတူ အသက်ပေးသွားခဲ့တာပါ”
ယင်ယန်သူတော်စင်က မြှောက်ပင့်လိုသော လေသံဖြင့် ကြားဝင်ပြောလိုက်သည်။ “ကျွန်တော့်ကို အင်မော်တယ်ဘုရင်နဲ့ မိတ်ဆက်ပေးလို့ ရမလားခင်ဗျာ၊ ကျွန်တော် အင်မော်တယ်ဘုရင်ရဲ့ နောက်လိုက်အဖြစ် အလုပ်အကျွေး ပြုလိုပါတယ်”
ထိုစကားကို ကြားသောအခါ ငွေရောင်သံခမောက် ခေါင်းဆောင်မှာ အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။ “မိတ်ဆွေ... နောက်ပြောင်မနေနဲ့။ အဲဒါက စစ်မှန်သော အင်မော်တယ် တစ်ကောင်ပဲ၊ သူတော်စင်အဆင့်က သူ့ကို ဘယ်လိုမှ မသတ်နိုင်ဘူး။ ဒါမှမဟုတ် သူက အင်မော်တယ်ဧကရာဇ်ရဲ့ ရတနာတစ်ခုခုကို ပိုင်ဆိုင်ထားလို့လား”
သူ၏ မိတ်ဆက်ပေးရန် တောင်းဆိုချက်ကို ခေါင်းဆောင်က လျစ်လျူရှုထားသည်ကို မြင်သောအခါ၊ ယင်ယန်သူတော်စင်မှာ အသံတိုးတိုးဖြင့် ထပ်မံ ရှင်းပြရတော့သည်။
“အဲဒီ သူတော်စင်က နည်းနည်းတော့ ထူးခြားပါတယ်၊ သူ့မှာ အင်မော်တယ်ဧကရာဇ်ရဲ့ ရတနာ မရှိပါဘူး၊ သူကိုယ်တိုင်... သူကိုယ်တိုင်ပဲ...”
သူ ပြောနေရင်းနှင့်ပင် တစ်စုံတစ်ခုကို သတိရသွားကာ စိတ်ရှုပ်ထွေးသွားခဲ့သည်။ ထိုကဲ့သို့သော ကိစ္စမျိုးမှာ ကိုယ်တိုင် မြင်တွေ့ရမှသာ ယုံကြည်နိုင်မည့် ကိစ္စမျိုး မဟုတ်ပါလား။
“သူက မွန်းစတားတစ်ကောင်လို ထူးခြားဆန်းပြားတဲ့ ပါရမီရှင် ဖြစ်နေလို့ပါ”
ခေတ္တမျှ စဉ်းစားပြီးနောက် ယင်ယန်သူတော်စင်က ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
ငွေရောင်သံခမောက် ခေါင်းဆောင်မှာ မျက်ခုံးပင့်လိုက်သည်။ မွန်းစတားတစ်ကောင်လား။ မည်မျှပင် ပါရမီထူးခြားသည်ဖြစ်စေ၊ သူတော်စင်အဆင့်မှာ စစ်မှန်သော အင်မော်တယ်ကို မသတ်နိုင်ပေ။ သူတော်စင်အဆင့်၏ စွမ်းအား ထိန်းချုပ်မှုဖြင့် ‘အင်မော်တယ်တံဆိပ်’ ကို ဖျက်ဆီးရန် မဖြစ်နိုင်ပေ။ အင်မော်တယ် လက်နက်ရှိမှသာ ဖြစ်နိုင်သည်။ သို့မဟုတ်လျှင် ထိုသူမှာ အင်မော်တယ်ဘုရင် ပြောသော အင်မော်တယ်ဧကရာဇ် သွေးမျိုးဆက် ဖြစ်နေနိုင်သည်လား။
သူ၏ နှလုံးသားမှာ လေးလံသွားခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့မှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
“မင်းတို့က ဒီနယ်မြေမှာ အင်အားအကြီးဆုံးသူတွေလား”
ငွေရောင်သံခမောက် ခေါင်းဆောင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူတို့သည် သူတော်စင် ၃၀၀ ကျော်နှင့် ရင်ဆိုင်နေရသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ၊ အထက်စီးမှ ကြည့်နေသော အငွေ့အသက်များ ရှိနေခဲ့သည်။
အမည်နာမသူတော်စင်က ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်ပါတယ်၊ စစ်မှန်သော အင်မော်တယ် ရှေးဟောင်းနတ်ဆိုး ကျူးကျော်လာခဲ့လို့ အခု ကျွန်တော်တို့ပဲ ကျန်ပါတော့တယ်” ဟု ပြောလိုက်သည်။
ငွေရောင်သံခမောက် ခေါင်းဆောင်၏ မျက်လုံးများမှာ လှုပ်ရှားသွားပြီး၊ ယခုတစ်ကြိမ်တွင် သူတို့၏ ‘အစစ်အမှန်နယ်မြေ’ ဘာသာစကားကို အသုံးပြု၍ တိုက်ရိုက်ပင် ပြောလိုက်သည်။
“မင်းတို့ထဲမှာ အင်မော်တယ်ဧကရာဇ် သွေးမျိုးဆက် ပါတဲ့သူ ရှိလား။ ရှိရင် ငါနဲ့အတူ အစစ်အမှန်နယ်မြေကို လိုက်ခဲ့လို့ ရတယ်၊ အင်မော်တယ်ဘုရင်က နတ်ဘုရားနန်းတော်ကို ဝင်ဖို့ အကြံပြုပေးလိမ့်မယ်။ မင်းတို့ရဲ့ ပါရမီက ကောင်းမွန်မယ်ဆိုရင် နတ်ဘုရားနန်းတော်က ပျိုးထောင်ပေးလိမ့်မယ်။ အဲဒီမှာရှိတဲ့ ‘အင်မော်တယ်တာအို’ ကျင့်စဉ်တွေဟာ မင်းတို့ တစ်သက်လုံး မတွေ့ဖူးနိုင်တဲ့ အရာတွေပဲ၊ မင်းတို့ရဲ့ အနာဂတ်က အကန့်အသတ်မရှိ တောက်ပလာလိမ့်မယ်”
ထိုစကားကို ကြားသောအခါ သူတော်စင်အားလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
အင်မော်တယ်ဧကရာဇ် သွေးမျိုးဆက်လား။ သူတို့ တစ်ခါမှ မကြားဖူးပေ။
မိထျန်းသူတော်စင်၏ မျက်လုံးများမှာ တလက်လက် တောက်ပနေပြီး သူ၏ တပည့်တစ်ဦးကို လှမ်းကြည့်လိုက်သည်။ ထိုတပည့်၏ ဘိုးဘေးများမှာလည်း အင်မော်တယ်နတ်ဘုရားများ ဖြစ်ကြသည်။ မျိုးဆက်များစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း သူတို့တွင် အင်မော်တယ်နတ်ဘုရား သွေးမျိုးဆက် ကျန်ရှိနေသေးသလားဆိုသည်မှာ မသေချာပေ။
သူသည် ထိုတပည့်ကို လက်ခံခဲ့ခြင်းမှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။
“အင်မော်တယ်ဧကရာဇ် သွေးမျိုးဆက် ရှိ၊ မရှိကို ဘယ်လို စစ်ဆေးရမလဲ” မိထျန်းသူတော်စင်က မေးလိုက်သည်။
ငွေရောင်သံခမောက် ခေါင်းဆောင်က သူ့ကို ကြည့်ကာ “ကောင်းတဲ့ မေးခွန်းပဲ၊ မင်းတို့မှာ အင်မော်တယ်ဧကရာဇ် သွေးမျိုးဆက် ရှိနေသရွေ့၊ ဘယ်လောက်ပဲ ပါးလွှာနေပါစေ သွေးထဲမှာ အင်မော်တယ်စွမ်းအင် အနည်းငယ် ရှိနေလိမ့်မယ်။ အင်မော်တယ်ဘုရင်က အဲဒါကို အသာအယာ စစ်ဆေးရုံနဲ့ သိနိုင်တယ်။ ဒါကြောင့် မုသားမဆိုကြနဲ့၊ ဧကရာဇ်သွေး မပါဘဲနဲ့ အစစ်အမှန်နယ်မြေကို သွားရင်လည်း အောင်မြင်မှု ရမှာ မဟုတ်ဘူး၊ ဒီမှာပဲ သူတော်စင်အဖြစ် အေးအေးဆေးဆေး နေတာက ပိုကောင်းလိမ့်မယ်” ဟု ပြောလိုက်သည်။
ထိုသည်ကို ကြားသောအခါ မိထျန်းသူတော်စင်က သူ၏ တပည့်ကို ချက်ချင်း ခေါ်လိုက်သည်။
“ယွမ်ချင်း... သွားပြီး စမ်းကြည့်လိုက်ဦး”
ကပ်ဘေးတစ်ပါးသူတော်စင်မှာ သူ၏ ဆရာက သူ့ကို ခေါ်လိုက်သဖြင့် မှင်သက်သွားသော်လည်း၊ တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ကာ ရှေ့သို့ တက်လှမ်းလိုက်သည်။
အမည်နာမသူတော်စင်နှင့် ယင်ယန်သူတော်စင်တို့မှာ မိထျန်းသူတော်စင်ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။ သူ၏ တည်ငြိမ်သော မျက်နှာကို မြင်သောအခါ သူတို့ တစ်စုံတစ်ခုကို နားလည်သွားဟန် တူသည်။ ယင်ယန်သူတော်စင်က ငွေရောင်သံခမောက် ခေါင်းဆောင်ကို ချက်ချင်း ပြောလိုက်သည်။
“စီနီယာ... ကျွန်တော်တို့ မွေးဖွားလာချိန်မှာ ကမ္ဘာပေါ်မှာ အင်မော်တယ်နတ်ဘုရားတွေ မရှိတော့ပါဘူး။ သူတို့ မျိုးသုဉ်းသွားတာ ကြာလှပါပြီ။ ကျွန်တော်တို့မှာ အင်မော်တယ်နတ်ဘုရား သွေးမျိုးဆက် ကျန်နေသေးသလားဆိုတာ မသိပါဘူး။ ကျွန်တော်တို့ကိုလည်း စမ်းသပ်ပေးလို့ ရမလားခင်ဗျာ”
“ဟုတ်ပါတယ်၊ ကျွန်တော်တို့ အင်မော်တယ်နတ်ဘုရားတွေကို တစ်ခါမှ မမြင်ဖူးသလို၊ ရှိတဲ့သူအကြောင်းလည်း မကြားဖူးပါဘူး”
ထိုသည်ကို ကြားသောအခါ အခြားသော သူတော်စင်များသည်လည်း အလုအယကဝင််
ပြောလိုက်ကြသည်။
ငွေရောင်သံခမောက် ခေါင်းဆောင်မှာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူတော်စင်များ၏ စိတ်ထဲတွင် ဘာရှိသည်ကို သူ ခန့်မှန်းနိုင်သော်လည်း၊ အားလုံးက ထိုသို့ တောင်းဆိုနေကြသဖြင့် ဖြစ်နိုင်ခြေရှိသည်ဟု ယူဆလိုက်သည်။ သူသည် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ဒါဆိုရင် မင်းတို့အားလုံး ငါနဲ့အတူ လိုက်ခဲ့ပြီး အစစ်အမှန်နယ်မြေကို သွားကြည့်ကြတာပေါ့”
***