ထို့နောက် သူမသည် မီးဖိုချောင်သို့ သွားကာ သံဒယ်အိုးကြီးကိုပါ မချန် အာကာသထဲသို့ သိမ်းဆည်းလိုက်တော့သည်။
အိုးခွက်ပန်းကန်နှင့် အသုံးအဆောင်ပစ္စည်းအားလုံးကို သိမ်းကျုံးထုပ်ပိုးလိုက်ပြီး၊ ကျန်နေသော မီးသွေးပုံကြီးကိုပါ အပြောင်ရှင်းပစ်လိုက်၏။
မီးဖိုချောင်ကိစ္စပြီးသွားသောအခါ သူမသည် ခြံဝင်းထဲသို့ ထွက်လာပြီး စက်ဘီးကိုပါ သိမ်းလိုက်ပြန်သည်။
ဟောက်ဖန်းဖန်း၏ အခန်းကိုမူ သူမ ရှာဖွေနေရန်ပင် အချိန်မဖြုန်းတော့ပေ။ အဝတ်ဗီရို၊ ခုတင်၊ နို့မှုန့်ဘူးများ၊ မျက်နှာလိမ်းခရင်မ်၊ စာရေးစားပွဲ၊ ကျောင်းသုံးစာအုပ်များနှင့် ကျောင်းလွယ်အိတ်တို့ကို အကုန်အပြောင်ရှင်းလိုက်သည်။
မူလပိုင်ရှင်သည် အထက်တန်းမပြီးခင် ကျောင်းထွက်ခဲ့ရသူဖြစ်သဖြင့် ထိုကျောင်းသုံးစာအုပ်များသည် သူမအတွက် အတော်လေး တန်ဖိုးရှိလှသည်။
စောင်များအားလုံးကိုလည်း သူမ ယူလိုက်၏။ ဟောက်ဖန်းဖန်း၏ စောင်များသည် မူလပိုင်ရှင်၏ စောင်များထက် သိသိသာသာ ပိုကောင်းနေသည် မဟုတ်လား။
နံရံတွင် ကပ်ရန်ထားသည့် ကပ်ခွာနှင့် သတင်းစာပုံများကိုလည်း သူမ ချန်မထားခဲ့ဘဲ အကုန်ယူလိုက်သည်။
အိမ်တိုင်တွေကိုပါ ယူသင့်သည်လား။ သူမသည် လက်ကောက်ဝတ်ကို လှုပ်ရှားကာ နံရံကို တစ်ချက်ကန်ကြည့်သော်လည်း ဘာမှလှုပ်ရှားမသွားသဖြင့် လက်လျှော့လိုက်ရသည်။
ဧည့်ခန်းထဲ ပြန်ရောက်သောအခါ နံရံတွင် ကပ်ထားသော သတင်းစာများစွာကို သတိရသွားပြန်၏။ အချိန်ရသေးသဖြင့် မီးဖိုချောင်သုံးဓားကို ယူကာ ထိုသတင်းစာများကိုပါ အကုန်ခြစ်ယူလိုက်သည်။
ထိုသတင်းစာ အထူကြီးများကို နံရံကပ်ရန်ဖြစ်ဖြစ်၊ သတင်းဖတ်ရန်ဖြစ်ဖြစ် အသုံးချလို့ရသေးသည်။
ယခုအခါ အိမ်ကြီးထဲတွင် မြေသားခုတင်နှင့် မီးခိုးရောင် ဗလာကျင်းနေသောနံရံများမှလွဲ၍ ဘာမှမရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်သွားသည်ကို မြင်ရသဖြင့် သူမ၏ အရာအားလုံးပို စည်းစနစ်တကျရှိစေလိုသောစိတ်မှာ ချက်ချင်း ကျေနပ်သွားတော့သည်။
အသုံးဝင်မည့် အခြားအရာများ ရှိသေးသလားဟူ၍ သူမ ခြံဝင်းထဲတွင် ထပ်ရှာကြည့်လိုက်သေးသည်။
နေဦး— ကျန်းကွေ့ဖန်ထံတွင် ပိုက်ဆံများ ရှိနေနိုင်သေးသည်။
ထို့အပြင် မူလပိုင်ရှင်၏ အိပ်ရာခင်းများလည်း ကျန်သေး၏။
အိမ်ထဲပြန်ဝင်ပြီး အိပ်ရာခင်းနှင့် ဖျာကို ထုပ်ပိုးလိုက်သည်။ ထို့နောက် ကျန်းကွေ့ဖန်၏ အပေါ်အင်္ကျီကို ချွတ်လိုက်ရာ အင်္ကျီသည် အဖာရာတစ်ခုမှမရှိနေဘဲ အကောင်းကြီး ဖြစ်နေခဲ့သည်။
သေချာပေါက်၊ ထိုအင်္ကျီအတွင်းထဲတွင် ငွေစက္ကူအထူကြီးများရှိနေပြီး စုစုပေါင်း ငွေတစ်ရာကျော်ကို ရှာတွေ့လိုက်သည်။
ဒီလောက်အထိ အားစိုက်ထုတ်ပြီးသွားချိန်တွင်တော့ ရုတ်တရက် အိမ်ရှေ့တံခါး ပွင့်သွားသံနှင့်အတူ ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်။
သူမသည် အလျင်အမြန်ပင် အာကာသထဲသို့ ဝင်ပုန်းလိုက်တော့သည်။ အာကာသထဲ ရောက်နေစဉ်အတွင်း ဗီရိုများ၊ စားပွဲများနှင့် အခြားပရိဘောဂများကို သေချာ ပြန်စီနေလိုက်သည်။
ဒီမိသားစုတွင် ပိုက်ဆံ ဘယ်လောက်တောင် ရှိသလဲဆိုသည်ကို သူမ သေချာရှာဖွေမကြည့်ရသေးသော်လည်း အိမ်ထောင်စုစာရင်းကို ရှာတွေ့ချိန်တွင်တော့ မူလပိုင်ရှင်၏ မိခင်ဖြစ်သူ၏ စာမျက်နှာသည် ပျောက်ဆုံးနေပြီဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။
ကျန်းကွေ့ဖန်၊ မူလပိုင်ရှင်နှင့် ဟောက်ဖန်းဖန်းတို့၏အမည်များသာ စာရင်းထဲတွင် ပါရှိနေတော့သည်။
ဟင်။
လွန်ခဲ့သောနှစ်ရက်က ရပ်ကွက်ရုံးဘက်မှ ထုတ်ပြန်ထားသော နယ်ဘက်သို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ရန် အကြောင်းကြားစာကိုလည်း တွေ့လိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ ဒီမိသားစုသည် မူလပိုင်ရှင်ကို သူမ၏ကွယ်ရာတွင် နယ်ဘက်သို့ အလုပ်ကြမ်းလုပ်ရန် စာရင်းပေးသွင်းထားခြင်း ဖြစ်သည်။
ထွက်ခွာရမည့်ရက်က သန်ဘက်ခါဖြစ်သည်။
လွန်ခဲ့သည့်နှစ်ရက်က စာရင်းသွင်းပြီး သန်ဘက်ခါ ထွက်ခွာရမည်ဆိုတော့ ပြင်ဆင်ရမည့် အချိန်က တကယ်ကို မရှိသလောက်ပင်။
ထိုစဉ် အပြင်ဘက်တွင် အမျိုးသားနှစ်ဦး၏ စကားပြောနေသံကို ကြားလိုက်ရ၏။
"ဒီအိမ်ပဲ။"
"အစ်ကိုကြီး... ခြံဝင်းထဲမှာ ဘာလို့ ဒီလောက်တောင် ဟာလာဟင်းလင်းကြီး ဖြစ်နေရတာလဲ။ ကြည့်ရတာ တစ်မျိုးကြီးပဲ။"
ပထမလူက စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်၏။ "မင်းက ဘာလို့ ဂရုစိုက်နေတာလဲ။ လူကိုခေါ်ပြီး မြန်မြန်ထွက်သွားဖို့ပဲ လုပ်စမ်းပါ။"
တံခါးပွင့်သွားတော့သည်။ အာကာသထဲတွင် ပုန်းနေသော်လည်း ကျန်းမန်မန်သည် အပြင်ဘက်တွင် ဘာတွေဖြစ်နေသလဲဆိုသည်ကိုတော့ အကုန်မြင်နေရသည်။
မျက်နှာထားမကောင်းဘဲ အကြည့်များက ပေတေတေဆန်နေသော အမျိုးသားနှစ်ဦးသည် လမ်းဘေးလူမိုက်များဟု သိသာစွာ ပေါ်လွင်နေသော်လည်း မူလပိုင်ရှင်နှင့် ရင်းနှီးသူများတော့ မဟုတ်ကြပေ။
"အစ်ကိုကြီး... တစ်ခုခုတော့ မှားနေပြီ။ ဒီအိမ်က ထူးဆန်းနေတယ်။"
ကျန်တစ်ယောက်က စိတ်မရှည်စွာဖြင့် ပြောလိုက်ပြန်၏။ "မင်းက ဘာသိလို့လဲ။ ဟိုမိန်းမက ပြောထားတယ်လေ၊ ကောင်မလေးကို စောင်နဲ့ ပတ်ထားပေးမယ်တဲ့။ ငါတို့က အိတ်ထဲထည့်ပြီး ထမ်းသွားရုံပဲ။"
" မိထွေးဆိုတာ တကယ်ကို မကောင်းဘူးဗျာ၊ လောကကြီးမှာ အားလုံးက အတူတူချည်းပဲ။"
ထိုလူသည် ခါးမှ ဂုန်နီအိတ်တစ်လုံးကို ထုတ်လိုက်ပြီး ကျန်းကွေ့ဖန်ကို အထဲသို့ အတင်းထိုးထည့်လိုက်သည်။
"အစ်ကိုကြီး... ဒါက တစ်မျိုးကြီးပဲဗျ။ သူမက တအားပေါ့နေတယ်။ ဒါ တကယ်ပဲ ဟိုကောင်မလေးရော ဟုတ်ရဲ့လား။"
"ဘာ! မဖြစ်နိုင်တာကွာ။ တခြားအခန်းတွေကို သွားရှာစမ်း။ ဒီထဲမှာ မရှိနေဘူးဆိုတာ ငါမယုံဘူး။"
ထိုသူသည် လှည့်ထွက်သွားပြီးနောက် ခဏအကြာတွင် ပြန်ရောက်လာခဲ့သည်။
"မင်း ဘာလုပ်နေတာလဲ။ ဟိုကိုင်ဒီကိုင် လုပ်မနေနဲ့! ဒီမှာ ဘယ်သူမှ မရှိဘူး။ အချိန်ဖြုန်းမနေနဲ့၊ ဒီမိန်းမကိုပဲခေါ်ပြီး မြန်မြန်သွားကြမယ်။ သွားကြစို့၊ ငါတော့ တစ်ယောက်ယောက်က ငါတို့ကို ထောင်ချောက်ဆင်နေသလို ခံစားလာရပြီ။ မြန်မြန်!"
ကျန်းမန်မန်သည် အာကာသထဲမှနေ၍ အရာအားလုံးကို အတိုင်းသား မြင်နေရသည်။
ထိုလူသည် အခွင့်ကောင်းယူပြီး ကျန်းကွေ့ဖန်၏ ခန္ဓာကိုယ်ကို လိုက်ကိုင်နေသည့်အတွက် ပြောမပြန်ိုင်လောက်အောင် ရွံစရာကောင်းနေခဲ့သည်။
ထိုအမျိုးသားနှစ်ဦးသည် အိတ်ကို သေချာချည်နှောင်ပြီး ပခုံးပေါ်ထမ်းကာ ထွက်ခွာသွားကြတော့၏။
သူတို့ထွက်သွားပြီးနောက် ကျန်းမန်မန်သည် အာကာသထဲမှ ထွက်လာကာ သူတို့၏နောက်မှ ခိုးကြောင်ခိုးဝှက် လိုက်သွားခဲ့သည်။ သူမတွင် အစွမ်းရှိနေသဖြင့် လူမိမည်ကို မကြောက်ပေ။
ညအမှောင်အောက်တွင် ထိုလူနှစ်ဦးက အမျိုးသမီးကို မြို့ပြင်သို့ ထမ်းခေါ်သွားကြသည်ကို သူမ စောင့်ကြည့်နေခဲ့သည်။
သူမ ဆက်မလိုက်တော့ဘဲ အာကာသထဲသို့ ပြန်ဝင်ကာ အသက်ပြင်းပြင်းရှူပြီး သူမကိုယ်သူမ သတိပေးလိုက်တော့သည်။ မိန်းမတစ်ယောက်သည် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ရက်စက်တတ်ရမည်။
သူမသည် အစောပိုင်းက ယူထားသော အဆီဟင်းပန်းကန်ထဲမှ အသားအချို့ကို အတင်းမြိုချလိုက်သည်။ ကိစ္စမရှိပေ။ ဝလာသည့် အဆီများကို နောက်ပိုင်း ပြန်ချလို့ရသည်။
မိုးမလင်းမီအချိန်တွင် သူမသည် အာကာသထဲမှ ထွက်လာကာ လမ်းမလယ်ခေါင်တွင် လဲလျောင်းနေလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း မကြာမီတွင်ပဲ မနက်စောစောစီးစီး အလုပ်သွားသူတစ်စုက သူမကို တွေ့သွားခဲ့ကြ၏။ သူမသည် မျက်လုံးဖွင့်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။
"ကယ်ကြပါဦး!"
"အိုး... ဒီကောင်မလေးက ဘာလို့ ဒီမှာ လဲနေရတာလဲ။"
"သူမက ကယ်ပါဦးလို့တောင် အော်နေတာ။ မြန်မြန်၊ သူမကို ဆေးခန်း ပို့ပေးကြစို့!"
"သူမ ဘာဖြစ်လာတာလဲ။ ဖိနပ်တစ်ဖက်တောင် မရှိနေတော့ဘူး!"
ထိုဖိနပ်တစ်ဖက်ကို သူမသည် ကျန်းကွေ့ဖန်၏ အဝတ်အစားများကြားထဲတွင် ရည်ရွယ်ချက်ရှိရှိ ဝှက်ထားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမ၏ အဝတ်အစားပွပွတစ်စုံကိုလည်း ကျန်းကွေ့ဖန်အား ဝတ်ပေးထားခဲ့သေး၏။
ဆေးခန်းရောက်ပြီး မကြာမီမှာပင် ကျန်းမင်ထန် ရောက်လာတော့သည်။
အသက် ၃၀ ကျော်အရွယ် ကျန်းမင်ထန်သည် ချောမောခံ့ညားသူတစ်ဦးဟု ဆိုရမည်။ မူလပိုင်ရှင်သည် ဖခင်ဖြစ်သူ၏ မျိုးရိုးဗီဇကောင်းများကို ဆက်ခံထားသည်မှာ သိသာသည်။ သူမသာ ဝိတ်ကျသွားလျှင် သေချာပေါက် လှပလာလိမ့်မည်။
"ဘာဖြစ်တာလဲ။ မနက်စောစောစီးစီး လမ်းလယ်ခေါင်မှာ ဘယ်လိုဖြစ်ပြီး မေ့လဲနေရတာလဲ။"
ကျန်းမန်မန်ကတော့ ဘာမှမသိသလို ဟန်ဆောင်နေလိုက်တော့သည်။ "ကျွန်မလည်း မသိဘူး။ အဖေက ရှောင်ဝမ်ရွှမ်နဲ့ ကျွန်မရဲ့ စေ့စပ်ပွဲကို ဖျက်လိုက်တယ်လို့ ကြားတယ်။ ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ။ ဒီလက်ထပ်ပွဲက ကျွန်မအမေ စီစဉ်ပေးခဲ့တာလေ၊ ပြီးတော့ အစ်ကိုဝမ်ရွှမ်ကလည်း ကျွန်မကို ချစ်တာပဲကို... ဝူး.."
သူမသည် လက်ဝါးဖြင့် မျက်နှာကိုအုပ်ကာ ငိုယိုရင်း လက်ချောင်းကြားမှတစ်ဆင့် ကျန်းမင်ထန်ကို ခိုးကြည့်လိုက်သည်။
ကျန်းမင်ထန်၏ ကိုယ်ခန္ဓာမှာ ချက်ချင်းဆိုသလို တောင့်တင်းသွားပြီး သူမကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"သူက နင့်ကို တစ်ခါမှ မချစ်ခဲ့ဖူးဘူး။ နင်လည်း အသိစိတ်မဝင်နိုင်ဘူးလား။ သူက နင့်ကို မကြိုက်ဘူး။ နင်နဲ့ လက်ထပ်လိုက်ရင်တောင် နင့်ဘဝက စိတ်ဆင်းရဲစရာတွေနဲ့ပဲ ပြည့်နေရမှာ။ အဲ့ဒီတော့ သူ့ကို နင့်ညီမနဲ့ ပေးစားလိုက်တာက ပိုကောင်းတယ်။"
ကျန်းမန်မန်သည် သနားစဖွယ်ကောင်းအောင် မျက်ရည်နှစ်စက်ကို ညှစ်ထုတ်လိုက်ပြီး မျက်လုံးအဝိုင်းသားဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
"ဒါဆို ကျွန်မကိုကျတော့ ဘာလို့ ပျော်ရွှင်ခွင့် မပေးတာလဲ။"
ကျန်းမင်ထန်က စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်၏။ "တော်စမ်း! လမ်းလယ်ခေါင်မှာ ဘာလို့ လဲနေရတာလဲဆိုတာကိုပဲ ပြော!"
"သမီး ဘယ်လိုလုပ် သိမှာလဲ။ ညစာစားပြီး အိပ်ပျော်သွားတာပဲ။ နိုးလာတော့ လမ်းပေါ် ရောက်နေပြီလေ။ ကျွန်မ ဘာမှမသိဘူး— ဘာဖြစ်တာလဲဆိုတာ ကျွန်မကပဲ ပြန်မေးရမှာ!"
ကျန်းမင်ထန်၏ မျက်မှောင်ကြုတ်မှုသည် ဆိုက်ဘေးရီးယား ကျားတစ်ကောင်ကိုပင် ဖိသတ်နိုင်လောက်အောင်အထိ ပြင်းထန်နေခဲ့သည်။
"ဒါဆို လူတွေက နင် 'ကယ်ပါဦး' လို့ အော်နေတယ်ဆိုပြီး ဘာလို့ ပြောကြတာလဲ။"
"လမ်းလယ်ခေါင်မှာ ရုတ်တရက် နိုးလာတာကို ဘယ်သူက မအော်ဘဲ နေနိုင်မှာလဲ။ ကျွန်မ ဂရုမစိုက်ဘူး။ ရှောင်မိသားစုဘက်က စေ့စပ်ပွဲ ဖျက်လိုက်တာဆိုတော့ ကျွန်မကို စိတ်ပိုင်းဆိုင်ရာ နစ်နာကြေး ငွေ ၁,၀၀၀ ပေးရမယ်။ မပေးရင် သူတို့အိမ်အထိ သွားပြီး ပြဿနာရှာပစ်မယ်။"
မူလပိုင်ရှင်သည် အမှန်တကယ်ပင် သတ္တိရှိသူတစ်ဦးဖြစ်သည်။ ယခု သူမကိုယ်တိုင်က "ဗီလိန်" ဖြစ်လာပြီဆိုတော့ ဘာကို ကြောက်နေရဦးမည်လဲ။
ကျန်းမင်ထန်သည် ဆေးရုံခုတင်ပေါ်ရှိ သူ၏ အဝလွန်နေသော သမီးဖြစ်သူကို အမှန်တကယ်ပင် ရွံရှာစက်ဆုပ်နေသည့် ပုံစံဖြင့် ကြည့်နေခဲ့သည်။
"နင် ငါ့ကို အရှက်ခွဲနေတာ မရပ်နိုင်တော့ဘူးလား။"
ကျန်းမန်မန်က ခေါင်းညိတ်လိုက်၏။ "ဪ... ကျွန်မက အဖေ့ကို အရှက်ခွဲမိသွားတာပဲ။"
ထို့နောက် သူမ စိတ်ထဲမှ ပြောလိုက်သည်။ 'အဖေ နောက်ယူထားတဲ့ မိန်းမကိုတောင် ကျွန်မ ရှင်းထုတ်ပေးလိုက်သေးတယ်လေ။'
ကျန်းမင်ထန်က နှာခေါင်းရှုံ့လိုက်သည်။။"နင် သိရင်လည်း ပြီးတာပဲ။ ဒါကြောင့် ငြိမ်ငြိမ်လေးနေပြီး ပြင်ဆင်ထား— မနက်ဖြန်ဆိုရင် နင် နယ်ဘက်ကို အလုပ်ဆင်းဖို့ သွားရတော့မယ်။"
ကျန်းမန်မန်၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။ "ကျွန်မကို နယ်ဘက်လွှတ်မလို့လား။
ကျွန်မမှာ အလုပ်ရှိတယ်လေ! အမေ ဆုံးတုန်းက အစိုးရဘက်က ကျွန်မအတွက် အလုပ်နေရာတစ်ခု စီစဉ်ပေးထားတာပဲ။ ကျွန်မ နယ်ဘက်ကို မသွားနိုင်ဘူး—ကျွန်မက အစိုးရပိုင် စားသောက်ဆိုင်မှာ အလုပ်ဝင်ရမှာ!"
"မရဘူး။ နင့်နာမည်က စာရင်းထဲ ပါသွားပြီ။ သွားရမယ်။ ဒါက အပြီးသတ် ဆုံးဖြတ်ချက်ပဲ။
ဒီနေ့ ပစ္စည်းတွေ သိမ်းထားလိုက်။ မနက်ဖြန် သွားရမယ်။"
"ဒါဆို ကျွန်မရဲ့ အလုပ်နေရာကရော။"
ကျန်းမင်ထန်က စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်၏။ "အဲ့ဒီ အလုပ်နေရာက ဖန်းဖန်အတွက်ပဲ။ ရှောင်ဝမ်ရွှမ်ရဲ့ ညီမလေးမှာလည်း အလုပ်မရှိသေးဘူး။ ဖန်းဖန်းက အဲ့ဒီအလုပ်နေရာကို ယူပြီး ရှောင်မိသားစုဆီ လက်ဆောင်အဖြစ် ယူသွားပေးမှာ။ ဒါက ဆုံးဖြတ်ပြီးသားကိစ္စပဲ— အဲ့ဒီအလုပ်က သူတို့အိမ်က ကောင်မလေးအတွက် ဖြစ်သွားမှာ။"
ကျန်းမန်မန်သည် ဆေးခန်း၏ခုတင်ပေါ်တွင် ထိုင်နေရင်း မယုံနိုင်သည့်အသွင်ဖြင့် ရယ်မောလိုက်တော့သည်။ "ဟားဟား... ဟားဟားဟား။ ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။ အဲ့ဒီတော့ ကျွန်မက ပိုလျှံနေတဲ့ အမှိုက်တစ်ခုပေါ့ ဟုတ်လား။ ကျွန်မက အဖေ့ရဲ့ သမီးအရင်းရော ဟုတ်ရဲ့လား။"
"ဘယ်လိုအဖေမျိုးကများ ကိုယ့်သမီးအရင်းထက် သူများသမီးကို ပိုဦးစားပေးနိုင်ရတာလဲ။ မမြင်ဖူးတဲ့ အရာတွေပဲ။"
ထိုသို့ပြောပြီးနောက် ကျန်းမန်မန်သည် ခုတင်ပေါ်မှ ဆင်းလိုက်သည်။ ကိုယ်နေဟန်ထားကို ထိန်းလိုက်ပြီးနောက် သူမသည် ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းကာ၊ ညာဘက်ခြေထောက်ကို နောက်သို့ပို့၍ အရှိန်ယူလိုက်ပြီး ကျန်းမင်ထန်ဆီသို့ တရှိန်ထိုး ပြေးဝင်တိုက်လိုက်တော့သည်။
"အားးးးးး!"
***