သူတို့ခြောက်ယောက်က မိစ္ဆာနှိမ်နင်းရန် ရောက်လာကြသော ချင်းလွမ်တောင်မှ တပည့်များ ဖြစ်ကြသည်။
“ပတ်ဝန်းကျင်ကို သေချာသတိထားကြ။ ငါတို့အနားက ဘယ်သစ်ပင်မဆို သစ်ပင်မိစ္ဆာရဲ့ ကိုယ်ပွားဖြစ်နေနိုင်တယ်... နိုးနိုးကြားကြားရှိကြ”
“ဟုတ်ကဲ့ပါ”
အမျိုးသမီးငယ် ခြောက်ယောက်လုံး၏ မျက်နှာများက တင်းမာနေသည်။
ရုတ်တရက် သူတို့ထဲမှ တစ်ယောက်က ခြေချော်သွားပြီး လန့်ဖြန့်အော်ဟစ်လိုက်သည်။
“ဘာဖြစ်လို့လဲ”
စီနီယာအစ်မဖြစ်သူက အလိုအလျောက် လှည့်ကြည့်လိုက်သည်။ ထိုအခိုက်မှာပင် အနီးနားရှိ သစ်ပင်တစ်ပင်ဆီမှ အမည်းရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ရှည်လျားသော မိုးမခကိုင်းအခက်များက သူမဆီသို့ တည့်တည့် ရိုက်ချလာလေသည်။
“စီနီယာအစ်မ... သတိထား... အဲဒါ သစ်ပင်မိစ္ဆာပဲ”
အထွတ်အမြတ်သစ်တော၏ အပြင်ဘက်။
လုချန်က အမှောင်အတိကျနေသော ရှေ့ဘက်ကို စိုက်ကြည့်ရင်း ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
“ငါ့ကို ပြောစမ်းပါဦး... ဟွာလေးရဲ့... မင်းရဲ့ စီနီယာအစ်မတွေက သစ်ပင်မိစ္ဆာကို နှိမ်နင်းဖို့ လာကြတာဆိုရင် မင်းက ဘာလို့ ခံတပ်ဘက်ကို ရောက်သွားရတာလဲ”
ခံတပ်ဆိုသည့် စကားကို ကြားလိုက်ရသည်နှင့် ဟွာစစ်ဝေ့၏ မျက်နှာလေး နီရဲသွားကာ ဘာမှဆက်မပြောနိုင်တော့ဘဲ ရှက်ရွံ့စွာဖြင့် တွန့်လိမ်သွားသည်။
“အို... ငါ သဘောပေါက်ပြီ”
လုချန်က အရာအားလုံးကို သိနေသည့်ဟန်ဖြင့် ပြုံးစိစိလုပ်ကာ ပြောလိုက်သည်။
“ရည်းစားကို သွားတွေ့တာမလား”
“အို... သွားပါ”
ထိုအခိုက်အတန့်တွင် ဟွာစစ်ဝေ့မှာ လျှို့ဝှက်ချက်ကို အမိခံလိုက်ရသော ကလေးတစ်ယောက်နှင့် တူနေသည်။ သူမက မျက်နှာလွှဲသွားပြီး အထွတ်အမြတ်သစ်တောထဲသို့ ခပ်သုတ်သုတ် ဝင်သွားလေသည်။
“ငါထင်တဲ့အတိုင်းပဲကိုး... ဘာဖြစ်လို့လဲ... ရည်းစားကို မတွေ့ခဲ့ရဘူးလား”
လုချန်က အသံထွက်အောင် ရယ်မောလိုက်သည်။ ဒီလောကထဲက မိန်းကလေးတွေက တကယ်ကို အပြစ်ကင်းစင်ကြလွန်းသည်။ ၂၁ ရာစုမှာသာဆိုရင် အသက်ဆယ့်ကိုးနှစ်ဆိုတာ ကလေးအမေတောင် ဖြစ်နေနိုင်ပြီ။ ဒီမှာတော့ 'ရည်းစား' ဆိုတဲ့ စကားလုံးလေး ကြားတာနဲ့တင် သူတို့မျက်နှာတွေက နီရဲသွားကြသည်။
ဟွာစစ်ဝေ့က သူ့ကို ခဏတာ လျစ်လျူရှုထားပြီး ရှေ့မှဆက်လျှောက်သွားကာ နောက်ဆုံးမှ ပြန်ဖြေလိုက်သည်။
“မဟုတ်ပါဘူး... သူက စစ်သူကြီးဖြစ်သွားပြီး ခံတပ်ကနေ ပြောင်းရွှေ့ခံလိုက်ရပြီလို့ ကြားခဲ့တယ်”
“ဪ... ဒီလိုကိုး။ ဒါဆို အခု ငါက အနာဂတ်စစ်သူကြီးကတော်နဲ့အတူ လမ်းလျှောက်နေရတာပေါ့လေ”
“ရှင့်ကို စကားမပြောတော့ဘူး”
ဟွာစစ်ဝေ့၏ မျက်နှာလေးမှာ ပို၍ပင် နီရဲလာလေသည်။ လုချန်ကတော့ ပိုပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်လေသည်။ ဤမိန်းကလေးများကို စနောက်ရသည်မှာ ပျော်စရာကောင်းလှသည်။ သူတို့၏ စိတ်ထားများက ရိုးရှင်းလွန်းလှသဖြင့် သူပင် မယုံနိုင်အောင် ဖြစ်ရသည်။ မဖွယ်မရာဟာသတွေပြောရင် သူ့ထက်တောင် ဆရာကျနေတတ်တဲ့ ၂၁ ရာစုက အတွေ့အကြုံရင့် လူလည်မကြီး(စားစော်ကြီး)တွေနဲ့တော့ တခြားစီပင်။
အထွတ်အမြတ်သစ်တောက ၎င်း၏ နာမည်နှင့် လိုက်ဖက်လှသည်။ အထဲတွင် တွေးကြည့်၍ရနိုင်သမျှ သစ်ပင်အမျိုးအစားစုံလင်စွာ ပေါက်ရောက်နေပြီး အချို့အပင်များမှာ သူတို့ဖူးပွင့်ရမည့် ရာသီမဟုတ်သည့်တိုင် ရှင်သန်ဝေဆာနေကြသည်။
ယခု ညဉ့်နက်လာပြီဖြစ်ရာ သူတို့၏ ခြေသံများမှလွဲ၍ ဘာအသံမှ မကြားရတော့ပေ။
“နေဦး”
လုချန်က ဟွာစစ်ဝေ့၏ လက်မောင်းကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီး တိတ်တိတ်နေရန် အချက်ပြကာ တိုးတိုးလေး ပြောလိုက်သည်။
“နားထောင်ကြည့်စမ်း”
ဟွာစစ်ဝေ့က အသက်အောင့်ထားလိုက်ရာ ကြာပွတ်ရိုက်သံလိုမျိုး ရိုက်ခတ်သံများကို ကြားလိုက်ရသည်။
'သောက်ကျိုးနည်း... သူတို့က ကြမ်းကြမ်းတမ်းတမ်းတွေ (BDSM) ကစားနေကြတာလား'
လုချန်က လူတွေ တိုက်ခိုက်နေကြသည်ဟု ထင်ခဲ့သော်လည်း အမှောင်ထုဖုံးလွှမ်းနေသော တိတ်ဆိတ်သည့် သစ်တောထဲတွင် ထိုအသံမျိုးကို ကြားလိုက်ရသောအခါ...
ကြာပွတ်ရိုက်သံနှင့်အတူ မိန်းကလေးတစ်ယောက်၏ အော်ဟစ်ညည်းတွားသံကပါ ထွက်ပေါ်လာသည်။
“အင်း... ကြမ်းတမ်းလိုက်တာ”
လုချန်က သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ့အတွက်တော့ ထိုအသံများက မဖွယ်မရာအသံများဟု ထင်ရသော်လည်း လူတိုင်းက ထိုသို့ တွေးမည်တော့ မဟုတ်ပေ။
“စီနီယာအစ်မ”
အော်သံကို ကြားလိုက်ရသည်နှင့် ဟွာစစ်ဝေ့က အာမေဋိတ်သံဖြင့် ရေရွတ်လိုက်သည်။
'ဘာ... မင်းရဲ့ စီနီယာအစ်မ ဟုတ်လား။ ချင်းလွမ်တောင်က တပည့်တွေက ဖောက်ပြန်ကုန်ကြပြီလား။ စာအုပ်ထဲမှာ ဒါမျိုးတွေ မပါပါဘူး'
“စီနီယာအစ်မတို့ သစ်ပင်မိစ္ဆာနဲ့ တိုးသွားတာ သေချာတယ်”
ဟွာစစ်ဝေ့က သူမ၏ စိတ်ဝိညာဉ်ချီများကို လှည့်ပတ်လိုက်ပြီး ကြာပွတ်ရိုက်သံထွက်ပေါ်လာရာဆီသို့ ပြေးထွက်သွားရာ လုချန်အတွက် တားဆီးရန် အချိန်ပင် မရလိုက်ပေ။
“ဒီကောင်မလေးကတော့ အရမ်းဇွတ်တရွတ်လုပ်တာပဲ”
လုချန်က ဆူပူလိုက်ပြီး သူမနောက်သို့ အမြန်လိုက်သွားလေသည်။ ခဏတာ ပြေးသွားပြီးနောက် အသံထွက်ပေါ်လာရာ နေရာအနီးသို့ ရောက်သွားသောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ၏ နှာခေါင်းထဲမှ သွေးများပင် ပန်းထွက်လာမတတ် ဖြစ်သွားရသည်။
သောက်ကျိုးနည်း... သန်းခေါင်ယံ မျက်စိပသာဒ မြင်ကွင်းကြီးပါလား။
သူ့ရှေ့တွင် အမျိုးသမီးငယ် ခြောက်ဦးမှာ မိုးမခကိုင်းအခက်များဖြင့် တုပ်နှောင်ခံထားရပြီး လေထဲတွင် တွဲလောင်းချိတ်ဆွဲခံထားရသည်။ သူတို့၏ ပိတ်ပါးလွှာဝတ်စုံလေးများက တင်းကျပ်စွာ ဆွဲဆန့်ခံထားရသဖြင့် အကောက်အကွေ့ အချိုးအစားများအားလုံးက လုချန်၏ အကဲဖြတ်မျက်လုံးများရှေ့တွင် အထင်းသား ပေါ်လွင်နေလေသည်။
ထိုခြောက်ယောက်မှာ ပန်းပွင့်လေးများလို လှပကြသည့် ချင်းလွမ်တောင်မှ တပည့်မလေးများပင် ဖြစ်ကြသည်။
'ဒီတစ်ယောက်က ခြေတံရှည်တယ်။ ဟိုတစ်ယောက်က ခြေတံကတော့ သာမန်ပဲ။ ဒီတစ်ယောက်ကတော့... အင်း... သူကတော့ သူ့စတိုင်နဲ့သူ ဆွဲဆောင်မှုရှိတယ်။ ဒီလိုမျက်နှာလေးနဲ့ဆိုတော့လည်း ဘယ်သူက ဂရုစိုက်နေတော့မလဲ'
အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေရင်း လုချန်က ထိုမြင်ကွင်းကို အရသာခံ ကြည့်ရှုနေလေသည်။
“စီနီယာအစ်မ... ကျွန်မ လာကယ်ပြီ”
ဟွာစစ်ဝေ့၏ အသံက လွင့်ပျံလာပြီး သူမ၏ စိတ်ဝိညာဉ်ချီများကို ထုတ်လွှတ်ကာ ဓားသွားပုံစံပြောင်းလဲ၍ မိုးမခကိုင်းများကို ခုတ်ပိုင်းလိုက်သည်။
“ဂျူနီယာညီမလေး... သတိထား”
စီနီယာအစ်မဟု ခေါ်ခံရသော အမျိုးသမီးက ဟွာစစ်ဝေ့ကို မြင်လိုက်ရသဖြင့် မျက်နှာလင်းလက်သွားသော်လည်း ချက်ချင်းပင် စိုးရိမ်ပူပန်သွားသည်။ သူမ၏ ဂျူနီယာညီမလေး၏ ကျင့်ကြံခြင်းက သစ်ပင်မိစ္ဆာ၏ ပြိုင်ဘက် မဟုတ်မှန်း သူမ သိထားသည်လေ။
သို့သော် သူမ၏ သတိပေးမှုက နောက်ကျသွားခဲ့ပြီ။ မိုးမခကိုင်းတစ်ကိုင်းက ဟွာစစ်ဝေ့၏ အနောက်ဘက်သို့ တိတ်တဆိတ် ကပ်လာပြီး သူမ စွမ်းအင်တွေ ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်တွင် အလစ်အငိုက် ဝင်ရောက်ရိုက်ချလိုက်သည်။ ထိုကိုင်းဖျားမှ အဆိပ်တချို့ သူမ၏ အရေပြားပေါ်သို့ စိမ့်ဝင်သွားသည်ကို ခံစားလိုက်ရပြီး ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်က အားနည်းသွားကာ စိတ်ဝိညာဉ်ချီများ လှည့်ပတ်၍ မရတော့ပေ။
“ငါတို့တော့ သွားပါပြီ”
ထိုမြင်ကွင်းကိုကြည့်ကာ စီနီယာအစ်မဖြစ်သူ၏ မျက်ဝန်းများ မှေးမှိန်သွားတော့သည်။
သူတို့နည်းတူ ဟွာစစ်ဝေ့မှာလည်း မိုးမခကိုင်းများဖြင့် တုပ်နှောင်ခံလိုက်ရပြီး လေထဲသို့ ဆွဲတင်ခံလိုက်ရသည်။
'ဝါး... ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်အချိုးအစားက ဒီလောက်မိုက်လိမ့်မယ်လို့ မထင်ထားဘူး'
လုချန်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူက ကျင်ကျောင်း၊ ရှောက်ချင်း၊ ရှောင်ရွှီ အစရှိသည့် အလှပန်းလေးများစွာကို မြင်ဖူးခဲ့သော်လည်း မည်သူကမျှ ဟွာစစ်ဝေ့လို နုနယ်လတ်ဆတ်သည့် အငွေ့အသက်မျိုး မရှိကြပေ။ ရှောင်ရွှီဆိုလျှင် မြောက်ဘက်တောင်တန်းမှ ပြန်လာပြီး အင်မော်တယ်လက်နက် လေးခုကို သန့်စင်ပြီးကတည်းက သူမ၏ နူးညံ့သိမ်မွေ့သော အရှိန်အဝါများက နတ်သမီးတစ်ပါးလိုမျိုး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဖျန်း...
စူးရှသော ရိုက်သံတစ်ချက်ကြောင့် လုချန်၏ အာရုံကြောများ လှုပ်ခတ်သွားပြီး တံတွေးမြိုချလိုက်မိသည်။ ဟွာစစ်ဝေ့ပါ အပါအဝင်ဆိုလျှင် ဆွဲဆောင်မှုအပြည့်နှင့် လှပလွန်းသော အမျိုးသမီး ခုနစ်ယောက်မှာ လေထဲတွင် ခုခံနိုင်စွမ်းကင်းမဲ့စွာ တွဲလောင်းချိတ်ဆွဲခံနေရပြီဖြစ်သည်။ လူကို ဆွဲဆောင်ညို့ငင်နိုင်လွန်းလှပြီဖြစ်သော ထိုမြင်ကွင်းထဲတွင် အခုတော့ မိုးမခကိုင်းတစ်ခုက သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ တဖြန်းဖြန်း ရိုက်နှက်နေသေးသည်။
စောစောက ကြာပွတ်ရိုက်သံများနှင့် အော်ဟစ်ညည်းတွားသံများ ဘယ်ကလာသလဲဆိုတာကို လုချန် နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။
'ဆင့်ကဲမပြောင်းလဲရသေးတဲ့ အပင်တွေတောင် နှာဗူးကျတာ၊ ဆင့်ကဲပြောင်းလဲပြီးသား အပင်တွေက ပိုဆိုးပါလား'
လုချန် နှုတ်ခမ်းမဲ့လိုက်သည်။ သူက ဘာအထိတ်တလန့်မှ မဖြစ်နေပေ။ သစ်ပင်မိစ္ဆာ၏ သေလောက်သည့် အားနည်းချက်ကို သူ သိထားပြီး ကံကောင်းစွာဖြင့် ၎င်း၏ သဘာဝရန်သူကိုလည်း သူ ပိုင်ဆိုင်ထားသည်။
ချုံပုတ်များကြားမှနေ၍ သူက အခြေအနေကြောင့် စိုးရိမ်ပူပန်နေဟန်ဖြင့် တင်းမာသော မျက်နှာအမူအရာကို ဖန်တီးလိုက်သည်။
သူ့တွင် သူ၏ အကြောင်းပြချက်များ ရှိသည်။
မိုးမခကိုင်းတစ်ခုက သူ၏ အနောက်ဘက်သို့ တိတ်တဆိတ် ကပ်လာသည်။ သူ ခြေတစ်ဖက် မြှောက်လိုက်ချိန်... သူ၏ ဟန်ချက်အပျက်ဆုံး အချိန်လေးမှာပင် ထိုအကိုင်းက ဝင်ရောက်တိုက်ခိုက်လာပြီး လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် သူ့ဆီသို့ ရိုက်ချလာလေသည်။
အနောက်ဘက်မှ ဝှစ်ခနဲ အသံကို ကြားလိုက်ရသဖြင့် လုချန်က ပြုံးလိုက်သည်။ လာပြီဟေ့...
နောက်တစ်ခဏမှာပင် လောင်ကျွမ်းလုမတတ် ပူပြင်းလှသော အပူရှိန်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ လက်ထဲတွင် အစစ်အမှန် သမာဓိမီးက တောက်လောင်နေလေပြီ။
လုချန်က တည်းခိုခန်းထဲမှ ပစ္စည်းများကို တိုက်ရိုက်ဆင့်ခေါ်၍ မရနိုင်သော်လည်း ဆေးတောင်ကြားတွင် ရှိနေစဉ်ကတည်းက သူသည် အဆင့်မြင့် မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သည်။ အခြားအရာဝတ္ထုများကို ဆင့်ခေါ်ခွင့် ကန့်သတ်ခံထားရသော်လည်း အစစ်အမှန် သမာဓိမီးကိုတော့ သူ အသုံးပြုနိုင်စွမ်း ရှိပေသည်။
မီးတောက်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်လိုနေသော မိုးမခကိုင်းမှာ ချက်ချင်း ညှိုးရော်သွားပြီး နောက်ဆုတ်ဖို့ပင် အချိန်မရလိုက်ပေ။ လုချန်၏ ဖိနပ်နှင့် တစ်စင်တီမီတာခန့် အကွာတွင် ပျော့ခွေကျသွားလေတော့သည်။
*