ထိုညတွင်... ကျန်းမင်က တေယ်ဝင် ပြည်နယ် တာအိုရင်ပြင်ကို အဓိက တောင်ထွတ် ကိုးခု အပါအဝင် အခြား တောင်ထွတ် ရာနှင့်ချီ ပါဝင်သော ဂိုဏ်း၏ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံနိုင်သည် အထိ တိုးချဲ့လိုက်သည်။
ထို့နောက် အဓိက တောင်ထွတ် ကိုးခုရှိ တာအို လှိုင်းဂယက်များကို အဆ (၁၀) ထိ မြှင့်တင်လိုက်ပြီး အခြား တောင်ထွတ်များကို ဂိုဏ်းနယ်မြေ ပြင်ပနှင့် နှိုင်းယှဉ်ပါက သုံးဆခန့် မြှင့်တင် ပေးလိုက်၏။
ကျန်းမင်က ကောင်းကင်ယံတွင် ရပ်လျက် ဝိညာဉ် အဆီအနှစ် သိပ်သည်းဆ အမြင့်ဆုံးသို့ ရောက်ရှိနေသော ဝိညာဉ် စိုက်ခင်းကို ငေးကြည့်နေမိသည်။
ထိုသို့ ဖြစ်ရခြင်းမှာ ဝိညာဉ် စိုက်ခင်း၏ ဗဟိုချက်ရှိ အကောင်းဆုံး အဆင့် ဝိညာဉ် စမ်းရေမှ အရှေ့ပိုင်းဒေသ တစ်ခုလုံးနှင့် ချိတ်ဆက်နေသော မြေကြောများဆီသို့ စွမ်းအင်များ စီးဆင်းသွားပြီး ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ် အဆီအနှစ်များကို စုပ်ယူ စုဆောင်းလိုက်ခြင်းကြောင့်ပင်။ ကျန်းမင်က အထူး စွမ်းအား တစ်ခုကို အသုံးပြု၍ ဝိညာဉ် အဆီအနှစ်များကို လမ်းကြောင်း ရှစ်ခု အဖြစ် ခွဲဖြာလိုက်ပြီး အဓိက တောင်ထွတ် ရှစ်ခု၏ အောက်ခြေသို့ စီးဆင်းသွားစေကာ ဝိညာဉ် သွေးကြောများ အဖြစ် ဖန်တီးလိုက်သည်။ ထို့အပြင် ဝိညာဉ် စိုက်ခင်း ဗဟိုချက်ရှိ ဝိညာဉ် တောင်တန်းမှ ကြီးမားလှသော ဝိညာဉ် အဆီအနှစ်များကိုလည်း ထိုတောင်ထွတ်များ အတွင်းသို့ စီးဝင်သွားစေ၏။
နှစ်နာရီပင် မပြည့်သေးမီ ဝိညာဉ် အဆီအနှစ်များက တောင်ထွတ် ရှစ်ခုလုံးမှ လျင်မြန်စွာ စိမ့်ထွက်လာပြီးနောက် မြူခိုးများ အဖြစ် စုစည်းသွားတော့သည်။
ထိုက်ယန် တောင်ထွတ် ခန်းမဆောင်ကြီး အပြင်ဘက်တွင်…
ဂိုဏ်းချုပ် ယန် တစ်ယောက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ဂူဟိုင်က နှစ်ရက် သုံးရက်ခန့် ကြာမည်ဟု ပြောသွားခဲ့သော်လည်း သူ မစောင့်ဘဲ မနေနိုင်ခဲ့ချေ။
တစ်ချိန်တည်းမှာပင် သူက အလွန် စိတ်လှုပ်ရှားနေပြီး ထိုစိတ်လှုပ်ရှားမှုကြောင့် သူ့ ငယ်ရွယ် နုပျိုစဉ်က တက်ကြွခဲ့သော နေ့ရက်များဆီသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားနေရ၏။
‘ဆေးလုံး အမျိုးအစား ဆယ်မျိုး... အားလုံးက အရင်တုန်းက နာမည်ပဲ ကြားဖူးခဲ့တဲ့ အဖိုးတန် ဆေးလုံးတွေချည်းပဲ... အဖိုးတန်ဆုံးကတော့ သိုင်းကျင့်စဉ် တစ်ရာပဲ... အဲ့ဒါက ငါတို့ တပည့်တွေကို ရွေးချယ်စရာတွေ ပိုများလာစေရုံသာမက သိုင်းကျင့်စဉ် တစ်ခုချင်းစီတိုင်းကလည်း စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်လောက်အောင် စွမ်းအား ကြီးမားတယ်’
‘ပြီးတော့ အထူး စွမ်းအား တစ်ထောင်... တစ်ခုချင်းစီတိုင်းက ဂိုဏ်းမှာ ရှိနေတဲ့ ဘယ်အထူး စွမ်းအားထက်မဆို ပိုပြီး အစွမ်းထက်တယ်... ဒါတွေ အားလုံးက ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ကို နောက်ထပ် အဆ တစ်ရာလောက် ပိုမို ခိုင်မာသွားစေတယ်... ဒါကြောင့် ငါတို့ ကျိုယန်ဂိုဏ်းက မကြာခင်မှာ ထိပ်ဆုံးကို ရောက်လာဖို့ အခွင့်အရေး အများကြီး ရှိနေပြီ’
‘ဒါ့အပြင် တာအို လက်နက် တစ်သောင်း... အဲ့ဒီအထဲမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် စွမ်းအားကြီးတဲ့ အကောင်းဆုံး အဆင့် လက်နက် တချို့တောင် ပါသေးတယ်... အခုချိန်ထိ ငါ အိပ်မက် မက်နေတုန်းပဲလို့တောင် ခံစားနေရတယ်... တကယ့်ကို မယုံနိုင်စရာ ကောင်းလွန်းလို့ ပုံရိပ်ယောင် တစ်ခုလိုပဲ... တကယ်လို့ တာအို လှိုင်းဂယက်တွေနဲ့ ဝိညာဉ် အဆီအနှစ် သိပ်သည်းဆကသာ ထပ်ပြီး တိုးလာမယ်ဆိုရင်... အို ကောင်းကင်ဘုံ... အို မြေကြီး... အခုချက်ချင်း သေရမယ်ဆိုရင်တောင် ငါ နောင်တ ရတော့မှာ မဟုတ်ဘူး’
‘အရှေ့ပိုင်းဒေသ ပျက်စီးသွားတာနဲ့ အမျှ ငါတို့ ကျိုယန်ဂိုဏ်းက နေရာယူပြီး နောက်ထပ် နှစ်တစ်ရာ ဒါမှမဟုတ် တစ်ထောင်လောက် နေရင် သန့်စင်သော နယ်မြေ တစ်ခု ဖြစ်လာနိုင်မလား’
‘ငါထင်တယ်... သေချာပေါက် ဖြစ်လာမှာပဲ... အဲ့ဒီ အချိန်ကျရင် ငါက တော်ဝင်မြေ သခင် ဖြစ်လာမှာပေါ့... ဟားဟားဟား’
သူ တွေးလေလေ ပို၍ ဝမ်းသာ ပီတိ ဖြစ်လေလေပင်။
ထိုစဉ် ရုတ်တရက် ပတ်ဝန်းကျင် အပြောင်းအလဲကို သတိထားမိလိုက်သဖြင့် ခေါင်းကို ဆတ်ခနဲ မော့ကာ ညကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။
ထို့နောက် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အတန်ကြာမှသာ ပြန်ဖွင့်လာ၏။
“ခုနက ဉာဏ်အလင်းပွင့်တဲ့ အခြေအနေကို ရောက်သွားမလို့ပဲ... ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို နားလည်နိုင်စွမ်းကလည်း ပိုမြန်လာတယ်... ဒါက အားကောင်းလာတဲ့ တာအို လှိုင်းဂယက်တွေရဲ့ အကျိုးသက်ရောက်မှုများလား”
ဂိုဏ်းချုပ် ယန်၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး ဝမ်းသာလုံးဆို့စွာဖြင့် ရေရွတ်လိုက်သည်။
“ဒီလို ထပ်ဆောင်း အကူအညီတွေနဲ့ဆိုရင် ငါတို့ တပည့်တွေက သူတို့ကိုယ်သူတို့ လျင်မြန်စွာ တိုးတက်လာအောင် လုပ်နိုင်တော့မယ်... ကောင်းကင်နဲ့ မြေကြီးရဲ့ တာအိုတွေကို နားလည်ဖို့ လွယ်ကူလေလေ အဆင့်တက်ဖို့ လွယ်ကူလေလေပဲ မဟုတ်လား... ဒီစွမ်းဆောင်ရည်က ကောင်းကင်ဘုံကိုတောင် အာခံနိုင်တယ်... ဘယ်သန့်စင်တဲ့ နယ်မြေမှ ဒီလို လုပ်နိုင်မယ် မထင်ဘူး”
သူ အလွန်အမင်း စိတ်လှုပ်ရှား နေလေပြီ။
ထို့နောက် တောင်ထွတ် တစ်ခုစီတိုင်းမှ ဝိညာဉ် မြူခိုးများ စိမ့်ထွက်လာပြီး တဖြည်းဖြည်း ပိုမို သိပ်သည်းလာသည်ကို သူ သတိထားမိလိုက်၏။
‘ဝိညာဉ် အဆီအနှစ် အများအပြား နေရာအနှံ့ စီးထွက်နေတယ်... ဒါက မြေကြောတွေကနေ လာတာလား... အိုဘုရားရေ... ဂိုဏ်းကို ဘယ်လောက်တောင် ပြီးပြည့်စုံအောင် အဆင့်မြှင့်တင် လိုက်တာလဲ... ငါတို့ဂိုဏ်း တော်ဝင်မြေ တစ်ခု ဖြစ်လာဖို့ ဆိုတာ အလှမ်းဝေးတဲ့ မျှော်လင့်ချက် တစ်ခု မဟုတ်တော့ဘူး ထင်တယ်’
ထိုအတွေးကြောင့် ဂိုဏ်းချုပ် ယန် တစ်ယောက် အံ့အားသင့်ကာ တုန်လှုပ် သွားတော့သည်။
ထို့နောက် သူက စိတ်ကို ပြန်လည် စုစည်းရန် အသက်ပြင်းပြင်း ရှူလိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ကာ ချူယန် တောင်ထွတ် ရှိရာဘက်သို့ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အရိုအသေ ပေးလိုက်သည်။
မှောင်မိုက်သော ညအယံတွင်...
ရှန်ကျိုးရှိ ငုပ်လျှိုးနဂါး တိုက်ကြီးမှာ အနည်းငယ် ပိုကြီးသော ကျွန်းတစ်ကျွန်း ဖြစ်သော်လည်း အရှေ့ပိုင်းဒေသထက်တော့ တစ်ဆိုက်ခန့် သေးငယ်သည်။ သို့တိုင်အောင် ကြီးမားသည်ဟု ဆိုနိုင်ပေသည်။ ဤတိုက်ကြီးပေါ်တွင် ဂိုဏ်းများစွာ ရှိပြီး ကျွမ်းကျင်သူများလည်း အများအပြား ရှိကြ၏။ သို့သော် ထိုကျွမ်းကျင်သူများကို ရှန်ကျိုးရှိ ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းနေသေးသည်။
တောင်တစ်တောင်၏ အောက်ခြေတွင် လူ (၁၈) ယောက် လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့၏ ခြိမ်းခြောက်နိုင်စွမ်း ရှိသော အရှိန်အဝါများက ဤကမ္ဘာလောကနှင့် လုံးဝ သဟဇာတ မဖြစ်ချေ။
ပထမဆုံး တစ်ယောက် ပေါ်လာသည်နှင့် တပြိုင်နက် သူက လက်ဖဝါးကို ဖြန့်ကာ အထက်သို့ တွန်းတင်လိုက်ရာ မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားများ ထွက်ပေါ်လာပြီး သူတို့ကို လွှမ်းခြုံထားမည့် ကာကွယ်ရေး အလွှာတစ်ခု ဖြစ်ပေါ်လာတော့သည်။ သူတို့ ပတ်ဝန်းကျင် လုံခြုံမှု ရှိကြောင်း သေချာမှသာ ထိုအလွှာကို ရုတ်သိမ်းလိုက်၏။ သန်မာသော လူငယ် တစ်ယောက်က မျက်လုံး မှိတ်လိုက်ရာ မှန်တစ်ချပ်က သူ့ ဦးခေါင်းထက်မှ ထွက်ပေါ်လာပြီး လေဟာနယ် အတွင်းသို့ ပျံ့နှံ့သွားသည်။ အတန်ကြာမှသာ သူက မျက်လုံး ပြန်ဖွင့်လာ၏။
“ငါ့အရှိန်အဝါက ဒီကမ္ဘာလောကနဲ့ ပေါင်းစပ်သွားပြီ... အာကာသ မှန်ကနေတဆင့် စုံစမ်းကြည့်ရသလောက် ငါတို့က သမုဒ္ဒရာထဲက အထီးကျန် တိုက်ကြီး တစ်ခုပေါ်မှာ ရောက်နေတာ... ဒီမှာ ဂိုဏ်းတွေ အများကြီး ရှိပေမဲ့ အခြေအနေကတော့ တော်တော်လေး ရှုပ်ထွေးနေတယ်... အနောက်ဘက် အဝေးကြီးမှာတော့ ဧရာမ တိုက်ကြီး တစ်ခု ရှိတယ်... အဲ့ဒါက ဒီကမ္ဘာလောကရဲ့ ဗဟိုချက် ဖြစ်ရမယ်... ဘာလို့လဲဆိုတော့ အဲ့ဒီမှာ ကမ္ဘာလောက ကံကြမ္မာရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းနဲ့ ကြောက်မက်ဖွယ် ကောင်းလောက်တဲ့ ကံကောင်းမှုတွေ အများကြီး ရှိနေလို့ပဲ... ငါတို့ မစ်ရှင်က ကမ္ဘာလောကကို ဖျက်ဆီးဖို့ ဆိုပေမဲ့ ငါတို့ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင်တော့ ခက်ခဲလိမ့်မယ်” ဟု လူငယ်က ရှင်းပြပေးသည်။
“ဒီမှာ အဖွဲ့ (၁၀၀) တောင် ရှိတာ... တခြားသူတွေကို ငါ ဂရုမစိုက်ဘူး... ငါတို့ ရည်ရွယ်ချက်က အကျိုးအမြတ်တွေကို လုယူပြီး အမှတ်တွေ တတ်နိုင်သမျှ အများကြီး ရဖို့ပဲ... အမှတ်တွေ ရဖို့ဆိုရင် အမဲလိုက်ပြီး သတ်ဖြတ်ဖို့ပဲ ရှိတယ်... ငါတို့ ရောက်နေတဲ့ ဒီတိုက်ကြီးက အစကောင်း တစ်ခုပဲ... ချန်... မင်း အစီအစဉ် ဆွဲလိုက်” ဟု ထိုလူက ရိုးရှင်းစွာပင် ပြောလိုက်၏။
ချန်က ခေါင်းညိတ်လိုက်ပြီး...
“ကမ္ဘာလောကကို ဖျက်ဆီးတယ် ဆိုတာ သတ်ဖြတ်တာပဲ... အကျိုးအမြတ်တွေ လုယူတာပဲ ဖြစ်ဖြစ် အမှတ်တွေ ယူတာပဲ ဖြစ်ဖြစ် ငါတို့ သတ်ဖြတ်ရမှာပဲလေ... ဒါပေမဲ့ အခု ငါတို့ လုပ်ရမှာက ဒီက အခြေအနေ အတိအကျကို အရင် စူးစမ်းရမယ်... ကျွမ်းကျင်သူ အရေအတွက်ကို ရှာဖွေရမယ်... ပြီးတော့ သူတို့ကို အင်အားသုံးပြီး နှိမ်နင်းနိုင်မလား ဆိုတာ သိအောင် လုပ်ရမယ်”
“သူတို့ကို အင်အားသုံးပြီး နှိမ်နင်းဖို့က တော်တော် ခက်လိမ့်မယ် ထင်တယ်... အနည်းဆုံး အဆင့် (၁၀) ကျွမ်းကျင်သူ ငါးယောက်လောက် ရှိတာကို ငါ အခုလေးတင် အာရုံခံမိလိုက်တယ်... သူတို့က ဒေသခံတွေ ဆိုတော့ အားသာချက်တွေ ရှိတယ်... တကယ်လို့ ငါတို့သာ သူတို့ကို အင်အားသုံးပြီး နှိမ်နင်းဖို့ ကြိုးစားရင် သူတို့ ပူးပေါင်းပြီး ငါတို့ကို ပြန်ဖိနှိပ်နိုင်တယ်... ပြီးတော့ ငါတို့ရဲ့ တကယ့် စွမ်းအားတွေက ဖိနှိပ်ခံထားရတယ် ဆိုတာကိုလည်း မမေ့နဲ့ဦး”
“ခေါင်းဆောင်... အင်အားစု တစ်ခုကို ဖျက်ဆီးပစ်ပြီး သူတို့ကြားမှာ သံသယတွေ ဝင်လာအောင်၊ အတွင်းပိုင်း အာဏာလုပွဲတွေ ဖြစ်လာအောင် လုပ်ရင်ရော... ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာလောကကို အဖွဲ့ (၁၀၀) ဆင်းလာတာ ဆိုတော့ ဒီတိုက်ကြီးကို ဘယ်နှစ်ဖွဲ့ ရောက်လာမလဲ ဆိုတာ ငါတို့လည်း မသိဘူးလေ... တကယ်လို့ သူတို့ အများကြီး ရောက်လာရင် ငါတို့ ရနိုင်မယ့် အကျိုးအမြတ်တွေက အများကြီး လျော့ကျသွားမှာပေါ့” ချန်က အကြံပြုလိုက်၏။
“ကောင်းပြီ... အမြန်ဆုံး စလုပ်ကြတာပေါ့... အခြေအနေတွေကို စတင် စူးစမ်းပြီး တခြားသူတွေကို ဒုက္ခပေးဖို့ အစီအစဉ် စဆွဲကြစို့” လူငယ်က ဆုံးဖြတ်ချက် ချလိုက်သည်။
သိပ်မကြာမီမှာပင် သူတို့က ရှန်ရွှေဂိုဏ်း ဟုခေါ်သော ဂိုဏ်းတစ်ခုကို ရှာတွေ့သွားကြသည်။ ၎င်းမှာ အကြို အင်မော်တယ် အဆင့် အကြီးအကဲ တစ်ဦး ရှိသော တော်ဝင်မြေ
ထိုနေရာသို့ ရောက်သည်နှင့် သူတို့က ဂိုဏ်းအတွင်းသို့ မဝင်ရောက်ဘဲ နျူကလီးယား ဗုံး (၁၀၈) လုံးကို ထုတ်ယူကာ ဂိုဏ်းပတ်လည်တွင် မြှုပ်နှံလိုက်ကြ၏။
“အစ်ကိုကြီး... အကုန်လုံးကို ထုတ်သုံးလိုက်တာ နှမြောစရာ မကောင်းဘူးလား”
“မကောင်းပါဘူး... ငါတို့က ဒီဂိုဏ်းကို လုံးဝ ဖျက်ဆီးပစ်နိုင်ရုံသာမက ပတ်ဝန်းကျင်က မြို့တချို့ကိုပါ ဖျက်ဆီးပြီး အမှတ်တချို့ ရနိုင်တယ်လေ... ဒါ့အပြင် အကြို အင်မော်တယ် အဆင့် ကျွမ်းကျင်သူကိုပါ သတ်နိုင်မလား ဆိုတာ စောင့်ကြည့်လို့ ရတာပေါ့”
“ကောင်းပြီလေ”
ဗုံးများ တပ်ဆင်ပြီးနောက် သူတို့ အလျင်အမြန် ဆုတ်ခွာ သွားကြတော့သည်။
အရှေ့ဘက် သမုဒ္ဒရာ အတွင်းတွင် နောက်ထပ် အဖွဲ့တစ်ဖွဲ့ ပေါ်လာခဲ့ပြီး အယောက် (၁၄) ယောက် ပါဝင်သည်။ သူတို့ အားလုံးမှာ အနည်းဆုံး သုခဘုံ အဆင့် ကျွမ်းကျင်သူများ ဖြစ်ပြီး အလွန် စွမ်းအား ကြီးမားကြ၏။
“ကမ္ဘာလောက တစ်ခုကို ဖျက်ဆီးတယ် ဆိုတာ သက်ရှိ အားလုံးကို မျိုးတုံး သတ်ဖြတ်တာကို ခေါ်တာ... ကမ္ဘာလောက အများစုမှာ သမုဒ္ဒရာတွေက ကုန်းမြေထက် ပိုကျယ်ပြန့်တော့ သက်ရှိ အရေအတွက်လည်း ပိုများတယ်... ငါတို့က ဒီနေရာကို ရောက်လာပြီ ဆိုတော့ ဒီကနေပဲ စလိုက်ကြမလား”
“ငါတို့က အကုန်လုံးကို တစ်ပြိုင်နက်တည်း ရှင်းပစ်မှာလား ဒါမှမဟုတ် စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူတွေကိုပဲ သတ်မှာလား”
“ပြီးပြည့်စုံတဲ့ ကမ္ဘာလောက တစ်ခုက အဖွဲ့ (၁၀၀) ကို တစ်ပြိုင်နက်တည်း ဆင်းသက်ခွင့် ပြုထားတယ် ဆိုတော့ ကြီးမားတဲ့ အင်အားစုတွေနဲ့ အဆင့် (၁၀) ကျွမ်းကျင်သူတွေ အများကြီး ရှိနေမှာ သေချာတယ်... တကယ်လို့ ငါတို့သာ အကုန်လုံးကို ရှင်းလင်းပစ်ဖို့ ကြိုးစားရင် ဝိုင်းရံ တိုက်ခိုက်ခံရနိုင်တယ်... အဲ့ဒါက ငါတို့အတွက် အရမ်း အန္တရာယ် များတယ်... ကိုယ်ပိုင် လုံခြုံရေးကို အဓိကထားပြီး သတိထား ခြေလှမ်းရမယ်... ပြီးတော့ ဘယ်သူမှ မသိအောင် တိုက်ခိုက်ရမယ်”
“ဒါဆို အမှတ်တွေ အများကြီး ရအောင် ဘယ်လို လုပ်ကြမလဲ”
“ဗိုင်းရပ်စ်”
“အစ်ကိုကြီး... အဲ့လို လုပ်လိုက်ရင် အရမ်း ရက်စက်လွန်းရာ မကျဘူးလား”
“ဒါက ကမ္ဘာလောက ဖျက်ဆီးခြင်း မစ်ရှင်ပဲလေ... ဒီကမ္ဘာလောကရဲ့ ကံကြမ္မာက ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ... ငါတို့ မလုပ်ရင်တောင် တခြား အဖွဲ့တွေက လုပ်ကြမှာပဲ... လူစုခွဲပြီး ဗိုင်းရပ်စ် ဖြန့်လိုက်... ပြီးရင် ပြန်လာခဲ့... ငါတို့ အားလုံး အတူတူ ကုန်းမြေဆီ သွားကြမယ်”
“နားလည်ပါပြီ”
တစ်နာရီ အကြာတွင် သူတို့ ပြန်လည် စုဝေးကာ ကုန်းမြေဆီသို့ ဦးတည် သွားကြတော့သည်။
ထိုအခိုက်အတန့်တွင် အရှေ့ဘက် သမုဒ္ဒရာ၏ အရှေ့ပိုင်းမှ တောက်ပသော အလင်းတန်း တစ်ခု ကောင်းကင်ယံသို့ ရုတ်တရက် ထိုးတက်သွားပြီး ညကောင်းကင်ယံကို လင်းထိန် သွားစေသည်။
အတန်ကြာတွင်တော့ တဒိုင်းဒိုင်း မြည်သံကြီးကို ကြားလိုက်ရ၏။
ထိုပေါက်ကွဲမှုကြောင့် မီတာ တစ်ထောင်ခန့် မြင့်သော ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး လေဟာနယ်ကိုပင် တုန်ခါသွားစေကာ ကမ္ဘာပျက်မည့် အချိန်နှင့် တူသော မြင်ကွင်း တစ်ခု ဖန်တီးလိုက်တော့သည်။
“သေစမ်း... နျူကလီးယား ဗုံးတွေကို ဖောက်ခွဲရလောက်အောင် ဘယ်သူက ဒီလောက်တောင် ရက်စက်ရတာလဲ... အနည်းဆုံး ဗုံးအလုံး တစ်ရာလောက် ဖောက်ခွဲလိုက်တာပဲ”
“ဒီလို အရာမျိုးက သာမန် လူတွေကို သတ်ဖို့နဲ့ ဂိုဏ်းတွေရဲ့ ဖွဲ့စည်းပုံတွေကို ဖျက်ဆီးဖို့ပဲ ရတာလေ... အဆင့် (၉) နဲ့ အဆင့် (၁၀) ကျွမ်းကျင်သူတွေကို သတ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ... ဒါ့အပြင် စရိတ်ကြီးပြီး အကျိုးသက်ရောက်မှု မရှိရုံသာမက လုံးဝ အလဟဿ ဖြစ်သွားတာပဲ... အာရုံစိုက် ခံရဖို့လည်း လွယ်တယ်... အရူးတွေ”
အနောက်ပိုင်းဒေသ အစွန်အဖျားတွင်လည်း အဖွဲ့ တစ်ဖွဲ့ ပေါ်လာခဲ့သည်။
သူတို့ထဲမှ တစ်ယောက်က ရာဇလှံတံကို ဝှေ့ယမ်း၍ မှောင်မည်းနေသော လမ်းကြောင်း တစ်ခုကို ဖွင့်လှစ်လိုက်သည်။ ၎င်းထဲမှ အနက်ရောင် အခေါင်းတလား များစွာ ထွက်ပေါ်လာပြီး ဇွန်ဘီ တစ်ကောင်စီကို လွှတ်ပေးလိုက်ရာ ကြီးမားသော တပ်မတော်ကြီး တစ်ခု ဖြစ်ပေါ်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့ သွားတော့သည်။ တစ်ချိန်တည်းမှာပင် တောင်ပိုင်းဒေသတွင်လည်း ဇာ့ဂ် (Zerg) တိုက်ခိုက်ရေးသမား အများအပြား ထွက်ပေါ်လာခဲ့၏။
ထိုညတွင် ကမ္ဘာလောက တစ်ခုလုံးမှာ လုံးဝ ပရမ်းပတာ ဖြစ်သွားခဲ့လေပြီ။
အရှေ့ပိုင်းဒေသတွင်...
ဟေးဖုန်း မြို့တော်ထက်တွင် အလံတစ်ခု ပေါ်လာပြီး မြို့တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ သွေးရောင် အလင်းတန်းများ ပေါက်ကွဲ ထွက်လာပြီး အခိုက်အတန့် အတွင်းမှာပင် လူတစ်သန်း နီးပါး ရှိသော မြို့ကြီးမှာ သေမင်းတမန် တိတ်ဆိတ်ခြင်းသို့ ရောက်ရှိ သွားတော့သည်။
မိုင် တစ်ထောင်ခန့် ကွာဝေးသော တောင်ထွတ် တစ်ခုပေါ်တွင် လူရှစ်ယောက် ရပ်နေကြ၏။ သူတို့က ဟေးဖုန်း မြို့တော် ရှိရာဘက်သို့ ငေးကြည့်နေကြပြီး သူတို့ မျက်နှာထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
“ဘယ်သူလဲ... သူတို့က ဘာလို့ သာမန် မြို့တစ်မြို့ကို သတ်ဖြတ်နေရတာလဲ... အများပြည်သူရဲ့ ဒေါသကို ဆွပေးသလို ဖြစ်မှာကို မကြောက်ဘူးလား... ကံကောင်းလို့ ငါတို့ မစ်ရှင်က ကျိုယန်ဂိုဏ်းကို ဖျက်ဆီးဖို့ သက်သက်ပဲ ဖြစ်နေတာ”
“ရူးနေတာပဲ... ဒီလို လုပ်တဲ့သူတိုင်းက ရူးနေတာ သေချာတယ်... မဖြစ်နိုင်တာ... အရှေ့ဘက် ပင်လယ်ပြင်က ဖျက်ဆီးနိုင်စွမ်း ရှိတဲ့ အလင်းတန်းကို ကြည့်စမ်း... အဲ့ဒါ နည်းပညာ ကမ္ဘာက နျူကလီးယား ဗုံးနဲ့ တူမနေဘူးလား”
“သမုဒ္ဒရာ အထက်မှာလည်း သေမင်း အရှိန်အဝါတွေ အများကြီး ရှိနေတယ်... ဘာတွေ ဖြစ်နေတာလဲ”
“သေစမ်း... ဘာကန့်သတ်ချက်မှ မရှိတဲ့ ဂိုဏ်းများ ဖြစ်နေမလား”
“တကယ်လို့ အဲ့လိုဆိုရင် ဒီကမ္ဘာလောကက တော်တော်လေး ကံဆိုးတာပဲ”
“သူတို့ကို ဂရုမစိုက်ဘဲ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးဖို့ပဲ အာရုံစိုက်ကြစို့... ဒီမစ်ရှင်မှာ ငါတို့ အဖွဲ့ ဆယ်ဖွဲ့တောင် ရှိနေတာ ဆိုတော့ ကျိုယန်ဂိုဏ်းက တော်တော် အန္တရာယ် များပြီး တားမြစ် နယ်မြေ တစ်ခုနဲ့ ယှဉ်နိုင်လောက်တယ်... ငါတို့ ဘာအန္တရာယ်မှ မယူဘဲ ဂိုဏ်းရဲ့ အစွန်အဖျား ကနေပဲ အရင် စိမ့်ဝင်ဖို့ ကြိုးစားရမယ်”
ဤအဖွဲ့မှာ အလွန် သတိထား တတ်ကြ၏။
ချူယန် တောင်ထွတ်ပေါ်တွင်...
ကျန်းမင်က လုပ်စရာ ရှိသည်များ လုပ်ဆောင်ပြီးနောက် သူ့ အတွင်းကမ္ဘာကို စတင် ဆင့်ကဲပြောင်းလဲရန် ပြင်ဆင်နေသည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် မျက်လုံး မှေးစင်းကာ အရှေ့ဘက်သို့ လှမ်းကြည့်လိုက်၏။
ဓာတ်ကြီးငါးပါး လင်းလုံက ကျန်းမင် အနားသို့ တိုးလာပြီး...
“အစ်ကိုကြီး... ဘာတွေ ဖြစ်နေတာလဲ... လေထုထဲမှာ ဘာလို့ သေမင်း အရှိန်အဝါတွေ ဒီလောက်တောင် ပြည့်နှက်နေရတာလဲ... ကမ္ဘာပျက်မယ့် အချိန် ကျရောက်လာသလိုပဲ”
“ငါလည်း တော်တော်လေး စိတ်မငြိမ်မသက် ဖြစ်နေတယ်” ရှီယောင်က ဝင်ပြောလာ၏။
ကျန်းမင်က မျက်မှောင်ကြုတ်ရင်း...
“ဒါက ကမ္ဘာလောက တစ်ခုလုံးကို ထိခိုက်စေမယ့် ဘေးဒုက္ခ တစ်ခုပဲ... ကောင်မလေး... ဂိုဏ်းချုပ်ကို သွားအကြောင်းကြားလိုက်... ဒါမှ သူ တပည့်တွေ အားလုံးကို ပြန်ခေါ်နိုင်မှာ... မြန်မြန် လုပ်မှ ရမယ်... ရှီယောင်... မင်းလည်း မင်းရဲ့ ဆရာကို သွားပြောလိုက်... တခြား ကမ္ဘာက ကောင်းကင် မိစ္ဆာတွေ ငါတို့ ကမ္ဘာလောကကို ဆင်းသက်လာပြီလို့... ပြီးရင် မင်းတို့ နှစ်ယောက်လုံး ဒီတောင်ပေါ်မှာပဲ နေခဲ့... တခြား ဘယ်မှ မသွားနဲ့”
“ငါ မြောက်ပိုင်းဒေသကို ခဏ သွားလိုက်ဦးမယ်... သိပ်မကြာခင် ပြန်လာခဲ့မယ်” စကားဆုံးသည်နှင့် လေဟာနယ်ကို ဆုတ်ဖြဲကာ ဝင်ရောက် သွားတော့သည်။
End
***