အခန်း ၃၁၀ - သွေးမျိုးဆက် နိုးထထားသော သားရဲ
ဂိုဏ်းသားများ၏ နောက်ဆက်တွဲ စကားများကို ကြားလိုက်ရသည့်အခါ သူတို့ ဘာကြောင့် ထိုနေရာသို့ ရောက်နေမှန်း လင်းမူ သဘောပေါက်သွား၏။
'ဗိုလ်မှူး ဝူထန်ရဲ့ မင်္ဂလာဆောင်အတွက် သူတို့ ဒီကို လာကြတာလား... ဒါဆို သူတို့ ပြောနေတဲ့ ရီဇီကျင်း ဆိုတာ မြို့တော်ဝန် သားရဲ့ သတို့သမီးလောင်းပေါ့...' လင်းမူ တွေးလိုက်သည်။
လင်းမူ စိတ်ဝိညာဥ်အာရုံကို အသုံးပြုပြီး ဂိုဏ်းသား လေးယောက်ကို အနီးကပ် လေ့လာချင်သော်လည်း သူတို့သည် ကျင့်ကြံခြင်းဂိုဏ်း တစ်ခုမှ ဖြစ်သဖြင့် သူ့စိတ်ဝိညာဥ်အာရုံကို သေချာပေါက် ထောက်လှမ်းမိမည် ဖြစ်ကြောင်း သိထားပေသည်။ ထို့ကြောင့် လောလောဆယ်တွင် လင်းမူ စိတ်ဝိညာဥ်အာရုံ အသုံးမပြုဘဲ စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။
လင်းမူ စိတ်ဝိညာဥ်အာရုံကို အသုံးမပြုနိုင်သဖြင့် ဂိုဏ်းသား လေးယောက်၏ ကျင့်ကြံခြင်း အခြေခံကို မသိနိုင်သကဲ့သို့ သူတို့၏ စိတ်ဝိညာဥ်ချီ တုန်ခါမှုများကို အာရုံခံနိုင်ရန်လည်း ဝေးကွာလွန်းနေပေသည်။
"အစ်ကိုကြီး... လက်ဆောင်ကို ဘာလို့ သစ်တောထဲမှာ လာရှာမှန်း ကျွန်တော် နားမလည်သေးဘူး... ဂိုဏ်းကနေ သယံဇာတတွေနဲ့ လဲလှယ်ပြီး တစ်ခုခု ယူလာလို့ မရဘူးလား... ဒီနေရာထက်စာရင် ဂိုဏ်းထဲမှာ ပိုကောင်းတဲ့ ပစ္စည်းတွေ ရှိမယ်လို့ ကျွန်တော် ထင်တယ်..." ဂျူနီယာ ညီလေးက ပြောလိုက်၏။
"မင်းက တုံးလိုက်တာ... ညီမလေး ရီဇီကျင်းက ငါတို့ လက်ဆောင်တွေကို လိုအပ်တယ်လို့ မင်း တကယ် ထင်နေတာလား... အကြီးအကဲ ရီတုန်က သူ့အဖေ ဖြစ်နေမှတော့ သူ့မှာ မပြည့်စုံတာ ဘာမှ မရှိဘူး... ငါတို့က သူ့ မင်္ဂလာလက်ဖွဲ့အတွက် ထူးခြားတဲ့ အရာတစ်ခုခုကို ရှာဖို့ ဒီကို လာတာ... သိပ်တန်ဖိုး မကြီးရင်တောင် ကိစ္စမရှိဘူး... သူ တန်ဖိုးထားတာက ငါတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကိုပဲ..." အစ်ကိုကြီးဟု ခေါ်သော ဂိုဏ်းသားက ရှင်းပြလိုက်၏။
"ဪ... အခုမှ နားလည်တော့တယ်..." ဂျူနီယာ ညီလေးက ပြန်ဖြေလိုက်သည်။
ရုတ်တရက် စီနီယာ အစ်ကိုက သူတို့ သုံးယောက်ကို အော်ခေါ်လိုက်၏။
"ဟေး... ဒီမှာ တစ်ယောက်ယောက် တစ်ခုခု တူးသွားတယ်... လက်ကောက်ကလည်း ဒီနေရာကို ညွှန်ပြနေတယ်..." စီနီယာ အစ်ကိုက ပြောလိုက်သည်။
ထို့နောက် သူတို့ သုံးယောက်သား သေဆုံးသွားသော ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ၏ အရိုးစုကို လင်းမူ တူးဖော်ခဲ့သော တွင်းနားသို့ စုဝေးရောက်ရှိလာကြ၏။
ထိုတွင်းသည် သစ်ပင်အနောက်တွင် ရှိနေသဖြင့် သူတို့ လေးယောက်လုံး မမြင်ခဲ့ရသလို မြက်ခင်းများကလည်း တွင်းကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေပေသည်။
"အင်း... ဒီမှာ တစ်ခုခု မြှုပ်ထားတာ သေချာတယ်... ဒီမှာ စိတ်ဝိညာဥ်ချီ တုန်ခါမှုတွေ ရှိနေတယ်... ဒါပေမဲ့ ဘာလဲ..." အစ်ကိုကြီးက ပြောလိုက်၏။
"ဂျူနီယာ အကြီးအကဲ ဖားရွှေ့... ခင်ဗျားက ဒီမှာ အသန်မာဆုံးပဲ... ဒီမှာ ဘာရှိခဲ့လဲဆိုတာ ပြောပြနိုင်မလား..." စီနီယာ အစ်ကိုက မေးလိုက်သည်။
"အကြီးအကဲ ဟုတ်လား... ဒီနေရာကို ရောက်လာတာ... အင်း... ဒါ ငါ့အတွက် သိပ်မကောင်းတဲ့ လက္ခဏာပဲ..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
ဂျူနီယာ အကြီးအကဲဟု ခေါ်သော လူက ခေါင်းစွပ်ကို ချွတ်ပြီး မျက်လုံးမှိတ်လိုက်သည်။ ကျင့်ကြံသူ အများစုကဲ့သို့ ဆံထုံးထုံးထားသော အညိုရင့်ရောင် ဆံပင်များ ရှိကြောင်း လင်းမူ နောက်ဆုံးတွင် မြင်တွေ့လိုက်ရ၏။ ထိုလူ မျက်လုံးမှိတ်ပြီး စက္ကန့် သုံးဆယ်ခန့် အကြာတွင် ပြန်ဖွင့်လိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။
“ငါတို့ ပစ္စည်းကောင်း တစ်ခုကို လက်လွတ်သွားပုံရတယ်... ဒီမှာ ဝိညာဥ်ကျောက်တုံး တချို့ မြှုပ်ထားတာ သေချာတယ်... ပြီးတော့ ကျန်ရစ်ခဲ့တဲ့ မှေးမှိန်တဲ့ စိတ်ဝိညာဥ်ချီ ခြေရာလက်ရာတွေအရ အနည်းဆုံးတော့ အလယ်အဆင့် ဝိညာဥ်ကျောက်တုံးတွေ ဖြစ်ဖို့များတယ်..." ဂျူနီယာ အကြီးအကဲ ဖားရွှေ့က ပြောလိုက်၏။
ဟူး
စီနီယာ အစ်ကို၏ နှုတ်ခမ်းမှ သက်ပြင်းတစ်ချက် ထွက်ပေါ်လာသော်လည်း သိပ်ဂရုမစိုက်ချေ။
"ဂျူနီယာ အကြီးအကဲ... ဒါကို ဘယ်လောက်ကြာကတည်းက ယူသွားလဲဆိုတာ သိလား... သားရဲတစ်ကောင်က တူးပြီး သူ့အသိုက်ကို ယူသွားတာလည်း ဖြစ်နိုင်တယ်လေ..." စီနီယာ အစ်ကိုက ပြောလိုက်၏။
"မှေးမှိန်နေတဲ့ ခြေရာလက်ရာတွေအရ အနည်းဆုံး တစ်လလောက်ကတည်းက ယူသွားတာလို့ ငါ ခန့်မှန်းနိုင်တယ်... ဒါပေမဲ့ လူလား သားရဲလား ဆိုတာကိုတော့ ငါ မပြောနိုင်ဘူး..." ဂျူနီယာ အကြီးအကဲ ဖားရွှေ့ က ဖြေလိုက်၏။
"ဒါဆို ဆက်ရှာကြတာပေါ့... မကြာခင် ကောင်းတာ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပါတယ်..." အစ်ကိုကြီးက ပြောဆိုပြီး လင်းမူနှင့် ဆန့်ကျင်ဘက် ဦးတည်ချက်သို့ စတင် လျှောက်လှမ်းသွား၏။
လူလေးယောက် ထွက်သွားပြီးနောက် လင်းမူ ပတ်ဝန်းကျင်ကို အမြန် စစ်ဆေးကြည့်ပြီး အနီးအနားတွင် မည်သူမျှ မရှိကြောင်း သေချာအောင် ဆန်းစစ်လိုက်သည်။ ထို့နောက် တွင်းအနီးသို့ လျှောက်သွားပြီး ကြည့်ရှုလိုက်၏။
"ဒီမှာ အရင်က မြှုပ်ထားခဲ့တဲ့ ဝိညာဥ်ကျောက်တုံးတွေရဲ့ မှေးမှိန်တဲ့ ခြေရာလက်ရာတွေကို သူတို့ အာရုံခံနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... ဒါပေမဲ့ ဝိညာဥ်ကျောက်တုံး အဆင့်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ခန့်မှန်းချက်ကတော့ တော်တော် မှားနေတယ်..." လင်းမူ ပြောလိုက်၏။
"ဒါက ထင်ရှားပါတယ်... အထွတ်အထိပ်အဆင့် ဝိညာဥ်ကျောက်တုံးကို အရင်က မြင်ဖူးတဲ့ ကျင့်ကြံသူ တော်တော် ရှားပါမှာကိုး..." ရွှီခုန်း ထပ်ဖြည့်ပြောလိုက်၏။
လင်းမူ နားလည်ကြောင်း ခေါင်းညိတ်ပြပြီး ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ကြည့်ရှုလိုက်သည်။ သူ အမဲဆက်လိုက်ချင်သေးပြီး ဂိုဏ်းသား လေးယောက်နှင့် မတူညီသော လမ်းကြောင်းကို ရွေးချယ်ခြင်းက ပိုကောင်းမည်ဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် ဂိုဏ်းသား လေးယောက် သွားခဲ့သော နေရာမှ ညာဘက်သို့ အနည်းငယ် သွေဖည်ပြီး ခရီးဆက်လိုက်သည်။
လင်းမူ မည်သည့် အန္တရာယ်ကိုမဆို အသင့်ရင်ဆိုင်နိုင်ရန် စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်ထားပေသည်။ နောက်ထပ် တစ်နာရီ ကုန်ဆုံးသွားပြီး ယနေ့အတွက် လက်လျှော့လိုက်ရမလားဟု လင်းမူ တွေးတောနေစဉ် သစ်တော နက်နက်ထဲမှ တိုးညင်းသော ညည်းတွားသံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
ညည်းတွားသံမှာ အတော်လေး ထူးခြားပြီး တခစ်ခစ် ရယ်မောနေသကဲ့သို့ ဖြစ်နေ၏။ လင်းမူ ချက်ချင်း သတိဝင်သွားပြီး ညည်းတွားသံ လာရာဘက်သို့ စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်သည်။
လင်းမူ မှတ်တမ်းများထဲမှ ထိုအသံကို မှတ်မိနိုင်မလားဟု ပြန်လည် စဉ်းစားကြည့်သော်လည်း မမှတ်မိနိုင်ချေ။ ထို့ကြောင့် သူ ဆက်လက် ရှေ့တိုးရန် ဆုံးဖြတ်လိုက်ပြီး မကြာမီ တခစ်ခစ် ရယ်မောသံနှင့် တူသော ညည်းတွားသံ ထွက်ပေါ်လာရာ နေရာသို့ ရောက်ရှိသွား၏။
"အဲဒါ ဘယ်လို သားရဲမျိုးလဲ..." လင်းမူ တွေးတောနေမိသည်။
လင်းမူရှေ့ရှိ သားရဲမှာ နွားခန္ဓာကိုယ်နှင့် ကြံ့သူတော်ခေါင်း ပါရှိပုံ ရလေသည်။ အညိုရောင်နှင့် အပြာရောင် အမွှေးများ ရှိပြီး မြေကြီးပေါ်မှ သေဆုံးနေသော သားရဲကို စားသောက်နေစဉ် ထိုတခစ်ခစ် ရယ်မောသံများကို ပြုလုပ်နေပုံ ရ၏။ သေဆုံးနေသော သားရဲမှာ အသားစင်းထားသကဲ့သို့ ဖြစ်နေသဖြင့် လင်းမူ မည်သည့် သားရဲဖြစ်ကြောင်း မခွဲခြားနိုင်ချေ။
လင်းမူ စိတ်ဝိညာဥ်အာရုံကို အသုံးပြုပြီး ကြံ့သူတော် ခေါင်းနှင့် နွားနှင့်တူသော သားရဲကို စစ်ဆေးကြည့်လိုက်၏။ သားရဲက သူ့ကို အာရုံခံမိသွားပုံရပြီး လင်းမူ ရှိရာဘက်သို့ ချက်ချင်း လှည့်ကာ လေကို ရှူရှိုက်ကြည့်လိုက်သည်။
သားရဲကို စိတ်ဝိညာဥ်အာရုံဖြင့် စောင့်ကြည့်ပြီးနောက် လင်းမူ စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှု နှစ်မျိုးစလုံးကို ခံစားလိုက်ရ၏။ စိုးရိမ်ရခြင်းမှာ သူ့ရှေ့ရှိ သားရဲက အမြုတေ ဖွဲ့စည်းခြင်း အစောပိုင်း အဆင့် သားရဲ ဖြစ်ပြီး သူ့အတွက် ဒုတိယမြောက် ဖြစ်သောကြောင့်ပင်။ စိတ်လှုပ်ရှားရခြင်းမှာ သားရဲတွင် ပုံမှန်မဟုတ်သော ဝိညာဥ် အမြုတေ တစ်ခု ရှိနေပုံ ရသောကြောင့် ဖြစ်ပေသည်။
"မင်း ကံကောင်းပုံရတယ်... အဲဒါ သွေးမျိုးဆက် နိုးထထားတဲ့ သားရဲဆိုတာ သေချာတယ်... အဲဒါ နှာမောင်း မျက်နှာ နွားရိုင်းပဲ... သူတို့က အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို ရောက်တာနဲ့ သူတို့ရဲ့ သွေးမျိုးဆက်တွေ သဘာဝအတိုင်း နိုးထလာတတ်တယ်..." ရွှီခုန်း အသိပေးလိုက်၏။
အခန်း ၃၁၀ ပြီး